မျက်မမြင်လေးယောက်

etoneMay 12, 20101min470
တစ်ခါက မျက်မမြင်တစ်ယောက်ဟာ တစ်ညမှာ သူ့မိတ်ဆွေရဲ့ အိမ်ကို အလည် ရောက်နေလေတယ်။ ပြန်ကာနီးကျ တော့ မိတ်ဆွေလုပ်သူက မျက်မမြင်ကို လမ်းမှာမှောင်လေတော့ အဆင်ပြေအောင် မီးအိမ်လေး တစ်လုံး ယူသွားပါ လားလို့ ပြောလေ တယ်။ ဒီတော့ မျက်မမြင်ဖြစ်သူက ဟားတိုက် ရယ်လိုက်ပြီး “ ဪ.. မျက်မမြင်ပါဆိုမှ မီးအိမ် လာပေးနေတယ်။ ကျုပ်က သွား နေကြပါ။ အကန်းပေမယ့် ကျုပ်ရဲ့ အိမ်ကို ဘာအကူ အညီမှ မပါပဲ လျှောလျှောလျူလျူ သွားလာနိုင်ပါတယ်ဗျ ” လို့ ခပ်ပြတ် ပြတ် ပြောလိုက်လေတယ်။ ဒါနဲ့ မိတ်ဆွေဖြစ်သူက “ ခင်ဗျားက သွားတတ် တယ်ဆိုပေမယ့် ဒီမီးအိမ်လေးပါတော့ ခင်ဗျားကို သူများ တွေမြင်ရင် ဝင်မတိုက်မိတော့ဘူးပေါ့ဗျာ.. ” လို့ ကောင်းမွန်စွာ ပြောပြလေတယ်။ ဒါနဲ့ မျက်မမြင်လည်း မိတ်ဆွေ စကားကို အားနာတာနဲ့ မီးအိမ်ကို ယူသွားဖို့ ဆုံးဖြတ်လိုက် လေ တယ်။
လမ်းပေါ်ရောက်လို့ အနည်းငယ် လျှောက်မိတယ်ဆိုရင်ပဲ မျက်မမြင်က လူတစ်ယောက်ကို ဝင်တိုးမိလေတော့ တယ်။ ဒါနဲ့ အလန့်တကြား ဖြစ်သွားလျှက်က “ ဟေး.. ဒီမှာ.. မင်းသာ မကန်းဘူးဆိုရင် မျက်မမြင်တစ်ယောက် လာနေတာကို လမ်းဖယ် ပေးသင့်တာပေါ့ကွ ” လို့ ဒေါသတကြီး အော်ငေါက်လိုက်မိတယ်။ ဒီလိုနဲ့ စိတ်တိုတိုနဲ့ ဆက်လျှောက်လာတုန်း သူ့ကို လူတစ် ယောက် က ထပ်ပြီး ဝင်တိုက်မိပြန်တယ်။ ဒီအခါမှာ သူက ဒေါသ ပိုထွက် လာမိပြီး …
“ မင်း.. ကန်းနေသလား၊ ဟော့ဒီ လက်ထဲက မီးအိမ်ကို မမြင်ဘူးလား၊ မင်းလို လူမျိုးတွေ အဲ့ဒီလို ဝင်တိုက်မှာ စိုးလို့ ဒီမီးအိမ်ကို ငါယူလာခဲ့တာကွ ”
… လို့ လက်ထဲက မီးအိမ်ကို မြှောက်ပြရင်း ဒေါသနဲ့ အော်ပြော လိုက် မိပြန်တယ်။ အဲ့ဒီမှာ ဝင်တိုက်မိ တဲ့သူက…
“ စိတ်မရှိပါနဲ့ဗျာ၊ ခင်ဗျားက မျက်မမြင် တစ်ယောက် ဖြစ်နေလေတော့ ခင်ဗျားရဲ့ မီးအိမ်လေးက မီးငြိမ်းနေ တာကို ဘယ်မြင်ပါ့မလဲ ” လို့ ပြန်ပြော လေတယ်။ ဒီတော့မှ မျက်မမြင်လည်း ကြက်သေသေသွားတယ်။ အဲ့ဒီမှာ ဝင်တိုက်မိ တဲ့သူက ခုလို ဆက်ပြော တယ်။
“ တောင်းပန်ပါတယ်ဗျာ။ ကျွန်တော်လည်း အကန်း တစ်ယောက်လို ဖြစ်သွားတယ်။ ခင်ဗျားဟာ မျက်မမြင် တစ် ယောက် ဖြစ်နေ တာ သတိမပြုလိုက် မိဘူး ” လို့ တောင်းပန်လိုက်လေတယ်။ ဒီတော့မှ မျက်မမြင်ဖြစ်သူက “ မဟုတ် တာဗျာ။ ရိုင်းရိုင်းစိုင်းစိုင်း ပြောမိတဲ့ ကျွန်တော်ကသာ ခင်ဗျားကို တောင်းပန်ရမှာပါ ” လို့ တဖွဖွ ပြန်ပြောလေတယ်။ နောက်.. မျက်မမြင်ရဲ့ မီးအိမ်ကို ဝင်တိုက်မိသူက ပြန်ထွန်းဖို့ ကူညီရင်း သူတို့ နှစ်ယောက် ပြေပြေလည်လည် ဖြစ် သွားကြလေတယ်။ ဒါနဲ့ မျက်မမြင်လည်း တိုက်မိသူနဲ့ လမ်းခွဲပြီး မီးအိမ်လေး တကိုင်ကိုင်နဲ့ ဆက်လျှောက်လာခဲ့ ပြန်တယ်။
ဖြစ်ချင်တော့ အတော်လေး လျှောက်မိတဲ့ အချိန်မှာ သူ့ကို နောက်ထပ် လူတစ်ယောက်က ထပ်ပြီး ဝင်တိုက်တာကို ခံရပြန် လေတယ်။
ဒီတစ်ခါတော့ မျက်မမြင်က ပထမ တစ်ခါကလို သတိမလစ်တော့ပဲ “ ခွင့်လွှတ်ပါဗျာ၊ ကျွန်တော့ မီးအိမ်လေးများ ငြိမ်းနေသလား မသိဘူး ” လို့ ကြည်လင်တဲ့ စိတ်လေးနဲ့ ယဉ်ယဉ် ကျေးကျေးလေး မေးလိုက်မိတယ်။ ဒီတော့ တစ်ဖက် က ဝင်တိုက်မိသူက..
