( Breaking News) ဟာရီကိန်း မုန်တိုင်းကြီး လာနေပြီ… နယူးယောက်က အမြန်ထွက်ကြပါ။

အမေရိကန်ပြည်ထောင်စု အတ္တလန္တိတ် ကမ်းရိုးတန်း တလျှောက် ပြင်းအား အဆင့် ၃ ရှိပြီး Irene အမည်ရှိ ဟာရီကိန်း မုန်တိုင်းကြီးသည် အရှေ့ဘက် ကမ်းရိုးတန်းဒေသသို့  စနေနေ့ညမှ စတင် ဝင်ရောက်လာလျက် ရှိနေသောကြောင့် မြောက်ကာရိုလိုင်းနား၊ ဗာဂျီးနီးယား၊ မေရီလင်း၊ ကွန်နက်တီကပ်၊ နယူးယောက်နဲ့ နယူးဂျာစီ ပြည်နယ် များရှိ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့များက အရေးပေါ် အခြေအနေ တစ်ရပ်အဖြစ် ကြော်ငြာထားကြောင်း သိရသည်။
အမေရိကန် ပြည်ထောင်စု၏ တောင်ဘက် ကာရစ်ဘီယံ ကျွန်းစုထဲရှိ ဘဟားမားကျွန်း၌ တနာရီလျင် လေတိုက်နှုန်း ၁၁၅ မိုင်နှုန်းဖြင့် ဝင်ရောက် တိုက်ခတ်လျက် ရှိနေသော ဟာရီကိန်းမုန်တိုင်း အိုင်ရင်းသည် စနေနေ့ညမှ စတင်ပြီး မြောက်ကာရိုလိုင်းနားပြည်နယ်သို့ အရင်ဆုံး စတင် ဝင်ရောက်လာမည် ဖြစ်ကြောင်းလည်း သိရသည်။

မြောက်ကာရိုလိုင်းနားပြည်နယ်၏ ကမ်းခြေတလျှောက်၌ ဒေသခံများ နှင့် နွေရာသီ အပန်းဖြေခရီး ရောက်ရှိနေသူများကို ဒေသဆိုင်ကာ ကယ်ဆယ်ရေး အဖွဲ့ဝင်များက အလျင်အမြန် ရွှေ့ပြောင်းပေးလျက် ရှိနေသည်။
ပြည်ထောင်စု အရေး အခြေအနေများ စီမံခန့်ခွဲရေး အေဂျင်စီရဲ့ အကြီးအကဲ Craig Fugate က “ဟာရီကိန်းမုန်တိုင်း အိုင်ရင်းဟာ ကမ်းရိုးတန်း တလျှောက်ကိုသာ တိုက်ခတ်မှာ မဟုတ်ဘဲ ကုန်းတွင်းပိုင်းကိုလည်း ဝင်ရောက် မွှေနှောက် တိုက်ခတ်မယ့် မုန်တိုင်းအမျိုးအစား ဖြစ်တယ်” ဟု သတင်းထောက်များကို ပြောကြားခဲ့သည်။

ဟာရီကိန်းမုန်တိုင်း အိုင်ရင်းကြောင့် လေပြင်းရိုက်ခတ်မှုများ၊ ရေလွှမ်းမိုးမှုများ တစ်ဆက်တည်း ဆက်လက် ဖြစ်ပေါ် လာနိုင်ကာ သစ်ပင်ပျိုလဲမှု၊ တိုက်တာ အဆောက်အဦးများ ပြိုပျက်မှု နှင့် အခြား ထိခိုက်ဆုံးရှုံးမှုမျာ ဖြစ်ပေါ်လာနိုင်သည်ဟု လည်း ၎င်းက ပြောကြားခဲ့သည်။
အမျိုးသား ဟာရီကိန်းမုန်တိုင်း စောင့်ကြည့်ရေးဌာန ညွှန်ကြားရေးမှူး Bill Read ကလည်း ဗာဂျီးနီးယား နှင့် မေရီလင်းပြည်နယ် ၂ ခုအနီး ကိုလံဘီယာခရိုင်အတွင်း ပါဝင်နေသော ဝါရှင်တန်ဒီစီ မြို့တော်ကိုပါ ဟာရီကိန်းမုန်တိုင်း အိုင်ရင်း တိုက်ရိုက် ကျရောက်နိုင်ကြောင်း သတိပေးချက်များ ပြုလုပ်ထားပြီး ယနေ့ ထုတ် ဒေးလီးမေးလ် သတင်းစာကမူ “ဟာရီကိန်းကြီး လာနေပြီ နယူးယောက်မှ အမြန်ထွက်သွားကြပါ” ဟု နိုးဆော်ရေးသား ထားသည်။

