နေ ့စဉ်အသုံးချ ဂမီ္ဘရ(၆) နိဂုံး

အသုံးချဂမီ္ဘရ(၈)ရုပ်လွန်ညှို့ဓာတ်(က)

လျှပ်စစ်နှင့်သံလိုက်သည် လျှပ်စစ်သံလိုက်အားဟူသောအားတစ်ခု၏အသွင်ကွဲနှစ်မျိုးဖြစ်သည်။ထိုစွမ်းအားသည်

ရုပ်ကြမ်းလောကတွင်သာမကရုပ်နုလောကနှင့်ဝိဉာဏ်လောကမှာပင်သက်ရောက်မှုရှိပေသည်။ရုပ်လွန်အလွှာ၌

ထိုအားများထုထည်နှင့်ရှိနေပေသည်။ထိုလျှပ်စစ်သံလိုက်အားတွင်ရုပ်ကြမ်းအလွှာကိုသက်ရောက်သောအကျိုး

ဆက်များရှိပြီးထိုအကျိုးဆက်များသည်လိပ်ပြာခန္ဓာနှင့်စိတ်အလွှာများအပေါ်တွင်လွှမ်းမိုးမှုရှိပေသည်။သို့ရာတွင်

ထိုအားများသည်မူလဘူတအားဖြင့်ရုပ်လွန်အလွှာများ၌သာအလုပ်လုပ်သည်။လျှပ်စစ်သံလိုက်အားသည်လျှပ်စစ်

သံလိုက်စွမ်းအင်ကိုအသုံးချခြင်းကြောင့်ဖြစ်ပေါ်လာသောအားပင်ဖြစ်၏။(ရှင်းပေစွ။)လူသားများ၏ခန္ဓာကိုယ်သည်

လည်းထိုနည်းတူစွာရုပ်လွန်အလွှာတွင်လျှပ်စစ်သံလိုက်စက်ကွင်းတစ်ခုကိုအသုံးပြုပေသည်။ထိုအချင်းအရာကို

ရုပ်ကြမ်းအလွှာတွင်တိုင်းတာသိရှိနိုင်ပေသည်။လူသား၏ဇီဝစွမ်းအင်သည်ပိုမိုကြီးမားသောဂြိုဟ်ကမာ္ဘလုံးဆိုင်ရာ

စွမ်းအင်စက်ကွင်းကြီးမှဆွဲငင်ဆောင်ယူထားသည်။ထို့ကြောင့်ထိုဇီဝစွမ်းအင်များကိုရယူစွမ်းနိုင်သော၊ရုပ်လွန်အား

များကိုစနစ်တကျစီစဉ်ဆောင်ရွက်ပေးနိုင်သောလိပ်ပြာခန္ဓာသည်အသက်ရှင်သန်ရေးအတွက်မရှိမဖြစ်ပင်။

(ဟိန္ဒူကျမ်းများတွင် လိပ်ပြာခန္ဓာကိုပရာဏခန္ဓာဟုလည်းခေါ်သည်။)လူသားများ၏ခန္ဓာကိုယ်သည် ပင်ကိုအား

ဖြင့်ညှို့ဓာတ်ရှိပေသည်။(တိရစာ္ဆန်များတွင်လည်း ရှိပါသည်။)အပြုအမူ၊ခံစားချက်၊အတွေး စသည်တို့ကြောင့်

လိပ်ပြာခန္ဓာရှိ စွမ်းအင်များကို (မသိမသာ)အသုံးပြုမိကြသည်။ထိုပင်ကိုညှို့ဓာတ်သည်လူတစ်ဦးနှင့်တစ်ဦးအလွန်

ကွဲပြားခြားနားပေသည်။ကျန်းမာခြင်း၊ဇီဝစွမ်းအင်ပြည့်ဝခြင်း၊စိတ်အဆင့်မြင့်မားခြင်းစသည့်အချက်များကြောင့်ဖြစ်

သည်။အချို့သောလူများသည် ညှို့ဓာတ်များကိုကောင်းမှုအတွက်သော်လည်းကောင်း၊မကောင်းမှုအတွက်သော်

လည်းကောင်းထုတ်လွှတ်လေ့ရှိသည်။အချို့သူများကား စိတ်နှလုံးပွင့်လင်းမှုနည်းခြင်း(less open-minded) ၊

