ဂေဇတ်အသုံးပြုနည်းလမ်းညွှန်-A Guide to Using Gazette

ဂ်စ္စူAugust 31, 20118min1856110

ဤဆိုဒ်ထဲတွင် ပို ့စ် တင်၊ ကွန့်မန့် ရေးဖို ့အတွက် အရင်ဆုံး ရွာသူား အဖြစ်
မှတ်ပုံတင်ရန် လိုအပ်ပါသည်။
ထို ့ကြောင့် Register အရင်လုပ်လိုက်ပါ။

-Register လုပ်ရန်
https://myanmargazette.net/wp-login.php?action=register
လင့်ခ်ကို နှိပ်၍ သော်လည်းကောင်း၊ ညာဘက် Side Bar က Register ဆိုတဲ့လင့်ခ်ကို
နှိပ်၍သော်လည်းကောင်း
Reg.1

သွားလိုက်လျင်..

Username,Email,password စသဖြင့် ကိုယ်ရေး အချက်လက်ဖြည့်တဲ့ နေရာရောက်ပါမယ်။
Reg2

– နာမည်ကြိုက်သလိုပေး၊ အီးမေးလ် မှန်အောင်ထည့်(Password မေ့ရင် Email မှတဆင့် ပြန်ယူလို့ရအောင်).
Password, First name, Last name, City အဆင်ပြေသလိုဖြည့်ပါ။
CJ အကွက်နေမရာမှာ ဖြည့်စရာမလိုပါ။
CAPTCHA အကွက်မှာ မြင်တဲ့စာသား ဂဏန်းအတိုင်း မှန်အောင်ဖြည့်ပါ။
ပြီးရင် Register ကိုနှိပ်ပါ။

Reg3

-Registration complete ပေါ်လာရင် မှတ်ပုံတင်ခြင်းပြီးပြီမို ့
ခုဏကဖြည့်ခဲ့တဲ့ username and password ဖြည့်ပြီး Log in လုပ်၍ ရွာသူ၊သား အဖြစ်
စာရေးခြင်း၊ကွန် ့မန့်ပေးခြင်းအလုပ်များ လုပ်ဆောင်နိုင်ပါပြီ။
finish

_________________________________________________________________

 

-Log In ဝင်ရန်

ဒါလေးများဆိုပြီး..မရယ်ပါနဲ ့နော့…ပြည့်ပြည့်စုံစုံရှိအောင် ဖော်ပြပေးတာပါ။

https://myanmargazette.net/ ကို ဝင်လိုက်တာနဲ ့ ညာဘက် ဘားမှာ In & Out အောက်မှာ Log In ရှိ ပါတယ်

 

ဒါမှ မဟုတ်.ပို ့စ်တစ်ခုဖတ်ရင်းနဲ ့လဲ ဝင်လို ့ရပါတယ်

ဒါမှမဟုတ်.ဒီအောက်ကလင့်ခ် မှတိုက်ရိုက် ဝင်နိုင်ပါတယ်။

https://myanmargazette.net/wp-login.php

 

မိမိအကောင့်ရဲ့ Dashboardhttps://myanmargazette.net/wp-admin/ သို ့ဝင်တာနဲ ့လဲ အတူတူဖြစ်ပါတယ်။

______________________________________________________________________________

 

-Dashboard မှာ ဘာလုပ်လို ့ရသလဲ

ဘာလုပ်လို ့ရသလဲဆိုတော့

All Posts ဆိုတာ မိမိတင်ပြီးခဲ့တဲ့ ပို ့စ်တွေ ပြန်ကြည့်ဖို ့ပါ

https://myanmargazette.net/wp-admin/edit.php

 

Add New ဆိုတာ ပို ့အသစ် တင်ဖို ့ပါ

https://myanmargazette.net/wp-admin/post-new.php

 

Library ကတော့ ရွာသူ/သားတွေ တင်ထားတဲ့ ပုံတို ့ဘာတို ့ရှိတဲ့ နေရာပါ

https://myanmargazette.net/wp-admin/upload.php

 

Add New ကတော့ ကိုတင်ထားချင်တဲ့ ဖိုင်၊ဓာတ်ပုံ စသည် တင်လို ့ရပါတယ်

https://myanmargazette.net/wp-admin/media-new.php

 

Comments ကတော့ ရွာသူ/သားတွေ နောက်ဆုံးရေးခဲ့တဲ့ မှတ်ချက်တွေ အကုန် ကြည့်ဖို ့ပါ

https://myanmargazette.net/wp-admin/edit-comments.php

_____________________________________________________________________

 

-Profile ကတော့

သင့်ရဲ့ Nick name,Contact Info ,About Yourself ,Avatar တို ့ကို ပြင်ရန်ဖြစ်ပြီး Password တွေဘာတွေပြောင်းချင်လဲ အဲဒီကိုသွားပြီးပြောင်းလို ့ရပါတယ်။

ပြီးရင်တော့ Update Profile ပေါ့.။

https://myanmargazette.net/wp-admin/profile.php

_____________________________________________________________________

 

CubePoints ကတော့ သင် Log in ဝင်လို ့၊စာရေးလို ့၊ကွန်းမန် ့ပေးလို ့ရထားတဲ့ ပွိုင့်တွေကို ကြည့်ဖို ့ဖြစ်ပါတယ်။

https://myanmargazette.net/wp-admin/admin.php?page=cp_modules_mypoints_admin

 

– ပို ့စ်တစ်ခု အသစ်တင်ရန်

Dashboard သို ့ရောက်ပြီးသားဆိုရင် အောက်မှာပြထားတဲ့အတိုင်း Add new မှတစ်ဆင့် တင်နိုင်သလို

 

 

အပေါ်ဘားတန်း(Admin Bar)ရှိ Add new>Post မှတစ်ဆင့်လဲ တင်နိုင်ပါတယ်

 

ဒီလင့်ခ့် https://myanmargazette.net/wp-admin/post-new.php ကိုနှိပ်၍လဲ တိုက်ရိုက် တင်နိုင်ပါတယ်။

