မင်္ဂလာဦးည (သို့) သတို့သမီး၏ ရင်ခုန်သံ

koyinAugust 27, 20113min46651

မင်္ဂလာဦးည (သို့) သတို့သမီး၏ ရင်ခုန်သံ


ဆံမြိတ်ဖြေလျော့

သူ…အိပ်တော့မည်။


လှပသည့် မိန်းမပျို

ညဝတ်ရုံ ကပိုကယိုနဲ့

လေသာဆောင် ပြတင်းနား

အိမ်ပြန်ချိန် သတို့သားကို

ရှက်အားပို မျက်နှာတော်နှင့်

မျှော်နေလင့်ပြီ…


သူ…မသိလေသလား

သူတို့တွေဆွဲထားလို့

နောက်ကျနေတာလား…ဟင်

ခင်ကတော့တစ်ကိုယ်တည်း

ပိုကဲတဲ့သဒ္ဒါနဲ့

ညခင်းရဲ့အလယ်

လမင်းနဲ့ဖလှယ်မိတဲ့အပြုံး

နှလုံးသားချင်းဆုံကြဖို့

ကြည်နူးလို့နေခဲ့ပေါ့…..


လာပါတော့…နော်

ညင်သာစွာခေါ်နေရင်း

ကျမရဲ့ချစ်ခြင်းတရားတွေယိုဖိတ်

ကြယ်လေးတွေတေးဆိုသိပ်တောင်

မောင်နဲ့မှ အိပ်ချင်သူပါ…….


မူယာမပါ…

မာယာမသုံး…

တစ်ညလုံးမောင့်အနားမှာ

ချစ်စကားတွေပြောချင်တယ်

မောစဉ်မှာမောင့်လေညင်း

ပါးပြင်မှာ စစ်ခင်းပါစေ

အနမ်းတစ်ရာဝေကြ

မောင်ခြွေမှ ကြွေရမယ့်ပန်း

မောင်နမ်းမှ လန်းရမယ့်နှုတ်ခမ်းတွေ

မောင့်ကိုသာ မျှော်လင့်နေကြ

မောင်ချော့သိပ်မှ အိပ်ရတော့မယ်မောင်ရယ်။ ။

တောက ကိုရင်

51 comments

    • koyin

      August 28, 2011 at 3:50 pm

      အာဂျီနိုမိုတို ဂိုဆိုင်းမက်…။

  • blackchaw

    August 27, 2011 at 5:52 pm

    ဟိုက် ရှားပါး !

    • koyin

      August 28, 2011 at 3:51 pm

      ဟိုက် ရှားဇောင်းလက်ပက်…

  • ပေါက်ဖော်

    August 27, 2011 at 6:43 pm

    ♥ ထိသွားဘီ တိုရင်ရေ့..

    ချစ်ခြင်းတရားတွေယိုဖိတ်

    ကြယ်လေးတွေတေးဆိုသိပ်တောင်

    မောင်နဲ့မှ အိပ်ချင်သူပါ…….

    ဆိုပါလား.

    • koyin

      August 28, 2011 at 3:53 pm

      ဘယ်နားထိသွားတုန်း…
      ကုလားကြိး ပျော်ရွှင်ပါစေ…
      အဲ… ဘယ်ရောက်သွားလဲ ဒစ်ရှင်နရီ…

  • တော်ဝင် သူရဲကောင်း

    August 27, 2011 at 6:50 pm

    တောက ကိုရင် သတိုးသမီး ဖြစ်တုန်းက မင်္ဂလာဦးည အတွေ့ အကြုံ ခံစား ရေးဖွဲ့ ထားတာလား။

    • koyin

      August 28, 2011 at 3:56 pm

      အယ်ကွယ်…
      အမရာ ကိန္နရီ မဒ္ဒီ သမ္ဘူလ
      တော်လေးဝ ဝင်တဲ့ သူရဲကောင်းကြီးကတော့
      ပြောကရော့မယ်…
      သတို့သမီးဖြစ်တုန်းက မဟုတ်ဘူး
      သတို့သားဖြစ်ဖို့ ကြံစည်နေတာ…
      ဟိ
      ပျော်ရွှင်ပါစေ…

