ရွာထဲလည်း မရောက်တာကြာပေမယ့် ရွာအပြင်ကနေပြီးတော့ သတင်းနားထောင်မိပါရဲ့ … အခုတစ်လော ပို့စ်အသစ်တင်ချင်ပေမယ့်လည်း တင်ချင်တဲ့ စိတ်ဆန္ဒရှိတဲ့အချိန်မှာ ကွန်ပျူတာ ရှေ့မှာ မရှိ … ကွန်ပျူတာရှေ့ရောက်ပြန်တော့လည်း ရေးချင်တဲ့အတွေးလေးတွေ ကွယ်ပျောက် သွားတာကြောင့် မရေးဖြစ်ခဲ့ပါဘူး … အခုလည်း ကာတွန်းလေးတွေ ကြည့်ရင်း ရွာသူ/သား မိတ်ဆွေတွေကို မျှဝေပေးချင်တဲ့ စိတ်ဆန္ဒကြောင့် ရေးဖြစ်ခဲ့ပါတယ်ဗျ .. ကူးယူခဲ့တဲ့ အချို့သော ကာတွန်းတွေရဲ့ မူရင်းလိပ်စာကိုလည်း မမှတ်မိ(ကျွန်ုပ်၏ အားနည်းချက်)တော့ပါသဖြင့် တောင်းပန် အပ်ပါတယ်ဗျ ….

ကျွန်တော်လည်း တွေးမိတရ်ဗျ  (အမှန်တော့ အခုရက်ပိုင်း အလုပ်ရှုပ်နေသဖြင့် ဘုရားဦးချယုံကလွဲလို့  ဘုရားမရှိခိုးဖြစ်ပါ ဤသည်ကား စကားချပ်) ကျွန်တော်တို့တွေ ဘုရားရှိခိုးရင် ဆုတောင်းတာတွေ ပါတတ်တယ်ဗျ .. ကျွန်တော်ငယ်ငယ်တုန်းကဆိုရင်လည်း ဆု တော်တော် တောင်းသဗျ .. အခုမှသာ ငါ ဘုရားရှိခိုးတာ ဘုရားကို ကြည်ညိုလို့ ရှိခိုး ဦးညွှတ်ပူဇော်တာ ငါလိုအပ်တာရှိလို့ ဘုရားဆီက ငါဖြစ်ချင်တာတွေ လိုချင်တာတွေ တောင်းဆိုဖို့ ရှိခိုးတာ မဟုတ်ဘူးဆိုပြီး .. ဆုတွေ မတောင်းဖြစ်တော့ဘူး … ဒါပေမယ့် ဆုမတောင်းဘူး ဆိုပေမယ့်လည်း တစ်ခုတော့ တောင်းမိတယ်ဗျ အဲဒါက သတ္တ၀ါတွေ ကျန်းမာချမ်းသာ ကြပါစေလို့ .. အဲဒီတစ်ခုတော့ ချွင်းချက်ပေါ့ဗျ … :) … ရွာသူ/သားတွေရော ဘယ်လိုခံယူချက်တွေရှိလဲမသိ ?

ဒီကာတွန်းလေးကို ကြိုက်မိတယ်ဗျ … အခုခေတ် တော်တော်များများနဲ့လည်း ကိုက်ညီမယ် ထင်ပါရဲ့ … ကျွန်တော်တောင် ဒီကာတွန်းနဲ့ မလွတ်သလိုပဲ .. ဘာလို့လဲဆိုတော့ ကောင်မလေးတွေက အပြင်သွားဖို့ချိန်းတယ် ကျွန်တော်ကလည်း ဟုတ်ကဲ့ပေါ့ … တကယ်တမ်း သွားမယ့်အခါ ရောက်တော့ မသွားချင်ဘူး အဲဒီတော့ အလုပ်အကြောင်းပြနဲ့ပေါ့ … သူတို့လေးတွေကလည်း ယုံတော့ …ဆက်မပြောတော့ဘူးဗျာ …….. :P

ကျွန်တော်လည်း အစောပိုင်းကာလတွေတုန်းက တော်တော်အတိုက်အခံ လုပ်ဘူးတယ်ဗျ … ဘယ်လိုလဲဆိုတော့ .. နင့်ငါ့ကိုနမ်းမှာလား …. မနမ်းဘူး ဘာဖြစ်လဲ … အဲသည်ကတည်းက အတိုက်ခံ ဘ၀ကို စိတ်ကုန်သွားတာ … နောက်ဘယ်တော့မှ အတိုက်အခံ မလုပ်တော့ဘူးဆိုပြီး …. :D … အတိုက်အခံ ဆိုတာလည်း နေရာဒေသ အချိန်အခါ ကိုလည်း လိုက်ပြီး လုပ်ရမယ်ဆိုတာ သဘောပေါက်လာခဲ့တယ် ……… :D

ဒီကာတွန်းလည်း (၂)ခုကိုတော့ ဘာမှ မပြောလိုတော့ပါဘူး … သူရဲ့ ဆိုလိုရင်းတွေကို ကျွန်တော် အခုထိ တွေဝေစွာ စဉ်းစားနေမိတုန်းပဲဗျ … :D

ကျွန်တော်လည်း ဟိုသတင်းဆိုလည်း ငါသိတယ် … ဒီသတင်းဆိုလည်း ငါခုဏက မြင်လိုက်တယ်နဲ့ ကိုယ့်အကြောင်းကိုယ်တော့ အခုထိ သေချာမသုံးသပ်မိသေးဘူးဗျ … ရွာထဲက ဘယ်သူတွေများ ကျွန်တော့်အကြောင်းကို ပြောပြမလဲမသိ … :D

အားလုံးကိုလေးစားချင်ခင်လျှက်

KING

 

About King

has written 59 post in this Website..

ရှူးးးးးးးးးးးးးးးးးးး ...................