ကျနော်လက်ရှိနေထိုင်တဲ့ Americanနိုင်ငံ၊New Yorkပြည်နယ်က Rensselaerဆိုတဲ့ ရွာလေးမှာ Room mate လေးဦးနဲ့ အတူနေထိုင်စဉ်ကာလကဖြစ်သည်။ ကျနော်တို့ အားလုံးအလုပ်ပိတ်ရက်ဖြစ်တဲ့ weekend တခုမှာ မိမိတို့၏အိပ်ခန်းများကို ကိုယ့်ဘာသာသန့် ရှင်းရေးလုပ်ကြသည်။ထို့ နောက် အတူသုံးကြသည့်ဧည့်ခန်းများ၊ ၊မီးဖိုချောင်များကိုမူ အတူတကွ သန့် ရှင်းရေးလုပ်ကြသည်။ အားလုံးပျော်ပျော်ရွှင်ရွှင်နှင့် ပြောလိုက်ဆိုလိုက် ပြောင်လိုက်နောက်လိုက်နှင့်ပေါ့၊ ထိုစဉ် တချို့ ပစ္စည်းများမှာ လွှင့် သာပစ်ရသည်။ အကောင်းများပင်ရှိသေး၏။ ထို့ကြောင့်ကျနော်ကမေးသည် ဘယ်ပစ္စည်းကိုလွှင့်ပစ်ရမလဲ ဘယ်ကစ္စည်းကို သိမ်းထားရမလဲပေါ့။ ပစ်ရမလား မပစ်ရဘူးလားပေါ့။ ထိုစဉ် တော်တော်ချောင်ကျကျတနေရာမှ သူတို့ မသုံးဘဲ ထားသည်မှာအတော်ကြာပြီဖြစ်သောဖိနပ်တစ်ရံ ကိုတွေ့ ၍ လွှင့်ပစ်လိုက်ရတော့မလားဟုမေးပါသည်။ထိုစဉ်ကျနော်၏ room mateတဦးမှ ”ဟေ့ သိပ်မေးမနေနဲ့ ကွ ၊ဖြေရတာအလုပ်ရှုပ်တယ်၊မင်းအတွက်အသုံးမတည့်ဘူးထင်ရင် အကုန်သာ လွှင့်ပြစ်ကွာ” ဟုမဆိုင်းမတွပင်ပြန်ဖြေပါသည်။အဲ့ဒိအတွက် ကျနော်ပြန်ပြောလိုက်ပုံကား………..ဟုတ်………..အဲ့ဒါဆိုလဲ ခင်ဗျားကို အမှိုက်အိတ်ထဲထည့်ပြီး ပြူတင်းပေါက်က ပစ်ချလိုက်ဖို့ ပဲရှိတော့ တယ်ဗျာ………………..ဟူ၍…………

                                   ကျနော်နှင့်အတူနေ room-mate တဦးသည် အလွန်ဒဏ်တပ်ကြမ်းသလို အလွန်လည်းအကဲ့ရဲ့ထူ၏။ဒဏ်တပ်သည်  ဆိုသည်မှာအခြားမဟုတ်  ကျနော်၏ပစ္စည်းတခုခုအခန်းပြင်ပတ
နေရာရာတွင်မေ့ကျန်ခဲ့ပါကကောက်သိမ်း၍”ခင်ဗျားကိုစည်းကမ်းမရှိတဲ့အတွက်ဒဏ်တပ်လိုက်ပြီ” ဟုပြောပြီး ၄င်းပစ္စည်းအားပြန်မပေးတော့ခြင်းပင်ဖြစ်၏၊၊တခါလည်း ကျနော်က နို့ ဆီးဗူးမှား၍ ကိုယ့်ဗူးကို ကိုယ်မဖောက်ဘဲ သူ့ ဗူးကိုသွားဖောက်မိ၏။ကျနော်ဖောက်နေစဉ် မည့်သည့်တခွန်းမျှဝင်မပြောဘဲ အဆုံးထိကြည့်နေ၏။ ပြီးသွားတော့မှ ”ခင်ဗျားဖောက်လိုက်တာ ကျုပ်ဗူးဗျ”ဟုပြောလာ၏။” ဒါဆိုလည်းကျနော့ဗူးကို ခင်ဗျားယူလိုက်လေဗျာ” ဟုအေးအေး ဆေးဆေးပင်ပြန်ပြောလိုက်၏။တပတ်ခန့့်အကြာတွင် ကျနော် ကော်ဖီသောက်ချင်၍ နို့ ဆီဗူးကိုကြည့်သောအခါ တဗူးမှာအမှိုက်ပုံးထဲသို့ ရောက်၍ တဗူးမှာ ကုန်လုနီးပါဖြစ်နေပေပြီ။ထိုနေ့ ညနေတွင် ”ခင်ဗျား က ကိုယ့်ပစ္စည်း ကိုယ်မမှတ်ထားဘဲ သူများပစ္စည်းကို မှားသုံးတဲ့ အတွက် ဒဏ်တပ်တဲ့အနေနဲ့ နှစ်ဗူးစလုံး