 

 

တင်တဲ့အခါ Visual နဲ ့ HTML  နှစ်ခုရှိရာမှာ အလွယ်ဆုံးကတော့ Visual ကို ကလစ်နှိပ်ပြီး စာရေးတာက အကောင်းဆုံး ဖြစ်ပါတယ်။

HTML နဲ ့တင်ရင်တော့ ကုဒ်တွေနဲ ့ဖြစ်ပြီး စာအရှိအတိုင်း မပြလို ့ ရှုပ်သွားနိုင်ပါတယ်။

_____________________________________________________________________________

 

– ဓာတ်ပုံ Upload တင်ရန်

ဓာတ်ပုံတင်တာကတော့ အောက်မှာဝိုင်းပြထားတဲ့ ပုံလေးကို ကလစ်နှိပ်လိုက်ရင်

 

ကွန်ပျူတာထဲကပုံ၊ဒါမှမဟုတ် ဓာတ်ပုံ URL.၊ သို ့မဟုတ် Media Library ဆိုပြီးရှိရာမှာ

သင့်တော်ရာရွေးပြီး တင်နိုင်ပါတယ်။

 

ပြီးလျင် သင့်တော်ရာ ခေါင်းစဉ်တပ်၊ရေးချင်ရာရေး ပြီးရင်တော့ ညာဘက်အောက်နားမှာလဲ မိမိရေးတဲ့စာနဲ  ့ သင့်တော်ရာ Category ကိုရွေး၊မှတ်မိလွယ်မဲ့ Tag ထည့်

သေချာအောင် အားလုံးပြန်စစ်၊အိုကေ.ပြီးပြီဆိုလျင်တော့ ညာဘက်နားမှာရှိတဲ့ Public ကိုသာ နှိပ်လိုက်ပါတော့။

ဒါဆိုလျင်တော  “ဖွတ်”ကနဲဆို ့ သင့်ရဲ့ လက်ရာ ဂေဇတ်ပေါ်သို ့ရောက်ရှိသွားပါပြီ။

___________________________________________________________________

 

– စာဖတ်ခြင်း

၁) ပို့စ်အောက်ဆုံးနားမှာ Related posts: ဆိုတာရှိပြီး..အဲဒီကနေ တင်ထားတဲ့ပို့စ်နဲ့ သက်ဆိုင်တာတွေရှာဖတ်နိုင်ပါတယ်..။

၂) အပေါ်ခေါင်းစဉ်( Title)အောက်ကပ်ရက်မှာ.. Posted by xxxxx on Aug 23, 2011 in Aung San/Aung San Suu Kyi, History | xx comments ရှိပြီး အဲဒီက.. Category > Aung San/Aung San Suu Kyi ကို ကလစ်လုပ်၊ ဆိုင်တဲ့ Category အောက်ကစာတွေရွေးဖတ်နိုင်ပါတယ်..။

သို ့မဟုတ်…

ဒီအောက်ကပုံထဲကလို ့ Button လေးတွေကလစ်ထောက်ပြီး ကြည့်ချင်တဲ့ Click လိုက်ယုံပါပဲ။

***************************

၃) စာရေးသူအကြောင်း (About xxxxxx) အောက်နားလေးမှာ View all posts by xxxxxxx →ဆိုတာကို ကလစ်လုပ်ပြီး အဲဒီစာရေးသူတဦးထဲက ရေးခဲ့တဲ့..စာတွေအကုန် တစ်စုတစ်ဝေးထဲပြန်ဖတ်နိုင်ပါတယ်..။

၄) အပေါ်ညာဖက်ထောင့်က (Search )မှာမှတ်မိသလောက်. ခေါင်းစဉ်စာသားကို ရိုက်ထည့်ပြီး တက်လာတဲ့ပိုစ့်တွေထဲကရွေးဖတ်နို်င်ပါတယ်.. (Credit @ သဂျီး)

____________________________________________________________________________

 

– Comment ရေးခြင်း

ကွန်းမန် ့ရေးရာမှာ ပုံထည့်ရေးလို ့မရပါ..သဂျီးက စာလုံးချည်ပဲ ရေးခွင့်ပြုထားပါတယ်။

တစ်ခုရှိတာက..ဒီလို

အထူ = < strong >အထူ< /strong >
အစောင်း = < em >အစောင်း< /em >
ဖျက်တာ= < del datetime=”2011-08-26T10:14:08+00:00″ >ဖျက်တာ< /del >>

< strong >အထူ< /strong > နောက်က စပေ့ ထားတာကို ဖျက်လိုက်ပါ..။ ကုဒ်ပေါ်အောင် စပေ့ထားပေးထားတာပါ..။(Credit @ သဂျီး)

ကွန်းမန် ့တွေဘေးက + အနီတွေ၊+အပြာတွေကတော့ အောက်မှာဝိုင်းပြထားတဲ့ ဘဲဥပုံ

ကို မောက်စ် ကာဆာနဲ ့ထောက်လိုက်ရင် Was this answer helpful? ဖိုပြီး Box တစ်ခုပေါ်လာပါလိမ့်မယ်

+ နဲ ့ – ရှိရာမှာ အကျိုးရှိမယ်ထင်တဲ့စာဖြစ်နေရင် + ကိုနှိပ်နိုင်ပြီး

လျှောက်ရွှီးထားတဲ့ ကွန်းမန် ့ဆိုရင်တော့ – ကိုနှိပ်နိုင်ပါတယ်။

 

****************************************************************

 

– ဖိုရမ်အသုံးပြုခြင်း

ဖိုရမ်ကိုသွားဖို ့အတွက် ဆိုဒ် ညာဘက် အပေါ်ဆုံးမှာစာလုံးအဖြူအကြီးနဲ ့ Forum ဆိုပြီးရေးထားပါတယ်

ဖိုရမ်မှာတင်တဲ့ပို ့စ်တွေကို ညာဘက် ဆိုဒ်ဘားရှိ Recent Forum Posts အောက်မှာ ဖော်ပြထားပါတယ်

https://myanmargazette.net/forum

 