ကမ်းရိုးတမ်း ဒေသရှိ ရပ်ကွက် ငါးခုမှ ပြည်သူများ မဖြစ်မနေ နေရပ်ရင်းမှ အမြန်ထွက်ခွါကြရန် နယူးယောက် မြို့တော်ဝန်က ပထမအကြိမ် အမိန့် ထုတ်ပြန်လိုက်သည်။ စနေနေ့ နံနက်စောစောတွင် ကုန်းတွင်းပိုင်း ဝင်ရောက်မည့် ဟာရီကိန်းမုန်တိုင်း နှင့် ပတ်သက်ပြီး အမေရိကန် သမ္မတ အိုဘားမားကလည်း “သမိုင်းတစ်ခွင်မှာ မကြုံစဖူး ထူးတဲ့၊ သဘာဝ ဘေးဒဏ်ကြီး ရောက်လာတော့မယ်လို့ အခြေအနေအရပ်ရပ်ကတော့ ညွန်ပြနေပါပြီ။ လာမယ့်ရက်ပိုင်းအတွင်း ဟာရီကိန်း အိုင်ရင်းရဲ့ ဒဏ်ကို ခံရမလားဆိုတာ သေချာမသိပေမယ့် အမေရိကန် ပြည်သူတွေကို ကာကွယ်ဖို့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားပါတယ်။ ရေ၊ လျှပ်စစ်မီး ပြတ်တောက်မှုတွေ ဖြစ်လာနိုင်တဲ့ အရေးအပေါ် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားကြပါ။ အရေးပေါ် သတင်းထုတ်ပြန်ချက်တွေကို နားစွံ့ပေးပါ” ဟု အမေရိကန် ပြည်သူများသို့ အိုဘားများက ပြောကြားခဲ့သည်။

ဒေသတွင်းရှိ အမေရိကန် လေကြောင်းလိုင်းများ၊ ရထားလိုင်းများ၏ ခရီးစဉ်များ၊ ရေကြောင်း ခရီးစဉ်များကိုလည်း စနေနေ့ နေ့လည်မှ စတင် ရပ်ဆိုင်းတော့မည် ဖြစ်ကြောင်းလည်း သိရသည်။ ဟာရီကိန်းမုန်တိုင်း အိုင်ရင်းသည် အမေရိကန် ပြည်ထောင်စုသမိုင်းတစ်လျောက် နှစ်ပေါင်း ၁၀ဝ အတွင်း အပြင်းထန်ဆုံး မုန်တိုင်းကြီး ဖြစ်ဖွယ်ရှိကြောင်း မိုးလေဝသ ပညာရှင်များက ခန့်မှန်းထားကြသည်။


Scary: An image provided by NASA shows Hurricane Irene from the International Space Station on Wednesday afternoon. The image, captured with a 38mm lens, reveals the eye of the storm

Perfect storm: Heavy rains and wind from Hurricane Irene whip the sand on the beach at Pawleys Island, South Carolina, on Friday. The hurricane began lashing the East Coast with rain on Friday

Up we go: Land Crewman Christopher Bird directs as they pull a sail boat out of the water at Martha’s Vineyard Shipyard in Vineyard Haven, Massachusetts, as Hurricane Irene moves up the US East Coast


Wheeled out: People evacuate Coney Island Hospital due to the impending Hurricane Irene, which is expected to make landfall in New York City this week

Warning: New York City Mayor Michael Bloomberg speaks at a City Hall press conference on Hurricane Irene on Friday, as the city braces for what could be its first direct hit by a hurricane in decades

Concerns: President Obama said that Hurricane Irene threatens to be ‘historic’, as he spoke from his vacation home on Blue Heron Farm in Chilmark, Martha’s Vineyard, Massachusetts

Stocking up: People shop at a grocery store in Coney Island before the arrival of Hurricane Irene this weekend

Protection: Barry Tischler and his wife Susan Tischler move some plywood sheets to board up store fronts on Washington Mall in Cape May, New Jersey, on Friday in preparation for Hurricane Irene

Get lost: A sign saying ‘Go Away Irene!’ is spray painted on a boarded up storefront in preparation for Hurricane Irene on Friday in Cape May, New Jersey

Getaway: Sport utility vehicles pulling pleasure boats drive in lines of traffic headed north on the Garden State Parkway on Friday, near Ocean City, New Jersey, as much of the Jersey shore evacuates

Pick up: Town workers remove a parking hut near the beach in Atlantic Beach, North Carolina, on Friday

Bracing: Michael Simpson paddles out to surf near a beachside fishing pier on Friday, the day before the expected landfall of Hurricane Irene in Atlantic Beach, North Carolina
Around 65million people are in the path of the storm which has weakened slightly to a Category 2 with 110mph winds as it approaches the East Coast.

