အွန်လိုင်းပေါ်မှာ အဟဲ နဲနဲပါးပါး ရေတတ်လာ ပြောတတ်လာတော့ မြင်ရကြားရတာ မတော်မတဲ့တာလေးတွေ တွေ့ရတော့ ၀င်ဝင်ပြီးပြောချင်လာတယ်…။ ဒီတစ်ခါ ပြောမှာကတော့ အများအကျိုးကို ရှေးရှု့ပြီး ပြောမှာဖြစ်တဲ့ အတွက် အနာရှိတဲ့ လက်တွေတော့ စပ်ပါလိမ့်မယ်..။ ဒါပေမဲ့ မျက်စေ့ ရှေ့ ဖြစ်နေတာ ကြားနေရတာဆိုတော့…။
ဖြစ်ပုံက ဒီလို ….။
တစ်မနက် ဂျာရစ် အိပ်ယာက နိုးတော့ ဂျာရစ်ရဲ့ တူမ ကျောင်းဆရာမ သူ့သူငယ်ချင်း လုပ်ဖော်ကိုင်ဘက် ဆရာမတစ်ယောက်နဲ့ အိမ်ကိုရောက်လာပါတယ်..။ သူမရဲ့ ဦးရီးတော်ထံ အကြံဥာဏ်လာတောင်းတာပါ..။ အကြံဥာဏ်တောင်းတယ်ဆိုတာထက် ခံစားနေရတာကို မျှဝေခံစားလို့ ပေါ့သွားအောင် ရင်လာဖွင့်တာပါ…။ ဂျာရစ်တို့ တွေက ဒီလိုပဲ …။တစ်ယောက်ယောက်က ရင်ထဲမှာ ကျပ်တည်း ခံစားလာရပြီဆိုရင် အကြံဥာဏ်လေးပေးပါဦးဆိုပြီး ရင်ဖွင့်တတ်ကြတယ်…။ အလုပ်မရှိတဲ့ ဂျာရစ်ကတော့ ဒိုင်ခံ ရင်လာအဖွင့်ခံနေရတာပေါ့လေ…။ အဲဒါအသာထားဦး…။ခုဆရာမလေးတွေက သူတို့ ဘာတွေ ဖီးစီး ခံစားနေရသလဲ နားထောင်ကြည့်ပါဦး…။
“ဦးဂျာရစ်ရေ…. ခုသမီးတို့ ပညာရေးလောက က အဖြစ်အပျက်လေးတွေ နားထောင်ပေးပါဦး ဘာလုပ်ရမလဲဆိုတာလဲ ပြောပြပါဦးနော် အားကိုးပါတယ်…။”
“အိမ်းးး ခုလောလောဆယ်ဖြစ်နေတဲ့ ကား၇င့် သတင်းလေးတွေ လုပ်စမ်းပါဦး…။ တို့မြို့မှာဘာတွေ ဖြစ်နေလဲ ပြောကြစမ်းပါဦး တို့ ကဘာအလုပ်မှလည်းမရှိတော့ ဘယ်မှ မရောက်ရဘူး…။ မရောက်တော့ ဘာမှ မသိရဘူးပေါ့…။ ညည်းတို့ရှိနေလို့ အပြင်သတင်းလေးဘာလေးကြားရတာ…။”
“ ခု သမီးတို့ ပညာမှာ စနစ်သစ်တစ်ခုပေါ်လာတယ်ဦးရဲ့..။ အဲဒါက သမီးတို့ ရဲ့သင်ကြားမှု အရည်အချင်းကို စစ်တာလေ..။ဘာလိုစစ်တာလဲဆိုတော့ သမီးတို့ကျောင်းက မူလန်းအလယ်တန်း ဆရာဆရာမတွေ ပေါ့နော်…။ရပ်ကွက်/ကျေးရွာကျောင်းတွေမှာ သင်နေတဲ့ ဆရာတွေက သူ့နယ်မြေနယ်နဲ့သူ သတ်မှတ်ပြီးတော့ အထက(၁)အထက(၂) ပေါ့လေ…။ အဲဒိလိုခွဲထားပြီးတော့ ကိုယ်သင်ရတဲ့ ဘာသာရပ်အလိုက် ကျောင်းသားတွေကို စာမေးပွဲ အစစ်ခံရတယ်လေ..။ ကျောင်းသားအားလုံးမဟုတ်ဘူးပေါ့…။ တစ်တန်းကို ကျောင်းသားသုံးယောက်ကနေ ငါးယောက် ၀င်ပြီးဖြေရတယ်…။ မေးခွန်းထုတ်တာကတော့ သက်ဆိုင်ရာ အထက တွေကထုတ်တာလည်းရှိတယ်…။ ဆရာတွေအားလုံးပေါင်းပြီး ထုတ်တာလည်းရှိတယ်..။ ဆရာတွေ အားလုံးပေါင်းထုတ်တာဆိုရင်တော့ ကိုမေးချင်တာလေးတွေလည်းထည့်လို့ရတယ်..။ ဘာမေးမယ်ဆိုတာလဲ ခန့်မှန်းလိုရတယ်..