အဝေးရောက် ရွှေဘိုသားများ လွမ်းအောင်လို့………..

ပြီးခဲ့တဲ့ 25-8-2011နေ့က ရန်ကြီးအောင် ကုန်းဘောင်ခ ငါးမည်ရပါတဲ့ ရွှေဘိုမြို့ကို နေ့ချင်းပြန်ခရီးထွက်ခဲ့ပါတယ်။
ဆားတောင်စံပြကျေးရွာနားအရောက်မှာတော့………..

ဒီနေရာလေးရောက်တော့ ရေတွေတဝေါဝေါနဲ့ကျနေပါတယ်။ကားအလှည့်နဲ့ဖြတ်ဘို့စောင့်နေရပါတယ်။

ဟိုအဝေးကနေလျှံကျလာတဲ့ရေတွေ ပါ
ဒီထန်းပင်ရဲ့အရှေ့ဘက်က တအိအိစီးလာတဲ့ရေတွေက ဒီအနားလဲရောက်ရော တဝုန်းဝုန်းတဒိုင်းဒိုင်း

ကားတွေကအလှည့်နဲ့ဖြတ်ဘို့စောင့် လူတွေက ကားကူတွန်းပေးဘို့စောင့်နေကြပါတယ်။
ရေကြီးတာကို လာကြည့်သူတွေနဲ့ ကားတွန်းချင်လို့စောင့်နေသူတွေပါ

ဒါကတော့ ရေလာကြည့်တဲ့ပရိတ်သတ် သက်သက်
ရေကြီးတာကို လာစောင့်ကြည့်ပြီးအားပေးနေတဲ့ကမ်းစပ်က ပရိသတ်

ဆိုင်ကယ်ကို လူစွမ်းအားနဲ့အောင်မြင်အောင်သယ်လာကြတာက အားပါးတရ
မြောက်ဘက်ကနေ တောင်ဘက်ကို လူအင်အားနဲ့ဆိုင်ကယ်ကို မလာကြတာပါ

မောင်တွဲကာ ခေါ်ပါ့မယ်……………
ရေစီးသန်တော့ ရေထဲမပါအောင်တွဲခေါ်တာပါ

ကားကြီးတွေကတော့အေးဆေး
ကားကြီးတွေကဘော်ဒီမြင့်တော့အေးဆေးဖြတ်လို့အဆင်ပြေပါတယ်

ကားအလတ်တွေတော့ ကူးချင်ရင် လူနဲ့တွန်း သိပ်စိတ်မပူရသေးဘူး
ကားအလတ်တွေကတော့ နဲနဲ့မြင့်တော့ သိပ်စိတ်ပူစရာမလိုပါဘူး

ဘင်ကားနိမ့်နိမ့်လေးတွေကတော့ မြင်တဲ့အတိုင်းပါဘဲ
ဘင်ကားလေး ခေါင်းကရေထဲရောက်နေတာ လူတွေက ဝိုင်းတွန်းပေးပါးတယ်။

ကျနော်တို့ကားလေးလဲ ဝိုင်းတွန်းပေးကြတော့ ငွေသုံးထောင်နဲ့ ကူညီသူတန်ခိုးကြောင့် ဒီနေရာကလနေလွတ်မြောက်လာပါတယ်။
တောင်ဘက်က နေမြောက်ဘက်ကို အန္တရာယ်ကင်းကင်းနဲ့အလွတ်ပေါ့

သိပ်မကြာခင် လမ်းဘေးမှာ သစ်ခြောက်ပင်တွေများလှတဲ့မြင်ကွင်းကို ကြည့်ရင်း ငါးမည်ရတဲ့ရွှေဘိုမြို့ကိုဝင်လာပါတယ်။
ရွှေဘိုမြို့အဝင်ဆိုင်းဘုတ်

ဒါကတော့ လာမယ့် 19-9-2011နေ့မှာ အစည်ကားဆုံးသော နယ်လုံးဆိုင်ရာ ဘုရားပွဲကျင်းပတော့မယ့် နာမယ်ကျော် မြို့ကျက်သရေဆောင် မြို့ဒေါင့်စေတီ ကို အဝေးက ဖူးရတဲ့ပုံပါ။
ရွှေဘိုမြု့ိဒေါင့်စေတီ

မြို့တောင်ဘက်ထွက် မဟာဗျူဟာလမ်း(မြစ်ကြီးနားသွားတဲ့လမ်းရောက်တော့ ကျံးဟောင်းကိုတွေ့ပါတယ်။
ရွှေဘုိုကျုံးဟောင်း

ဒါကတော့ ကျနော်မဟုတ်တဲ့ကိုပေါက်နဲ့ ရွာထဲကရွှဘိုသား အမေ သမီးရီးစားဘဝကကြည်ခဲ့တဲ့ရုပ်ရှင်ရုံ အခုမပြတော့ဘူးပိတ်ထားတယ် ဘာလို့လဲတော့ မသိဘူး။
ရွှေဘိုက ဘုရင့်ရုံ အခုတော့ မပြတော့ဘူး