တရားသေဆုပ်ကိုင်မှုပြင်းထန်ခြင်း၊ရှေးရိုးဆန်လွန်ခြင်း၊အလွန်စဉ်းစားချင့်ချိန်လွန်းခြင်း စသည့်အချက်များ

ကြောင့်၎င်းတို့သည် စိတ်ရောလူပါကျန်းမာခြင်းမရှိလှချေ။(တောက်ဝါဒအရ အပြည့်ထည့်ထားသောခွက်သည်

ဘာမှထပ်ထည့်ရန်မဖြစ်နိုင်တော့ပေ။ထိုကဲ့သိုပြည့်သိပ်နေသောလူများ လောကကြီးတွင်မရှားလှချေ။တရားဓမ္မ

အကြောင်းအရာများကိုမွှေနှောက်ချောက်ခြားနိုင်ခြင်းကို ဓမ္မနှင့်နေသောသူဟူ၍မဆိုနိုင်ပေ။ဓမ္မကိုထိုးထွင်းသိမြင်

ကျင့်သုံးသူသာလျှင် ဓမ္မနှင့်အတူရှိသောသူ ဓမ္မဓရ ဖြစ်သည်ဟုဘုရားရှင်ဟောတော်မူပါသည်။)အချို့သောသူများ

သည်ညှို့ဓာတ်ကို ဆင်ခြင်စဉ်းစားမှုမရှိ သတိကင်းမဲ့စွာလွှင့်ထုတ်လေ့ရှိရာထိုသူများသည်လည်းအကျိုးမဲ့ဖြုန်းတီး

သူများသာဖြစ်၏။ကျွန်တော်တို့သည် ကျွန်တော်တို့လုပ်သမျှ အလုပ်များ၊အကျိုးဆက်များနှင့်ကျွန်တော်တို့လွှင့်

ထုတ်လိုက်သောစွမ်းအင်များအတွက်လုံးဝတာဝန်ရှိပေသည်။ရုပ်လွန်ညှို့ဓာတ်၏ပဓာနအချက်များမှာ ဇီဝစွမ်းအင်

ပြည့်ဝရေး၊ရောဂါကုသရေးနှင့်လိုအပ်သောသူများအတွက် စွမ်းအင်ဖြန့်ဖြူးရေးတို့ဖြစ်သည်။စွမ်းအင်ဖြန့်ဖြူးရာတွင်

အဆင့်အတန်းခွဲခြားခြင်း၊အခွင့်အရးအကျိုးအမြတ်တစုံတရာအတွက်ကြည့်ခြင်းတို့မပြုအပ်ပေ။သို့ရာတွင်အကယ်၍

စွမ်းအင်ဖြန့်ဝေမည့်သူသည်ရုပ်ပိုင်း စိတ်ပိုင်းကောင်းစွာကျန်းမာမျှတမှုမရှိပါက မဖြန့်ဝေသင့်ပေ။ထိုသို့ဖြစ်နေပါ

ကမဖြန့်ဝေခြင်းသည်အန္တရာယ်ကင်းသည်။ထို့ကြောင့်စွမ်းအင်ဖြန့်ဖြူးမည့်သူသည် ရုပ်နာမ်ခန္ဓာ အလွှာအသီးသီး

ကိုကျန်းမာမျှတနေစေဖို့အဓိကအလေးထားသင့်ပေသည်။သတိပြုရန်မှာ စွမ်းအင်ဖြန့်ဖြူးပေးနေသောမဟာဂန္ဓာရီ

ဆရာရှင်များရှိသကဲ့သို့ တစ်ပါးသူများ၏စွမ်းအင်ကိုအဓမ္မစုပ်ယူမည့်မိစာ္ဆအောက်လမ်းသမားများရှိကြောင်းကိုဖြစ်

၏။ဤသည်မှာ အရာဝတ္ထုတစ်ခုနှင့်တစ်ခုကြားလျှပ်စစ်စက်ကွင်းချင်းအလှမ်းမှီနိုင်သောအကွာအဝေးအတွင်းညှို့

ဓာတ်များဖလှယ်ခြင်းအကြောင်းကုန်ပေတည်း။ကျန်းမာသူခြင်းဖလှယ်သောအခါ ကျန်းမာသောညှို့ဓာတ်ဖလှယ်မှု

ဖြစ်ရာအလွန်ကောင်းမွန်ပေသည်။အဖိုညှို့ဓာတ်နှင့်အမညှို့ဓာတ်သည်ယေဘုယျမကွဲပြားသော်လည်း သဘာဝ

