ဆန္ဒရှိရင်….ပြောပြပါလား…။

alinsettAugust 27, 20111min17615

အချစ်..တဲ ့….၊။

ကျွန်တော် သေချာ အဓိပ္ဂာယ်မသိသေးတဲ ့ အရာ ပါ ။ အချစ်ဆို တာ …………ဆိုပြီး..ပြောကြ ဆိုကြတာတွေတော့
ကြားနေရပါရဲ ့။

ဒါပေမယ် ့ ဘယ်သူ ့ ဖွင့်ဆိုချက်က တိကျ သေချာ ခဲ့သလဲ….?
description.. ပြည့်ဝလုံခြုုံတဲ ့ အချစ်ရဲ ့ ဖွင့်ဆိုချက်က ဘယ်မှာလဲ…?

တာရာမင်းဝေ က အချစ်ဆိုတာ ဘာ ညာ ဆိုပြီး စကားလုံး လှလှလေးတွေ သုံးပြီး…. ဖွင့်ဆို ရေးသားခဲ ့တယ် ။

ဟုတ်သလိုလို ရှိတဲ့ စာသားတွေ မို ့လို ့ ကျွန်တော်လည်း ကျေနပ် သလိုလို ရှိခဲ ့ပါတယ် ။

ဒါပေမယ် ့ မပြည့်စုံ သေးဘူး လို ့ခံစားရတယ် ။

ဂျူး ရဲ ့ စာအုပ် တစ်အုပ်ထဲ မှာတော့ အချစ်ဆိုတာ ရူးသွပ်သူတွေ ကိုးကွယ် တဲ ့အရာ..လို ့ ရေးထားတာ ဖတ်ရတယ် ။
( ကျွန်တော်ကတော့ အဲဒါကိုလည်း လက်မခံချင်သေးဘူး။)

ဒါဖြင် ့ အချစ်ဆိုတာ ဘာလဲ…?

ကျွန်တော် အချစ်ဦးနဲ ့တွေ ့ခဲ ့ချိန်တုန်းက အချစ်ဆိုတာ…. ..တစ်ယောက်ကို တစ်ယောက်က မရှိမဖြစ် လိုအပ်တာ ……

လို ့ ယူဆ ခဲ ့ဖူးတယ် ။

အဲဒီတုန်းကတော့ အချစ်ဦးကို အရူးအမူး လိုအပ် တမ်းတနေချိန်..လေ။

အခုတော့…..။ အင်း ……. … အခုတော့….

ဆရာတော် ဦးဇောတိက ရဲ ့ လူငယ် တရားစာအုပ်တွေကို အဖတ် များလာတော့ … အချစ်ကို ဖွင့်ဆိုချင်တာက…
နောက်တစ်မျိုး..ပြောင်းသွားပါပြီ။

“” သူ ့ကို တကယ်ချစ်တယ် ဆိုရင်….သူ ..ကိူယ့်ကို မှီခို မနေရအောင် လမ်းပြပေးပါ..””တဲ ့။

ကိုယ် ့ကို တွယ်တာ အားကိုး နေအောင် ဆွဲဆောင် ထားမယ် ဆိုရင်…အဲဒါ..သူ ့ဘဝကို ဆွဲနှစ်လိုက်တာ..။

သူဟာ ကိုယ် ့ကိုပဲ..အားကိုးနေရတော့မယ် ။ ကိုယ် ့ ကိုပဲ မှီခိုနေရတော့မယ် ။

ကိုယ် မရှိရင် သူ ့ဘဝကို သူ ရပ်တည်လို ့မရတော့အောင် လုပ်ထားသလို ဖြစ်တော့မယ် ။

ဒါ မတရားတာပဲ..။ ကိုယ် ကလည်း သူ ့ရဲ ့ချိုင်းထောက် ဖြစ်သွားပြီ။

တကယ်ချစ်တယ် ဆိုရင်… သူ ့ ကိုယ် သူ အားကိုးတတ်အောင် သင်ပေးရမယ် ပေါ့လေ။

ပေဆပ်ခြင်းအချစ် လို ့ပြောရင် ရမလားပဲ..။

မဆိုးပါဘူး။ အဲဒီ အယူအဆလေးကိုတော့ ပြည့်စုံပြီ လို ့ ယူဆ မိတော့မလိုလိုပါပဲ။

ဒါပေမယ် ့အချစ်ဆိုတာကို ဆက် လေ ့လာ ချင်ပါသေးတယ် ။

( ခက်တာက အချစ်ကို လေ့လာဖို ့ အခု ကျွန်တော့်မှာ အချစ်နဲ ့ကြုံကြိုက် တိုက်ဆိုင်မှုတွေ ရှိမနေပါဘူး။)

