ခေတ်သစ်လား ခေတ်ဟောင်းလား

lovebelieveAugust 26, 20111min506

လူတွေပြောနေကြတယ်အခု  ခေတ်သစ်ကစနေပီတဲ့

သေချာတာကတော့ ကျွန်တော်တို့ကတော ခေတ်ကောင်းမမှီတော့တာ သေချာတယ်လေ။

လစာလေးတပဲခြောက်ပြားရတဲ့ခေတ်မှာ

ဝမ်းစရိတ် သွားရေးလာရေးစရိတ်နဲ့

ရတဲ့လုပ်အားငွေကတော့

တနေ့စားမှန်ရင်တောင် အပိုသုံးအတွက်ပြင်စရိတ် မရှိဘူး

ပီးတော့ စားစရိတ်က ဝင်ငွေရဲ့ ၃၀%ရာခိုင်နှုန်းပဲ ဖြစ်ရမဲ့ဟာအခုတော့ ..

ကိုယ့်ဟာကိုအသိဆုံးပါခင်ဗျာ

ကျန်တဲ့ ဆေးဖိုးက သတ်သတ်စရိတ်တခု ဝါးခက သတ်သတ်တခုနဲ့ဆိုတော့

နစ်ရင်းနစ်ရင်းနဲ့လူမွေးတောင်မပြောတော့ကြပါဘူးဗျာ

6 comments

  • koyinmaung

    August 26, 2011 at 3:02 pm

    မြန်မာ့ဆိုရှယ်လစ်ကနေ့…မြန်မာ့ဒီမိုကရေစီ..ရောက်အောငြ်မန်မာ့နည်းမြန်မာ့ဟန်တွေနဲ့
    ချီတက်လာပြီလေ… ဒီတော့လဲမြန်မာ့နည်းမြန်မာ့ဟန်အတိုင်းပေါ့ အောက်ဆိုက်လေးထပ်ရှာ
    ပြီးဖြေရှင်းလိုက်ပါ….

  • မီးမီး သော်

    August 26, 2011 at 3:05 pm

    အောက်ဆိုက်လေးရှာ၊ရှာလို ့မရရင်တို၊တိုလို ့မရရင်တော့ ——–၊အဆင်ပြေသလိုပေါ့။အားလုံးမိုးခါးရေသောက်နေကြတာ မထူးပါဘူး ကိုယ်ပါရောသောက်လိုက်ပါတော့။

  • MaMa

    August 26, 2011 at 7:16 pm

    ခေတ်သစ်ရောက်ပြီပြောမှ သတိထားမိတယ်။ ပိုစ့်တွေမှာ ကြော်ငြာတွေ မတွေ့တော့ဘူးနော်။ ရွာလည်း ခေတ်ပြောင်းတော်လှန်ရေးနောက်ပါသွားတာလား။
    သဂျီး သတိမထားမိမှာစိုးလို့။ (ရစရာရှိတာတွေ မရလိုက်မှာစိုးလို့။)

    • kai

      August 26, 2011 at 11:30 pm

      အဲဒါ..တရက် ပြား၃ဝလောက်ကနေ.. ၅ပြားလောက်ပဲရတော့တယ်..။
      ကြည့်ရတာ.. ခေါင်းစဉ် Title တွေ..အင်္ဂလိပ်လို..တလုံးမှမထည့်တာကြောင့်လည်း ပါမယ်..။

      ဆိုတော့.. မျက်စိရှေ့မတော်လို့ ကြော်ငြာလေးတက်လာရင်.. ကလစ်လုပ်.. ၅မိနစ်လောက်ဖွင့်ထားပေးစေလိုကြပါကြောင်း..။ .

  • jaryitt

    August 26, 2011 at 9:38 pm

    ခေတ်သစ်လည်း ဟုတ်သေးဘူး..။ ခေတ်ဟောင်းလည်းမဟုတ်တော့ဘူး..။ ကြားကျနေတဲ့ ကြားခေတ်ပါ…။

  • Don Juan Ronald

    August 27, 2011 at 12:43 am

    မြန်မာ့ဆိုရှယ်လစ်ခေတ်မှာအဓိကခံယူချက်တခုဖြစ်သော“အူမ၊မတောင့်ရင်သီလမစောင့်နိုင်ဘူး”ကြောင့်ဗမာပြည်ကြီးတခုလုံးပျက်စီးသွားခြင်းဖြစ်ပါသည်။

    လူတို ့၏အူမသည်လောဘစိတ်ကြောင့်ဘယ်တော့မှတောင့်မနေပါ၊သီလလည်းစောင့်ဖို ့မလိုတော့ပါ။

    နိုင်ငံတော်ကြီးတဝှမ်းလုံး၊အနံ ့အပြားမှာလပ်ပေးလပ်ယူဒို ့ ချစ်သူဆိုသည့်ဆောင်ပုဒ်ကိုဆောင်ကာ၊အထက်ခေါင်းဆောင်ကြီးများမှအောက်ခြေအဆောင့်အလုပ်သမားအထိကျင့်သုံး၊ဆောင်ရွက်၊အကောင်အထည်ဖော်ခဲ့ပြီး၊ချမ်းသာကြွယ်ဝသောနိုင်ငံမှဆင်းရဲမွဲသေသောနိုင်ငံသို ့ခေါင်းဆောင်ကြီးများကဦးဆောင်ပြီးခေါ်ဆောင်သွားသည်မှာအံ့ဩဖို ့မလိုပါ။
    တနိုင်ငံလုံးအမှောင်ထဲမှာနေခဲ့သည်လည်း၂၀၁၂နှစ်မတ်လ၂ရက်နေ ့ဆိုနှစ်၅ဝပြည့်ပြီ။
    နိုင်ငံတော်မွဲတေသွားခြင်းရွှေရတုသဘင်ပေါ့။
    ဇူလိုင်လရရက်ကျောင်းသားသတ်ပွဲလည်းနှစ်၅ဝပြည့်ခါနီးပြီ။

    အမှောင်တွင်ကြာမြင့်စွာနေခဲ့သောသူကိုအလင်းရောင်ချက်ချင်းပေးလိုက်ရင်မျက်စိကန်းနိုင်သည်။
    ရောဂါကြွမ်းသွားပြြီဖစ်သောလူနာကိုအားဆေးပြင်းပြင်းကျွေးလိုက်ရင်………….
    အကျင့်ဇာရိတလုံးဝပျက်စီးသွားသောဗမာပြည်ကြီးကိုးဒီမိုကရေစီကျင့်သုံးလိုက်ရင်……….

    ယူဂျုံးမရပါလာ………………………………………………………………………………….
    မည်ကဲ့သို ့ လုပ်ရင်ကောင်းမည်နည်း?????????????????????????????????????????????

    (ကျနော်သည်ဗမာစာကိုရတန်းမှစ၍သင်ကြားခဲ့သည်သိပ္ပံဖြင့်အောင်သောကြောင့်၊အရေးသားညံ့ဖျင်းသည်၊ခံစားချက်ကိုဖေါ်ပြချင်ခြင်းသာဖြစ့်၏၊သည်းခံပြီးဖတ်ကြပါ။)

Leave a Reply