အရသော်လည်းကောင်း၊အချို့သောဝိသေသလက္ခဏာတို့ကြောင့်လည်းကောင်း ခြားနားပေသည်။မည်သို့ဆိုစေ

လုပ်ငန်းဆောင်တာအလုံးစုံအပြည့်အဝကျွမ်းကျင်စွာလည်ပတ်ဆောင်ရွက်နိုင်ခြင်းသည်အပြည့်အဝကျန်းမာခြင်း

မည်သည်။ထို့ပြင်ထိုသို့ပြည့်ဝခြင်းသည်သိစိတ်အလွှာအဆင့်ဆင့်တွင်အသိဉာဏ်ရှိရှိဆောင်ရွက်နိုင်စွမ်းရှိပေမည်။

အသုံးချဂမီ္ဘရ(၈)ရုပ်လွန်ညှို့ဓာတ်(ခ)

ပုံမှန်အားဖြင့် မိန်းမနှင့်ယောကျင်္ားနှစ်ဦးဟာရဲဘော်ရဲဘက် အခြေအနေကြောင့်ဖြစ်စေ၊လူမှုရေးဆက်နွယ်မှုကြောင့်

ဖြစ်စေ၎င်းတို့နှစ်ဦးကြားတွင်အကြင်နာ ၊ကရုဏာတရား(ပမာဏမည်မျှပင်ဖြစ်စေ)ရှိလာပါက မိန်းမတို့သည်ရုပ်

လွန်ညှို့ဓာတ်ကိုယောကျင်္ားများထံမှရလေ့ရှိသည်။ရရှိသောထိုညှို့ဓာတ်သည် အကြင်နာကရုဏာ ပမာဏနှင့်တိုက်

ရိုက်အချိုးကျပေသည်။ထို့ပြင်သူ(မ)သည် ပိုမိုသိမ်မွေ့သောအဆင့်တွင်သူနှင့်အတူစွမ်းအင်များကိုမျှဝေရှင်သန်ပေ

မည်။အချစ်ဝတ္ထုများတွင်ပါတတ်သော ဝေမျှခံစားသည်ဆိုခြင်းမှာစိတ်ကူးယဉ်ခြင်းမဟုတ်ပေ။မိန်းမနှင့်ယောကျင်္ား

တို့နှစ်ဦးကြားတွင် သိမ်မွေ့နက်နဲသောဆက်သွယ်မှုကြောင့် ရုပ်ပိုင်း စိတ်ပိုင်းဝေမျှခံစားလာနိုင်ခြင်းဖြစ်သည်။စွမ်း

အင်များအပြန်အလှန်ဖလှယ်နိုင်လာခြင်းဖြစ်သည်။ထို့ပြင်ပိုမိုအစွမ်းထက်သောကိုယ်ရောင်ဝါ (aura)ကိုထူထောင်

လာနိုင်သည်။သူရဲကောင်းအာဇာနည်တစ်ယောက်ပင်လျှင် မိမိချစ်ဇနီးနှင့်ဝေးနေသောအချိန်များတွင်လွမ်းဆွတ်

ခြင်းအပြင် အားငယ်ခြင်းကိုသိသိသာသာခံစားရလေ့ရှိခြင်းမှာအထက်ပါအကြောင်းတို့ကြောင့်ဖြစ်သည်။(အဆို

တော်ဦးထီးဆိုင်သည်ပင် “မင်းလေးနဲ့ဝေးတဲ့အခါ အားငယ်”ဟုဆိုခဲ့ဘူးသည်မဟုတ်ပါလား။)စွမ်းအင်ချင်းဖလှယ်

နိုင်၍ရောင်ဝါအင်အားများပေါင်းစည်းသွားသောအခါနှစ်ဦးစလုံးတွင် ပိုမိုလုံခြုံလာသည်၊ပိုမိုပျော်ရွှင်လာသည်၊ပိုမို

၍လောကဓံတရားကိုခံနိုင်လာသည်ဟုခံစားလာရသည်။ထို့ကြောင့်ထိုအချက်များမရှိသောဇနီးမောင်နှံများသည်

ပျော်ရွှင်သာယာမှုဆိတ်ကင်းကြသည်။(ဒီယွန်ဖော်ကျွန်းသည် အချစ်နှင့်အိမ်ထောင်ရေး၏ ဂမီ္ဘရဒဿနဆိုသော