။ ကိုယ့်ကျောင်းသားတွေကို ပြန်ပြီးသင်လို့ရတယ်ပေါ့…။ ပထမတစ်လက သူခံလိုက်ရတယ်လေ…။ ကျောင်းသားအားလုံးထဲကမှ အတော်ဆုံးကျောင်းသားတွေကို ရွေးခေါ်သွားတာ..။ ဟိုရောက်တော့ ကျပါရောလား…။ သမီးတို့က ကိုယ်ဝင်ဖြေခံမယ့် ကျောင်းသားကိုရွေးပြီး သတ်သတ်သင်ပေးထားတာ….။ဆိုတော့ အကုန်အောင်တယ်လေ..။ သူကတော့ အားလုံးသင်ပေးပြီးအဲဒိထဲက ကျောင်းသားရွေးတာဆိုတော့ ပြီးတော့ မေးတဲ့ မေးခွန်းကလည်း သူတို့ကျောင်းကထုတ်တဲ့မေးခွန်းဆိုတော့ ကျောင်းသားတွေ မျက်စေ့လည်သွားတာလည်းပါတာပေါ့…။ အခုတော့ သူလည်း ဆရာရည်လည်သွားပါပြီ…။ သူ့ရဲ့ သင်ကြားစွမ်းရည် စာမေးပွဲအောင်မြင်ဖို့ အတွက် လက်ရွေးစင်ကျောင်းသားကိုရွေးထုတ်လို့ သင်နေပြီပေါ့…။”
တူမလေးက သူနဲ့ပါလာတဲ့ ဆရာမလေးကို သီးတည်ပြီးပြောနေတာပါ…။ ဆရာမလေးခမြာမှာလည်း မျက်နှာပေါ်မှာ ၀မ်းသာရိပ်ပေါ်လာလိုက် ၀မ်းနည်းရိပ်ပေါ်လာလိုက် တစ်ချက်တစ်ချက် တွေဝေ သွားလိုက်ပေါ့လေ…………..။
“ အင်းအဲဒိတော့ ဘာဖြစ်လဲ အဆင်ပြေသွားပြီမဟုတ်လား”
ဂျာရစ်က အဲဒိလိုပြန်ပြောလိုက်တော့ သမီးတို့က အဆင်ပြေပါတယ်..။ အဆင်မပြေတာက သူလေ..။
“ ဘာတွေဖြစ်နေလို့လဲ…။ ဘာတွေအလိုမကျသလဲ ပြောကြည့်ပါဦး အဲဒါမှ ဦးကလည်းဘာလုပ်သင့်မယ်ဆိုတာပြောလို့ရမှာလေ…။”
“ ဒီလို ဦးရဲ့ ….ကိုယ့်သင်ကြားရေး အရည်အချင်းစစ်အောင်ဖို့ရာအတွက် ကျောင်းသားတွေကို ခွဲထုတ်ပြီးသပ်သပ် သင်ပေးမှ သူတို့ ဘာမေးမေးဖြေနိုင်မှာဆိုတာကို ဘ၀င်မကျဖြစ်နေတာ…။ ကျောင်းသားသုံးယောက်လောက်ကို ခွဲပြီး သင်ပေးနေတော့ ကိုယ့်အတန်းထဲက ကျန်တဲ့ ကျောင်းသားသုံးဆယ်ကျော်လောက်က ဒီသုံးယောက်လောက်မတတ်တော့ပြန်ဘူး ဖြစ်နေတယ်..။ အဲဒါကို သမီး လိပ်ပြာမလုံဘူး…။ ဆရာ/ဆရာမ တစ်ယောက်ရဲ့ သင်ကြားမှုစွမ်းအင်ကို စစ်ဆေးတာက ကျောင်းသား သုံးယောက်လောက်ပဲ တတ်ပြီး ကျန်တဲ့ ကျောင်းသားသုံးဆယ်လောက်က ကိုယ့်ကျောင်းမှာကိုယ်တောင် မနဲ စစ်ပြီးအောင်ပေးမှ အဲဒိကျောင်းသားတွေ စာမေးပွဲအောင်တော့မယ်…။ ဖြစ်နေပြီ…။ သမီး အဲဒိစနစ်ကို မယုံဘူး…။ သင်ကြားရေး စွမ်းရည်ကို ဒီလိုသာ ဆက်ပြီး စစ်နေမယ်ဆိုရင် ကျန်တဲ့ ကျောင်းသားတွေ စာညံ့ကုန်တော့မှာ…။ သင်တဲ့ဆရာတွေက ကလည်း သူတို့ရဲ့ အရည်အချင်း ကျတယ်လို့သတ်မှတ်မခံရအောင် ဒီလိုပဲ ဆက်လုပ်နေကြမှာပဲ….။”
ပါလာတဲ့ ဆရာမလေးက ဒီလိုရင်ဖွင့်လာတယ်ပေါ့..။ တူမလေးက သူ့အတွေ့ အကြုံတွေကိုဆက်ရှင်းပြပါသေးတယ်..။