But experts warn re-strengthening is possible and the storm is expected to be near the threshold between a Category 2 and 3 storm when it finally reaches the U.S.

Apt sign: A tourist walks on the usually crowded boardwalk, on Friday, in Ocean City, Maryland, where the local mayor Rick Meehan has ordered a mandatory evacuation for thousands of residents

Not again: A plywood shutter, covering a window of a beachside house, shares a message from a community preparing for the arrival of Hurricane Irene in Atlantic Beach, North Carolina, on Friday

Flood preparations: Beach workers fill sand bags on Long Beach on Long Island, New York, on Friday

Waves: People surf at Rockaway Beach in New York, as millions of beach goers cut short vacations to escape the powerful storm

Taking to water: People surf at Rockaway Beach in New York, as North Carolina braced on Friday for a direct hit from Hurricane Irene, and cities along the East Coast were on alert

Stranded: A man walks along a seaside park as Hurricane Irene passes to the east of Nassau on New Providence Island in the Bahamas

What New York could look like: This graphic on CNN showed how Hurricane Irene could devastate Manhattan with floods

Past times: In 1938 a Category 3 hurricane killed 10 people in New York City, electricity was knocked out from 59th Street of Manhattan up to the Bronx and the subway lost power

Humour in the face of disaster: Residents board up their homes in preparation for Hurricane Irene

Destructive: Hurricane Irene downed trees as it passed through to the east of Nassau on New Providence Island in the Bahamas

Ghost town: A truck drives through a deserted street as the storm hits the Bahamas

Battered: A boat hits against the seawall as bands of rain and wind from Hurricane Irene hit Nassau, on New Providence Island in the Bahamas.

Drenched: Hurricane Irene has continued to strengthen as it has raged over the Caribbean
Drenched: Hurricane Irene has continued to strengthen as it has raged over the Caribbe

Stuck: A man tries to cross the Sanchez bridge which was closed by Dominican Army, in San Cristobal, Dominican Republic
Stuck: A man tries to cross the Sanchez bridge which was closed by Dominican Army, in San Cristobal, Dominican Republic
Getting ready: Stuart Savage, left, and Rob Melby board up windows of their beachside property as they prepare for Hurricane Irene in Atlantic Beach, North Carolina

Getting ready: Stuart Savage, left, and Rob Melby board up windows of their beachside property as they prepare for Hurricane Irene in Atlantic Beach, North Carolina

Grid lock: Cars last night clog the roadway to the Hampton Roads Bridge Tunnel in Norfolk, Virginia as Hurricane Irene approaches
Grid lock: Cars last night clog the roadway to the Hampton Roads Bridge Tunnel in Norfolk, Virginia as Hurricane Irene approaches

 

23 comments

  • ကိုကိုလူဆိုး

    August 27, 2011 at 6:56 pm

    ဘေးကင်းပါစေ အန္တရာယ်ဆိုးကြီးကနေ ကျော်ဖြတ်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်

  • ပေါက်ဖော်

    August 27, 2011 at 7:00 pm

    အမေရိက ကုန်းမကြီးသို့ တစ်နာရီကီလိုမီတာ ၁၇ဝ နှုန်းဖြင့်ဦးတည်လာနေသော အီရင်းဟာရီကိန်းမုန်တိုင်းကြောင့် မြောက်ကယ်ရိုလိုင်းနား မှ နယူးယောက်အထိ အရေးပေါ်အခြေအနေကြေငြာထားပြီး လူများကို ကုန်းမြင့်ရာသို့ရွှေ့ပြောင်းနေထိုင် ကြရန် အာဏာပိုင်များက သတိပေးကြေငြာချက်ထုတ်ပြန်လိုက်သည်။

    ဟာရီကိန်း အီရင်းတိုက်ခတ်မှုကြောင့် အမေရိကန်အရှေ့ဘက်ကမ်းခြေဒေသကို လူများစွန့်ခွာရွှေ့ပြောင်းခဲ့ကြရပြီး အရှေ့ဘက်သို့ မုန်တိုင်းရွေ့လျားရာလမ်းကြောင်းတွင်ရှိသော ဘဟာမိန်း ကျွန်းလေးပေါ်တွင် အိမ်ရာပေါင်း များစွာပျက်စီးခဲ့ သည်။
    အီရင်းဗဟိုသည် အမေရိကန်ပြည်ထောင်စုတည်ရှိရာ မြောက်ဘက်သို့ဦးတည်နေကြောင်းဆိုသည်။ ကာရိုလိုင်းနားမှ နယူးအင်္ဂလန်အထိ လူပေါင်း ၆၅ သန်း အိုးအိမ်စွန့်ခွာထွက်ပြေးရကြသည်။ ခုနှစ်နှစ်အတွင်း အရှေ့ဘက်ကမ်းခြေဒေသကို အင်အားအပြင်းဆုံးတိုက်ခတ်မည်ဖြစ်သည်။

