ဝန်ကြီးများအနေဖြင့် ပါတီတည်ထောင်ခွင့် လျှောက်ထားခြင်းမှာ ဥပဒေနှင့် ညီ/မညီ၊ ပါတီတည်ထောင်ခွင့် ပြုနိုင်/မပြုနိုင် မေးမြန်းမှုကို ဖြေကြား

klnMay 12, 20101min711

အမေရိကန်သံရုံး ယာယီတာဝန်ခံ Mr. Larry M. Dinger က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် စပ်လျဉ်း၍ မေးမြန်းလိုကြောင်း၊ ဝန်ကြီးများ အနေဖြင့် ပါတီတည်ထောင်ခွင့် လျှောက်ထားခြင်းမှာ ဥပဒေနှင့် ညီ/မညီ၊ ပါတီတည်ထောင်ခွင့် ပြုနိုင်/မပြုနိုင် မြေမြန်းရာ ဥက္ကဋ္ဌ ဦးသိန်းစိုးက ပါတီတည်ထောင်လိုသူများတွင် နိုင်ငံ့ဝန်ထမ်းများ မပါဝင်ရန်သာ ဥပဒေပြဋ္ဌာန်းချက ်ရှိပါကြောင်း၊ ဝန်ကြီးများသည် နိုင်ငံ့ဝန်ထမ်း မဟုတ်ဘဲ Political Post သာဖြစ်ပါကြောင်း၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၄၈ ၌ ဤဖွဲ့စည်းပုံ အခြေခံဥပဒေ အာဏာ စတင်တည်သည့်နေ့တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်အောက်၌ ဖွဲ့စည်းထားရှိသည့် တပ်မတော် အပါအဝင် ဌာနဆိုင်ရာ အဖွဲ့အစည်းများ၌ အမှုထမ်းရွက်ဆဲဖြစ်ကြသော နိုင်ငံ့ဝန်ထမ်းများသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရက အခြားပြဋ္ဌာန်းခြင်း မပြုသမျှ ဆက်လက်အမှုထမ်းရမည်ဟု လည်းကောင်း၊ အခြေခံဥပေဒပုဒ်မ ၄၄၄(က) ဤဖွဲ့စည်းပုံ အခြေခံဥပဒေ အာဏာတည်သည့်နေ့၌ တည်ရှိနေသော အစိုးရအဖွဲ့သည် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တာဝန်ပေးအပ်သည့် အစိုးရအဖွဲ့ မပေါ်ပေါက်မီ မိမိတို့ သက်ဆိုင်ရာ တာဝန်များကို ဆက်လက်ဆောင်ရွက်ရမည်ဟု လည်းကောင်း ပြဋ္ဌာန်းထားရှိ်သည်ဖြစ်ရာ လက်ရှိဝန်ကြီးများက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တည်ထောင်ခြင်းမှာ ဥပဒေနှင့် ညီညွတ်ပါကြောင်း၊ အခြားနိုင်ငံများတွင်လည်း သမ္မတ၊ ဝန်ကြီးများက ပါတီလုပ်ငန်းများတွင် ဆောင်ရွက်နေမှုများ ရှိပါကြောင်း၊ နောင်တွင် မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်အရ ဖွဲ့စည်းမည့်အစိုးရအဖွဲ့တွင် ဝန်ကြီးအဖြစ် ခန့်အပ်ခြင်းခံရသူများသာ ပါတီလုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်မှုမပြုရန် လိုအပ်ကြောင်း ၂၀၁ဝခုနှစ် မေလ ၁၂ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။