  • ငရဲသား

    August 27, 2011 at 7:09 pm

    ဟမ်မနေး………….
    နာ့မတော့ ဒါညိုးလေး အရှိတေး……………
    ဖွေရှာနေသည် ယ္ခုအတည်…………

    • koyin

      August 28, 2011 at 4:26 pm

      မြန်မြန်ရှာ မြန်မြန်ရှာ
      မီရာ ဒုံးပျံနဲ့လိုက်
      ဆိုက်ကားခတွေ ဈေးတက်နေတယ်
      ပျော်ရွှင်ပါစေ…

  • KoNyeinChan

    August 27, 2011 at 7:12 pm

    ခင်မောင်တိုးရဲ ့ “ပန်းချစ်သူ” သီချင်းထဲက “အသာအယာဆွတ်ယူရင်မှာ သိမ်းထားမယ်.. အိုလေ ပန်းလေးတစ်ပွင့်ရယ်.. ပန်းကိုချစ်တဲ့ ပန်းချစ်သူ.. ကိုယ်တိုင် ချူကာဆွတ်ခူးမယ်” လို ့ ကိုရင်က ဆိုလိုက်ပေါ့..
    တောက ကိုရင် ပေလို ့ဘဲ.. စာသားတွေကတော့ လန်ပြန်ထွက်နေတာ.. ကိုယ်တွေ ့လား ပြော… 😀 😀 😀

  • king

    August 27, 2011 at 7:20 pm

    ကိုရင် ကိုရင် အပျိုမြင်
    …………………………. 😀
    ရေးဖွဲ့ထားပုံက ပြောင်မြောက်လှပါတယ် …
    အနုအရွနဲ့ အလှပ အထားအသိုတွေက
    စံထားလောက်ပါပေတယ်
    ကိုရင်ရယ် …. 😀

  • piti

    August 27, 2011 at 7:35 pm

    တစ်ခုလောက် သိချင်လို့ပါ…
    စိတ်မဆိုးရင် မေးကြည့်ချင်တယ်နော်….
    အဲဒီနေ့ညက တောကကိုရင်က ဘာဖြစ်လို့ သတို့သမီးအနားကို အချိန်မှီ ပြန်မလာတာလဲ…

    • koyin

      August 28, 2011 at 1:08 pm

      အဲညကလား
      အပြင်မှာ များသွားလို့
      လှေကားမှာ အိပ်လိုက်ရတယ်လေ…

  • jalthusg.kt

    August 27, 2011 at 7:41 pm

    ဒီလို ကဗျာရေးပုံထောက်တော့ ကိုရင်ဆိုတာ ဆွမ်းခံကြွတဲ့ သံဃာကိုရင်တော့ ဟုတ်မထင်ဘူး ကိုရင်သာအေးတို. ကိုရင်စံမွှေးတို.လို ပုထုဇဉ်ကိုရင်ပဲနေမှာနော။

    • koyin

      August 27, 2011 at 8:32 pm

      ဟုတ်… ကိုရင်ဆိုတာ ပညတ်ပါ… ကျုပ်ရဲ့ နာမည်ကိုက ကိုရင်ပါ… ကလောင်နာမည်ကိုလည်း ကိုရင်ပဲ ယူလိုက်တာပါ… ပညတ်တွေကို သညာတပ်တာ မှားယွင်းစေမိတယ်…. လူသားစင်စစ် ဧကန်ဖြစ်ပါကြောင်း…..
      ပျော်ရွှင်ပါစေ….

  • မိုက်ကယ်ဂျော်နီအောင်ပု

    August 27, 2011 at 8:02 pm

    တောသားဆိုရင်တောင်
    ဟိုးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
    ဘိုးတော်ဘုရားလက်ထက်ကတောသားဘဲဖြစ်ပုံရမယ်
    ဒီခေတ်တောသားကတော့သွားမစမ်းနဲ့
    မင်္ဂလာဦးည အတွေ့အကြုံဆိုတာ
    လွန်ခဲ့တဲ့ ခြောက်နှစ်လောက်တုန်းကတည်းက
    ဘကြီးစံမြိုင် ကောက်ရိုးပုံဘေးမှာကျန်ခဲ့ပြီ 😀 😀 😀

  • lupol

    August 27, 2011 at 8:09 pm

    ဟုတ်မယ်…….ဟုတ်မယ်………
    တောသားရဲ ဆွဲထုတ် တဲ့……
    အထင် စမောလို့ ရတော့ဘူး………..