    ကြာသပတေးနေ့ညနေက တစ်နာရီ ၁၈၅ ကီလိုမီတာနှုန်းဖြင့် မြောက်ကာရိုလိုင်းနား ဟက်ထရက်စ်အငူ မြောကဘက် ၈၅၅ ကီလိုမီတာအကွာတွင်ဗဟိုပြုကာ တိုက်ခတ်နေကြောင်း ဖလော်ရီဒါ မိုင်ယာမီရှိ အမေရိကန်အမျိုးသားဟာရီကိန်းဌာနက ပြောသည်။
    တစ်နာရီ ၂၂ မိုင်နှုန်းအရွေ့ဖြင့် မြောက်ဘက်-အနောက်မြောက်ဘက်သို့ရွေ့လျားလာနေသည်။ ကြသပတေးနေ့နှင့် သောကြာနေ့များတွင် အင်အားတိုးပွားလာနိုင်ကြောင်း ဌာနရှိ မိုးလေဝသခန့်မှန်းသူများက ခန့်မှန်းခဲ့ကြသည်။

    “ဟာရီကိန်းမုန်တိုင်းတစ်ခု ဝင်ရောက်လာနိုင်တယ်ဆိုတာ လူတိုင်းသိပါတယ်။”
    “ပြင်ဆင်နေဖို့အတွက် အချိန်အများကြီးမရဘူး၊ အဆင်သင့်ဖြစ်နေဖို့လိုတယ် ဆိုတာ လူတိုင်းနားလည်ထားရပါမယ်။”
    ဟု ပြည်ထောင်စုအရေးပေါ်အခြေအနေစီမံကွပ်ကဲရေးဌာန အကြီးအကဲ ကရစ်ဖူဂိတ်က ပြောသည်။

    မုန်တိုင်းသည် စနေနေ့နံနက်ပိုင်းတွင် နယူးယောက်သို့ မရောက်မီ မြောက်ကာရိုလိုင်းနားသို့ တိုက်ခတ်မည်ဖြစ်ပြီး မုန်တိုင်းနှင့်အတူ အလွန်အန္တရာယ်ကြီးမားသော ရေလှိုင်းကြီးများ ၃.၄ မီတာအမြင့်အထိရောက်ရှိလွှမ်းမိုးနိုင်ကြောင်း အမျိုးသားမိုးဇလဌာန ကပြောသည်။
    သောကြာနေ့မနက်ပိုင်းအပြီး ရွှေ့ပြောင်းထွက်ခွါသွားရန် သတိပေးထားချက်ကို မလိုက်နာဘဲ ကျန်နေရစ်သူများကို နောက်ပိုင်း လာရောက်ကယ်ဆယ်နိုင်မည်မဟုတ်ကြောင်း မြောက်ကာရိုလိုင်းနား ဒဲရ်ကမ်းရိုးတန်းဒေသရှိ လူများကို အရေးပေါ်ကယ်ဆယ် ရေးလုပ်သားများက လိုက်လံသတိပေးကြေငြာလျက်ရှိသည်။

    “ထွက်ခွာသွားဖို့သတိပေးနေချိန်မှာ ထွက်မသွားဘဲနေခဲ့တယ် ဆိုရင်တော့ ကျွန်တော်တို့က တရားစွဲမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ်တော့ အန္တရာယ်ကြားမှာ နေရစ်ခဲ့တယ် ဆိုတာသိရပါလိမ့်မယ်။” ဟု ဒေသဆိုင်ရာ တာဝန်ရှိသူ ကယ်လီဒေးဗစ်က ပြောသည်။

    အခြေအနေအရလိုအပ်လာလျှင် အမျိုးသားလုံခြုံရေးတပ်သားအင်အား ၉၈,၀၀ဝ လုပ်အားပေးရန် အသင့်ရှိကြောင်း အမေရိကန် စစ်ဘက်တာဝန်ရှိသူများက ကမ်းလှမ်းထားကြသည်။

    ထို့ပြင် အင်္ဂါနေ့က ၅.၈ မဂ္ဂနီကျုပြင်းအားရှိ ငလျင်တစ်ခု ဝါရှင်တန်အပါအဝင် အဓိကမြို့ကြီးများတွင် မလှုပ်စဖူးလှုပ်ခတ်သွားခဲ့ သဖြင့် နောက်ထပ်စိုးရိမ်ကြောင့်ကျမှုတစ်ခု ရှိနေရပြန်သည်။

