ကာတွန်းများနှင့် ကျွန်တော့်အတွေးများ … (၁)

KingAugust 26, 20111min12514

ရွာထဲလည်း မရောက်တာကြာပေမယ့် ရွာအပြင်ကနေပြီးတော့ သတင်းနားထောင်မိပါရဲ့ … အခုတစ်လော ပို့စ်အသစ်တင်ချင်ပေမယ့်လည်း တင်ချင်တဲ့ စိတ်ဆန္ဒရှိတဲ့အချိန်မှာ ကွန်ပျူတာ ရှေ့မှာ မရှိ … ကွန်ပျူတာရှေ့ရောက်ပြန်တော့လည်း ရေးချင်တဲ့အတွေးလေးတွေ ကွယ်ပျောက် သွားတာကြောင့် မရေးဖြစ်ခဲ့ပါဘူး … အခုလည်း ကာတွန်းလေးတွေ ကြည့်ရင်း ရွာသူ/သား မိတ်ဆွေတွေကို မျှဝေပေးချင်တဲ့ စိတ်ဆန္ဒကြောင့် ရေးဖြစ်ခဲ့ပါတယ်ဗျ .. ကူးယူခဲ့တဲ့ အချို့သော ကာတွန်းတွေရဲ့ မူရင်းလိပ်စာကိုလည်း မမှတ်မိ(ကျွန်ုပ်၏ အားနည်းချက်)တော့ပါသဖြင့် တောင်းပန် အပ်ပါတယ်ဗျ ….

ကျွန်တော်လည်း တွေးမိတရ်ဗျ  (အမှန်တော့ အခုရက်ပိုင်း အလုပ်ရှုပ်နေသဖြင့် ဘုရားဦးချယုံကလွဲလို ့ ဘုရားမရှိခိုးဖြစ်ပါ ဤသည်ကား စကားချပ်) ကျွန်တော်တို့တွေ ဘုရားရှိခိုးရင် ဆုတောင်းတာတွေ ပါတတ်တယ်ဗျ .. ကျွန်တော်ငယ်ငယ်တုန်းကဆိုရင်လည်း ဆု တော်တော် တောင်းသဗျ .. အခုမှသာ ငါ ဘုရားရှိခိုးတာ ဘုရားကို ကြည်ညိုလို့ ရှိခိုး ဦးညွှတ်ပူဇော်တာ ငါလိုအပ်တာရှိလို့ ဘုရားဆီက ငါဖြစ်ချင်တာတွေ လိုချင်တာတွေ တောင်းဆိုဖို့ ရှိခိုးတာ မဟုတ်ဘူးဆိုပြီး .. ဆုတွေ မတောင်းဖြစ်တော့ဘူး … ဒါပေမယ့် ဆုမတောင်းဘူး ဆိုပေမယ့်လည်း တစ်ခုတော့ တောင်းမိတယ်ဗျ အဲဒါက သတ္တဝါတွေ ကျန်းမာချမ်းသာ ကြပါစေလို့ .. အဲဒီတစ်ခုတော့ ချွင်းချက်ပေါ့ဗျ … 🙂 … ရွာသူ/သားတွေရော ဘယ်လိုခံယူချက်တွေရှိလဲမသိ ?

ဒီကာတွန်းလေးကို ကြိုက်မိတယ်ဗျ … အခုခေတ် တော်တော်များများနဲ့လည်း ကိုက်ညီမယ် ထင်ပါရဲ့ … ကျွန်တော်တောင် ဒီကာတွန်းနဲ့ မလွတ်သလိုပဲ .. ဘာလို့လဲဆိုတော့ ကောင်မလေးတွေက အပြင်သွားဖို့ချိန်းတယ် ကျွန်တော်ကလည်း ဟုတ်ကဲ့ပေါ့ … တကယ်တမ်း သွားမယ့်အခါ ရောက်တော့ မသွားချင်ဘူး အဲဒီတော့ အလုပ်အကြောင်းပြနဲ့ပေါ့ … သူတို့လေးတွေကလည်း ယုံတော့ …ဆက်မပြောတော့ဘူးဗျာ …….. 😛