    • koyin

      August 30, 2011 at 5:56 pm

      တောသားရဲကိုကျတော့ ဆွဲထုတ်ပြီး
      မြို့သားရဲကိုကျတော့ရော
      ဟွန်းနော် မျက်နှာမလိုက်နဲ့….
      အထင်စမောလို့မရရင်
      အထင် စကောလောက်တင်လိုက်ပါ့ကွယ်
      လူပေါလေး ပေါနိုင်ပါစေ
      အဲလေ
      ပျော်ရွှင်ပါစေ…

  • ကြောင်ကြီး

    August 27, 2011 at 8:35 pm

    တောကကိုရင်
    အပျိုမြင်
    ချိုချဉ်မစုပ်ရ..။
    စုပ်တသက်သက်
    ဗရုတ်ဗရက်
    လွန်စွာရုပ်ပျက်လှ..။
    ပြောမရလျင်
    ထားသခင်
    ခါးတင်မဖက်ရ..။

    • koyin

      August 28, 2011 at 1:06 pm

      တောက ကိုရင်
      အပျိုမြင်
      လိုချင် တပ်မက်လှ..။
      ဗရုတ်ဗရက်
      မလုပ်တတ်
      ကောင်မလေးတွေ ခိုက်သဗျ…။
      ငြင်းပယ်ရလျှင်
      ထားသခင်
      ငိုချင် ချုံးပွဲချ….။

      ဖွတ်မိချောင်းဖြစ် မြစ်မချမ်းသာ..
      ကြောင်က ကျားဖြစ် အဟီး
      ပျော်ရွှင်ပါစေ..

  • bigbird

    August 27, 2011 at 9:14 pm

    မနက်ချဉ်ပေါင် ညချဉ်ပေါင်
    ကိုရင် မင်္ဂလာဆောင်

    မနက်ဘူးသီး ညဘူးသီး
    ကိုရင်နှာဘူးကြီး။ (ဟီးဟီး..နောက်တာနော်… အပေါ်က ကိုရင်ရဲ့ ကဗျာလက်ရာကို ချီးကျူးပါတယ်။)

    • koyin

      August 28, 2011 at 1:03 pm

      မနက် ဂျေဒိုးနပ် ည ဂျေဒိုးနပ်
      ကိုရင် အိပ်ရေးပျက်
      မနက် အိုဗာတင်း ည အိုဗာတင်း
      ကိုရင် ဝဖြီးဖြီး…(အဟီး… စတာနော်)
      ငှက်ကြီး ပျံနိုင်ပါစေ…

  • Zwe hsu

    August 28, 2011 at 10:12 am

    GoOD Idea pal gyarr
    mite tal………

  • siamonone

    August 28, 2011 at 11:04 am

    ကောင်မလေး ယူချင်စိတ်တောင် အတော်ပေါက်လာပြီ ..အဟီး ..

    • koyin

      August 28, 2011 at 1:01 pm

      အော်…ဒုက္ခ ဒုက​္ခ…
      ဒုက္ခတွင်းထဲ ဆင်းချင်နေတာပါလား…
      ကောင်မလေး ယူချင်တယ်ဆို ကောင်းပါတယ်
      ကောင်လေး ယူချင်တယ်ဆိုရင်တော့ အဟီး
      ပျော်ရွှင်ပါစေ…

  • မီးမီး သော်

    August 28, 2011 at 11:20 am

    အမလေးနော်. တောကကိုရင်မို ့တော်ပါတယ်–ဟွန် ့ပြောလိုက်ချင်ဘူးနော်—လူလည်

    • koyin

      August 28, 2011 at 12:59 pm

      တောက ကိုရင်မို့နော်
      မြို့က ကိုယ်တော်သာဆို ဒိထက်ပိုပြီး လက်သံပြောင်မှာ
      မီးမီးပျော်ရွှင်ပါစေ

  • မီးမီး သော်

    August 28, 2011 at 6:38 pm

    အယ် သူကအသားယူသွားတယ် လူလည်လေး။နောက်ကဗျာတွေ ထပ်စပ်ရင် မွေးမိခင်နဲ ့ပတ်သက်တာလေးရေးပေးနော်—ကျေးဇူးပါရှင်