    ပြည်နယ်အများအပြားရှိလူများ ကုန်းတွင်းပိုင်းသို့အရေးပေါ်ရွှေ့ပြောင်းမှုများကြောင့် ယာယီစခန်းများတွင် လူဦးရေတိုးပွားလာ လျက်ရှိခြင်းကြောင့် ပြည်ထောင်စုအာဏာပိုင်များက အစားအစာနှင့် သောက်ရေဗူးများ သန်းနှင့်ချီ၍စုဆောင်းထားကြောင်း ပြောသည်။

    မုန်တိုင်းနှင့် ကီလိုမီတာ ၁,၂၀ဝ အကွာတွင်ရှိသော နယူးယောက်မြို့၏ မြို့တော်ဝန် မိုက်ကယ်ဘလွန်းဘတ်ချ်က အနိမ့်ပိုင်းတွင် နေသော မြို့သူမြို့သားများအား တနင်္ဂနွေနေ့ အီရင်းမလာရောက်မီအမြင့်ပိုင်းများသို့ပြောင်းရွှေ့နေထိုင်ကြရန် နှိုးဆော်ထား သည်။

    “မြေအနိမ့်ပိုင်းမှာ နေတဲ့သူတွေ ကားရှိတယ်ဆိုရင် အမြင့်ပိုင်းမှာသာ သွားရပ်ထားကြပါ။” သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်၍ ဘလွန်းဘတ်ချ်က ပြောသည်။

    နယူးယောက်မြို့လူမှုဝန်ဆောင်အဖွဲ့အစည်းများက နယူးယောက်အိမ်ခြေယာခြေမဲ့များ အတွက် စခန်းများဖွင့်လှစ်ပေးထားနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။ နယူးယောက် ရဲဌာနကလည်း ကယ်ဆယ်ရေးလုပ်ငန်းများ အဆင်သင့်ဆောင်ရွက်နိုင်ရေးအတွက် လှေငယ်အစီး ၅ဝ ကိုမြေနိမ့်ပိုင်းတွင် ပို့ဆောင်ထားပြီးဖြစ်ကြောင်းဆိုသည်။ ရေများအလုံးအရင်းဖြင့် ဝင်ရောက်လျှံတက်နိုင် သဖြင့် ရေနှုတ်ရသွယ်မြောင်းများ ရေစီးရေလာ ကောင်းမွန်စေရန် မီးသတ်ဌာနက ဆောင်ရွက်ခဲ့သည်။

    ပူအာတိုရီကိုတွင် အီရင်းဝင်ရောက်တိုက်ခတ်သွားသဖြင့် ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများဖြစ်ပွားခဲ့သည်။ အင်္ဂါနေ့က ဆန်ဟွန်တွင် အသက် ၆၂ နှစ်ရှိ အမျိုးသမီးတစ်ဦး ရေလျှံနေသော မြစ်ကို သူမ၏မော်တော်ကားဖြင့် ဖြတ်ကူးရန်ကြိုးစားရင်း သေဆုံး သွားကြောင်း ရဲကပြောသည်။ ဒိုမီနီကန်သမ္မတနိုင်ငံတွင် မြစ်ရေလျှံခြင်း၊ ရေကြီးခြင်းနှင့် ရွှံ့မြေပြိုခြင်းများကြောင့် လူပေါင်း ၃၈,၀၀ဝ ဦးနေရာရွှေ့ပြောင်းခဲ့ရသည်။

    ကမ်ဘီတာမြို့တွင် အသက် ၄ဝ နှစ် ရှိအမျိုးသားတစ်ဦး သူ၏နေအိမ်ရေနစ်မြုပ်သွားသောကြောင့် သေဆုံးခဲ့ကြောင်း၊ အယ်ဆီဘိုမြို့ တွင် အသက် ၄၂ နှစ်ရှိ ဟေတီရွှေ့ပြောင်းနေထိုင်သူတစ်ဦး မြစ်ထဲတွင်ရေနစ်သေဆုံးသွားကြောင်း သိရသည်။

    တနင်္လာနေ့က အီရင်းဝင်ရောက်တိုက်ခတ်မှုကြောင့် ပူအာတိုရီကိုတွင် တစ်ဦးသေဆုံးခဲ့သည်။ အပျက်အစီး ဒေါ်လာသန်း ၅၀ဝ ကျော်ရှိကြောင်း ပူအာတိုရီကို အာဏာပိုင်များက တွက်ချက်ထားသည်။
    Source: Al Jazeera
    http://hrdpnewsworld.blogspot.com မှ

    http://komoethee.blogspot.com/2011/08/blog-post_9007.html

  • တော်ဝင် သူရဲကောင်း

    August 27, 2011 at 7:09 pm

    ကမာ္ဘမြေကြီး စိတ်တိုနေတယ် ထင်တယ်
    ငလျင်လှုပ်လိုက် မိုးရွာလိုက် မုန်တိုင်းတိုက်လိုက်..
    အခုမှ ဒီမှာ မိုးတွေ ဆဲရုံ ရှိသေးတယ်။
    ဒီကို အဖျား မခပ်ပါစေနဲ့.. ကျတော်တို့ လယ်တွေ ပျက်ပေါင်းများပြီဗျာ..

