မရောက်စကောင်း ရောက်စကောင်း

ကိုအောင်မောင်းတစ်ယောက် တရုပ်ပြည်နယ်စပ် ရွှေလီကို သွားရဘို.အလုပ်ကိစ္စပေါ်လာပါတယ်။
အရင်ကဆို မေမြို.အထွက်ဝက်ဝံထက် ဟိုဘက်ကိုမရောက်ဘူးတဲ.သူ မန္တလေးမြို.ကနေ ဘယ်မှမခွာရတဲ.သူက ခရီးထွက်ရမယ်ဆိုတော့တော်တော်လေး ကိုပျော်နေပါတယ်။
ဟိုမှာတစ်ပါတ်ကျော်ကျော်လောက်ကြာမယ်ဆိုတော.အဝတ်အစားထည်.မယ်လုပ်တော.ရောက်ဘူးတဲ.မိတ်ဆွေတွေက အလေးခံပြီးများများမသယ်နဲ.လို.ပြောကြပါတယ်။
ဟိုရောက်မှဝယ်ဝတ်လို.ပြောတာနဲ. နည်းနည်းဘဲထည်.ခဲ့ပါတယ်။
ကားလက်မှတ်ကတော.တစ်ရက်ကြိုဝယ်ရပါတယ် ရွှေနယ်စပ် အမြန်ကားနဲ.ပါ။
ကားလက်မှတ်ဖြတ်မယ်ဆိုတော.လည်းအလုပ်မှာသာ ဆရာ အပြင်ကိစ္စဆိုတပည်.ဖြစ်နေတယ်ဆိုတော.ကလေးတွေက”လေးအောင်”
ဗင်မဝယ်နဲ. မတ်တူးဝယ်မတ်တူးကမှမြန်တာ ဆိုလို.သူတို.ပြောတဲ.အတိုင်းလိုက်လုပ်ရပါတယ်။
အိမ်တိုင်ယာရောက်လာကြိုပေးပါတယ်။
ကားခကတော.နောက်ခန်းကသုံးယောက်ထိုင်ရတယ် သုံးသောင်းရှေ.ခန်းကတစ်ယောက်ထဲထိုင် လေးသောင်းပါ။
သည်ကသွားမှာနှစ်ယောက်ဆိုတော.နောက်ခန်းဘဲယူလိုက်ကြပါတယ်။
မသွားခင် ဟိုကလာကြိုမယ်သူကိုဘယ်မှာဆင်းရမလဲမေးတော.နန်းတော်အလည်ပေါက်ဆင်းပါလို.မှာထားပါတယ်။
သွားတဲ.နေ.ကျတော့မနက် 6း30မှာလာကြိုပါတယ်။
ကျနော်နဲ.အတူသွားမယ်.သူရယ်ရှေ.ခန်းကထိုင်မယ်.ကောင်မလေးရယ်ကို ကြိုပြီးမှကျနော်.ကိုဝင်ကြိုတာပါ။
နောက်တစ်ယောက်က မြို.သစ်ထဲမှာဝင်ကြီုရမယ်ဆိုတော. မနော်ဟရီလမ်းကထွက်ရင် မေမြို.လမ်းရောက်ပြီပေါ.။
ဖြစ်ချင်တော. ကားလဲထွက်မယ်ရောက်ရော ကားဆရာဆီကိုဖုန်းလာပါတော.တယ်။
ကားဆရာက မြို.ထဲဂိတ်ကို ပြန်သွားရမယ် နောက်တစ်စီးက မထွက်ဖြစ်တော. ပါဆယ်ထုပ်တွေသွားယူရမယ်ပြောပါတယ်။
ဒါနဲဘဲမြို.သစ်ကနေ မြို့ထဲ 32လမ်း ကဂိတ်ကိုရောက်တော. 7နာရီ။
ရောက်တော.ဂိတ်မှာလူမရှိ အဲဒါနဲ.ကားဆရာကိုပြောပြီး top choice လက်ဖက်ရည်ဆိုင်ကိုသွားလို.
ဘိုက်ဖြည်.ရပါတယ်။
ဂိတ်က စထွက်တော. 7း30 ရှေ.ခန်းက တရုပ်မလေးကလဲ MP3 လေးဖွင်.လို.တရုပ်သီချင်းတွေကို လိုက်ဆိုလို. ဟုတ်နေတယ် ။
ဘေးနားက အမကြီးကတော. အိပ်လိုက်လာတယ် ကားထွက်ကတည်းက ကျနော်အဖော်ကလည်းအိပ်လိုက်လို.ကျနော်ကတော.ထုံးစံအတို်င်းဟိုငေးသည်ငေး။
