ငွေတစ်ရာဘယ်သူယူထားလဲ

ဂ်ဲသုAugust 26, 20111min16023

ကျွန်တော်တို.သူငယ်ချင်းသုံးယောက် ထမင်းသွားစားတာ တစ်ပွဲကို ၂၅၀ဝ ပေးရပါတယ်။ ပိုက်ဆံရှင်းပြီးတော့ ဆိုင်ရှင်အဒေါ်ကြီးက  ဖောက်သည်တွေမို.ဆိုပြီး  ၅၀ဝ လျှော့ပေးလိုက်ပါတယ် ။ အဲဒီမှာ ကျွန်တော်တို. သုံးယောက်ပေါင်း ၅၀ဝ လျှော့လိုက်တာဆိုတော့ လူသုံးယောက် အဝေမတည့်ဖြစ်နေတာနဲ့ တစ်ယောက်တစ်ရာစီ ယူပြီး ပိုတဲ့ ၂၀ဝ ကို စားပွဲထိုးလေးကို မုန်.ဖိုးပေးလိုက်ပါတယ်။  နောက်ပြန်စဉ်းစားကြည့်တော့ ကျွန်တော်တို. ကုန်ကျတာက တစ်ယောက်ကို ၂၄၀ဝ နဲ. သုံးယောက်ဆို တော့  ၇၂၀ဝ ကျပ်ပါ စားပွဲထိုးလေးကို ပေးလိုက်တာက ၂၀ဝ ပါ။ အဲဒီမှာ ပြသနာတက်တာပါပဲ ။ ကျွန်တော်တို.သုံးယောက်ပေါင်း ၇၂၀ဝ နဲ. စားပွဲထိုးလေးကိုပေးလိုက်တဲ့  ၂၀ဝ ပေါင်းမှ ၇၄၀ဝ ပဲရှိသေးတယ်။ ကျန်တဲ့ ၁၀ဝ က ဘယ်ပျောက်သွားလဲ မသိတော့ပါဘူး။ ဘယ်သူယူထားလည်းဆိုတာ ကူပြီးစဉ်းစားပေးကြပါဦး။

23 comments

  • pan pan

    August 26, 2011 at 4:26 pm

    မူလသုံးယောက်ပေါင်းငွေ = ၇၅၀၀
    ဆိုင်ရှင်အားပေးငွေ = ၇၀၀၀
    တစ်ဦးချင်းကုန်ကျငွေ = ၂၄၀၀
    စားပွဲထိုးပေးငွေ = ၂၀၀
    သုံးယောက်ပေါင်း ကုန်ငွေ = ဆိုင်ရှင်အားပေးငွေ + စားပွဲထိုးပေးငွေ = ၇၀၀ဝ + ၂၀ဝ = ၇၂၀၀
    တစ်ဦးချင်းကုန်ကျငွေ x ၃ = သုံးယောက်ပေါင်း ကုန်ငွေ = ၇၂၀၀
    မူလသုံးယောက်ပေါင်းငွေ – သုံးယောက်ပေါင်း ကုန်ငွေ = ၇၅၀ဝ – ၇၂၀ဝ = ၃၀၀
    ထို၃၀ဝသည် သုံးယောက်တစ်ယောက်ကို ၁၀ဝယူလိုက်၏
    ——————————————————————
    “ကျွန်တော်တို. ကုန်ကျတာက တစ်ယောက်ကို ၂၄၀ဝ နဲ. သုံးယောက်ဆို တော့ ၇၂၀ဝ ကျပ်ပါ စားပွဲထိုးလေးကို ပေးလိုက်တာက ၂၀ဝ ပါ။”
    တစ်ယောက်ကို ၂၄၀ဝကုန်ကျတဲ့ထဲမှာ စားပွဲထိုးပေးငွေပါပြီးဖြစ်လို့ ထပ်တွက်ရင် ရူးလို့ပဲ :mrgreen:

    • jalthusg.kt

      August 27, 2011 at 11:35 pm

      ကျွန်တော်သိချင်တာက ငွေတစ်ရာကဘယ်ရောက်နေလဲဆိုတာပဲ သိချင်တာပါ အဲလိုပေါင်းအဲလိုနုတ်ရင်အဲဒီအဖြေတွေရတာတော့လေးတန်းကလေးတောင်သိပါတယ်။ တွက်ကြည့်လို.လိုနေတဲ့ငွေတစ်ရာဘယ်ရောက်နေလဲလို.သိချင်တာပါ ။ခေါင်းစဉ်ကိုကငွေတစ်ရာဘယ်သူ ယူထားလဲလို.မေးတာပါ ။ မမေးတာတွေကိုဖြေတာကမှ ရူးနေလို.ပါ:D

  • koyinmaung

    August 26, 2011 at 4:49 pm

    မင်းတို့တော်တော်ခေါင်းမူးအောင်မေးတတ်တယ်
    ၁၀ဝကမင်းတို့ဆီမှာဘဲရှိတာကို
    မင်းတို့ကိုလျှော့ပေးလိုက်တဲ့ငွေက
    စာပွဲထိုးကိုပေးတဲ့ငွေ၂၀ဝမှမဟုတ်ဘဲ
    မင်းတို့ယူထာတဲ့ငွေ၃၀ဝပြန်ပေါင်းမှပေါ့
    ဒါမှ၇၅၀ဝပြန်ဖြစ်မှာ
    ထမင်းဆိုင်ကအဒေါ်ကြီးက၅၀ဝမလျှော့ဘဲ
    ၃၀ဝဘဲလျှော့ယင်ကော
    မင်းတို့၇၂၀ဝကို ဘယ်ငွေနဲ့ပေါင်းမလဲ
    ကဲ…မင်းတို့ပြောအုံးလေ….