လူသား တစ်ဦးချင်းဆီမှာ အချစ်ကို ဖွင့်ဆိုထားတဲ ့အဓိပ္ဂါယ် ( ဖွင့်ဆိုချက်) တစ်ခုစီတော့ ရှိ (ခဲ ့) မှာပဲ..။

ကဲ… မင်း ဖွင့်ဆိုထားတဲ ့ အချစ်ရဲ ့ ဖွင့်ဆိုချက်က ဘာလဲ…..?

ဆန္ဒရှိရင် အချစ်အကြောင်းလေး နည်းနည်းလောက် ကျွန်တော် ့ကို ပြောပြပါလား..။

မှတ်ချက် …။ ။ အဓိပါယ် ဆိုသောစာလုံးကို computer ဖြင့် မရေးတတ်ပါ။ ထို ့ကြောင် ့ဖြစ်သလိုလေးသာ ရေးထား
ရပါသည် ။ နားလည် ပေးပါရန်..။/

အားလုံးကို ခင်မင်စွာ..ဖြင့်

အလင်းဆက်

26 .8 .2011

15 comments

  • blackchaw

    August 27, 2011 at 5:55 pm

    အချစ်လား ….. သူဖျားနေတယ်။ ဟဲဟဲ သုမောင် ပြောတာနော်။

    • မီးမီး သော်

      September 2, 2011 at 12:40 pm

      “”တကယ်ချစ်တယ် ဆိုရင်… သူ ့ ကိုယ် သူ အားကိုးတတ်အောင် သင်ပေးရမယ် ပေါ့လေ။
      ပေဆပ်ခြင်းအချစ် လို ့ပြောရင် ရမလားပဲ..။
      မဆိုးပါဘူး။ အဲဒီ အယူအဆလေးကိုတော့ ပြည့်စုံပြီ လို ့ ယူဆ မိတော့မလိုလိုပါပဲ။”””

  • thit min

    August 27, 2011 at 7:28 pm

    အချစ်ဆိုသည်မှာ….. အံ ့ဩခြင်း များ နဲ ့ ဆန်း ကြယ် သောအရာ ။
    I assume that it is nothing in some time and that it is existing another time.
    1.Existing of “greed” with your “ego” on someone, wanna get something from him/her.
    2.Attachement between each other is real.
    3.Understanding with kindness on someone is also reality.
    Sometimes, we can portarit that the “love” is defined as the combination of above 1,2 and 3.
    Assume:
    L= Lasso= a long rope
    O =Obscure =difficult to understand
    V =Velocity =moving with speed
    E =Eagerness = full of desire
    Thus,
    LOVE is that a long rope is to difficult to understand by moving with speed with full of desire.

  • ငရဲသား

    August 27, 2011 at 7:35 pm

    တစ်ခါတစ်ရံ အချစ်ဆိုတာ ပူလောင်ပြင်းပြ ငရဲသားဘဝ လိုပဲ…………. ။

  • piti

    August 27, 2011 at 7:41 pm

    အချစ်ဆိုတာ ပူလောင်တဲ့ မီးတောက်ငယ်တစ်ခု
    ဘယ်သူမပြု မိမိမှု စဉ်းစားကြည့်ပါအခု

  • jalthusg.kt

    August 27, 2011 at 7:48 pm

    အချစ်ဆိုတာ “အ” တဲ့ သူတွေ “ချစ်” တာတဲ့။

  • ကြောင်ကြီး

    August 27, 2011 at 8:42 pm

    အလင်းဆက်ကို
    အလတ်စဉ်းရရင်
    ဖျက်မြင်းလို့ပြောလိမ့်မယ်
    တကယ်တော့
    အချစ်ဆိုတာ
    ကြောင်ကြီးပါပဲကွယ်..။