ကျွန်တော်လည်း အစောပိုင်းကာလတွေတုန်းက တော်တော်အတိုက်အခံ လုပ်ဘူးတယ်ဗျ … ဘယ်လိုလဲဆိုတော့ .. နင့်ငါ့ကိုနမ်းမှာလား …. မနမ်းဘူး ဘာဖြစ်လဲ … အဲသည်ကတည်းက အတိုက်ခံ ဘဝကို စိတ်ကုန်သွားတာ … နောက်ဘယ်တော့မှ အတိုက်အခံ မလုပ်တော့ဘူးဆိုပြီး …. 😀 … အတိုက်အခံ ဆိုတာလည်း နေရာဒေသ အချိန်အခါ ကိုလည်း လိုက်ပြီး လုပ်ရမယ်ဆိုတာ သဘောပေါက်လာခဲ့တယ် ……… 😀

ဒီကာတွန်းလည်း (၂)ခုကိုတော့ ဘာမှ မပြောလိုတော့ပါဘူး … သူရဲ့ ဆိုလိုရင်းတွေကို ကျွန်တော် အခုထိ တွေဝေစွာ စဉ်းစားနေမိတုန်းပဲဗျ … 😀

ကျွန်တော်လည်း ဟိုသတင်းဆိုလည်း ငါသိတယ် … ဒီသတင်းဆိုလည်း ငါခုဏက မြင်လိုက်တယ်နဲ့ ကိုယ့်အကြောင်းကိုယ်တော့ အခုထိ သေချာမသုံးသပ်မိသေးဘူးဗျ … ရွာထဲက ဘယ်သူတွေများ ကျွန်တော့်အကြောင်းကို ပြောပြမလဲမသိ … 😀

အားလုံးကိုလေးစားချင်ခင်လျှက်

KING

 

14 comments

  • mgmglusoe

    August 26, 2011 at 8:40 pm

    ကိုယ့်အကြောင်းကို ကိုယ် စဉ်းစားကြည့်ရတော့မယ်….ကို king သတိပေးမှ သတိရတော့တာ…
    ခနလေး… စဉ်းစားလိုက်မယ်..။

  • KoNyeinChan

    August 26, 2011 at 9:28 pm

    ကိုကင်းရေ… ဒဿနဆန်တဲ့ ဆီးဆောပုံကို သဘောကျသဗျား..
    ((ဆုမတောင်းဘူး ဆိုပေမယ့်လည်း တစ်ခုတော့ တောင်းမိတယ်ဗျ အဲဒါက သတ္တဝါတွေ ကျန်းမာချမ်းသာ ကြပါစေလို့ ))
    အဲ့ဒါ ဆုတောင်းတာမဟုတ်ပါဘူး.. မေတ္တာပို ့တာပါ..
    ကာတွန်းလေးတွေဖတ်ခွင့်ရတဲ့အတွက် ကျေးဇူးပါဘဲ

    • king

      August 26, 2011 at 9:50 pm

      ဟုတ်ကဲ့ပါ ကိုငြိမ်းချမ်းရေ
      အမှားကို ပြင်ပေးတဲ့အတွက်လည်း ကျေးဇူးပါ …
      ကျွန်တော်ကတော့ အတွေးအခေါ်တစ်ခုခုကို ပေးနိုင်မယ်ဆိုရင် စာတစ်ကြောင်း သို့မဟုတ် ပန်းချီကားတစ်ချပ် သို့မဟုတ် ကာတွန်းတစ်ကွက်ကို စိတ်ဝင်စားစွာ စောင့်ကြည့်သူ တစ်ယောက်လည်း ဖြစ်တာကြောင့် … အများသူငါ ခံစားနိုင်စေဖို့ ရည်ရွယ်ပြီး ရေးတင်ပေးတာပါ။