“ အံ့ရောဗျာ..၊ ကျွန်တော်လည်း အခုပဲ ဒီမေးခွန်း ခင်ဗျားကို မေးတော့မလို့၊ ကျွန်တော့ မီးအိမ်လေးများ ငြိမ်းနေ သလား မသိ ဘူးဆိုပြီိး ” လို့ ပြောလေတယ်။
အဲ့ဒီနောက် သူတို့နှစ်ယောက်ရဲ့ကြား တစ်ခဏတာမျှ တိတ်ဆိတ်သွားလျှက်က စိတ်ထဲကနေ “ ခင်ဗျားက မျက်မမြင် တစ်ယောက် လား ” လို့ တစ်ယောက်ကို တစ်ယောက် မေးခွန်းထုတ် နေမိတယ်။ ဒါပေမယ့် တကယ်တမ်း အပြင်မှာ အသံထွက်လိုက် မိတာ ကတော့..
“ အေးဗျ.. ”
နှစ်ယောက်သား ပြိုင်တူ ပြောမိလို့ ရယ်မောမိကြရင်းက နှစ်ယောက်သား ဘဝတူ မျက်မမြင်တွေ ဖြစ်နေကြတာကို သိလိုက်ရ တယ်။ ဒါနဲ့ တစ်ယောက်မှာ ပါလာတဲ့ မီးခြစ်လေးကို အသုံးပြုလို့ လက်ကလေး တွေက စမ်းတမ်း စမ်းတမ်း နဲ့ တစ်ယောက်ရဲ့ မီးအိမ်ကို တစ်ယောက် ကူညီလို့ ပြန်လည် ထွန်းပေးဖို့ ကြိုးစားကြလေတယ်။
အဲ့ဒီအခိုက်မှာပဲ လူတစ်ယောက်ဟာ သူတို့ အနားကို ဖြတ်လျှောက်လာတယ်။ မျက်မမြင် နှစ်ယောက်ရဲ့ တစ်ဖျတ်ဖျတ် လင်းလက် နေတဲ့ မီးခြစ်က မီးရောင်လေးတွေကို သူက တွေ့တာပေါ့။ ဒါနဲ့ သူတို့ကို မတိုက်မိလေအောင် သတိထားပြီး အသာ ကပ်ရှောင်ခဲ့ တယ်။ ဒီလိုကပ်ရှောင်ခဲ့ပေမယ့် သူဟာ သူတို့ကို မျက်မမြင်တွေ ဖြစ်မှန်းကိုရော၊ နောက် သူ့အနေ နဲ့ ဒီလို အခြေအနေမျိုးမှာ ကူညီပေးရမယ် ဆိုတာမျိုးကိုရော သူရဲ့ ပင်ကိုယ် စိတ်အရ မသိခဲ့ရှာလေဘူး။ ဒါပေမယ့် သူတို့ကို ရှောင်ကွင်း လျှောက်လာရင်း စိတ်ထဲကတော့ “ ငါလည်းပဲ အမှောင်ထဲမှာ မီးအိမ် တစ်လုံးယူလာ သင့်တယ်။ ဒါဆို ငါ့လမ်းကို ပိုမြင်နိုင်လိမ့်မယ်။ ငါ့မီးအိမ်က အလင်းရောင်ကြောင့် တစ်ခြား လမ်းသွားတွေလည်း လမ်းကို ရှင်းရှင်း လင်းလင်း မြင်နိုင်လိမ့်မယ် ” လို့ တွေးလိုက်မိတယ် ။ မျက်မမြင် နှစ်ယောက်ကတော့ သည်လူ ဖြတ်လျှောက်သွားတာ သိတောင် မသိလိုက်ရှာပါဘူး။
ဘယ်သူမှ သတိမထားမိလိုက်တာ တစ်ခုကတော့ ဟိုးဇာတ်လမ်း အစက ပါခဲ့တဲ့ မျက်မမြင်ကို မီးအိမ်ယူသွားဖို့ ပြောခဲ့ တဲ့ မိတ်ဆွေကြီးကတော့ ..
“ အင်း.. ငါ့မိတ်ဆွေ မျက်မမြင် တစ်ယောက် မီးအိမ်တစ်လုံးနဲ့ သူ့ရဲ့ အိမ်အပြန်လမ်းမှာ သေချာ ဂရုစိုက်ရင်းဘေးကင်း လုံခြုံမှု ရနေလောက်ပြီ။ လမ်းတစ်လျှောက်မှာ ဒီမီးအိမ်လေး ယူသွားတဲ့အတွက် သူ့ကိုယ်သူရော၊ သူ့ရဲ့ ပတ်ဝန်းကျင် ကိုပါ အကျိုးပြု သွားနိုင်တယ်ဆိုတာ သူသိလာ တော့မယ် ” လို့ မျှော်လင့်ရင်း ပြုံးနေမိတာကိုပါဘဲ။
Shian ၏ The Four Blind Men ကို ဆီလျှော်အောင် ပြန်ဆိုပါသည်။