    • koyin

      August 29, 2011 at 5:01 pm

      အသားယူမှာပေ့ါ
      အရိုးက ကောင်းမှ ကောင်းတာချည်းကို
      အမေနဲ့ ပတ်သတ်တာ နှစ်ပုဒ် တင်ထားပါတယ်
      နောက်လည်း ထပ်ကြိုးစားပေးပါ့မယ်
      မီးမီးပျော်ရွှင်ပါစေ

  • intro

    August 29, 2011 at 1:50 pm

    မိုက်တယ်ဗျို့….

    • koyin

      August 29, 2011 at 5:01 pm

      မိုက်လား မိုက်လား မိုက်လား
      မိုက်လယ် မိုက်လယ် မိုက်လယ်…
      ပျော်ရွှင်ပါစေ…

  • moonpoem

    August 29, 2011 at 2:44 pm

    တောကကိုရင်ရေးတာဆိုပေမယ့်ဖတ်လို ့တော့ကောင်းသားဗျ။

    • koyin

      August 29, 2011 at 5:03 pm

      တောက ကိုရင်ရေးတာ ဖတ်လို့ ကောင်းတယ်ဆို
      မြို့က ကိုယ်တော်ဆို သာကောင်းသေး…
      ကျေးဇူးနော်
      မွန်း ပျော်ရွှင်ပါစေ..

  • etone

    August 29, 2011 at 3:00 pm

    ဟီးဟီး ရယ်ရတယ် ဗျို့ … သတို့သမီးစိတ်လေသွားတာပေါ့နော် … 😀 😀

    • koyin

      August 29, 2011 at 5:04 pm

      သတို့သမီးလား
      အဲညပဲ ခိုးရာလိုက်သွားတယ်
      ဟီး
      E TONE ပျော်ရွှင်ပါစေ…

  • နွယ်ပင်

    August 29, 2011 at 3:38 pm

    အပေါ်က ကဗျာထက် Comment က လက်တန်းကဗျာလေးတွေက ပိုရီရတယ် 😛

    • koyin

      August 29, 2011 at 5:09 pm

      အဟဲ
      ကျေးဇူးပါ နွယ်ပင်ရေ
      တွယ်ငင်လို့ မရစ်ပတ်ပါနဲ့
      လှစ်ဟလို့ ပြခဲ့တဲ့ ရင်တွင်းဝေဒနာ
      သတို့သမီးမှာ မောင်မလာလို့
      မျှော်ကာလေ အိပ်ရေးပျက်
      မနက်မှာ မျက်တွင်းတွေ ချိုင့်တော့
      အဲ….
      အဟီး
      အမေက မေးတယ်လေ
      ညက အိပ်ရေးပျက်လားတဲ့
      သတို့သားကို တစ်ညလုံး စောင့်နေရတာ သူမှ သိဘဲကိုး…
      နွယ်ပင်လို တွယ်ငင် ရစ်ပတ်
      ပျော်ရွှင်မှုတွေ ဆက်လက် ရှင်သန်ပါစေ…

  • manawphyulay

    August 29, 2011 at 4:29 pm

    တောက ကိုရင်ပါဆို …. ဘုန်းကြီးကျောင်းရောက်နေမှာပေါ့… ဒါလေးတောင်မသိဘူးလား ဟွန်း…

    • koyin

      August 29, 2011 at 5:11 pm

      ဟုတ်ပါဘူးကွယ်
      မနောလေး ဖြေတာ မှားပါတယ်
      ကိုရင်က တောကျောင်းမှာ တကိုယ်တည်း
      ရိပ်ကြီးခိုတဲ့ ခင်ပါကွယ်
      မနောလေး ပျော်ရွှင်ပါစေ…

  • nayminn

    August 29, 2011 at 5:25 pm

    တစ်ခွေပြီး တစ်ခွေ သူကြည့်နေလိုက်တာ ကိုရီးယားကား
    မစောင် နိုင့်သူတို့သား အိပ်တော့မယ်ဗျား။

