အဝတ်လည်းခန်းထဲက လျှို့ဝှက်ကင်မရာ ရှာဖွေနည်း

အဝတ်လဲခန်း ထဲမှာ လျှို့ဝှက် ကင်မရာ တပ်ဆင်ထား မထား ဆိုတာ သိနိုင်မယ့် အချက်တွေကို it Weekly အမျိုး သမီး စာဖတ် ပရိတ်သတ်တွေ အတွက် သိထားသင့်မယ် ထင်လို့ ဖော်ပြလိုက်ပါတယ်။ လျှို့ဝှက် ကင်မရာတွေက သေးငယ်လွန်း တာကြောင့် ဘယ်နားမှာ တပ်ဆင်ထားလဲဆိုတာ တော်တန် ရုံမသိနိုင်ပါဘူး။ ဒီပြဿနာကို ဖြေရှင်းဖို့ အလွယ်ကူ ဆုံးနည်းလမ်းက- [B]မိမိမှာပါလာတဲ့ မိုဘိုင်းဖုန်းနဲ့ စမ်းသပ်နည်း [/B] (၁) အဝတ်လဲခန်းထဲကို မဝင်မီ မိမိဖုန်းကို ဖုန်းခေါ်ဆိုမှု လုပ်လို့ရ မရ စစ်ဆေးထားပါ။ (၂) အဝတ်လဲ ခန်းထဲကို ရောက်သွား တဲ့အခါ မိုဘိုင်းဖုန်းကို ပြန်ခေါ်ဆိုမှု ပြုလုပ်ကြည့်ပါ။ (၃) ဖုန်းခေါ်လို့ မရဘူးဆိုရင် အဲဒီအဝတ်လဲခန်း ထဲမှာ Spy Cam ရှိနေဖို့ များသွားပါပြီ။ ဖုန်းခေါ်မရတဲ့ အကြောင်းရင်း ကတော့ လျှို့ဝှက်ကင်မရာရဲ့ ဖိုင်ဘာကေ ဘယ် က မိုဘိုင်းဖုန်းလိုင်းကို အနှောင့်အယှက်ဖြစ်စေလို့ပါပဲ။ [B]နှစ်ဖက်မြင်မှန်နဲ့ ရိုးရိုးမှန် ဘယ်လိုခွဲခြားမလဲ [/B] ဟိုတယ်ကြီးတွေရဲ့ သန့်စင် ခန်းတွေ၊ စတိုးဆိုင်ကြီးတွေက အဝတ်လဲခန်းတွေ၊ ဟိုတယ်အိပ်ခန်း တွေမှာ တပ်ဆင် ထား တဲ့ မှန်တွေက တကယ့် ကြေးမုံပြင် အစစ်တွေလား၊ ဒါမှမဟုတ် နှစ်ဖက်မြင်မှန် (Two Way Mirror) တွေလား ဆိုတာ အမျိုးသမီးလေးတွေ သံသယဝင်ခဲ့ဖူး တာရှိသလား။ Two Way Mirror ဆိုတာကတော့ ကိုယ့်ဘက်ကကြည့် ရင် ကြေးမုံပြင် အနေနဲ့ ပုံရိပ်ကိုပြန် မြင်နေရပေမယ့် အခြားတစ်ဖက်က ကြည့်ရင် ကိုယ်လုပ်သမျှကို တစ် ဖက်က လူက အကုန်မြင်နေရမှာပါ။ အပေါ်ယံကြည့်ရုံနဲ့တော့ ကြေးမုံ အစစ်လား၊ နှစ်ဖက်မြင်မှန်လားဆို တာသိနိုင်ဖို့ အင်မတန် ခဲယဉ်းပါ တယ်။ နှစ်ဖက်မြန်မှန်တွေကို သိနိုင် တဲ့ လွယ်ကူ ရိုးရှင်းတဲ့ စမ်းသပ်နည်း တစ်ခုရှိပါတယ်။ (၁)ကိုယ်ရဲ့ လက်ချောင်းကို မှန်ရဲ့ မျက်နှာပြင်နဲ့ ထိထားလိုက်ပါ။ (၂) ကိုယ့်လက်ချောင်း ထိပ်က လက်သည်းခွံနဲ့ မှန်ထဲမှာ ပေါ်နေတဲ့ လက်ချောင်း လက်သည်းခွံနှစ်ခုကြား မှာ အနည်းငယ် ကွာဟနေတယ်ဆို