တောင်းပန်စာ၊ ကျေးဇူးတင်လွှာ ကြော်ငြာများ၊ထွေရာလေးပါး၊ပေါ့ပေါ့ပါးပါး၊ကော်ပီများကိုတော့

ဖိုရမ်မှာ အနီးစပ်ဆုံး Category ကို ရွေးပြီး  ရေးနိုင်ပါတယ်။

________________________________________________________________________

 

 Comment တွင် Smiley Icon ထည့်သွင်းခြင်း

အောက်ပါ ပုံတွင် ကြည့်ပါ

Smiley Icon

 

 

* Link  နှင့် အိုင်ကွန်အသုံးပြုနည်း အနည်းငယ် ပြင်ထားပါတယ် သဂျီးရေ။ *

 

110 comments

    • inz@ghi

      December 10, 2011 at 11:05 am

      ခန စတစ်ကီလားဗျာ အဲဗား စတစ်ကီထားရမှာ…
      သူများဖိုလမ်တွေ ဆိုက်တွေမှာ ဒါမျိုးဒွေက အဲဗား ထိပ်ဆုံးကဗျ…

      ကျုပ်တောင် ရွာသားဘွ မခံယူခင်က သည်ပိုစ့်ကို ဖတ်ပီး အတော်သဘောကျသေး…
      (နောက်မှ ကျုပ်ဘော်ဒါကြီး ဖြစ်လာမယ့် ကပေါက်ဖော်မှန်း သိ နေတာကိုး..)

      ခုတော့ သိဘီဆိုတော့ မန့်ဘီ…
      အဲ့သည်တုန်းက ရွာသားလုပ်ဖို့ စိတ်ကူးမရှိသေးပါ…
      သည်လိုမျိုး … တဲ့ဂျွန်းရှော် ဆိုတာ သဂျီးလုပ်သင့်တဲ့ တာဝန်တရပ်…
      ကပေါက်ဖော်က သက်သက် စေတနာ သန့်သန့်နဲ့ ဗော်လန်ဒီယာ လုပ်သွားတာ..
      Screen shot တွေကို သည်လို ဝိုင်းပြ လုပ်ပြဖို့ ဘယ်လောက် stepတွေဖြတ်ရတယ်
      ဘယ်လောက် ဒုက္ခခံရတယ်…ဆိုတာ သဂျီးသိပါတယ်….

      တချိန်က ဂေဇက် တံခါးမှူးလေးအား
      လေးစားစွာ ဂုဏ်ပြုရင်း…

      • ကိုရင်စည်သူ

        January 26, 2012 at 1:43 pm

        မစ်စတာဂီ့ ပြောဒါကို အပြည့်အဝထောက်ခံပါဒယ်… သဂျီးခင်ည..
        စိန်ပေါက်ပေါက်… တခုချင်းစီ ရှင်းထားတာ… ဂျပန်ခေတ်မှာ မယားကြီးထားရသလို
        အရမ်း ရှင်းရှင်းလင်းလင်းကြီး ဖြစ်နေတဲ့အတွက် ဗော်လိန်တီယာ စိန်ပေါက်ပေါက်ဟာကို
        အမြဲတမ်း စတစ်ကီလုပ်ဖို့ တောင်းဆိုးပါတယ်ခင်ည…
        သူရေးတာတွေကိုကြည့်ရင် ရွာကို သူဘယ်လောက်ချစ်တယ်ဆိုတာ..
        ကိုရင်တော့ ခံစားမိပါတယ်ခင်ည…

        ဂေဇက်ဗော်လိန်တီယာဘီအီး တံခါးမူးလေးအား
        လေးစားစွာ ဂုဏ်ယူရင်း…
        ကိုရင်စည်သူ (ပယင်းရောင်)

  • manawphyulay

    August 31, 2011 at 9:50 am

    ဟုတ်ကဲ့ပါ ဆာ… ဆာ ကျောတာတွေ မှတ်ပြီး လုပ်ကြည့်ပါမယ်။ ခုလိုပြောပြပေးတဲ့အတွက် မီးမီးတို့လို နည်းနည်းပိန်းတဲ့သူတွေအတွက် အရမ်းအဆင်ပြေပါတယ်ရှင်။

  • ဆူး

    August 31, 2011 at 10:19 am

    ပေါ်ဖောက် ရဲ့ စာ သိပ်ကောင်းနေလို့..
    သဂျီးမှ နေပြီး ပွိုင့် ၅၀၀၀ဝ တခါတည်း ချီးမြှင့်မည် ဖြစ်ပါသည်။
    ကိုယ်တိုင် ကိုယ်ကျ လာရောက် ထုတ်ယူပါရန် စာပို့တဲ့ ဖိတ်စာ စာတိုက်ပုံးမှားပြီး ဒီကို ရောက်လာလို့ သိအောင် ရေးပေးတာနော်..
    လေယာဉ်စရိ်တ်နဲ့ တခြား ကုန်ကျစရိတ်များ လုံးဝ တာဝန်ယူမည် မဟုတ်ပါ။
    မှတ်ချက်။ ။ ကိုုယ်စား လုံးဝ ထုတ်မပေးပါ။ ပွိုင့်ကိုလည်း လွဲပြောင်းမပေးပါ။

    • ပေါက်ဖော်

      August 31, 2011 at 12:01 pm

      အမလေး..
      ၅ ပုလင်း..ဟုတ်စ..?