    • koyin

      August 29, 2011 at 5:37 pm

      အော
      သူက သည်လိုလား
      ဒါဆို သတို့သားကို စောင့်နေတာ မဟုတ်ဘူးပေ့ါ
      သူ့ဘာသာ ကိုရီးယားကားကြည့်နေတာပေ့ါ
      မလာလေ ကောင်းလေပဲ ထင်တယ်
      နေမင်းကြီးလို ထွန်းလင်း တောက်ပ
      လောကကို အလှဆင်နိုင်ပါစေ…

  • ရွှေဘိုသား

    August 29, 2011 at 5:38 pm

    ကိုရင် ရေးထားတာတယ်ကောင်းပါလား
    ရွှေဘိုသား ငယ်ကျွမ်းဆွေ စာဥနဲ. ပို.စ်ထဲက ဇာတ်ကောင်လေးနဲ. တူများတူနေမလားနော်
    တူနေလို.ကတော. အခုပဲ ရရာ ကားနဲ.ပြန်မှာ ဘယ်သူမှမတားနဲ.
    ကြယ်စင်တွေချော.သိပ်တောင် မအိပ်ချင်တဲ. မိန်းမ
    သက်စေ. အနမ်းတွေနဲ. ချော.သိပ်ဘာခံနို်င်မှာတုန်း ကိုရင်ရယ်

    • koyin

      August 29, 2011 at 7:26 pm

      အော် ရွှေဘိုသားလား
      နွေအိုသွားရင် အခက်
      ရတက်ပွေလျှက် မျှော်
      မယ် ခုပေါ်မလာသေး
      ကြုံရာ ဆိုက်ကားကို ရွေးစီး
      ကြယ်စင်တွေနဲ့ ခရီးနှင်
      အိမ်အပြင် သတို့သမီးရပ်
      လမင်းကို လက်ဆတ်လို့လေ
      အနမ်းခြွေ နောက်ကျနေမလား…..
      အဲ
      ရွှေဘိုသနပ်းခါးတယ်မွှေးဆိုပဲ….
      ပျော်ရွှင်ပါစေ…

  • captainamerica

    August 29, 2011 at 11:32 pm

    ကွန်မန်.တွေပိုကြိုက်တယ်ဗျ.. လန်ထွက်နေတာပဲ ဒန်ခွက်နဲ.တောင်ခေါက်ချင်လာဘီ 🙂 🙂 🙂
    😛 😛

  • တာနော

    August 30, 2011 at 8:26 am

    😛 😛 မင်းက ဒန်ခွက်နဲ့ဆိုရင် ငါက လမ်းကြိတ်စက်နဲ့ကြိတ်မကွာ.. ညောင်းနေတယ်ကြားလို့ 😛 😛

  • တာနော

    August 30, 2011 at 8:29 am

    အော့အော် မေ့နေခဲ့လို့..
    မင်း ငရှုပ်လေးလဲ ပျော်ရွှင်ပါစေ…။

  • ရွှေဘိုသား

    August 30, 2011 at 9:47 am

    နောက်မကျပါဘူး ကိုရင်
    ရွှေဘိုသနပ်းခါးတယ်မွှေးဆိုပဲ….
    တယ်မှန်တဲ.မေးခွန်း
    ကြုံဖူးမှ သိမယ်
    ကြံချင်ရင် ရင်ခုန်တတ်မှဖြစ်မှာမို.
    ရင်မတုန်အောင် Gold Roast လေးတော. သောက်ခဲ.ပေါ.
    အပျိုမြင်ရင် ယုန်ခင် တဲ. တောက ကိုရင်ရယ်
    ပျော်ရွှင်ပါစေ…
    ရင်ခုန်ရင် ဆက်သွယ်ဖို. မေးလိပ်စာလေး ပေးခဲ.မယ်နော်
    zinmyonaung91@gmail.com

  • sai dra

    August 30, 2011 at 9:48 pm

    ကောင်းပါတယ် ကောင်းပါတယ်
    ကိုရင် ရေ ….
    ကောင်းပါတယ်ကောင်းပါတယ်

  • Tar Tay

    October 8, 2011 at 3:13 pm

    မြို့က ကိုရင်ဆို မလွယ်ဘူး ဟေ့

  • koyin

    March 3, 2013 at 10:47 am

    မြို့မှာက ကိုယ်တော်ပဲရှိ
    🙂

Leave a Reply