နို်င်ငံတကာ လေ့လာရေးအဖွဲ့များ လာရောက်ရန် လိုအပ်မည ်မဟုတ်

klnMay 12, 20101min714

အမေရိကန်နိုင်ငံ အရှေ့အာရှနှင့် ပစိဖိတ်ဒေသရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mr.Kurt Cambell က ရွေးကောက်ပွဲအတွက် နိုင်ငံတကာ လေ့လာစောင့်ကြည့်ရေးအဖွဲ့များ အထူးသဖြင့် အာဆီယံအဖွဲ့များ လာရောက်ခွင့်ပြု/မပြု သိလိုပါကြောင်း မေးမြန်းရာ ဥက္ကဋ္ဌဦးသိန်းစိုးက ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး မိမိတို့နိုင်ငံတွင် အတွေ့အကြုံများစွာရှိပါကြောင်း၊ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများမှ ပြဋ္ဌာန်းချက်များကို လေ့လာကြည့်လျှင် ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းများအနေဖြင့် ၎င်းတို့အတွက် ရွေးကောက်ပွဲကိုယ်စားလှယ်များ ခန့်ထားခွင့်ရှိခြင်း၊ မဲရုံကိုယ်စားလှယ်များ၊ အကူကိုယ်စားလှယ်များ၊ စာရေးများခန့်ထားခွင့်ရှိခြင်း၊ ယင်းပုဂ္ဂိုလ်များအနေဖြင့် ဆန္ဒမဲပေးသည့်နေရာ မဲရုံများတွင် စောင့်ကြည့်ခွင့် ရှိခြင်းတို့အပြင် မဲရေတွက်သည့်အခါတွင်လည်း ယင်းတို့နှင့်အတူ မဲဆန္ဒရှင်များရှေ့မှောက်တွင် ရေတွက်ရမည်ဟု ပြဋ္ဌာန်းပေးထားပြီး ဖြစ်ကြောင်း၊ လွတ်လပ်၍ တရားမျှတအောင် ဆောင်ရွက်ပေးထားသည်မှာ ထင်ရှားကြောင်း၊ ထို့ကြောင့် နိုင်ငံတကာ လေ့လာရေးအဖွဲ့မျာ းလာရောက်ရန် လိုအပ်မည်မဟုတ်ပါကြောင်း ၂၀၁ဝ ခုနှစ် မေလ ၁၂ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြ ထားပါသည်။

4 comments

  • kanaung

    May 12, 2010 at 5:51 pm

    အဓိပ္ပါယ် မရှိဘူးလို့ ထင်ပါတယ်။ တကယ်ရိုးသားရင် ခွင့်ပြုရမှာပေါ့

  • BaKo

    May 12, 2010 at 11:07 pm

    မဲဆန်ဒပေးကြတာထက် ရေတွက်ပုံကအရေးကြီးတယ်လို ့ခေါင်းဆောင်တယောက်ပြောဖူးတယ်
    အခုတော့ ရေတွက်ပုံထက် ဘယ်သူတွေရေကြမှာလည်းက အရေးပိုကြီးတယ်
    စစ်အဆိုးရလက်ထက်တော့ ဘာဖြစ်လို့ရေနေကြသေးသလဲ ပြန်မေးခံရဖို ့ဖြစ်သွားပြီ
    ရေတာတွေစောင့်မနေနေနဲ့ ကြံ ့ဖွတ်ပါတီ ၇၅ရာခိုင်နှုန်း၊အနိုင်ရတယ်တဲ့။

  • darkoosky

    August 3, 2010 at 6:25 am

    Baba will closely watch.. the election..

  • tunaung

    August 7, 2010 at 11:53 am

    ဘယ်ခွင့်ပြုရဲမလဲ ခွေးသူတောင်းစားသိန်းစိုး သူအဖေကသင်ထားတဲ့အတိုင်းပြောရတာ သနားစရာ

Leave a Reply