      ဂစ်..ဂစ်..ဂစ်….{တဂျီးတက်သွားလေပြီ..သံပုရာသီး ပေးလိုက်ပါ 😛 }

      အောက်က ဖိုက်တာ အီးတုံးတော့
      ကွန်နက်ရှင်မကောင်းရတဲ့ကြားထဲ.. Login နှစ်ခါ လုပ်ချင်နေပြန်ဘီထင်ပါ့ 😀

      • ဆူး

        August 31, 2011 at 6:00 pm

        သဂျီး တက်ပါ့မလား.. အရက်သမားလေး ပေါက်ဖော်.. မူးနေလို့ သေချာ မမြင်ဘူး ထင်တယ်။ အဟိ…
        ကိုယ်တိုင် လက်ရောက်ပေးမှာလေ.. လက်မှတ်ဖိုး ကိုယ့်ဟာကိုလေ.. သိဘူးလား။
        ဟွန့်.. ဒါလေးတောင် ရှင်းပြနေရသေးတယ်။ 😀

  • etone

    August 31, 2011 at 11:46 am

    log in လုပ်တာက ဒီအတိုင်း ဟုမ်းပေ့ချ်ကဟာကို လော့အင်လုပ်လျှင် ဒက်ချ်ဘုတ်ထဲ တန်းရောက်သွားပြီး … ပို့စ်တစ်ခုကို ဖွင့်ပြီးမှ အောက်ဆုံးက log in ဝင်လုပ်လျှင် ပိုအဆင်ပြေတာတော့ သတိထားမိတယ် 😛

  • အမှတ်(၂)ရပ်ကွက်သား(ခ)လူမုန်း စစ်မုန်း

    August 31, 2011 at 2:21 pm

    ဟုတ်ပီဗျို ့ပေါက်ဖော်။ခများကိုဂါသွားပီ။ငါက မလုပ်တတ်လို ့ဟိုမေးဒီမေးလဲ မလုပ်ရဲ ဘူးကွ။ငါတို ့ဆီမှာ
    အတို ့အထောင်တွေပေါတယ်ကွ။ဟားဟား-ခုတော့အိုကေပြီ။

    • ရဲအောင်

      August 31, 2011 at 3:37 pm

      ဆရာကြီး လူမုန်း စစ်မုန်း ခင်ဂျား…… ကြည့်လဲလုပ်ပါခင်ဂျား…. နာရို့ကြောက်လွန်းလို့ပါဂျာ..
      ကွန်ကျူတာရှိတဲ့တူတွေ..အားလုံးကျေးနေရမှ ဖြင့်….
      အနော်တို့ကို တနားပါခင်ဂျာ..
      နာတို့မြို့ကလဲ အလွန်ရှုပ်လှပါသဘိနဲ့… 🙄

  • char too lan

    August 31, 2011 at 2:52 pm

    ကျေးဇူးတင်တယ်ဗျာ ..
    ကျနော် စသုံးတုန်းက ကက်တီဂိုရီ ဆိုတာကိုလုံးဝမတွေ ့ဘူး
    အရင်က ဆိုက်အဒက်မင်ထဲဝင်သွားရင် ညာဘက်ထောင့်မှာပေါ်နေတဲ့
    နေရာလေးကနေတင်လို့ရတော့ အဲ့ကပဲတင်ဖြစ်နေတာ ခုလဲပြောပြောနေကြတဲ့ ဖိုရမ်ဆိုတာကို မသိဘူး 😀
    မနှစ်တုန်းက လေးပေါက်ရဲ ့ ပိုစ့်အလွယ်တင်နည်းဆိုတာလေးပဲ ကြည့်ကြည့်သုံးနေတာ ပိုစ့်လဲမတင်ဖြစ် မဝင်တာလဲကြာ ပုံစံကလဲ ခဏခဏပြောင်းပြောင်းသွားတော့ လိုက်လို့ကိုမမီတော့ဘူး @_@

  • sanaythalay

    August 31, 2011 at 9:00 pm

    ဆိုင်လားတော့မသိဘူး မေးစရာလေးရှိလို့ပါ ကျနော်က CDMA800Mhz ဖုန်းနဲ့ မန်းတလေးဂေဇက် ကို ဝင်တာပါ ခဏခဏ login ပြန်ပြန်လုပ်နေရပါတယ် ပို့စ်နှစ်ခုသုံးခုလောက် ဖတ်ပြီးရင် logout ဖြစ်သွားပါတယ် သိသူများရှိရင် ပြောပေးပါအုံးဗျာ

  • thihayarzar

    August 31, 2011 at 10:58 pm

    video file နှင့် ဓာက်ပုံ အများအပြားတင်ခြင်းကို ရှင်းရှင်းလင်းလင်း သိချင်ပါတယ် … ဖြစ်နိုင်မယ်ဆိုရင် တစ်ဆင့်ခြင်းပြောပြပေးပါ ….. ကျွန်တော်မှာ တင်ဖို့အတွက် အများကြီး ရှိပါတယ် ….. ကျေးဇူးတင်ပါတယ်

    • ပေါက်ဖော်

      September 1, 2011 at 10:29 am

      ဓာတ်ပုံတင်တာအပေါ်မှာ “ဓာတ်ပုံ Upload တင်ရန်”ဆိုပြီး ပုံနဲ ့လဲ ပြထားတယ်ခင်ဗျ..
      From Computer,From url,Media Library ဆိုပြီးရှိပါတယ်

      ဗွီဒီယိုက ဓာတ်ပုံဘေးက ကပ်ရပ်မှာရှိပါတယ်.
      Mouse Cursor နဲ ့ ထောက်ကြည့်ရင် Add an Image,Video,Audio ဆိုပြီး ပေါ်ပါတယ်

      အခုတလော Youtube ပြန်ပွင့်နေပြီမို ့ Youtube မှာ upload သွားတင်ပြီး
      Link ပြန်ပေးလဲ ရပါတယ်

  • thihayarzar

    August 31, 2011 at 11:26 pm

    တင်ပြီးသားပို့စ်ကို စာထပ်ဖြည့်ပြီးတော့ update လုပ်ရင် အသစ်ပြန်ဖြစ်လား … ပေါ်အောင်ဘယ်လိုုလုပ်ရမလဲ …………….

