ရယ်စေချင်လို့ပါ…..

Nan ShinAugust 27, 20111min975

ကျနော်၏ကဗျာတစ်ပုဒ်တွင် အွန်လိုင်းမိတ်ဆွေတစ်ဦးသော ကိုသုစံ ဆိုသူမှ”လူပျိုကြီးများကောင်စီမှ ဖိတ်ခေါ်ပါတယ်”လို ့မှတ်ချက်ပေးခဲ့ပါသည်။ ကျနော်ဖတ်ပြီပြီးချင်းဆိုသလို လွန်ခဲ့တဲ့နှစ်ပါတ်ခန် ့ကဖြစ်ပျက်ခဲ့သော အဖြစ်အပျက်လေးတစ်ခုကို သွားသတိရမိပါသည်။ ထိုအဖြစ်အပျက်ကိုမရေးမှီ ကျနော့်မှာလုံးဝလုံးဝ ရည်းစားမရှိကြောင်းကိုတော့ ကြိုတင်ပြီးပြောကြားလိုပါသည်။ဒါကလည်း ကျနော်၏ရိုးသားမှုကြောင့်သာ ဝန်ခံရခြင်းဖြစ်ပေသည်။ယုံကြည်ပါ။

လက္ခံပါ။ကျနော့်တွင်လုံးဝလုံးဝရည်းစားမရှိပါ။ကျနော်သည် အွန်လိုင်း အဖွဲ ့အစည်းများသို ့ဝင်ခြင်းကို လည်းကောင်း၊ပြင်ပ ကိုယ့်ပတ်ဝန်းကျင်ရှိ အဖွဲ ့အစည်းများသို ့ဝင်ခြင်းကိုလည်းကောင်း အလွန် ဝါသနာထုံသူ တစ်ဦးဖြစ်သည်။ပတ်ဝန်းကျင် ပြင်ပအဖွဲ ့အစည်းများသို ့ဝင်သောအခါတွင် အခြားသူများကို ဖိတ်မန္တကပြုခြင်း ရှားပါးသော်လည်း အွန်လိုင်းအဖွဲ ့အစည်းများသို ့ဝင်သောအခါတိုင်းတွင် အမြဲတန်း ဖိတ်မန္တကပြုမိနေသူ တစ်ဦးရှိပါသည်။ တနေ ့တွင်ကျနော်သည် အွန်လိုင်းအဖွဲအစည်းတစ်ခုသို ့ဝင်မိပါသည်။သို ့သော် သူ ့ကိုတော့လုံးဝမဖိတ်ဖြစ်ခဲ့ပါ။သူကလည်း ကျနော်ဘယ်ဆိုက်မှာဘာလုပ်နေသည်ကို အမြဲမပျက် လေ့လာနေပုံရပါသည်။ကျနော်ဝင်သောအဖွဲအစည်းကို သိရှိသွားသလိုသူလုံးဝလည်းနှစ်သက်ပုံမရပါ။ထို ့ကြောင့်ကျနော့်ကိုသောင်းကျန်းပါတော့သည်။သေသေချာချာပြန်စဉ်းစားသော အခါမှာလည်း ကိုယ်ဘက်ကမှားသယောင်ယောင်ရှိနေတာမို ့အတော်ကို ပြန်လည်တောင်းပန်လိုက်ရပါသည်။ အကြီးအကျယ်မှအကြီးအကျယ်ကိုတောင်းပန်လိုက်ရတာပါ။ ဖြစ်တတ်ပါသည်။ကျနော် ဆယ့်လေးနှစ်သားလောက်တုန်းကလည်းဒါမျိုးတခါဖြစ်ခဲ့ဘူးပါသည်။ကျနော်၏ဦးလေးများထဲတွင် အသားသိပ်မဖြူလှသော်လည်း မျက်ခုံးကောင်းကောင်း၊ထောင်ထောင်မောင်းမောင်း၊တောင့်တောင့်ဖြောင့်ဖြောင့်နှင့်မို ့အင်မတန်မှ  မိန်းကလေးများအတွက်စွဲဆောင်မှုပြည့်ဝသော ဦးလေးတစ်ယောက်ရှိပါသည်။သို ့သော် သူသည်အလွန်ရိုး၊အလွန်အေးလှသော ကြောင့်စကားကိုဟက်ဟက်ပက်ပက်သိပ်မပြောတတ်ပါ။မိဘများက သူတို ့မသေခင် စိတ်ချရစေရန် ဟုရည်ရွယ်ပြီး အပျိုကြီးတစ်ယောက်နှင့်ပေးစားခဲ့ပါသည်။ထို ့ကြောင်ငယ်ငယ်ရွယ်ရွယ်နှင့် အိမ်ထောင်ကျခဲ့ပါတော့သည်။တနေ ့တွင် အညာဘက်မှဆွေမျိုးများမှအလည်ခေါ်၍ ပါသွားပါသည်။သူ ့ဇနီးကတော့ရွာမှာပဲ ကျန်ခဲ့ပါသည်။ကျနော်လည်း ၎င်းဦးလေးနှင့်အတူ အညာသို ့ပါသွားခဲ့ပါသည်။ အညာရောက်တဲ့အခါမှာတော့ အပျိုကြီး၊အပျိုလေး၊အပျိုစင်၊မီးကောင်ပေါက်စ အရွယ်ပါမကျန် ကျနော့်ဦးလေးဖို ့ဟုအမည်ကိုပါ တပ်၍ အစားအစာနှင့်အဝတ်အထည် စသည်မျိုးစုံအောင်ပင် လက်ဆောင်များလာရောက် ပေးကမ်းကြပါသည်။ထိုအထဲတွင် အပျိုကြီး များနှင့် မီးကောင်ပေါက်စ အရွယ်များကအဆိုးဆုံးပင်။များမကြာမှီ ပြဿနာ အကြီးအကျယ်စပါလေတော့သည်။ကျနော့်ဦးလေးက လူယုတ်မာကြီး ကြာကူလီကြီးဆိုပဲ။ဆွေမျိုးများအားလုံး အံ့အားသင့်ကုန်ကြပါသည်။ဒီလောက်ရိုးအ ထုံထိုင်းစကားနည်းလွန်းလှသော သူမှာ အဘယ်နည်းနဲ ့မှ လူယုတ်မာ ကြာကူလီ မဖြစ်နိုင်ကြောင်းကိုတဆွေလုံးတမျိုးလုံးမှ ယုံကြည်ကြသည်မဟုတ်ပါလော။ပြဿနာ ရင်းမြစ်ကိုရှာရန် ကျနော့်ဦးလေးကို ဝိုင်းမေးကြပါသည်။အင်မတန်မေးနိုင်လွန်း၍ စကားတခွန်းထွက်လာပါသည်။”ကျနော့်မှာ ရည်းစား မရှိဘူး”ဟူ၍။အားလုံးဝိုင်းစဉ်းစား ကုန်ပါတော့သည်။သူ ့မှာမိန်မရှိတယ်။ဘာကြောင့် ဒီလိုပြောရတာလဲပေါ့။ဆွေးမျိုးအားလုံးကထပ်ဖန်တလဲလဲ မေးခွန်းစုံအောင် မေးပါတော့သည်။ကျနော် သဘောပေါက်သွားပြီ။အမေကလူကြီးတွေစကားဝိုင်းထဲ ဘယ်တော့မှဝင်မပြောရန် မှာထားသော်လည်း ကျနော်ဝင်ပြောမှဖြစ်တော့မည်။ထို ့ကြောင့်”သားသိပြီ”ဟုကျယ်လောင်စွာထအော်လိုက်ပါသည်။အားလုံးက ကျနော့် ကို ဝိုင်း၍ကြည့်နေကြပါသည်။”မင်းဘာသိတာလဲ”ဟူသော အကြည့်များနှင့်ဝိုင်းကြည့်တာပါ။”သားဦးနဲ ့အတူ ရေသွားချိုးတုန်းက ဒေါ်အေး ကမေးတယ် ၊ဦးလေးကို၊ရည်းစားတွေ ဘာတွေရှိနေပြီလား”လို ။ ဦးကပြန်ဖြေတယ၊် “မရှိဘူး”တဲ့။ကျနော်လည်း ဒီထက်ဘာမှ ဆက်မပြောတတ်တော့ပါ ။ဦးလေးရဲ ့စကားနဲ ့ကျနော့်စကားကို ဆက်စပ်မိပြီး အားလုံးအဖြေထုတ်လိုက်ကြသည်။ကျနော့် ဦးလေးမှန် တယ်…..ဟူ၍…….. ထို ့ကြောင့် ကိုသုစံ ရန်မတိုက်နဲ ့ဟု ပြောလိုက်ရပါတော့သည်။အဘယ်ကြောင့်ဆိုသော် ကျနော့်တွင် ရည်းစားမရှိ၍ ရိုးသားစွာ ဝင်ရောက်ခဲ့သောအသင်းမှာ ရည်းစားမရှိသူများအသင်း ဖြစ်၍ ကျနော်ခက်ခက်ခဲခဲ ရှင်းယူလိုက်ရသော ပြဿနာ၏ ပိုင်ရှင်မှာ ကျနော် ချစ်လှစွာသော ကျနော်၏ချစ်ဇနီးဖြစ်နေ၍ပင်တည်း။ အားလုံးကိုပျော်ရွှင်စေလိုသောဆန္ဒဖြင့်………. ၂-၁၀-၂၀၁၁