သည်လိုနဲ. 9နာရီလဲထိုးရော မေမြိူ.ရောက်တော. ရေချမ်းအိုးနားက စံပြဆိုတဲ.ကားရပ်စခန်းက
ထမင်းဆိုင်ကိုဝင်ရပ်ပါတယ်။
သူများတွေကတော.မြန်မာထမင်းတစ်ခါပြင်စနစ်ရော ၊တရုပ်ဟင်းဘူးဖေးစနစ်နဲ.ရော.စားနေကြတာ အုန်းအုန်းထလို.။
ကျနော်တို.ကတော. အဆာပြေဆိုပြီးခေါက်ဆွဲလေးတစ်ပွဲစားပါတယ် တစ်ပွဲ 800တဲ.။
ဒါနဲ.ဘဲကားစထွက်ရော ဝက်ဝံလဲကျော်ရောထူးဆန်းတာစတွေ.တာက သံဃာတော်တွေဆိုင်ကယ်စီးပြီးကြွလာတာကိုပါ။
ကျနော်ကထူးဆန်းမှန်းသိတော. ကားဆရာက “အကိုနောက်ဆိုဒီထက်ကိုပိုတွေ.အုံးမှာ”လို.ပြောပါတယ်။
သူပြောတာမှန်လဲမှန်ပါတယ် သည်လမ်းတစ်လျှောက်လုံး တွေ.ရတာပါ။
ဆိုင်ကယ်ပေါလာတာရယ် တစ်နေရာနဲ.တစ်နေရာ သွားတော.ကိုယ်.ဆိုင်ကယ်နဲ.ကိုဆိုတော. မြန်တာပေါ.လေ။
လမ်းက သာလဲသာယာ အကွေ.အကောက်ကလဲများတော.ကားဆရာအိ်မ်မငိုက်အောင်စကားပြောပေးနေရပါတယ်။
သူကတော. ကားကိုဖြည်းဖြည်းဘဲမောင်းပါတယ်။
သည်လိုနဲ.ကားဆက်ထွက်လာလိုက်တာ နာမယ်ကျော်ဂုတ်တွင်းကိုဖြတ်လာပါတယ် ။
တကယ်လဲလှပါတယ်။
တက်လာတဲ.ကားတွေကလည်းဝန်အပြည်.တအိအိနဲ.ကြည်.ရတာသနားစရာ။
လမ်းတစ်နေရာမှာမြစ်ကို ကူးတဲ.သံတံတားတစ်ခုကိုဖြတ်ရပါတယ်။
တံတားကအလှည်.နဲ.ဖြတ်ရပါတယ် တံတားအသစ်တော.ဆောက်နေပါတယ်။
မြစ်ရေကချောင်းသာသာ ဘဲရှိတယ်ဆိုတော.ရင်လေးစရာပါ။
ကျနော်အထင်တော. မြစ်ငယ်မြစ်ဖြစ်လာမယ်.မြစ်ဖြစ်ပါလိမ်.မယ်။
လမ်းမှာ တန်ခိုးကြီးသော နာမယ်ကြီးဘုရား ဘော်ကြိုဘုရားကိုလှမ်ဖူးလိုက်ရတော.
အဆိုတော်မင်းသားဝင်းဦးရဲ.ဘော်ကြိုပွဲလယ်ခေါင်ဆိုတဲ.အသံလေးရယ်မောင်းသံလေးရယ်ကိုတောင်နားထဲမှာကြားယောင်မိသလိုလိုပါ။
သည်လိုနဲ.တစ်မြိူ.ပြီးတစ်မြို.ဖြတ်လာလိုက်တာ 12နာရီကျော်လဲ ကားဆရာကရပ်မဲ.ပုံမပေါ်တော.မေးရပါတယ်။
” ဘယ်မှာထမင်းစားနားမှာလဲ”
သည်တော.မှ ကားဆရာက”လားရှိုးမှာစားမလား နောင်မွန်မှာစားမလားမေးတော.”
” ကောင်းတဲ.နေရာသာရပ်ပါ ” လို.သာပြောလိုက်တော.မှ ရှေ.ခန်းက ကလေးမက “နောင်မွန်မှာရပ်”လို.ပြောပါတယ်။
သည်ကလေးမက သွားနေကြဆိုတော. သူကကျနော်တို.ထက်ပိုသိပါတယ်။
ထမင်းစားရပ်တော.နေ.လည်တစ်ချက် ဆိုင်ကလဲလူနည်းနည်းကိုကြာလိုက်တာ ပြန်ထွက်တော.တစ်နာရီလေးဆယ်.ငါ။။
လားရှုိုးမြို.အဝင်မှာကားပေါ်ကလှမ်းဘူးရတာတော. အင်မတန်ကျက်သရေရှိလှသော မန်ဆူစေတီတော်ပါ။