  • ငရဲသား

    August 27, 2011 at 7:21 pm

    ပျက်ကပ် ကြီးတွေများလား…………….
    ယ္ခုကျရောက်မည့် အန ္တရာယ်ဆိုးကြီး မှ လွတ်ကင်းကြပါစေ…………..
    မိုးနတ်မင်းကြီး ရေ ကြည့်နေတော့မှာလား………။

  • naywoonni

    August 27, 2011 at 7:27 pm

    ကမ္ဘာမြေကြီး စိတ်တိုတာမဟုတ်ပါဘူးဗျို့…။ နာမကျန်းဖြစ်နေတာ………..

  • MaMa

    August 27, 2011 at 7:45 pm

    ယက်သဲ့ကြား ငါးတင်
    တင်တဲ့ငါး ကြောင်စား
    ဆိုတဲ့ ကြာဖူးတဲ့ တဘောင်လိုများ ဖြစ်နေတာလား။
    🙁

    • ဆူး

      August 27, 2011 at 8:33 pm

      ကြားဖူးရင်လည်း ဆက်ရှင်းပါအုန်း အခုမှ ကြားဖူးလို့

  • zaw min

    August 27, 2011 at 8:07 pm

    ဒီဆိုဒ်မှာ မြန်မာပြည်ကသတင်းဆိုရင် ချက်ချင်းသိအောင်တင်ပေးကြတယ်၊သူကြီးတို့ အမေရိကားကသတင်းတွေက ဘာဖြစ်လို့နောက်ကျနေတာလည်းဆိုတာသိချင်ပါတယ်။အဲဒီ ဟာရီကိန်းမလာခင်က မြေငလျင်လှုပ်သွားသေးတယ်၊သူကြီးတို့ဆီကသတင်းတွေကနောက်ကျနေတယ်နော်…ဘာမှမပူပါနဲ..သူကြီးတို့ဆီမှာက ကြိုတင်ပြင်ဆင်မူတွေအများကြီးလုပ်ပြီးသွားပါပြီ….ဟုပ်တယ်နော်….

  • fatty

    August 27, 2011 at 10:01 pm

    ဓာတ်ပုံတွေကြည့်ရရင်သိပ်ကောင်းမှာဘဲနော် ..ဒီတခါသူဂျီးအလှည့်။ VOA ကတောင်အသံလွှင့်
    အစီအစဉ်အချို့ပြောင်းလိုက်ရကြောင်းအခုဘဲကြေညာသွားတယ်။ အဂါင်္နေ့က ဝါရှင်တန်မှာလှုပ်တဲ့
    ငလျှင်ကြောင့်တဲ့။

    • kai

      August 28, 2011 at 2:30 am

      နယူးယောက်နဲ့.. လေ့ာစ်အိန်ဂျလိစ်က.. မိုင် ၂၅၀ဝလောက်ဝေးတယ်..။
      ဆိုတော့..
      ရန်ကုန်နဲ့ ဂျပန်-ဟီရိုရှိးမားလောက်အကွာအဝေးပဲ..။

      ဟီး..
      အနေသာကြီး..။

      အဲဒီမှာနေတဲ့သူတွေတော့.. အသည်းအသန်ပြင်ဆင်နေတာပဲ..။
      ထာဝရဘုရားသခင်ကို ယုံတဲ့သူတွေခမျာ.. ဆုတောင်းပွဲကြီးတွေ . လုပ်တာမတွေ့ရဘူး..။ 🙂
      ခရစ်ယန်တွေရဲ့.. ဂါထာတွေ.. ပရိတ်တွေဘာတွေလည်း.. ရွတ်နေတာ.. မတွေ့မကြားမိပါဘူး..။

      လက်တွေ့ကျကျ.. တံခါးတွေ တခါးတွေသစ်ပြားနဲ့ပိတ်.. အပင်တွေဖြတ်ချ..။ အစားအသောက်တွေစု.. မြေတွေဖို့..။ လူတွေနေရာရွေ့လုပ်နေကြတာပဲ..။
      တနိုင်ငံလုံးက.. မုန်တိုင်းပြီးရင်.အဲဒီဒေသကို.. ပြန်လည်ထူထောင်ဖြည့်စီးပေးဖို့.. ပြင်ထားကြတာပဲ.။