ကျနော်သောက်လိုက်ပြီ”ဟုစပ်ဖြဲဖြဲနှင့်ပြောပါသည်။ထိုကဲ့သို့ သောဖြစ်စဉ်များမှာအခါ ပေါင်း မနည်းတော့၍မရေးလိုတော့ပါ။အကဲ့ရဲ့ ထူသည် ဆိုခြင်းမှာလည်း ကျနော်ဘာဝတ်ဝတ် ဘာစားစား ဘယ်သွားသွား အမြဲမျက်စိဒေါက် ထောက်ကြည့်၍ဝေဖန်ကဲ့ရဲ့ နေခြင်းဖြစ်၏။သူ့ အဆိုအရတော့ သူမှလွဲ၍ တရွာလုံးလူကောင်းမရှိ။ကျနော်သည်ပင်လျှင် တခါတရံ ဘီယာသောက် ဖော်မရှိ၍ ခေါ်တိုက်သော အခါ များတွင်သာ လူကောင်းဖြစ်ရရှာ၏။
                နယူးယောက်ပြည်နယ်၏ ဆောင်းဥတုသည်အလွန် ချမ်းအေးလွန်း၍ အဆုပ်ရောင် ရောဂါရှိသည့်ကျနော့်အဖို့ နေရထိုင်ရတာ သိပ်အစဉ်မပြေလှပေ။ထို့ ကြောင့်အပြင်ထွက်သည့်အခါများတွင် ဂျင်းဘောင်းဘီတထပ်အပြင် အားကစားဘောင်းဘီ ပွပွတထည် ကိုပါအပြင်မှ ထပ်၍ဝတ်လေ့ရှိ၏။တနေ့ မှာတော့ ကျနော်၏ ချစ်လှစွာသော ဒဏ်တပ်ထူ အကဲ့ရဲ့ ထူသည့်မိတ်ဆွေကြီးသည် ဘယ်လိုက နေဘယ်လို မြင်သွားသည်မသိ၊”ခင်ဗျားကလည်းဗျာ ပိုကိုပိုလွန်းတယ် ဘောင်းဘီကိုနှစ်ထပ်ဝတ်ရတယ်လို့”ဟု ပြောပါသည်။ ကျနော်လည်းပြန်ပြောလိုက်ပါသည်။
”သိပ်ချမ်းလို့ ရယ်တော့မဟုတ်ပါဘူးဗျာ………လုံလုံခြုံခြုံမဝတ်မိလို့ မတော်တဆအခန်းပြင်မှာ ထွက်ကျ သွားရင်…….ခင်ဗျားဒဏ်တပ်တာခံနေရမှာကြောက်လို့ ”………………ဟူ၍……………
                          ကျနော်သည် အင်္ဂလိပ်စာနှင့် ကွန်ပျူတာကို အသက်အားဖြင့်၂၇ နှစ်၊ သက္ကရာဇ်အားဖြင့် ၂၀၀၇ခုနှစ်အထိလုံးဝလေ့လာဆည်းပူးခဲ့ခြင်းမရှိသေးသော အလွန်ခေတ် နောက်ကျ သည့် လူသားတစ်ယောက်ဖြစ်ပါသည်။၂၀၀၇ ခုနှစ်နောက်ပိုင်းမှာတော့ အကြောင်း အမျိုးမျိုး ကြောင့် မြန်မာပြည်နယ်စပ်ထိုင်းနိုင်ငံ၏တစ်နေရာသို့ ရောက်ရှိလာခဲ့ပါသည်။ထိုနေရာသို့ ရောက်သော အခါတွင် ကား ၄င်းပညာရပ်များကို သင်ဖို့ ရန်တက်တက်ကြွကြွဖြစ်နေသည်ကတကြောင်း၊အခွင့်အခါကလည်း သင့်နေပြီဖြစ်တာက တကြောင်းကြောင့်စတင်၍သင်ကြားခဲ့ပါသည်။ ကျနော်ကွန်ပျူတာ သင်ယူရာ နေရာ သည် ကျနော့်အိမ်နှင့်သိပ်မဝေးလှသော်လည်း အင်္ဂလိပ်စာသင်ယူရာနေရာသည်သုံးမိုင်ခန့် ဝေးသော ကြောင့် ၄င်းနိုင်ငံရှိ ပုလိပ်များကို  ရှောင်ရင်း  ပုန်းရင်း  ပြေရင်း   လွှားရင်းဖြင့်  သေနတ်တောင်ကိုကျော်၍
လက်ထိပ်ပင်လယ်ကိုဖြတ်ပြီးသွားရပါသည်။