    • kai

      September 1, 2011 at 1:00 am

      အင်း..အဲလိုလုပ်လို့ရရင်.. သူကြီးလဲဒေဝါလီခံရမှာပဲ..။
      စာတလုံးရေးလိုက်.. update လုပ် ..အသစ်တင်လိုက်နဲ့..ပေါ့..။ 🙂

      • windtalker

        September 4, 2011 at 3:00 pm

        သူကြီး ရေ
        မလိုင်မုန် ့စားတဲ့ ဒေဝါလီ ပွဲ မနွှဲရအောင်
        များများပြောမယ် ပို ့စ် ကို
        တစ်ခု ထပ်မတင် ဘဲ
        အက်ဒစ်ပဲ လုပ်လိုက်တယ်နော်
        ဟီဟိ

        • mgmglusoe

          September 6, 2011 at 10:41 am

          သူကြီးခင်ဗျား…
          ခု လာရောက်တိုင်တန်းလျှောက်အော်နေပါသော maythakhin ဆိုသူ မိန်းကလေး( ယောင်္ကျား
          လေး ခွဲခြားမရပါသော သူ) မှာ တခြားသူ ပုို့စ် အတွင်းဝင်ရောက်၍ ( စောက် ) နှင့် စော်ကား
          သွားပါသည်၊ ၎င်း၏ စော်ကားခြင်းမှအစပြုပြီး ပွဲဆူသွားပါသဖြင့် ပို့စ် အား ပိတ်သိမ်းသည်အထိ
          ဖြစ်ခဲ့ရပါသည်၊ ထို့ကြောင့် သူ၏တစ်ဖက်သတ်ပြောဆိုခြင်း အပေါ် တစ်ဖက်သတ် ဘက်လိုက်၍
          တစ်ဖက်သတ်အရေးမယူသင့်ပါကြောင်း တင်ပြလိုပါသည်။ အမည်တပ်၍ စော်ကားခြင်းမှာ
          maythakhin မှ အစပြု၍ စော်ကားခြင်းဖြစ်ပါကြောင်း ကို ပိတ်သိမ်းထားသောပို့စ်အားပြန်လည်
          ကြည့်ရှုခြင်းဖြင့် သိန်ိုင်ပါသည်သူကြီးခင်ဗျား ၊။

  • ရွှေအိမ်စည်

    September 1, 2011 at 11:40 am

    ပေါက်ဖော်…
    တကယ်ဆိုရင်…ရွာပြင်အကြောင်းလေးပါရေးပါလား…
    မုန်းတယ်မုန်းတယ်…..နော်….
    ရွာပြင်မှာကျက်စားနေကြတာချင်းတူတူ……

    ရွာပြင်အကြောင်းလေးဘာလေးရေးမလားစောင့်ကြည့်နေတာ…..
    ရွာပြင်ဆိုတာဘာလဲ…ရှင်းပြလေ…
    တင်းတယ်နော်……..
    တင်းနေတယ်….

    • ပေါက်ဖော်

      September 5, 2011 at 11:19 pm

      ခုတော့…
      ကျက်လဲ စားစရာမရှိ..မြက်လဲ စားချာမချိပဲ ထိပ်ထားရေ့….
      ဖိုရမ်လဲ ဂန် ့ကြောဆွဲနေပြီ..ဆိုတော့..
      ပေါ့ပေါ့ပါးပါး ပြောချင်တာလဲ ပြောမထွက်တော့ပါဘူး..
      ထုံစံအတိုင်း ဂလုတာပဲ ကောင်းပါရဲ့ဗျာ…

      ချီးယား..မေပေါင်ရေ့..
      ကျုပ်တစ်ယောက်ထဲ ဂလုပြီဗျ

      😀

  • blackchaw

    September 1, 2011 at 4:24 pm

    ဒီလိုအသေးစိတ်ရှင်းပြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ တကယ်ပြောတာပါ။ ဓါတ်ပုံကို ဘယ်လိုတင်ရမယ်ဆိုတာ မသိသေးသူတွေ အများကြီးရှိနေပါသေးတယ်။ ဒီစာတစ်ပုဒ်ထဲနဲ့ ခင်ဗျားကို အထင်ကြီးသွားပြီဗျို့။

  • ပေစုတ်စုတ်

    September 2, 2011 at 11:29 am

    ဘကြီးပေါက်ဖော်.. တစ်ခုလောက်မေးချင်လို ့ခင်ဗျ .. comment deletion ဆိုရင် အဖျက်ခံလိုက်ရတဲ့ ကွန်းမန့်ကို ပြန်ကြည့်လို ့ရနိုင်မလားခင်ဗျ .. အဲဒါမှနောက်နောင်ဆင်ခြင်နိုင်အောင်လို ့..

    • ပေါက်ဖော်

      September 2, 2011 at 2:23 pm

      ဖျက်ထားတာက သူကြီး တစ်ယောက်ပဲ ကြည့်လို ့ရတယ်ခင်ည
      ပြီးဒေါ့..
      ပို ့စ်၊ကွန်းမန် ့တွေကို ဖျက်တာလဲ သဂျီးတစ်ယောက်ပဲ ဖျက်လို ့ ရသဗျ
      အဟီး.. 😀

      • ဆူး

        September 4, 2011 at 1:18 pm

        နည်းလမ်း ရှိတယ် မပြောပြဘူး။

        • ပေစုတ်စုတ်

          September 10, 2011 at 9:49 am

          သိရင်ပြောပြပါခင်ဗျာ….