    • jalthusg.kt

      August 27, 2011 at 11:36 pm

      မှားနေပါတယ် ကိုရင်မောင်သေသေချာချာလေးပြန်ပြီးစဉ်းစားပါဦး

  • nature

    August 26, 2011 at 6:47 pm

    ၂ ၄ ဝ ဝ * ၃ =ရ ၂ ဝ ဝ ၂၅၀ဝ * ၃ = ရ ၅ ဝ ဝ
    ၁ ဝ ဝ * ၃ = ၃ ဝ ဝ လျှော့ – ၅ ဝ ဝ
    ———————- ————————–
    ရ ၅ ဝ ဝ ရ ဝ ဝ ဝ
    စားပွဲထိုးပေး + ၂ ဝ ဝ
    ————————-
    ရ ၂ ဝ ဝ

  • MaMa

    August 26, 2011 at 7:37 pm

    ထမင်းဖိုး သင့်ငွေ = 3*2500= 7500
    လျှော့ပေးငွေ = 500
    ထို့ကြောင့် ထမင်းဖိုးပေးငွေ = 7000
    လျှော့ပေးငွေ = 500= တစ်ဦးလျှင် 100 နှင့် 3 ဦး (1*300)+ စားပွဲထိုးပေး 200
    ဘာတွေများ ခေါင်းကိုက်စရာတွေ ပါပါလိမ့်????????????????????

    • jalthusg.kt

      August 27, 2011 at 11:39 pm

      ကျွန်တော်ပြောသလိုတွက်ကြည့်ရင် ပျောက်နေတဲ့တစ်ရာဘယ်သူ.ဆီမှာလဲသိချင်တာပါ ။ ကျွန်တော်တော့ခေါင်းကိုုက်နေတုန်းပဲ။ ခုထိအဖြေမှန်မရသေးလို.

  • nature

    August 26, 2011 at 8:07 pm

    ၂၃၃၃.၃၃ *၃ = ရဝ၀၀
    ****၁ ဝ ဝ * ၃=၃၀၀
    **စာပွဲထိုး ပေး =၂၀၀
    ————————-
    xxxxxxxxxxxxရ၅၀၀

    • jalthusg.kt

      August 27, 2011 at 11:54 pm

      ရ၅၀ဝ ရအောင်တွက်ခိုင်းတာမဟုတ်ပါဘူး ။ ပျောက်နေတဲ့တစ်ရာ ဘယ်ရောက်နေလဲလို.သိချင်တာပါခင်ဗျား

      • nature

        August 28, 2011 at 11:13 am

        တယောက်ကို ၂၄၀ဝ စတွက်ကတည်းကမှားနေတာပါ။ ၅၀ဝ ပြန်အမ်းရင်တယောက်ကို ၂၃၃၃.၃၃ ကျပ် ပဲကျတာပါ။

  • မီးမီး သော်

    August 26, 2011 at 8:38 pm

    ဘယ်မှ မရောက်ပါဘူး။စားပြီးခါက စမို ့ပါးစပ်ချဉ်လို ့ကွမ်းဝယ်စားတယ်နေမှာပေါ့။ဒါမှမဟုတ်ရင်ဆေးလိပ်သောက်လိမ့်မယ်။ထင်တာတွေနော်—

  • မီးမီး သော်

    August 27, 2011 at 11:41 pm

    ဘယ်လိုကြောင့်အနှတ်တွေပြနေပါလိမ့်။အဖြေက မမှန်ဘူးလား။ခုထိလဲ အဖြေမပေးသေးပါလား။ဘယ်နေ ့မှပြောပြမှာပါလိမ့်။

    • jalthusg.kt

      August 27, 2011 at 11:53 pm

      မကြာမီလာမည်ပေါ့ဗျာ တအားကြီးခက်တာတွေမှမဟုတ်တာ စောစောသိရင်ပျင်းစရာကြီးကို

      • မီးမီး သော်

        August 28, 2011 at 11:22 am

        ပျင်းစရာကြီးး??မဟုတ်သေးပါဘူး။ရှင်တို ့ညီတူမျှတူ တခုခုဝယ်စားတယ်ဟုတ်—အဲလိုမဟုတ်ဘူးလား