သည်မှာစတွေ.ရတာကတော.ဆိုင်ကယ်ကယ်ရီတွေပါ.
တော်တော်များများက နောက်မှာတစ်စီးစာအထုပ်ကြီးတထုပ်တင်လို.။
တစ်ခါရောက်နှစ်စီးစာပါဘဲ။
ကျနော် အူယားနေတာကိုကြည်.ပြီးကားဆရာက
“အနောက်ကဝန်ပါလို.လေးတာမှန်တယ် ဒါပေမဲ.ဆိုင်ကယ်လဲရင်နောက်က ဝန်ထုပ်နဲ.ထောက်ထားတော.လူမထိဘူးလေ” တဲ.ကဲပိုင်လိုက်တဲ.မြန်မာတွေ။
တစ်လမ်းလုံးဆိုင်ကယ် ကယ်ရီတွေအုပ်စုလို်က်မကြာခဏတွေ.ရပါတယ်။
မောင်းလိုက်ကြတာ တဝေါဝေါနဲ. မြန်မှမြန်ပါ။
ကားဆရာပြောတာတော.တစ်ချို.ကလဲ မန်းလေးထိ။
တစ်ချု.ိကတော.လည်း လားရှိးတို.ကွတ်ခိုင်တို.ထိပို.ပြီး ညတွင်းချင်း ကျယ်ဂေါင်ကိုပြန်တက် မနက်ပြန်ဆင်းလို.ပြောပါတယ်။
တစ်နေရာအရောက်လမ်းအကွေ.လေးမှာ ဆိုင်ကယ်တစ်စီးမှောက် နေတာကို ပါလဲတဲ.အဖော်တွေကဝိုင်းကူနေတာကို
လည်းတွေ.ရတော. အသက်ဘေးနီးတဲ.အလုပ်ဆိုတာကိုလည်းကိုယ်ချင်းစာမိပါရဲ.။
ကယ်ရီခကတော. မန်းလေးထိဆိုတစ်စီးနှစ်သောင်းရပါသတဲ.။
မနက်ထွက်ညနေမန်းလေးကိုရောက် နောက်နေ.ပြန်ထွက် ပျားလေးများလိုပါဘဲ။
ကွတ်ခိုင်ကိုလဲကျော်ရောပိုထူးဆန်းတာတွေ.ရတာက ဆိုင်ကယ်ကယ်ရီယာပေါ်ကို နောက်ထပ်ဆိုင်ကယ်တစီးတင်စီးလာတာပါဗျာ။
ဘာပြောပြောသူတို.လေးတွေသယ်လို.သာ ခင်ဗျားတို.ကျနော်တို.ဆိုင်ကယ်ကိုဈေးပေါပေါနဲ.စီးနိုင်တာလေ။
ဒါနဲ.ဆက်သွားရင်း ကျနော်က ဘယ်လောက်ဝေးသေးလဲလို. မေးတော.ကွတ်ခိုင်တောင်အမြင်.ဆုံး သူကျော်ရင်ပြီးပြီလို.ပြောပါတယ်။ညနေလေးနာရီလောက်ပါ။
ကွတ်ခို်င်မှာနားမလားမေးတော.ရှေ.ကတရုပ်မလေးက “မနားနဲ.သိပ်မိုးချုပ်ရင် မမှီဘဲနေမယ်”
လို.ပြောလိုက်ပါတယ်။
လမ်းမှာတွေ.လိုက်ရတဲ.ကျောက်ဆောင်ပေါ်မှာ ဆိုင်ကလေးတွေတည်ထားတာ လှမှလှပါ။
ဆင်းထိုင်ချင်စရာကောင်းလိုက်တာ ကားဆရာကပြောတော.နာမယ်ကျော်ကျောက်ဆောင်တဲ.
သည်လမ်းခရီးမှာအလှဆုံးပါတဲ.။ပြက္ခဒိန်တောင်ထုတ်ဘူးတယ်လို.ပြောပါတယ်။
ကွတ်ခိုင်တောင်ကလဲမြင်.မှမြင်.လမ်းအကွေ.တွေကနေတောင်အောက်ကိုမြင်ရတဲ. ကျယ်ပြန်.တဲ.ရူ.ခင်းလေးတွေက
ကြည်.မဝနိုင်အောင်လှမလှပါဘဲ။