  • weRone

    September 2, 2011 at 10:05 am

    အချစ်ဆိုသည်မှာ… ကြေကွဲခြင်များ နှင့် မျက်ရည်တို့ရဲ့ ကဗျာ..
    အချစ်ဟာ … ဖြေရှင်းလို့ မရတဲ့ ပြဿနာ .. အဖြေရှာမရတဲ့ ပုစ္ဆာ … ငါကိုယ်တိုင် အချစ်ဟာ ဘာလဲ မသိတော့ ပါ…. 😛 😀

  • nozomi

    September 2, 2011 at 12:54 pm

    ဆန္ဒကတော့ ရှိတာပေါ့ဗျာ….
    အပေါ်က ကိုသစ်မင်းကို အားကျလို့ ပါ ၊ အချစ်ဆိုတာ
    L = Laos
    O = Oman
    V = Vietnam
    E = England

    လို့ထင်တာပဲဗျာ ၊ အတိအကျပြောလို့မရဘူး၊ ပုံသေနည်းမရှိဘူး၊မှန်းဆလို့မရဘူး

    အပေါ်ကဟာ ကြည့်ပါလား ၊ အရှေ့တောင်အာရှ ဖြစ်လိုက် ဥရောပဖြစ်လိုက်၊ အရှေ့အလယ်ပိုင်းဖြစ်လိုက်
    ဗုဒ်ဓဘာသာဖြစ်လို်က်၊မူဆလင်ဖြစ်လို်က်၊ခရစ်ယာန်ဖြစ်လို်က်နဲ့ မှန်းရတော်တော်ခက်တာ ဗျ

  • moonpoem

    September 2, 2011 at 12:54 pm

    အချစ်မှာ အချစ်သာ ရှိတာ ရင်ကွဲပြီးမှ နားလည်သွားတာပါ

  • rain pricess

    September 11, 2011 at 5:59 pm

    အကို ရေ
    အကောင်.ရပြီ အကြောင်းကြားတာ
    ဒါပဲ။

  • manawphyulay

    September 11, 2011 at 6:49 pm

    တကယ်ဆို ငွေပဲလိုတယ်…. အဲ အဲ ချမ်းချမ်းရဲ့စာသားတွေ ရွတ်မိကုန်ပြီ။ အချစ်ဆိုတာ …………..

  • king

    September 11, 2011 at 8:12 pm

    အချစ်ဆိုတာ ရယူခြင်းမှ မဟုတ်ဘဲ မဏိစန္ဒာ
    …………………………………
    အချစ် = love = 愛 = 사랑 = αγάπη = любовь = liefde = l’amour = حب = amor = …….
    ……………………… 😛

  • zawmaung

    September 11, 2011 at 9:06 pm

    “အချစ်ဆိုတာ “အ” တဲ့ သူတွေ “ချစ်” တာတဲ့။” bravo .
    ““” သူ ့ကို တကယ်ချစ်တယ် ဆိုရင်….သူ ..ကိူယ့်ကို မှီခို မနေရအောင် လမ်းပြပေးပါ..””တဲ ့။”
    Then you will get blame that you never love it .When that is realize its too late. You may or may not be there.

  • naywoonni

    September 11, 2011 at 10:08 pm

    ဗုဒ္ဓဘာသာ
    သိပံ္ပ
    ဝိဇ္ဇာ
    နိမ္ဗာန်
    အဓိပ္ပာယ်
    ပစ္စုပ္ပန်

    ဒီစာလုံးတွေက ရိုက်ရခက်တယ် အလင်းရေ………ဒီတော့ ကော်ပီယူပြိး တစ်နေရာမှာ သိမ်းထားပေါ့….။ လိုအပ်တဲ့အခါထုတ်သုံးလို့ရတာပေါ့….။ အချစ်ဆိုတာသိချင်ရင်တော့………
    http://myanmargazette.net/29013/creative-writing/poetry-songs
    မှာ ကဗျာတစ်ပုဒ်ရေးထားတယ်……….

Leave a Reply