  • koyinmaung

    August 28, 2011 at 9:51 am

    မင်းမှားတာလားငါမှာတာလား
    အဒေါ်ကြီးက၅၀ဝမလျှော့ဘဲ၃၀ဝလျှော့ခဲ့ယင်ရော
    ၇၅၀ဝပြန်ရအောင်အယင်ငါ့ကိုတွက်ပြအုံးလေ
    မင်းကမဆိုင်တဲ့၂၀ဝနဲ့သွားပေါင်းတော့
    ၁၀ဝပျောက်နေတာပေါ့
    မဟုတ်တာတွေပေါင်းခိုင်းတဲ့ကောင်ကမှရူးနေတာရိုးရိုးမေးပါ
    (မမေးတာတွေကိုဖြေတာကမှ ရူးနေလို.ပါ:)
    ဆိုတဲ့ရိုင်းစိုင်းတဲ့စာသားမျိုးတွေမင်းမရေးသင့်ဘူးထင်တယ်…

    • jalthusg.kt

      August 28, 2011 at 3:33 pm

      ကိုရင်မောင်မှန်ပါတယ် ကျွန်တော်မှားပါတယ် တောင်းပန်ပါတယ်။ ကျွန်တော်ထင်ထားတဲ့ မှန်တယ်ဆိုတဲ့ အဖြေကလည်း ကိုရင်မောင်ဖြေတာကိုပြန်စဉ်းစားမိမှ မှားနေမှန်းသိတာပါ။ ကျွန်တော်ဒီပုစ္ဆာကိုကြားဖူးထားတာကလည်း မေးခွန်းပဲကြားဖူးတာပါ။ တောင်းပန်ပါတယ်။ အဖြေမှန်ဖြေပေးလို.လည်းကျေးဇူးတင်ပါတယ်။ ပန်ပန်လည်းမှန်ပါတယ်။ သူကိုလည်းတောင်းပန်ပါတယ်။ ကျွန်တော်မှန်တယ်လို.ထင်တဲ့အဖြေက မှားနေတာကြောင့် သူကကို သူပြောသလိုပြန်ပြောမိတာပါ

  • MaMa

    August 28, 2011 at 12:41 pm

    ကုန်ကျတာက တစ်ယောက်ကို ၂၄၀ဝ နဲ. သုံးယောက်ဆိုတော့……
    စဝယ်စားစဉ်က တစ်ယောက်ကို ၂၅၀ဝ လို့ ရေးထားပါတယ်။ အဒေါ်ကြီးလျှော့ပေးတာ တစ်ယောက် ၁၀ဝ မဟုတ်ပါဘူး။ ၃ယောက်ပေါင်း ၅၀ဝ လျှော့ပေးတာပါ။ အဲဒါကြောင့် တစ်ယောက် ၂၄၀ဝ က ဘယ်က ဘယ်လို တွက်ထားတာလဲ မေးခွန်းပိုင်ရှင်ကို ပြန်မေးလိုပါတယ်။

  • မှော်ဆရာ

    August 28, 2011 at 6:32 pm

    ခက်လိုက်တာနော်…..ပျောက်သွားတဲ့တစ်ရာ မှော်ဆရာဆီက လာယူ.မှော်ဒင်္ဂါးနဲ့ပေးလိုက်မယ်…လူ့ပြည်က ငွေတစ်ရာက အကြွေရှားလို့….
    တစ်ရာကိစ္စ စကားများရတာနဲ့တင် ….
    အင်တာနက်ဖိုး တစ်ထောင်မက ကုန်နေပြီ…
    တော်တော့ တော်တော့…
    နောက်တစ်ခါ စိတ်မညစ်ရအောင် …မုန့်ဖိုးလဲ တစ်နေ့ ငွေနှစ်ရာ ပိုပေးမယ်…

  • manawphyulay

    August 29, 2011 at 1:16 pm

    ဘယ်ရောက်နေတာ မသိပေမယ့် မနော မယူတာ သေချာပါတယ်ရှင်…

  • Yan Shin

    August 29, 2011 at 1:48 pm

    အော်…..
    ဟုတ်ကဲ့ပါ။
    မဝင်ဖြစ်တာကြာလို့…
    အပယ်ခံရမှာစိုးလို့……
    ပြေးရင်းလွှားရင်း
    သူကြီးရေ ပေး………
    ရ မှတ်
    ဟဲဟဲဟိ…

  • ခပ်မိုက်မိုက် ကောင်မလေး

    July 13, 2012 at 4:46 pm

    ခေါင်းရှုပ်လို်က်တာ…
    ဒီလိုမေးခွန်းမျိုး မေးခံရဖူးတယ်….
    တစ်ရာကပါးစပ်ထဲရောက်နေတာလေ…
    (ကွမ်း)..မိုက်လေးလည်း သိဘူး…
    မူးနောက်သွားတာပဲ……..
    ဖြေထားတာတွေ ဖတ်ကြည့်လိုက်တာ….
    100..ရှာမနေနဲ့တော့နော်……
    လှူတယ်သဘောထားလိုက်ပါ….:P

Leave a Reply