ကွတ်ခိုင်မရောက်ခင်မှာဘယ်အချိန်ရောက်မယ်ဆိုတာ သိချင်ပေမဲ.ကားဆရာတွေက ဘယ်အချိန်ရောက်မလဲမေးရင်မကြိုက်တာသိတော.မမေးရဲပါဘူး။
ဒါပေမဲ. ဘယ်လောက်ဝေးသေးလဲမေးတော. ကားဆရာက အမြင်.ဆုံးကွတ်ခိုင်တောင်ကျော်ပြီးရင်နောက်ထပ်မိုင်တစ်ရာဆိုရောက်ပြီလို.ဘဲဖြေပါတယ်။
ကျနော်မေးနေတာကိုကြားလိုက်တဲ.အခါမှ
ရှေ.ကထိုင်တဲ.တရုပ်မလေးက ကားဆရာကို အမြန်မောင်းဘို.လောပါတယ်။
သည်လို.နဲ.ကားဆရာကဖြေးဖြေးဆိုတော. ကောင်မလေးက မှီမှာမဟုတ်ဘူးလို.ညည်းသံကိုလည်းကြားလိုက်ရပါတယ်။
ဒါနဲ.ဘဲခြောက်နာရီကျော်ကျော်မှာ နန်းတော်အလယ်ပေါက်ဆိုတဲ.နေရာက်ိုရောက်ပါတော.တယ်။
လာကြိုတဲ.ကလေးတွေက လေးလေးဂိတ်ပိတ်ပြီ ဝင်လို.မရတော.ဘူးလို.ပြောတာကို ကားဆရာကကြားသွားတော.
” အကို ဟိုဆိုင်က အကျီအနက်နဲ.မိန်းမကိုသွားလုပ်ခို်င်း တစ်ယောက်3000လောက်တော.ပေးရမယ်”
လို.ပြောပါတယ်။
ရှေ.ခန်းမှာထိုင်တဲ.တရုပ်မလေးက လေးလေး အရင်ကရောက်ဘူးလားမေးတော.နိုးပါလို.ဖြေရတာပေါ.။
ဒါနဲ.သူက ပတ်စပို.ပုံပါလားမေးတော. ပါတယ်ဆို လေးလေး မှတ်ပုံတင်ရယ် ဓါတ်ပုံရယ်ထုတ်ထားလို.ပြောပါတယ်။
သူကဘဲဦးဆောင်လို.ကားဆရာ ပြောတဲ.မိန်းမဆီကိုသွားလို. စကားတွေပြောပါတယ်.
ကောင်မလေးက ရောက်ဘူးပြီးသား ဓါတ်ပုံအရိုက်ခံပြီးသားဆိုတော. 3000ကျပ်ပါ ။
တစ်ခါမှမရောက်ဘူးသောတဲ.ကျနော်တို.က အထူးဈေး 4500ကျပ်ပါ။
ဒါတောင်ခက်ခက်ခဲခဲပြောလုပ်ရပါသတဲ.။
ခဏနေတော. အကျုးိတော်ဆောင် မမ ပြန်လာတော. လက်ထဲမှာ
စိမ်းပြာရောင်ကဒ်ကလေး ပါလာပါတယ်။
ဖွင်.ကြည်.လိုက်တော.ကိုယ်.ဓါတ်ပုံလေးကိုကော်ပီကူးပြီးပေး
ထားတဲ.တစ်ပါတ် နေထိုင်လည်ပါတ်ခွင်. ကဒ်ပြားလေးပါ။
ညနေ ငါးနာရီဆိုဂိတ်ပိတ်ပါတယ်။
ဒါကြောင်.ကလေးတွေက ပစ်စပို.ပုံဆောင်သွားတို. ကလေးမလေးက မမှီတော.ဘူးနေမှာတို.
ကားဆရာကမြို.သစ်ကနေဂိတ်ကိုပြန်တော. ကျနော်တို.ကို မကြာပါဘူးတို.ခဏလေးပါတို.တောင်းပန်တာကို သဘောပေါက်တော.တယ်။
ပုံမှန်ဆိုရင် တစ်ထောင်ဘဲ ကျပါတယ်တဲ. ဒါတောင်ပြောပေးလို.ဟိုက ကူညီပေးတာပါတဲ.ဗျာ။
မှန်ပါတယ် ကျနော်တို.က တည်းအိမ်က ရွှေလီမှာရှိတာဆိုတော. မဝင်ရရင်မူဆယ်က တည်းခိုခန်းမှာတည်းရမှာလေ။
ကုန်ကျစရိတ်နည်းနည်းတော.သက်သာသွားပါတယ်။
သည်လိုကြုံလိုက်မှ မသွားခင်က ကလေးတွေက လေးအောင်ပါတ်စပို.ပုံဆောင်သွားတို.
လမ်းမှာလည်းတရုတ်မလေးက မမှီဘဲနေမယ်တို.ဆိုတာတွေကိုသဘောပေါက်ပါပြီ။
နန်းတော်ဂိတ်ဘက်က တရုပ်မလေးထိုင်နေတဲ.ကောင်တာကိုဖြတ်လို. ဝင်လဲဝင်လိုက်ရော
ခန်းနားတဲ.အဆောက်အဦး ကျယ်ပြန်.တဲ.လမ်းတွေနဲ.တည်ဆောက်ထားတဲ.တရုပ်နယ်စပ်က ကျယ်ဂေါင်ဆိုတာလေးကို
ခြေချလိုက်ပါတယ်။
လာကြိုတဲ.ကားကလဲ အဆင်သင်.ရောက်နေပါပြီ။
ပြောရမယ်ဆိုရင် ဒါလဲ နိုင်ငံခြားလေ အောင်မောင်း(ခေတ္တတရုပ်ပြည်)လို.ရေးရင်ဘယ်သူငြင်းမလဲ။
ဟိုအရင်ကဆိုရင် ရွှေလီသွားမယ် ကျယ်ဂေါင်သွားမယ်ဆိုရင် အတော်ဝေးဝေးကိုသွားရသလိုထင်ရတာပါ။
ပြန်လာရင်လဲလမ်းဘယ်လိုဆိုးတာ ဘယ်လိုခက်တာ ဆိုတာတွေက တစ်ခုတ်တစ်ရပြောတာကိုနားထောင်လို.မဝသလိုပါ။
ဆိုင်မောဝ်သီချင်းတွေများကားသမားအကြောင်းနားထောင်လိုက်ရင်ဘဲလူက အလိုလိုနေရင်းမောလာသလိုပါ။