  • unclegyi1974

    August 26, 2011 at 10:51 pm

    ဆီးဆောပုံကသတိပေးတာလေ
    ဘယ်သူတွေကိုဆိုတာတော့ဆက်တွေး

  • myanpyithar

    August 27, 2011 at 9:13 am

    ဘုရားရှိခိုးနဲ့ပါတ်သက်လို့ နဲနဲပြန်စဉ်းစားကြဘို့ကောင်းတယ်
    တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ်……….ဒါလေးဘဲပါတယ်
    ကျန်တာက ဆုတောင်းချည်းဘဲ
    ကျွန်တော်တော့ဆုတောင်းအပိုင်းကိုထည့်မရွတ်တာကြာပေါ့
    ဆုတောင်းနေလို့မရဘူး လိုက်နာကျင့်ကြံအားထုပ်မှရမယ်လို့ ဘုရားဟောခဲ့သားဘဲ
    ဆုတောင်းဆိုတာ ဖန်ဆင်းရှင်နဲ့နတ်ကိုးကွယ်သူတွေအတွက်ဘဲ လို့ထင်တယ်

  • koyinmaung

    August 27, 2011 at 9:22 am

    စာရေးဆရာကြီးဦးအောင်သင်းရဲ့စကားကိုအမှတ်ရမိပါရဲ့
    ဤကဲ့သို့မာလကာသီးတလုံးနှင့်ရေတခွက်လှူရသောအကျိုးအားကြောင့်
    တိုက်တလုံးကားတစီးနှင့်သိန်းတထောင်ဆုကြီးရ ရပါလို၏
    အရှင်ဘုရား……
    ကာတွန့်လေးတွေအလွန်ကောင်းပါတယ်ကျေးဇူးပါဘဲ

  • MOEPWINTPHYU

    August 27, 2011 at 1:00 pm

    ကာတွန်းလေးတွေကြိုက်တယ် အခုအတော်များ2က ဆုတောင်းတာများနေတာက အမှန်ပါပဲ…..

  • good

    August 27, 2011 at 5:25 pm

    သူများက ဘုရာရှိခိုးပြီး ဆုတောင်တာ၊ MOEPWINTPHYU က မှ ဘုရားမရှိခိုးပဲ လစာတိုးပါစေ လို့ ဆုတောင်းနေတာ မဟုတ်လား။

  • maylekha

    August 27, 2011 at 6:31 pm

    ဘုရားရှိခိုးတာတာပဲ ကျေးဇူးတင်ရမှာကို….နော့လေ။

  • MaMa

    August 27, 2011 at 6:41 pm

    ကင်းစိတ်ကူး Cartoon explanation က ပိုမိုက်တယ်။
    🙂

  • yetazar

    August 27, 2011 at 7:47 pm

    တည်ငြိမ်မှတ်ကို ………… အဲဒီကာတွန်းလေး အရမ်းသဘောကျတယ် ။ ကြိုက်လွန်းလို့ ကာတွန်းလေးတွေ ကူးသွားတယ်ဗျို့ … ။

  • jalthusg.kt

    August 27, 2011 at 8:07 pm

    မဖတ်ဖူးသေးတဲ့ကာတွန်းလေးတွေတ်ရလို.ကျေးဇူးတင်ပါတယ်

  • pan pan

    August 29, 2011 at 9:04 am

    အမတ်မင်းကာတွန်းကြိုက်တယ်
    ဆီးဆောလေးတော့ သိပ်နားမလည်ဘူး
    ဒါပေမယ့် ကြိုက်တယ် တွေတွေဝေဝေနဲ့

    • king

      August 31, 2011 at 5:01 pm

      ဟုတ်တယ်
      ကျွန်တော်လည်း ဆီးဆောလေးကို သဘောကျတယ်ဗျ
      အခုအချိန်ထိ ကြည့်မိတိုင်း တွေးမိနေတုန်းပဲ
      အင်းးးးးး <3

Leave a Reply