ရေးသားသူ။   ။နန်းရှင်

5 comments

  • မီးမီး သော်

    August 27, 2011 at 10:47 am

    အမလေးနော်. သူ ့မှာရည်းစားမရှိဘူးတဲ့။ဘယ်လိုကြီးပါလိမ့် နန်းရှင်ရေ ရှင်းပြပေးပါဦး။ဟိ

  • နီလေး

    August 27, 2011 at 11:31 am

    ကိုနန်းရှင်ပြောတော့လဲ ဟုတ်သလိုလို ကိုယ့်အတွေးနဲ့ကိုယ်ပေါ့ဟိဟိ

  • နွယ်ပင်

    August 27, 2011 at 11:56 am

    ကိုနန်းရှင်မှာ ရည်းစားမရှိပါ သို့သော် ……………..

  • pannu

    August 27, 2011 at 12:25 pm

    သို့သော်……….. မွေးမရှိပါသည်………….
    ( စာအရေးအသားက တစ်ကယ် ဆွဲဆောင်မှုရှိတယ်)…

  • alinsett

    August 27, 2011 at 5:37 pm

    ရယ်စေချင်လို ့ ဆိုတာကြောင့် ..ရယ်လိုက်ပါတယ် ။ တကယ်တော့ ကျွန်တော် မရယ် နိုင်တာကြာပါပြီ။
    အခုတော့ ရအောင် ..ရသလောက် ရယ်လိုက်ပါတယ် ။

Leave a Reply