      ယူအက်စ်.အစိုးရကလည်း.. သေသေချာချာ ပြင်ဆင်လုပ်ပေးမှာပါ..။ သတင်းမှာ.. အဲဒီအကြောင်းချည်းပဲ..ပြနေတာ.။ လိုတာထက်တောင်ပိုတယ်…။

      အဲဒီဒေသတွေမှာ.. မြန်မာတွေ.. သောင်းချီနေကြပါတယ်..။
      ဒါပေမဲ့.. သိပ်စိတ်မပူကြပါနဲ့…နော..။

      • မီးမီး သော်

        August 28, 2011 at 1:05 pm

        “”ထာဝရဘုရားသခင်ကို ယုံတဲ့သူတွေခမျာ.. ဆုတောင်းပွဲကြီးတွေ . လုပ်တာမတွေ့ရဘူး..။
        ခရစ်ယန်တွေရဲ့.. ဂါထာတွေ.. ပရိတ်တွေဘာတွေလည်း.. ရွတ်နေတာ.. မတွေ့မကြားမိပါဘူး..။””

        သူကြီးရေ ဘေးအန္တရာယ်ကျရောက်လာမှ ဆုတောင်းကြတာကိုပြောမယ်ဆိုရင် မဟာဇနက္က ဘုရားလောင်းကိုဘဲဥပမာပေးရပါလိမ့်မယ်။သူ ့ထုံးကိုနှလုံးမူကြတာပေါ့။အမေရိကားမှာ လို post knowledge countries တွေက ထာဝရဘုရားသခင်ပေါ်မှာ ယုံကြည်မှုကို ဝေဖန်ဖို ့ရာ မသင့်ဘူးနဲ ့တူပါတယ်။အကြံပြ ုရုံသက်သက်ပါနော်

  • killer

    August 28, 2011 at 7:22 am

    အားလုံးအတွက် စိတ်တော့ပူတယ်ဗျာ…
    အဲဒီနေရာမှာ ကိုယ် ရှိနေခဲ့ရင် ဒါမှမဟုတ် ဆွေမျိုးသားချင်း တစ်ယောက်ယောက်ရှိနေခဲ့ရင် ဆိုတဲ့အတွေး
    တွေက စိတ်အနှောက်အယှက်ပေးနေလို့ပါ..
    လူသားများ ခလုတ်မထိ ဆူးမငြိ ရောဂါဘယ ကင်းဝေးနိုင်ကြပါစေ…။

  • ကြောင်ကြီး

    August 28, 2011 at 7:23 am

    အစိုးရကတော့ တာဝန်ရှိတဲ့အတိုင်း အဆိုးဆုံးအခြေအနေကို ချပြထားတာလေ။ မဖြစ်ပါဘူးဆိုပြီး လေညှင်းထွက်နေကြလို့ ကက်ထရီးနားမုန်တိုင်းလို ဖြစ်သွားရင် တသီကြီးပြုတ်မှာကိုး…။ အခုအချိန်အထိတော့ နယူးယောက်မြို့အတွင်းဖက်မှာ မိုးသည်းထန်နေတာကလွဲလို့ အေးဆေးပါ။ မနက်ဖန် တနင်္ဂနွေမှာတော့ ပိုဆိုးမယ်ပြောတယ်။ နယူးယောက် ကမ်းရိုးတန်းဖက်နေရာတွေသာ မုန်တိုင်းဒဏ်ခံရမယ် ထင်ပါတယ်။ ဒီရာသီမှာ မိုးရွာတာလည်း တကယ်တော့ အဆန်းမဟုတ်ပါဘူး…။ လေတကယ်တိုက်ရင် လျှပ်စစ်တာဝါတိုင်တွေလဲလို့ မီးပျက်နိုင်တယ်၊ ဂက်စ်နဲ့ ရေက တလိုင်းစီသွားလို့ မီးပျက်တောင် အရင်ကလည်း ပြသနာကြီးကြီးမားမား မရှိခဲ့ပါဘူး။ အလွန်ဆုံး ရေပူမချိုးရရုံပေါ့..။

  • mgmglusoe

    August 28, 2011 at 7:30 am

    ကိုကြောင် ခန့်မှန်းသလို ဖြစ်ပါစေလို့ ဆုတောင်းနေရတော့မှာ၊ ဒီနိုင်ငံကနဲ့စာရင် အဲဒီမှာက ပိုပီး အကာ
    အကွယ် အစီအရင် ကောင်းမှာပါ၊ အဆင်ပြေ ချောမွေ့ကြပါစေဗျာ။

