Sound Patterns And Grammar In Burmese (5)

TTNUAugust 26, 20111min771

Sound Patterns And Grammar In Burmese (5)

အသံ အဖွတွေ ဆက်ဆွေးနွေးပါမယ်။  အသံယူနစ် (၂) ခုပေါင်းတဲ့အခါမှာ

(၁)  ပထမအသံ ဖွပြီး ဒုတိယအသံ ဖိပြီး အသံပြောင်းသွားပါမယ်။

ဥပမာ။  ပတ်မ + တီး  = ပတ်မဒီး ( မ    ကို သံဝက် သံယိုင်နဲ့ ဖွ ဆိုပြီး  တီး   ကို  အသံပြောင်းဖိသံ ဒီး  လို့ အသံထွက်လိုက်တာပါ၊ ဆိုလိုတာက ပတ်မ    ဒီးလို့ မပြောဘဲ ပတ်မဒီး လို့ သံဝက် သံယိုင်   တွဲပြီး အသံထွက်တာပါ။)

ထမင်း+ ခြောက်= ထမဂျောက် (ထမင်းကို ထမ လို့ သံယိုင်ယူလိုက်တယ်၊ ခြောက် ကို အသံပြောင်း ဖိသံ ဂျောက် လို့ ပြောင်းထွက်တာပါ။)

(၂)ဒါပေမဲ့ ဒုတိယအသံက Aspirate (As shown in the table in Sound Patterns and Grammar in Burmese 3) ဆိုရင်တော့ အသံပြောင်းဖိသံ ပြင်းသံ မထွက်တော့ပါဘူး။

ဥပမာ။  နှာ + ခေါင်း   =နှခေါင်း ( နှာကို နှ သံယိုင်နဲ့ ထွက်ပြီး  ခေါင်းကိုတော့ သံပြင်း ဂေါင်းလို့ မပြောင်းတော့ပါဘူး။

ဘယ်နှစ်+ကျောင်း = ဘယ်နှကျောင်း ( ဘယ်နှစ် ကို ဘယ်နှ လို့ သံယိုင် ယူတယ်၊ ကျောင်းကို ဂျောင်း လို့ မပြောင်းတော့ပါဘူး

(၃) တစ်ခါတစ်ရံ ပထမအသံက ( ဝ၊ နွ၊ သွ ) တို့ ဖြစ်နေရင် ဒုတိယအသံ ကို ဖိ ထွက် အသံပြင်း ထွက်တာမျိုးရှိ်တတ်သလို ၊  မပြောင်းတဲ့ ခြွင်းချက် ကိုလည်း တွေ့ရှိ ရပါတယ်။

ဥပမာ။   နွား + ကပ်= နဂပ်   (နဂပ် လို့ပြောင်းတယ်)

နွား + ထီး = န ထီး ( နဒီး လို့ မပြောင်းပါ)

 

အချုပ်ဆိုရရင်တော့  ပထမအသံပျော့ရင် ဒုတိယအသံပြင်း (Voiced) ဖြစ်တဲ့ သဘောပါ။

Okell( 1969:17) အဆိုအရ  သူလေ့လာတွေ့ရှိချက်တစ်ခုက  (Double Voicing) လို့ သတ်မှတ်ခေါ်ဆိုပါတယ်။

ဥပမာ။  ထန်း+ခေါက်= ဒဂေါက်

သူ + ပုန်     = ဿဘုန်

 

စိတ်ညစ်နေပြီလား မိတ်ဆွေရေ၊ အသံတွေ အသံတွေ ကြားနေရတယ်၊ ကြားနေရတယ်။ ဖိတာရော ဖွတာ ရော ပျော့တာရော ပြင်းတာရော အသက်ရှုတွေ ကျပ်ကုန်ပြီ ထင်ပါတယ်။

သမရိုးကျ ကိုယ်ပြောနေကျ ပြောတတ်သလို ပြောချလိုက်တာကမှ ပေါ့ပါးသေးတယ်ကွာ။ သုတေသန လုပ်လိုက်တော့မှ ( Plain, Aspirate, Devoiced, Voiceless, Voiced, Weakened, Stress, Rhythm, Intonation. etc..etc) တွေ နဲ့ ကမ ္ဘာလည်တော့တာပါပဲ။

“When spoken in isolation tones  (level and heavy) are usually given greater length than creaky tone but in ordinary speech vowel speech or syllable is not a distinctive feature.”        Allot, A.J. (1967:158)

Anna ပြောသလိုပါပဲ ပုံမှန် စကားပြောကြ ဆိုကြရာ မှာ ဒီ လက္ခဏာတွေ သံတို သံရှည် တွေ ဟာ  သိသိသာသာ ကြီး မကွဲပြားလှပါဘူး။တစ်ယောက်နဲ့ တစ်ယောက် တစ်ဒေသနဲ့ တစ်ဒေသ အသံအနေအထား တော့ ကွဲပြားကြတာပေါ့လေ။

ဗမာစကားမှာ voice quality and pitch  ကို  ဝေါဟာရ  အဓိပ္ပါယ် (Vocabulary) အတွက်ရော၊ သဒ္ဒါ ( Grammar) အတွက်ရော အသုံးပြုနိုင်ပါတယ်။

“Burmese uses different voice quality and pitch in order to distinguish lexical units as well as to convey grammatical information.”   Allot, A.J. (1967:161)

ဥပမာ။ (၁) အသန့်   (cleanness)          အသန်း (အမျိုးသမီးအမည်)

(၂)ကျောင်းတံခါး (school gate)  ကျောင်းတကာ (monastery donor)

(၃) အမှိုုက်ပုံ  (rubbish dump)   အမှိုုက်ပုံး (dustbin)

 

Sound Patterns and Grammar in Burmese  လေးကို တတ်နိုင်သမျှ ပါးပါးလေး ဖေါ်ပြရတဲ့ အတွက် အာရုံထဲမှာ အဆင်မပြေဘူး ဆိုရင် တင်ပြသူ အပြစ်ပါ။ မိတ်ဆွေ တို့ရဲ ့ မန ္တလေး ဂေဇက် ထဲ ဝင်ရေးချင် လွန်းလို့  ရောသွားသူလို့ သတ်မှတ်လိုက်ပါ။ သို့မဟုတ် မိတ်ဆွေ ဖတ်လိုက်ရတာ နည်းနည်းလေး    မြင်သွားတယ် ဆိုရင် ကိုယ့် ဆောင်းပါးလေးတွေ ပြုံးကြမှာပါ။ ကျေးဇူးတင်ပါတယ်။

 

 

 

 

One comment

  • Sonny

    August 27, 2011 at 10:55 pm

    ကျေးဇူးတင်ပါတယ်ခင်ဗျာ. အလွန်ခက်ခက်သောပညာရပ်ကိုမျှဝေသောအတွက်ပါ။

Leave a Reply