  • Nan Shin

    September 3, 2011 at 5:14 am

    ကိုပေါက်ဖော်ရေ………..လုပ်ပါဦးဗျာ………။
    နောက်လဲဒါမျိုးလေးတွေ ဖတ်ချင်သေးတယ်။
    ကျနော်တို့ ဒါမျိုးအကောင်လိုက်ပြမှ အရိပ်လောက်မြင်နိုင်သူတွေဆိုတော့လေ……….။

  • winkyawaung

    September 3, 2011 at 3:35 pm

    သတင်းရေးသားနည်း အသေစိတ် ပို့စ်လေးကို ရှာတင်ပေးကြပါအုံး..။ သတင်းစာပညာသင်တန်းမှာ ဆရာအဖြစ် သွားသင်ကြားချင်လို့ပါ..။ နည်းလမ်းတကျ မပြောတတ်လို့ပါ..။

  • ဆူး

    September 4, 2011 at 1:21 pm

    ဖိုရမ်ကြီး မရှိတော့ပါဘူး။
    ကြွသွားပြီလား မသိဘူး။
    မနေ့ကပဲ ရေးထားတာ ၈၁ခု ရှိတယ်နော်.. ပျောက်သွားရင် သဂျီး ပြန်လျှော်ရမယ်။
    လွတ်တော် အမတ်တွေကို တိုင်ကြားပြီး တရားစွဲမယ်။ လျှော်ကြေးတောင်းမယ်။
    😀

    • manawphyulay

      September 4, 2011 at 2:32 pm

      ဖိုရမ်ကြီးဘယ်ရောက်သွားတုန်း…….. သူများ ပိုစ့် ၁၄၄ ခုရှိတယ်နော်..

      ပျောက်သွားလို့ကတော့ အော်ငိုမှာသိလား….

      တဂျီးနော် ဘာတွေလုပ်နေပါလိမ့်။ ဆိုက်ကလည်း ဒေတာဘေ့အယ်တာခဏခဏပြတယ်။

      ဟွန်းနော် လူဆိုး….ဂျီး 🙁

      • kai

        September 6, 2011 at 1:21 am

        ဆာဗာအရမ်းလေးနေတာကြောင့်.. Troubleshooting လုပ်ဖို့..ခဏပိတ်ထားတာပါ..။
        ဘယ်နေရာက..အယ်ရာတက်နေသလည်းသိချင်လို့..
        အခုပြန်တင်ပေးထားပါတယ်..။

        ကြည့်ရတာ..ရွာသားတွေ.. ပို့စ်အဟောင်းတွေ .. (Search ) လုပ်ကြပုံပေါ်တယ်..။
        အဲဒီလို… ၃-၄ယောက်လောက်လုပ်လိုက်ရင်.. ဝက်ဘ်ဆိုက်တခုလုံး… လှုပ်မရ..ပြုမရဖြစ်ရောပဲ..။

        ရွာသားများ.. Search လုပ်တာ..အလွန်မလွှဲသာမှ လုပ်ကြစေလိုပါကြောင်း….။

  • myuehninset

    September 5, 2011 at 9:29 am

    Comment ဝင်ပေးတာမရလို့ပါ အကျိုးအကြောင်းသိချင်ပါတယ်

    • ပေါက်ဖော်

      September 6, 2011 at 11:33 am

      ဘလိုမရတာလဲ ဟင်..
      တူပဲ ခုလေးတင်ဝင်မန်းသွားပြီးတော့
      နောက်ရဘူးနော်

  • ရွှေအိမ်စည်

    September 5, 2011 at 11:33 pm

    သူကြီးရေ…နေစရာမရှိတော့ဘူးနော်…သူကြီးကိုလည်းစိတ်မချတော့ဘူး…
    ကျနော့်စာတွေ ထဲ ကမဟာဂီတကအရေးကြီးဆုံးဘဲ….

    ကျနော်မသိမ်းထားမိဘူး…..

    တော်ပြီ..နောက်ဆိုကိုယ့်မာတီမှာဘဲကျနော်တနေ့ကုန်ထိုင်တင်နေရတယ်..

    ပိုက်ဆံပြတ်တာလားသူကြီးရ….
    ကျနော်ပွိုင့်တွေ အကုန်ပေးတယ်နော်…ပြန်လုပ်ပေးပါ

    ရွာသူနေစရာမရှိပါ

    ပေါက်ဖော်ရေ…..(စာကြွင်း…လွမ်းတယ်..ရွာပြင်ကို)

  • alinsett

    September 7, 2011 at 7:51 pm

    ကျေးဇူး အထူး အထူး တင်ပါကြောင်း

  • whitestar

    September 12, 2011 at 3:22 pm

    ခုမှဒီ ရွာထဲကို register လုပ်ပြီး ဝင်လာတာပါ
    ဒီနေ့မှ စောနတင် ပို့စ်တစ်ခုတင်တာ အဲဒါ copy/paste ဆိုပြီး categories
    ကပါသွားတယ် အဲဒါရင်တွင်းခံစားချက်စစ်စစ် ချရေးထားတာ ဘယ်နှယ့်လုပ်ကမတုန်း
    မကော်ပီ ဘူး ဘယ်လိုပြန်ပြင်ရင် ရမတုန်း ဂျ

    • ပေါက်ဖော်

      September 12, 2011 at 3:37 pm

      ဘယ်ပို ့စ်လဲ မသိ..
      သဂျီးလာရင် ပြင်ပေးလိမ့်မယ်…

      ဒါမှမဟုတ်.
      ဒီလင့်ခ် http://myanmargazette.net/wp-admin/edit.php ကိုသွား ကြည့်
      ပြီးရင်
      အကို ့တင်ခဲ့တဲ့ ပို ့စ်တွေတွေ ့လိမ့်မယ်
      အဲဒီမှာ
      Quick Edit ဆိုတာရှာ..ပြီး နှိပ်..
      အဲဒီမှာ..Category,Tag ဘာညာ ပြင်ပြီး Update လုပ်ပေရော့..

      ကျနော်ပြောတဲ့ Quick Edit ဆိုတာမတွေ ့သေးရင်တော့..ကိုယ့်ပို ့စ်တွေ ပြန်ပြင်ခွင့်ရအောင်
      အချိန်တစ်ခုတော့ စောင့်ရလိမ့်ဦးမယ်..ခင်ည

      • မောင်ရေချမ်း

        September 12, 2011 at 8:41 pm

        အနော့ တောသားကြီးအင်တာနက် ကို လည်းပြင်ချင် သဗျ… Quick Edit ဆိုတာတော့ မတွေ့ဖြစ် နေတော့ အနော်လည်း ညစ်သဗျ…. ကူညီပါဦး…ကာလာလေးချိန်းရုံ လေးပါ။။

        • ပေါက်ဖော်

          September 12, 2011 at 8:53 pm

          မတွေ ့ဘူးဆိုရင်တော့..မတွေ ့ဘူးလို ့မှတ်ပေရော့.. 😀
          အနော်လဲ ဘာမှ မတိဘဲ ရမ်းသမ်းပြောနေရတာ..ရှက်ချာကြီး..