  • nature

    August 28, 2011 at 12:40 pm

    ဘုရားဟောတရားအရ ဆုတ်ကပ်ကြီးမှာ လူတွေဟာ လောဘ ဒေါသ မောဟ မာန်မာနတရားတွေများပြားပြီး လောကပါလတရားတွေပျက်ယွင်းလာတာနဲ့အမျှ ကမ္ဘာကြီးမှာ သူ့ထက်သူဆိုးတဲ့ ကပ်ဘေးတွေ ကျရောက်လာပါလိမ့်မယ်။ နောက်လဲထပ်လာပါဦးမယ်။ မလာစေချင်ရင်တော့ တကမ္ဘာလုံးလောကပါလတရားတွေ ယုံကြည်စွာကျင့်သုံးပြီး အကုသိုလ်တရားတွေ ရှောင်ရှားနိုင်မှသာလျှင် လွတ်နိုင်ပါမယ်။ အကုသိုလ်အကြောင်းကြောင့် အကုသိုလ်အကျိုးပေးနေချိန်မှာတော့ ဆုတောင်းယုံဖြင့်လွတ်နိုင်ရန်မလွယ်ပါ။

  • ရွှေအိမ်စည်

    August 28, 2011 at 12:57 pm

    မပူနဲ ့မြန်မာပြည်လည်းဒီနှစ်မိုးပိုနိုင်တယ်…တဲ ့၊

    (ကမ္ဘာလုံးလောကပါလတရားတွေ ယုံကြည်စွာကျင့်သုံးပြီး အကုသိုလ်တရားတွေ ရှောင်ရှားနိုင်မှသာလျှင် လွတ်နိုင်ပါမယ်။ အကုသိုလ်အကြောင်းကြောင့် ..)

    ဒါကြောင့်တော့လက်မခံနိုင်ပါဘူး…….အဲ..တကယ်ဘဲ…

  • မီးမီး သော်

    August 28, 2011 at 12:59 pm

    ““အမေရိကန် ပြည်သူတွေကို ကာကွယ်ဖို့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားပါတယ်။ ရေ၊ လျှပ်စစ်မီး ပြတ်တောက်မှုတွေ ဖြစ်လာနိုင်တဲ့ အရေးအပေါ် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားကြပါ။ အရေးပေါ် သတင်းထုတ်ပြန်ချက်တွေကို နားစွံ့ပေးပါ” ဟု အမေရိကန် ပြည်သူများသို့ အိုဘားများက ပြောကြားခဲ့သည်။””
    အဲဒါကြောင့်ပြောတာပေါ့. ကျွန်မတို ့နိုင်ငံခေါင်းဆောင်တွေနဲ ့များကွာလိုက်တာနော်။

  • cobra

    August 28, 2011 at 1:29 pm

    မကောင်းတဲ့ဘေးတွေဘယ်နိုင်ငံမှာမှမဖြစ်ပါစေနဲ ့…..။

    • kai

      August 28, 2011 at 4:26 pm

      ဆုတောင်းလို့..ဘာမှဖြစ်မလာဘူး… ဆိုနေမှပဲ..ဟာပဲ..ဟာကို..ပဲ..ဟာပဲကို..။
      ဆုက..ဝင်ပြိးတောင်းလိုက်ရသေးတယ်..။
      ကိုရင်မြွေဟောက်က…။
      ဖားမရပဲ..ငတ်ပါစေဗျာ..။ 🙂

  • Nan Shin

    August 28, 2011 at 4:23 pm

    ကျနော်ကတော့ အဲ့ဒိသတင်းကြားကြားချင်းရေကူးသင်တယ်။အထုတ်ပြင်တယ်။
    မုန့်များများဝယ်ပြီး ဘေးမှာချထားတယ်။ရေကြီးလာရင် ရေကူးရင်းမုန့်စားနိုင်အောင်လို့။ဟီး။

  • piti

    August 28, 2011 at 6:11 pm

    သူတို့ဆီမှာ ဘယ်လိုပြင်ဆင်ကြသလဲဆိုတာ ကျနော်တို့ အတုယူရမယ်ဗျာ…
    သဘာဝဘေးအန္တရာယ်တွေ ဘာတစ်ခုမှ မကြုံတွေ့ရပါစေနဲ့လို့

  • saiias.027

    September 2, 2011 at 12:41 am

    နောက်ဆက်တွဲလေးတွေလဲ တင်ပြပေးပါအုံး….. ကျေးဇူးတင်လျှက်။

  • saiias.027

    September 2, 2011 at 12:45 am

    တားဆီးလို့မရတာတော့အမှန်ပဲထင်ပါတယ်။။။။ ဒါပေမဲ့ သူတို့ဆီက အဲ့လိုကြိုသိရပြီး ကြိုတင်ပြင်ဆင်ကာကွယ်နိုင်တာကိုက ကျွန်တေ်ာတို့ထက်သာပါတယ်။။။ လွတ်မြောက်ပါစေ….

Leave a Reply