ရှေးကနန်းတော် နောက်တော့…………..အခုတော့နန်းတော်ပြန်ဖြစ်သွားပြီ
အသစ်ပြန်ဆောက်ထားတဲ့နန်းတော်ခန့်ခန့်ညားညား

ရွှေဘိုဈေးကိုဝင် လယ်ကြွက်ကင်တွေဝယ်ပြီးပြန်ခဲ့တယ်ဗျာ။
လယ်ကြွက်ကင်ကောင်းမကောင်းရွှေဘိုသားတွေမေးကြည့်နော်
ရွှေဘိုဈေး စည်ကားတယ်

15 comments

  • windtalker

    August 28, 2011 at 8:38 pm

    သမီးရည်းစား ဘဝ ကြည့်တဲ့ ရုပ်ရှင် ရုံ ဆိုပါကလား
    အထဲ မြင်ကွင်းပုံ ပါ ကြည့်ချင်လိုက်တာနော်
    နောက်တစ်ခါရောက်ရင်ဖြင့်
    ဓါတ်ပုံ ရိုက်ခဲ့ပေးပါနော် ကိုပေါက်

  • MaMa

    August 28, 2011 at 9:06 pm

    ဓာတ်ပုံတွေကြည့်ပြီး ကိုပေါက်ကိုတောင် မနာလို ဖြစ်နေပြီ။
    ဒါထက်စကားမစပ် ရွှေဘိုက နေ့ချင်းပြန်သွားလို့ရလား။

  • hmee

    August 28, 2011 at 9:44 pm

    ရွှေဘိုသားတော့ ထိပြန်ပြီ နောက်တချက်။

  • ဆူး

    August 28, 2011 at 10:20 pm

    ရေတွေ ဘာလို့ ဒီလောက် များနေရတာလဲ.. စိတ်ပျက်စရာကြီးနော်..

  • ရွှေအိမ်စည်

    August 28, 2011 at 10:37 pm

    ဟဟ..ရွှေဘိုသားတော့ထိပြီ..

    ကိုပေါက်ရေ..ဒါလေးကိုဖြေပေးပါ…

    ၁။ရွှေဘိုကပြတိုက်လားနန်းတော်လား….သိချင်ပါတယ်
    ၂။ ကိုပေါက်က…ဒီလိုခဏခဏသွားနေတာ…နေပြန်တိုးပေးစားလို ့လားချဲရောင်းတာလား….
    (နံပါတ်၂ မေးခွန်းကခဏခဏသွားနေလို ့မနာလိုလို မေးခြင်းသာဖြစ်ပါတယ်..ဒီမေးခွန်းမဖြေလည်းရပါတယ်)

  • မီးမီး သော်

    August 28, 2011 at 11:15 pm

    ရေစီသန်တဲ့ သဲချောင်းတွေနေမှာ ။ဟုတ်ရဲ ့လားကိုပေါက်ရေ။မြန်မာပြည်အထက်ပိုင်းရော၊အလယ်ပိုင်းမှာပါ သဲချောင်းတွေသိပ်ကြောက်ဖို ့ကောင်းတယ်နော်

  • (1)ရွှေဘိုက မနက်စောစောသွား မယ်ဆိုရင် နေ့ချင်းပြန်လို့ရပါတယ်။
    (2)ဒီအထဲမှာပါတဲ့ နန်းတော်နေရာဟောင်းလို့ပြောပါတယ်။ လူတွေဝင်လေ့လာဘို့အတွက်ဆောက်ထားပါတယ်။
    ပြတိုက်လဲရှိပါတယ်။နန်းတော်ထဲမှာရိုက်ထားတာတွေကို သတ်သတ်တပုဒ်အနေနဲ့တင်ပေးမှာပါ။
    (3)ကိုပေါက် ကောင်းရောင်းကောင်းဝယ်လုပ်စားပါတယ်။
    ခရီးသွားတာကတော့ အရောင်းသမားမို့လျှာက်သွားနေရတာပါ။
    ရွာထဲက စာရေးတဲ့ကိုပေါက်(မန္တလေး)ရောအပြင်က ကိုပေါက် ပါအေးဆေးပါ။
    (4)ဒီချောင်းတွေက ရေအမြဲမရှိပါ။
    တောင်ကျရေ ဆယ်ရေ များလျှံကျလာတဲ့အချိန်မှသာ လူတွေကို ယာယီဒုက္ခပေးတဲ့ချောင်းပါ။
    (5)ရွာထဲက ရွှေဘိုသားကိုတော့ ချစ်လို့စလိုက်တာပါ။
    (6)နေ့ချင်းပြန်ခရီးဆိုတော့ နေရာအနှံ့တော့မရောက် ရောက်သလောက်တင်ပေးလိုက်တာပါ

  • ကြောင်ကြီး

    August 29, 2011 at 9:57 am

    လယ်ကြွက်ကို ကြောင်ခုတ်မခုတ် သိချင်ပါတယ်။

  • manawphyulay

    August 29, 2011 at 11:57 am

    ခုမှပဲ ငါးမည်ရ ပြည်ရွှေဘိုကို ရောက်ဖူးတော့တယ်။ ရွှေဘိုသားတစ်ယောက် အလည်ခေါ်ရမှာစိုးလို့ ဘယ်ရောက်နေပါလိမ့်….