          သဂျီးပြောဖူးတာကတော့ ရွာသက်ရင့်တဲ့လူတွေပဲ လောလောဆယ် Edit လုပ်ခွင့်ရှိတယ်ဆိုပဲ
          လူစုံ Edit လုပ်ရင် ပွိုင့်စစ်စတမ် ကြောင်ပြီး ရံပုံငွေတွေ minus ရင် သဂျီးလဲ သနပ်ခါးလိမ်းပြီး
          ညဘက် လမ်းလျှောက်ရလိမ့်မယ် ဆိုလားပဲ.. အဟီ 😛

          အောက်မှာပြောထားသလိုပဲ
          ( ပြင်ပေးလိုက်ပါတယ်..။ နောက်ဆိုသတိထားပါဂျ… 🙂 )
          ပေါ့ဂျာ..
          😀

    • kai

      September 12, 2011 at 3:39 pm

      ပြင်ပေးလိုက်ပါတယ်..။ နောက်ဆိုသတိထားပါဂျ… 🙂

  • whitestar

    September 12, 2011 at 5:51 pm

    ဟုတ်ကဲ့ပါ ဂျ သတိထားပါ့မယ် မကျွမ်းကျင်သေးလို့ပါ ဂျ ကျေးဇူးပါ ဂျ

  • zawmaung

    September 13, 2011 at 9:43 pm

    How can I use Myanmar font? I don’t see font change tools bar .Please advise. Thanks.

      • MaMa

        September 14, 2011 at 8:14 am

        မြန်မာဖောင့်ရိုက်နည်း သိလိုသူများအတွက် http://www.planet.com.mm/fonts/zawgyi_keyboard_map0.4.gif အဲဒီလင့်ခ်ကနေ ဇော်ဂျီကီးဘုတ်ကို ကြည့်ပြီး ရိုက်နိုင်ပါတယ်။
        ဇော်ဂျီကီးဘုတ် ကို အလွယ်တကူ သိနိုင်အောင် စာလုံးပေါင်းစစ်ရန်လိုမျိုး ထည့်ပေးရင် ကောင်းမယ် သဂျီးရေ။

    • MaMa

      September 14, 2011 at 8:31 am

      zawmaung ရေ ဇော်ဂျီဖောင့်ကို install လုပ်ထားရင် Shift+Ctrl ကို တွဲနှိပ်လိုက်ပြီး မြန်မာဖောင့်နဲ့ အင်္ဂလိပ်ဖောင့်ကို အလွယ်တကူပြောင်းလို့ ရပါတယ်။

  • zawmaung

    September 14, 2011 at 9:40 am

    Thanks a lot to all . I will try .

  • zawmaung

    September 14, 2011 at 9:54 am

    ်မမ ရေ ကျေးဇူးပါ။ shift+ctrl ပြောင်းဖို့လိုနေတာ ။ အခုတော့ မြန်မာလို မြန်မြန်ရိုက်တတ်အောင် ကျင့်ရဦးမယ်။

    • MaMa

      September 16, 2011 at 7:47 pm

      ဝမ်းသာပါတယ် zawmaung ရေ။ ဒါမှပဲ စာဖတ်ရင် အဘိဓာန် တစ်ယောက်စာ ရှာရ သက်သာသွားတာပေ့ါ။ 😉

  • ဆူး

    September 16, 2011 at 1:20 pm

    ကွန်မန်းတခု ရကျပ်ကနေ ၅ကျပ် ဖြစ်သွားပါကြောင်း သတင်းပေးပါသည်။

  • whitestar

    September 16, 2011 at 2:58 pm

    မမ ဘာလို့ ကွန်မန်းက ဈေးကျသွားတာလဲဟင် ဒေါ်လာဈေးကျလို့လား

  • ဆူး

    September 16, 2011 at 6:49 pm

    လေပေါတဲ့ လူများလို့ ဈေးကျသွားတာ..

  • ဆူး

    September 16, 2011 at 7:13 pm

    [url=http://yoursmiles.org/t-emb.php?page=1][img]http://yoursmiles.org/tsmile/emb/t1814.gif[/img][/url]

    ဘယ်ဟာ ပုံပေါ်လဲ စမ်းတာ

  • ဆင်စီးတဲ့ ဘုရင်ကြီး

    September 16, 2011 at 9:45 pm

    လှုပ်စိ လှုပ်စိ ပုံရအောင် မနည်း ရှာကြံယူရတယ်။

  • zinpoe

    September 16, 2011 at 9:51 pm

    ရွာထဲက အကိုကြီးတို့ အမကြီးတို့ရေ ရွာလည်နေပါတယ်…..

  • မောင်ရေချမ်း

    September 17, 2011 at 12:57 pm

    ကယ်ကြပါဦးဗျာ…ရေချမ်းရေအိုးထဲရောက်ပြီးအခက်တော့ တွေ့ပြီ….. စေ့စေ့တွေး ၍ စေ့စေ့ထင် ဘလော့ တင်တာ ၁ ခု မရလို့ နောက် ၁ ခုထပ်တင်တယ်..၂ ခုလုံး တန်းလန်းနဲ့ ကန့်လန့် ဇတ်လမ်းသွားနေပြီ…သူကြီးရေ….၂ခုလုံးကို ဖျက်သာပလိုက်ပါဗျာ….ကျွန်တော် မလုပ်လည်းပဲ ကွန်မန့် က အော့ဖ် ဖြစ်နေပြီ…ဟင့်…ကျုပ်မနိုင်တော့ သူကြီး မ ‘ ပါဦးဗျာ…..