“ ဦးဂျာရေ…။ ဒါတင်မပြီးသေးဘူးဗျ…။ ကိုယ်သွင်းတဲ့ ကျောင်းသားက စာမေးပွဲ မဖြေနိုင်ရင် တာဝန်ခံ ဆရာ/ဆရာမကတော့ နာမဲ့သာပြင်ထား…..။ သူတို့အမိန့်ထဲမှာကတော့ ဖြေရှင်းချက်တောင်းခဲခြင်း..။ စစ်ဆေးအရေးယူခြင်း အဆင့်ဆင့် ပြုလုပ်မယ်လို့ပါနေတယ်..။ ဒီတော့ ကိုယ့်အုပ်စုထဲမှာ ပါတဲ့ ကျောင်းဆရာ/ဆရာမတွေဟာ သူ့ကျောင်း ကိုယ့်ကျောင်း ဆက်သွယ်ပြီး ဒီလ ဘာမေးမယ်..။ ဘာတွေတော့ မေးနိုင်တယ်…။ အားလုံးဆုံပြီးတော့ မေးခွန်းတစ်ခုထုတ် သက်ဆိုင်ရာအထက ကိုအဆိုပြု အဲဒိကျောင်းက မေးခွန်းထုတ်မဲ့ ဆရာတွေနဲ့ ၀င်ညှိ ..။ ၀င်ညှိ ဆိုတာကလွယ်ပါတယ်..။ လက်ဆောင်ထုတ်လေးနဲ့သွား ..။ မေးခွန်းရအောင်ယူ ..။ ကုန်ကျစရိတ်ကိုမျှခံ..။ အဲဒိမေးခွန်းရလာတော့ ကိုယ့် သူရဲကောင်းလေးတွေကို ဒါပဲ ရိုက်သင်..။ သူတို့တွေ အမှတ်ပြည့်ရလေ… သင်တဲ့ ဆရာ/ဆရာမ နာမယ်ကောင်းရလေပဲ..။ ဒါကြောင့် သမီးကို ဒီနှစ် ဇီးပင်ကြီး သင်တန်းတောင်မသွားရတော့ဘူးလေ..။ မပိုင်လား။။ကျန်တဲ့ ကျောင်းသားတွေကတော့ ကိုယ်တတ်နိုင်သလောက်ပဲ သင်ပေးနိုင်မှာပဲလေ..။ ကမ္မသကာပေါ့…..။”
ဂျာရစ်ရဲ့ တူမလေး ပြောတဲ့ ဇီးပင်ကြီး သင်တန်းဆိုတာက အထက်မြန်ပြည် ဗဟိုဝန်ထမ်းတက္ကသိုလ်ကိုပြောတာပါ..။ အောက်ပြည်မှာတော့ ဖောင်ကြီးပေါ့လေ…။ ဂျာရစ်တူမ ကတော့ သိတဲ့အတိုင်းပဲ..။ သူ့နောက်က ပါလာတဲ့ ဆရာမလေးကတော့ ကျန်ရစ်မဲ့ ကျောင်းသားတွေ အတွက်အားနာနေပုံရပါတယ်..။ တစ်ကယ်လည်း အားနာစရာကောင်းတာကိုး…။
ကဲခင်ဗျားတို့ကော ဘယ်လိုသဘောရကြပါသလဲ..။ ဂျာရစ်ကတော့ ဘာမှ မပြောတတ် အကြံ ဥာဏ်မပေးတတ်အောင်ပါပဲ..။ တူမနဲ့ ပါလာတဲ့ ဆရာမလေးကတော့ အပြင်မှာ အလုပ်အဆင်ပြေရင် ခုကျောင်းဆရာမကတောင် ထွက်ချင်စိတ်ပေါက်လာပြီလို့ ပြောသွားပါသေးတယ်ဗျာ…။ ဒီလိုစိတ်ဓါတ်ရှိတဲ့ ဆရာမလေး ထွက်သွားရင်တော့ ကျောင်းသားအချို့ တော်တော် နစ်နာမှာ ပါပဲ..။ အဲဒိတော့ နောက်စနစ်ကတစ်မျိုးပြောင်းချင်ပြောင်းသွားဦးမှာပါ..။ အခုက စမ်သပ်ဆဲ ဖြစ်ပါလိမ့်မယ်..။ အောင့်အည်း ပြီး ကိုယ်တတ်နိုင်သမျှလေးလုပ်ပါဦး လို့ပဲ ပြောလိုက်ရတယ်..။ စိတ်မကောင်းဘူးဗျာ..။
မြန်မာပြည် ပညာေ၇းလောက က စိတ်ညစ်စရာကြီးနော်…။ ပြော…မပြောချင်ပါဘူး..။ ပြောပြန်ရင်လည်း ဂျာရစ်ပဲ လွန်ရာကျတော့မယ်နဲ့တူရဲ့…။

*ဂျာရစ်

About jaryitt

has written 3 post in this Website..