  • pan pan

    August 29, 2011 at 1:06 pm

    ဆားတောင်ရွာတဲ့
    ဘိသိတ်ပြိုင်ဇာတ်ကားမှာ ဘိသိတ်ပြိုင်ကြတဲ့ ဆားတောင်သောင်းနဲ့ ရတနာပုံဆရာလှိုင်တို့မှာ ဆားတောင်ရွာက ဆရာသောင်းရဲ့ရွာပဲ 🙂

  • ရွှေဘိုသား

    August 29, 2011 at 4:59 pm

    လေးပေါက် တင်ပြတော.မှပဲ ရွှေဘိုမှာ ဒီလောက်ရေတွေကြီးနေမှန်းသိရတော.တယ်
    ိအိမ်ဖုန်းဆက်လို. ရေတွေကြီးနေမှန်းတော.သိတယ် လမ်းပေါ်ဒီလောက်ရောက်နေမှန်မသိဘူးဗျ

    လေးပေါက်ရယ် ကြွက်ကြော်ဆိုတာကလည်း ညဘက်လယ်ကွင်းတွေထဲ ကြွက်ထွက်ထိုးပြီး ကြော်ရောင်းတဲ. ကြွက်ကြော်စစ်စစ်ပါဗျာ
    မြို.အဝင်က မြို.တံခါးကတော. လေးပေါက်ရိုက်ချက်နဲ. မိုးရာသီ ကြောင်.စိန်းလန်းစိုပြည်နေတာ နွေရာသီဆိုရင်တော. တကယ်ကို
    ခြောက်သွေ.ပြီး လွမ်းမောဖွယ်ဖြစ်နေပါတယ်
    လေးပေါက်က ချစ်လို.စတာဆိုတဲ. ရုပ်ရှင်ရုံကတော. ကျနာ်လည်း အမွေဆက်ခံတဲ.အနေနဲ. စာဥနဲ. တစ်ခါတစ်လေခိုးဝင်ပြီး
    ချိန်းတွေ.ဖူးပါရဲ.ဗျာ မမ manawphyulay ပြောသလိုပုန်းနေတာမဟုတ်ပါဘူး ဝမ်းစာရေးကတစ်ကြောင်. အဝေးသင်အတွက်
    Assignment ရေးနေရလို.ကတစ်ကြောင်း ရွာထဲမရောက်ဖြစ်တာပါ မရောက်ဖြစ်ပေမဲ. ရွာသူ ရွာသားတွေကိုတော. သတိရပါတယ်
    အခုဝင်လာတဲ.နေ.ကျတော. ကျနော်.ကို ချစ်လို.စတဲ.သူကစ မျှော်တဲ.သူကမျှော်မို.ကျနော်ရွှေဘိုသား ပေါ်တော်မူလာပါပြီဗျာ
    အလည်ကတော. လတန်ခူးမှာ ငယ်ချစ်လေးနဲ. တွေ.ဖို. ပြန်မှာပါ လိုက်ချင်သပဆိုလည်း ဆက်သွယ်ရမှာပေါ.
    နန်းတော်ကြီးကို မမြင်ရတာ 5 နှစ်လောက်ရှိနေပြိ အခုမှပဲ မြင်ရတော.တယ် ကျေးဇူးတင်ပါတယ် လေးပေါက်ရယ်
    လေးပေါက်က ချစ်လို.စသမို. ကျနော်လည်း စိတ်ထဲမှာမထား ရွာထဲသာထားခဲ.ပါကြောင်း

  • ရွှေဘိုသား

    August 29, 2011 at 5:04 pm

    မမပန်ပြောသလို ဆတောင်ရွာက ဆိုင်းဆရာ ဘိသိတ် ဆရာတွေထွက်တာတော. သိပ်မသိဘူး
    ရွှေဘိုသား ဝါသနာပါတဲ. တိုက်ကြက်ကောင်းတွေထွက်တာတော. သိတယ်ဗျ
    တိုက်ကြိုက်အကောင်းတွေဆို မိုးကုတ် သဌေး ကြက်သမားတွေက သိန်း ဆယ်ချီ ပေးဝယ်ကြတာ

    • Mလုလင်

      March 15, 2012 at 1:47 am

      မန်းလေး ရောက်လို့ တိုက်ကြက် ပုံ လိုချင်တာမရခဲ့ဘူး …. ကြည့်ရတာရွှေဘို သွားရမယ် နဲ့တူတယ် နော့

  • cum min

    June 22, 2012 at 10:27 am

    ရေးကျနေတာတွေ့မှ…. ကိုယ်နယ်တောင်..
    သွား သတိရမိနေပြီးဗျ….. ပေးဗျာ ခင်ဗျကြောင့် ဆိုတော..
    လမ်းစရိတ်ပေး
    😆

Leave a Reply