                        ကိုယ်ကိုယ်တိုင်က စိတ်ဝင်တစားလေ့လာချင်သောကြောင့် ဘယ်လို အခက်အခဲပဲရှိရှိ ပျော်ပါသည်။နေရာသစ်မှာအပေါင်းအသင်းအသစ်တွေ၊လှုပ်ရှားမှုအသစ်တွေနဲ့ မို့ လည်းပိုမို ပျော်ရွှင် ရပါ သည်။ ထိုသို့ သင်ယူနေစဉ်ကာလအတွင်းအလွန်တရာမှအင်္ဂလိပ်စကားကိုတတ်ကြောင်း၊ သင်ယူနေ ကြောင်း ကြွားဝါလိုသောသူငယ်ချင်းတစ်ယောက်နှင့် သွားတူလာတူပေါင်းဖော်မိပါသည်။လူရှေ့ရောက်လျှင် အင်္ဂလိပ်လိုပြောချင်တာတခုကလွဲလျှင်အလွန်စိတ်ကောင်းရှိသူလည်းဖြစ်ပါသည်။သူ သည်ဘီအေဘွဲ့ တစ်ခု ရထားပြီးသူလည်းဖြစ်၍ကျနော့်ထက် အဆပေါင်းများစွာသာပါသည်။သို့ သော် အသံထွက်မမှန်ခြင်း၊ ဂရမ္မာ နည်း စနစ်မကျခြင်းတို့ ကြောင့်နားထောင်ရတာအလွန်နားကြားပျင်းကပ်သလို အင်မတန် မှလည်း စက်ဆုပ် ဖွယ်ကောင်းလှပါသည်။ကျနော့်ကိုလူရှေ့ တွင်မြန်မာလိုမပြောရန်မကြာခဏပြောသည့်အပြင် ”ပညာရဲ ရင့်မှပွဲလည်တင်တယ်မောင်ရင်ရဲ့ ”ဟုလည်းဆရာကြီးလေသံဖြင့်ပြောတတ်ပါသေးသည်။အိမ်ပြန်ရောက်၍
နှစ်ယောက်အတူလေ့ကျင့်ချင်လျှင်တော့မသိဟန်ဆောင်နေတတ်ပါသည်။တခါတရံတွင် အလွန် ရှည်လျှား သော အက်ဆေးများကို ညအခါတွင်အလွတ်ကျက်မှတ်၍ နေ့ အခါကျနော်နှင့်အပြင်သွားစဉ် လူရှေ့ ရောက် တိုင်းကျနော့်ကိုရွတ်ပြပါသည်။ထိုအခါများတွင် ကျနော်အင်မတန်စိတ်ညစ်ရပါသည်။ကျနော်သည်သူ့ လောက်မပြောနိုင်သေးတာကတကြောင်းလူရှေ့ သူရှေ့ တွင်ဟိတ်ဟန်လုပ်ရတာကို ရွံမုန်းမိတာက တကြောင်း ကြောင့်သူနဲ့ အတူလူရှေ့ သူရှေ့ သွားရမှာကိုပင်ထိတ်လန့် နေမိပါတော့ သည်။ အခါပေါင်း များစွာ တောင်းပန်သော်လည်းသူ၏အကျင့်ကိုလုံးဝမပြင်ပါ။ကျနော်တို့ သွားရလာရတာ ကိုခက်ခဲမှန်း သိသော ဆရာက အကြောင်းတစုံတရာရှိလျှင်ဖုန်းကြို၍ဆက်ပါသည်။တစ်နေ့ တွင် ကျနော်အား ဖုန်းဆက် လာပါသည်။ထို့ ကြောင့်ကျနော့်မိတ်ဆွေအားထိုကိစ္စကိုပြောပြရန်လက်ဖက်ရည်ဆိုင်တွင်စောင့်နေခဲ့ပါသည်။
သိပ်မကြာခင်မှာပဲ သူရောက်လာ၍ ကျနော်နားမလည်သော ဘာသာရပ်တခုကို လူအများကြား တွင် ရေပက် မဝင်အောင်အားရပါးရပြောဆိုနေပါသည်။ကျနော်လည်းစိတ်ပေါက်ပေါက်နှင့် ”အာစရိယော ဂိလာနော၊တသ္မာ သော နာဂမိဿတိ”ဟု ကျည်းကုလားသံပါပါနှင့်ပြောပေးလိုက်ပါသည်။သူကလည်း ”I understand you ,so you can decide it as you wish.This is ademocracy country.Right? ” ဟုဘာမဆိုင်ညာမဆိုင်စကားများကိုပြောပြီး စာအုပ်ဆွဲကာကျောင်းသို့ ထွက်သွားပါသည်။ကျနော်လည်း သာဓု သုံးကြိမ်ခေါ်လိုက်ရုံမှအပ ဘာမျှမတတ်နိုင်တော့လေပြီတည်း။
မှတ်ချက်။ ။အထက်ပါ ပါဠိ စကား၏အဓိပ္ပါယ်မှာ ”ဆရာနေမကောင်း၍ ကျောင်းလာမည် မဟုတ်” ဟုဖြစ်ပါသည်။
ရေးသားသူ။   ။နန်းရှင်

About Nan Shin

nan shin has written 24 post in this Website..