အခုတော.လမ်းတွေကကောင်းလိုက်တာမှချောနေတာပါ။
ရှေးကလူကြီးတွေထားခဲ.တဲ.စကားပုံဆိုရင် ” တရုပ်ပြည်ခွေးလမ်းပေါက်”ဆိုသလိုပေါ.။
အရင်ကကြာတယ် ခက်တယ် ဆိုးတယ်ဆိုတဲ.လမ်းကို မနက်သွား ညနေရောက်ဆိုတော.
အရင်ကသည်ကိုရောက်ဘို.ဆိုတာ သိပ်ကိုမလွယ်တဲ.အရပ်ဆိုတော.
မရောက်စကောင်း ရောက်စကောင်းလို.ပြောရင်မလွန်ပါဘူးနော………………………………………

4 comments

  • banban

    May 13, 2010 at 6:30 am

    စာရေးတော့အတော်ကောင်းတဲ့ကိုပေါက်ပဲ…ကျနော်လည်းတစ်ခါတစ်ခေါက်တော့ရောက်အောင်သွားအုန်းမှ…

  • Shwemannmay

    May 13, 2010 at 6:33 am

    လေးပေါက်
    ရွှေလီသွားတောလားပဲ ဖတ်လို ့ကောင်းတယ်

  • intro

    May 13, 2010 at 9:38 am

    ဖတ်လို့ ကောင်းတယ်… ကိုပေါက်ရေ…

  • Mg Soe Ko Ko

    May 14, 2010 at 5:17 am

    တော်တော်လေးဖတ်လို့ ကောင်းပါတယ် ။ နောက်ထပ်အတွေ့ အကြုံ လေးများလည်းရေးပေးပါအုန်း ခင်ဗျာ။

Leave a Reply