စာအုပ် The Esoteric Philosophy of Love and Marriage, 1924 ကိုရေးသားဖူးပေသည်။ထို့ပြင်လူတွင်ရှိ

သောကိုယ်ရောင်ဝါကိုဓာတ်ပုံရိုက်နိုင်သော ကီအာလီယန်(kirlian)ကင်မရာဟူ၍ရှိရာ သူ(မ)ပြောသောအချက်ကို

ကောင်းစွာသက်သေပြနိုင်သည်။သို့ရာတွင် လူကိုယ်ရောင်ဝါနှင့်စိတ်အတွေးများဆက်စပ်ပုံ၊ရုပ်ဝေဒနာနှင့်ဆက်

နွယ်ပုံစသည်တို့သုတေသနပြုနေဆဲဖြစ်သည်။)နှစ်ယောက်ပေါင်းတစ်ခုဖြစ်သော ကိုယ်ရောင်ဝါတွင်နှစ်ဦးစလုံး၏

ကိုယ်ရည်ကိုယ်သွေးများပါဝင်ရောစပ်နေသည်။ထိုကဲ့သိုဖြစ်လာခြင်းကိုအလေးအမြတ်ထားဖွယ်ရာလက်ဆောင်

ဟုဆိုနိုင်ပေသည်။ထိုသို့ဖြစ်လာရန် ချက်ချင်းမရနိုင်ပေ။တဖြည်းဖြည်းချင်းတည်ဆောက်ယူရပေသည်။ထိုကဲ့သို့

နှစ်ယောက်တစ်ဘဝ ထူထောင်လာနိုင်ခြင်းကို အခြားသောပုံမှန်မဟုတ်သည့်ဆက်ဆံရေးများနှင့်မရောထွေးသင့်

ပေ။ဆိုလိုသည်မှာ ကာမရာဂကြောင့်တစ်ယောက်နှင့်တစ်ယောက်အရူးအမူးတပ်မက်ခြင်းမျိုး စသည်တို့နှင့်မရော

ထွေးစေလိုခြင်းပင်။အိမ်ထောင်ရေးဖောက်ပြန်သော(ကာမပိုင်ရှိသူတို့နှင့်လွန်ကျူးခြင်း)ကိစ္စများတွင်သေချာပေါက်

နှစ်ယောက်ပေါင်းစွမ်းအင်ထူထောင်ခြင်းကျိုးပေါက်ပျက်စီးမှုရှိမည်။နှစ်ဦးကြားဆက်ဆံရေးအထိအခိုက်အလျှော့

အတင်းရှိမည်ဖြစ်သည်။ထို့ကြောင့်အိမ်ထောင်ရေးဖောက်ပြန်မှုသည်ကိုယ်ကျင့်တရားရှုထောင့်အရလွန်စွာဆိုးဝါး

မှု၊ထိခိုက်မှုပင်ဖြစ်၏။ထို့ပြင် လိင်တူဆက်ဆံသောသူများတွင် ပုံမှန်(လိင်မတူ)စုံတွဲများ၌သာဖြစ်ပေါ်သော

ဆီလျော်နက်ရှိုင်းသည့်ရုပ်လွန်ညို့ဓာတ်များ ဆိတ်သုဉ်းကြပေသည်။ဒီယွန်ဖော်ကျွန်းပြောသည်မှာ အဖိုသတ္တဝါ

တို့သည်သဘာဝအားဖြင့် မယားအများအပြားယူတတ်သောသတ္တဝါမျိုးဖြစ်သည်။အဖိုတို့သည် အမတို့ကဲ့သို့

ဆန့်ကျင်ဘက်၏ ညို့ဓာတ်ပေါ်တွင်မမှီခိုကြပဲ အဖိုအမ နှစ်ဦးပေါင်းစည်းပြီးမှဖြစ်ပေါ်လာသောရောင်ဝါစွမ်းအင်

ပေါ်တွင်မှီခိုကြပေသည်။လုံးဝမှန်ကန်သည်မဆိုနိုင်သော်လည်း မယားအများယူသောဖိုသတ္တဝါတို့ကားရုပ်ပိုင်း၊

စိတ်ပိုင်းမပြည်ဝသေးသည်မှာ သဘာဝဖြစ်ပြီး ပြည့်ဝသောအဖိုသတ္တဝါတို့ကား ပုံမှန်သဘာဝအားဖြင့် တစ်လင်