ရင်ဒါဟာ သာမန် ကြေးမုံပြင်ပါ။ (၃)ကိုယ့်လက်ချောင်းလက် သည်းခွံနဲ့ မှန်ထဲမှာပေါ်နေတဲ့ လက်ချောင်းလက်သည်းခွံနှစ်ခုဟာ တိုက်ရိုက် ထိစပ်နေသလို ဖြစ်နေမယ်။ ကြားထဲမှာ အကွာအဝေး မရှိဘူးဆိုရင် တော့ ဒါဟာနှစ်ဖက်မြင်မှန် (Two Way Mirror) ပါပဲ။ ဒီလိုဖြစ်ခြင်း အကြောင်းရင်းက သာမန် ကြေးမုံပြင်တွေမှာ မှန်ရဲ့ တစ် ဘက်မျက်နှာပြင်ကို ပြဒါးသုတ်လိမ်း ထားပြီး မှန်ကြည့် သူဘက်က မျက် နှာပြင်မှာတော့ ပြဒါးသုတ်လိမ်းထား ခြင်းမရှိပါဘူး။ ဒါကြောင့်ကိုယ့်လက် ချောင်းထိပ်နဲ့ မှန်ထဲက ပုံရိပ်ရဲ့ လက်ချောင်းထိပ် ကြားမှာ မှန်တစ်ချပ်စာ ကွာခြားနေတာ ဖြစ်ပါတယ်။ နှစ်ဖက် မြင်မှန်မှာတော့ ပြဒါးကို မှန်ကြည့်သူ ဘက်က မျက်နှာပြင်မှာ သုတ်လိမ်း ထားတာမို့ လက်ချောင်းနဲ့ မှန်ထဲက လက်ချောင်းကြားမှာ ကွာဟမှုမရှိ တော့တာပါ။ ဒါကြောင့် ဘယ်နေရာ မှာပဲဖြစ်ဖြစ်၊ မှန်ရှေ့ရောက်ရင် မှန် မျက်နှာပြင်ကို လက်သည်း ထိပ်လေးနဲ့ ထိကြည့်ဖို့ မမေ့ပါနဲ့။ ဒါကြောင့်ကိုယ်နဲ့မသိတဲ့ နေရာတစ်ခုကို ရောက်ရင် သတိ လက်လွတ် ဘယ်တော့မှ မနေပါနဲ့။ မိမိ ရဲ့ပေါ့ဆမှုက ကိုယ်ရဲ့အရှက်နဲ့သိက္ခာ ကိုအင်တာနက်ပေါ်မှာ ကိုယ်ကိုယ် တိုင်ချပြခဲ့ သလိုဖြစ်နေ တာ တွေ အများကြီးပါ။ ဒီစာလေးကို ဖတ်ရှုမျှ ဝေလိုက်ခြင်းအားဖြင့် မြန်မာအမျိုး သမီးများစွာရဲ့အရှက်နဲ့ သိက္ခာကို ကယ်တင် နိုင်လိမ့်မယ်လို့ မျှော်လင့်ပါ တယ်။

http://www.yoyarlay.com/health/health-news/health-n-beauty/12023-2011-08-26-11-04-28   original Link

3 comments

  • good

    August 27, 2011 at 12:28 pm

    သတိထား ဖို့ အတွက်သာ မက ဗဟုသုတ အဖြစ် ပါ ရ လို့ ကျေးဇူးပါ။

  • moethidasoe

    August 27, 2011 at 1:27 pm

    လွန်ခဲ့တဲ့ လ က MG မှာပဲ ဖတ်ဖူးသလားလို့
    နှစ်ထပ်ရှိမှ မှတ်မိမှာမို့လို့ ကျေးဇူးပါ

  • koyinmaung

    August 27, 2011 at 1:40 pm

    ဟုတ်ပ…ဒါပေမဲ့ကောင်းပါတယ်မဖတ်ရသေးတဲ့သူတွေ
    သိရတာပေါ့……

Comments are closed.