  • chityimhtoo

    September 19, 2011 at 11:55 am

    ကျွန်တော်တို့ ပိုစ့်တွေဘယ်လိုမှတင်လို့မရပါဘူးခင်ဗျာ.categories ရွေးတင်တာဘဲမရဘူး။နည်းနည်းခက်ခဲနေသလိုဘဲ

  • chityimhtoo

    September 19, 2011 at 12:09 pm

    ကျွန်တော်ပိုစ့်တွေဘယ်လိုမှတင်လို့မရပါဘူးခင်ဗျာ။ category ရွေးတင်တာဘဲ ဘယ်လိုမှအဆင်မပြေဘူးဖြစ်နေတယ်။

  • chityimhtoo

    September 19, 2011 at 12:12 pm

    ကျွန်တော်ပိုစ့်အသစ်တွေဘယ်လိုမှတင်လို့မရပါဘူး။category ရွေးတင်တာလည်းမရပါဘူး။ဘယ်လိုလုပ်ရမလည်းခင်ဗျာ

    • ပေါက်ဖော်

      September 19, 2011 at 12:23 pm

      ခုတောင် မရဘူးဆိုပြီး ကွန်းမန် ့ ၃ခုတက်လာတယ်လေ..
      ပို ့စ်တင်ချင်ရင် စိတ်ရှည်ရှည်ထားပြီး တင်ဗျ
      မလောပါနဲ ့..
      ပြည်တွင်းနတ်က သိတဲ့အတိုင်းပဲ..

  • manawphyulay

    September 19, 2011 at 2:42 pm

    ဦးပေါက်ဖော်ကြီး ဘာတွေပြောနေတာလဲ။ ဒီလောက် နက်သုံးခွင့်ပေးထားတာကို ကျေးဇူးမတင်ဘူး။ လက်ဖက်ကောင်းစားချင်ရင် ပလောင်တောင်တက်နှေးရမယ်ဆိုတာ မသိရော့လေသလား… 😛

  • kyeyounglin

    September 20, 2011 at 3:29 pm

    ကျေးဇူးတင်ပါတယ်အကို
    ကျွန်တော်သိချင်တာက ပို ့တစ်ခုကိုဘယ်လိုပြန်ဖြတ်မလဲဆိုတာပါ
    ကျွန်တော်ရှာနေတာမတွေ ့လို့ကျေးဇူးပြုပြီးပြောပြပေးပါဗျာ……..

    • ပေါက်ဖော်

      September 20, 2011 at 3:46 pm

      တင်ပြီးစလစ် နံပတ်တစ်ပဲတဲ့ခင်ဗျ.. 😀
      နောက်ဒါ..

      အကယ်၍..ပို ့စ်တစ်ခုကို..
      တင်ပြီး ပြန်ဖျက်ချင်ပါက အစ်ကိုတင်ခဲ့တဲ့ ပို ့စ်အောက်မှာပဲ
      သဂျီး..ရေ ကျနော့်ပို ့စ်ကို ဖျက်ချင်ပါတယ်…ဘာအကြောင်းကြောင့်..ဖျက်ချင်ပါတယ်..ဆိုပြီး..ကွန်းမန် ့ ပြန်ထားခဲ့ပါ
      သဂျီးလာလျင် ဖျက်ပေးပါလိမ့်မယ်..
      အဓိကကတော့..ပို ့စ်တင်တဲ့အခါ သေချာစစ်ဆေးပြီးမှ Publish လုပ်ပါလို ့ပဲ ပြောပါရစေ..

      သဂျီးက သူ ့ရဲ့.ဆာဗာအခြေအနေ၊ဗားဂျက်အခြေအနေနဲ ့.စာရေးနေကြတဲ့လူတွေရဲ့အခြေအနေကိုကြည့်ပြီး ကောင်းသလိုစီစဉ်ပေးနေတယ်လို ့ပဲ အကြမ်းဖျင်း သိထားလို ့ပါ..
      တစ်ကယ်ဆို…ကျနော်လဲ.တခြားလူတွေလိုပဲ…ဘာမှမသိရိုးအမှန်ပါခင်ဗျ

  • ဆူး

    September 21, 2011 at 2:24 pm

    နေ့စဉ် ဝင်ကြေး ၁ဝ ပြန်ပေးနေတာ တွေ့နေရပါတယ်။

    • ပေါက်ဖော်

      September 21, 2011 at 3:56 pm

      ဤကား..သတင်းကောင်းပေတည်း..
      😀

  • kai

    October 6, 2011 at 3:06 pm

    What Text Do I Type to Make Smileys?

    Smiley images and the text used to produce them*:
    icon text text full text icon full text
    smile 🙂 🙂 🙂 lol 😆
    biggrin 😀 😀 😀 redface 😳
    sad 🙁 🙁 🙁 cry 😥
    surprised 😮 😮 😮 evil 👿
    eek 😯 😯 😯 twisted 😈
    confused 😕 😕 😕 rolleyes 🙄
    cool 8) 😎 😎 exclaim ❗
    mad 😡 😡 😡 question ❓
    razz 😛 😛 😛 idea 💡
    neutral 😐 😐 😐 arrow ➡
    wink 😉 😉 😉 mrgreen :mrgreen:

    * In some instances, multiple text options are available to display the same smiley.

    • etone

      October 6, 2011 at 4:12 pm

      သူများတွေ ဘယ်လို လုပ်ရမှန်းမသိဘူး… သူကျတော့ လုပ်လို့ ရတယ် … ဟွန်း 😡
      😆

  • Novy

    December 10, 2011 at 10:23 am

    ပေါက်ဖေါ်ရေ..ဂေဇတ်အသုံးပြုနည်းရေးထားတာ
    မနိုတို့လို လူသစ်တွေအတွက် အရမ်းအစဉ်ပြေတဲ့အတွက်
    ကျေးဇူးအများကြီးတင်ပါတယ်။

  • lu nyo chaw

    January 26, 2012 at 12:45 pm

    ကျေးဇူးအများကြီးတင်ပါတယ် ဗျာ

Leave a Reply