တစ်မယားစနစ်ကိုကျင့်သုံးကြပေသည်။

အသုံးချဂမီ္ဘရ(၉)ကြင်ဖော်မဲ့သော ပြဿနာ

ကြင်ဖော်မရှိ ဘဝကိုအထီးကျန်ဖြတ်သန်းသော အပျိုကြီး လူပျိုကြီးများ၏ ပြဿနာဖြစ်သည်။ထိုပြဿနာသည်

ရုပ်ပိုင်းအရင်းခံ၍ဖြစ်ပေါ်လာခြင်း(သို့မဟုတ်)အထီးကျန်မှုကိုကုစားခြင်း(တွေ့တဲ့သူကောက်ယူခြင်း)မျိုးမဟုတ်

ပေ။(အချို့မှာ ကိုယ်ယူတဲ့သူနှင့်အဆင်မပြေဖြစ်ပြီးပို၍အထီးကျန်သလိုခံစားလာရသည်။)အမှန်တကယ်ဆီလျော်

ကောင်းမွန်သော အိမ်ထောင်ရေးဆိုသည်မှာ ရုပ်ခန္ဓာချင်းနှီးနှောသည်ထက်များစွာပိုမိုနက်ရှိုင်းသည်။သိစိတ်နှင့်

ကိုယ်ရောင်ဝါစွမ်းအင်များကို ရုပ်ပိုင်း နာမ်ပိုင်းတို့တွင်ဝေမျှပေါင်းစပ်ခြင်းဖြစ်သည်။ထိုအိမ်ထောင်ရေးသည် အဖို

နှင့် အမ ၏ညှို့ဓာတ်နှင့်စွမ်းအင်များကို ညီညွတ်မျှတစေသည်။ထို့ပြင်ပိုမိုကောင်းမွန်လှသော အိမ်ထောင်ရေး

အရောင်အဝါ(နှစ်ဦးပေါင်း အရောင်အဝါ)ကိုဖန်တီးမှုပင်ဖြစ်ပြီး ထိုရောင်ဝါစွမ်းအင်သည် လင်နှင့်မယား၏

ဆက်ဆံပေါင်းစည်းမှုကိုလည်းကောင်း၊မွေးဖွားလာသည့်မျိုးဆက်သစ်ကလေးများကိုလည်းကောင်းအကာ

အကွယ်ပေးသည်။ပြုစုပျိုးထောင်ပေးသည်။ဤကြင်ဖော်မဲ့သောပြဿနာ(သာမန် အပျိုကြီး လူပျိုကြီးမျိုးကိုဆိုလို

ဟန်မရှိပေ။ဆန်ကျင့်ဖက်လိင်နှင့်ဓာတ်မတည့်သောသူမျိုးကိုဆိုလိုဟန်ရှိသည်။လက်ရှိလူငယ်များပြောနေသော

ဘန်းစကားအရ ညီမျှခြင်းထိုးဖို့လူမတွေ့သေးသူများဖြစ်သည်။)ရှိသောယောက်ျား မိန်းမတို့သည် သိသာထင်ရှား

သော စိတ်ပိုင်းဆိုင်ရာဖိစီးမှုများရှိလာနိုင်သည်။အကယ်၍ အခြားသောဆန့်ကျင်ဖက်လိင်များနှင့် လုံလောက်

သောအကြင်နာ ကရုဏာကိုအခြေခံသည့်ဆက်ဆံရေးများမရှိလျှင်ပိုမိုဆိုးရွားလာနိုင်သည်။(အပျိုကြီး လူပျိုကြီး

များ ဂွကျတတ်ခြင်း၊ဘုတောတတ်ခြင်း၊ပတ်ဝန်းကျင်နှင့်ဆက်ဆံရေးမပြေလည်ခြင်းတို့မှာဤပြဿနာကြောင့်

ဖြစ်သည်။)အမှန်မှာ သူတို့သည်ဆန့်ကျင်ဖက်လိင်တို့အပေါ်တွင်အဆိုးမြင်တတ်ခြင်းနှင့် စစ်မှန်ကောင်းမွန်သော

စေတနာ ကရုဏာမထားနိုင်ခြင်းဖြစ်သည်။သူတို့ကိုအတင်းအိမ်ထောင်ချပေးပါကပိုမိုဆိုးရွားနိုင်သည်။ထိုပြဿနာ

များပြေလည်လျော့ပါးစေရန် မေတ္တာ ကရုဏာထားနိုင်မှသာဖြစ်ပေမည်။(အကယ်၍ ငယ်ဖြူဆရာတော်ကြီးများ၊

