ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကြီးအား အမွေခံအခြေပြု၍ ဖွဲ့စည်းမည်ဖြစ်

klnMay 12, 20101min340

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း အထွေထွေအတွင်းရေးမှူး ဦးဌေးဦးက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကြီးအား အမွေခံအခြေပြုပြီး ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း၊ ပါတီဖွဲ့စည်း ထူထောင်ရန် စတင်အဆိုပြုသူများသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ ပြဋ္ဌာန်းချက်နှင့် ရွေးကောက်ပွဲဥပဒေ၏ ပြဋ္ဌာန်းချက်များအတိုင်း အစိုးရဝန်ထမ်းမ ှနုတ်ထွက်ပြီး ဖြစ်ပါကြောင်း၊ ဝန်ကြီး ဒုတိယဝန်ကြီး ရာထူးများသည် အစိုးရဝန်ထမ်း မဟုတ်သော နိုင်ငံရေးတာဝန်များသာ ဖြစ်ပါကြောင်း၊ ပါတီအနေဖြင့် စည်းရုံးသိမ်းသွင်းသည့် အခါတွင် ပါတီဝင်များကို သတ်မှတ်ချက်များနှင့်အညီ စည်းရုံးသိမ်းသွင်းသွားမည် ဖြစ်ကြောင်း၊ မူလပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းတွင် အစိုးရဝန်ထမ်းများလည် းပါရှိပါကြောင်း၊ ပါတီဝင်အဖြစ် ဝင်ရောက်မည်ဆိုလျှင် အစိုးရဝန်ထမ်းမှ နုတ်ထွက်သူများကိုသာ လက်ခံမှာ ဖြစ်ပါကြောင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းဝင်များတွင် ကျောင်းသားများလည်း ပါရှိနေကြောင်း၊ ကျောင်းသားများ အား ပါတီနိုင်ငံရေး ကင်းကင်းနှင့် ပညာသင်ကြားစေလိုသော ဆန္ဒရှိပါကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ပါတီဝင်အဖြစ် သိမ်းသွင်းခြင်း မပြုဘဲ ပညာသင်ကြားရေးကိုသာ အားပေးဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ၂၀၁ ဝခုနှစ် မေလ ၁၂ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြ ထားပါသည်။