သီလရှင်ဆရာကြီးများမှာ အသို့နည်းဟုကပ်သတ်မေးရန်ရှိသည်။ထိုပုဂိ္ဂုလ်တို့မှာ ပါရမီရင့်သန်သောသူများဖြစ်ပြီး

ဝေနေယျသတ္တဝါများအပေါ် လောကီလွန်မေတ္တာ ကရုဏာမျိုးထားနိုင်သူများ၊ထားနိုင်ရန်အားထုတ်နေသူများဖြစ်

သဖြင့် ပြဿနာမရှိပေ။)သာမန်လူများအဖို့ လူသားတစ်ဦးအနေဖြင့်မိမိနှင့်စိတ်ပိုင်းရုပ်ပိုင်းပေါင်းစပ်စီးဆင်းနိုင်မည့်

သူမျိုးနှင့်လက်တွဲနိုင်ဖို့လိုအပ်သည်။သို့မဟုတ်ပါ လူမှုဝန်းကျင်တွင်ဆက်ဆံရေးမပြေမလည်ဖြစ်နိုင်သည်။(အချို့

သောအပျိုကြီး လူပျိုကြီးများပျော်ရွှင်ကြသည်။သူတို့သည်အများကျိုးသယ်ပိုးသူများ၊အများပေါ်စေတနာကောင်း

ထားသူများဖြစ်သည်။အိန္ဒိယသမ္မတဟောင်း အဗဒ္ဒူကလန် လိုလူမျိုးဖြစ်သည်။အိမ်ထောင်သည်တိုင်းလည်းအ

ဆင်ပြေသူရှားပါးလှသည်။)သို့သော် မိန်းမသည်ယောက်ျားမှီခိုရမည်၊သို့မဟုတ် ယောက်ျားသည်မိန်းမပေါ်မှီခိုရ

မည်ဟုမဆိုလိုပေ။အမှန်ဆိုလိုသည်မှာ ရုပ်ပိုင်းစိတ်ပိုင်း ကျန်းမာကြံခိုင်ဖို့ရန်အတွက်ဆန့်ကျင်ဖက်လိင်များနှင့်

အဆင်ပြေကောင်းမွန်သောဆက်ဆံရေးရှိဖို့ပင်ဖြစ်သည်။ယောက်ျားဖြစ်စေ မိန်းမဖြစ် မည်သူမျှ လုံးလုံးအထီး

တည်းနေ၍မရသောကြောင့်ဖြစ်သည်။ ဟုတ်ပါသည်။အဖိုနှင့်အမ သဘာဝအရကိုယ်လက်နှီးနှောခြင်းသည်

ပိုမိုနက်ရှိုင်းသောစိတ်ဝိဉာဏ်ချင်း ပေါင်းစည်းခြင်းနှင့်များစွာကွဲပြားသည်။ဂန္ဓာရီပညာလိုက်စားသူများအနေဖြင့်

ထိုကဲ့သို့ မိမိနှင့်ပေါင်းစည်းနိုင်မည့်သူရှိမှသာပိုမိုကောင်းမွန် တိုးတက်လာမည်ဖြစ်သည်။သို့ဖြစ်၍ကြင်ဖော်မဲ့သော

ဂန္ဓာရီပညာရှင်တစ်ယောက်သည် မည်မျှပင်ဖြူစင်ပါစေ၊အရည်အသွေးပြည့်ဝပါစေ သူလုပ်နိုင်သမျှတွင်အကန့်

အသတ်များရှိနေဦးမည်ဖြစ်သည်။ဗြဟ္မစရိယအကျင့်ကိုကျင့်သုံးသောသူတော်စင်တို့သည်ကောင်းမွန်မြင့်မြတ်

ပါသည်။တွေ့ရာလူနှင့်ဆက်ဆံနှီးနှောခြင်းမှာ ဆိုးရွားလှသည်။သစ္စာရှိသော ညီညွတ်မျှတသောမောင်နှံတို့သည်

လောကီလူ့ဘောင်အောင်မြင်ပျော်ရွှင်ကြသည်မှာ ကြင်ဖော်မဲ့သူတို့ထက်များစွာသာလွန်ပါသည်။သို့ရာတွင်

တစ်ကယ်စစ်မှန်သောလက်တွဲဖော်နှင့်အောင်မြင်ပျော်ရွှင်သောအိမ်ထောင်ရေးမှာ ရှာမှရှားလှသည်။

3 comments

  • မီးမီး သော်

    August 27, 2011 at 11:30 am

    “”“ဒီယွန်ဖော်ကျွန်းပြောသည်မှာ အဖိုသတ္တဝါ
    တို့သည်သဘာဝအားဖြင့် မယားအများအပြားယူတတ်သောသတ္တဝါမျိုးဖြစ်သည်။အဖိုတို့သည် အမတို့ကဲ့သို့
    ဆန့်ကျင်ဘက်၏ ညို့ဓာတ်ပေါ်တွင်မမှီခိုကြပဲ အဖိုအမ နှစ်ဦးပေါင်းစည်းပြီးမှဖြစ်ပေါ်လာသောရောင်ဝါစွမ်းအင်
    ပေါ်တွင်မှီခိုကြပေသည်။လုံးဝမှန်ကန်သည်မဆိုနိုင်သော်လည်း မယားအများယူသောဖိုသတ္တဝါတို့ကားရုပ်ပိုင်း၊
    စိတ်ပိုင်းမပြည်ဝသေးသည်မှာ သဘာဝဖြစ်ပြီး ပြည့်ဝသောအဖိုသတ္တဝါတို့ကား ပုံမှန်သဘာဝအားဖြင့် တစ်လင်
    တစ်မယားစနစ်ကိုကျင့်သုံးကြပေသည်။”””မောင်ဘလှိုင်ဧ။် အင်မတန်ရှုပ်ထွေးလှသောပို ့စ်အဆုံးသတ်သွားပါပီ။thanks

  • Harumoto

    August 27, 2011 at 11:59 am

    “အဖိုနှင့်အမသဘာဝအရကိုယ်လက်နှီးနှောခြင်းသည်ပိုမိုနက်ရှိုင်းသောစိတ်ဝိဉာဏ်ချင်း ပေါင်းစည်းခြင်းနှင့်များစွာကွဲပြားသည်။ဂန္ဓာရီပညာလိုက်စားသူများအနေဖြင့်ထိုကဲ့သို့ မိမိနှင့်ပေါင်းစည်းနိုင်မည့်သူရှိမှသာပိုမိုကောင်းမွန် တိုးတက်လာမည်ဖြစ်သည်။သို့ဖြစ်၍ကြင်ဖော်မဲ့သောဂန္ဓာရီပညာရှင်တစ်ယောက်သည် မည်မျှပင်ဖြူစင်ပါစေ၊အရည်အသွေးပြည့်ဝပါစေ သူလုပ်နိုင်သမျှတွင်အကန့်အသတ်များရှိနေဦးမည်ဖြစ်သည်”
    ဆိုလိုတာက ဂန္ဓာရီ ပညာရှင် ဟာ အရည်အသွေးပြည့်ဝဖို့ —-ဒါ လုပ်ဖို့ လိုတယ်ပေါ့?

  • မောင်ဘလိူင်

    August 27, 2011 at 12:00 pm

    ဟုတ်ကဲ့ ..ကျွန်တော်ကလည်း မီးမီးသော်ကို ကျေးဇူးတင်ပါတယ်။
    ဂန္ဓာရီအဖွင့်ကျမ်းတို့ အဌကထာတို့ ဋီကာတို့ ရေးပေးမှ ခပ်ရေးရေး
    သဘောပေါက်မယ်လို့ ထင်မိတယ်။ သို့သော် ရေးနိုင်လောက်သော
    အစွမ်းအစမျိုး ကျွန်တော့်မှာ မရှိလို့ ရွက်ပုန်းသီး ပညာရှင်တစ်ယောက်
    ယောက် ဝင်ရေးကောင်းရဲ့ဆိုသော ရည်ရွယ်ချက်နှင့် တင်ခြင်းဖြစ်ပါ
    သည်။ကျွန်တော့် ပို့စ်ကြောင့် စိတ်အနှောင့်အယှက် ဖြစ်မိသူများကို
    တောင်းပန်ပါတယ်။အထက်က တစ်ယောက်ရဲ့ ကွန်မန့်ကို ကျွန်တော်
    နားလည်သလောက်ပြောရရင် ပါရမီဖြည့်ဖက်လိုအပ်တယ်လို့ ဆိုတာ
    မျိုးဖြစ်လိမ့်မယ်ထင်ပါတယ်။

Leave a Reply