ဖတ်မိခဲ့သော သတင်း ၃ ခု

မောင် ပေAugust 27, 20111min10512

မင်္ဂလာပါ ။

ဒီရက်ပိုင်း အတွင်း  သတင်းစာ၊ဂျာနယ် ၊ မဂ္ဂဇင်း ၊ ဘုတ်အုတ် တွေ မဖတ်ဖြစ်တာ ၂ ပတ်လောက် ရှိပါပြီ ။

အချိန်လေး နဲနဲ ပြန်ရလို ့ဖတ်ဖြစ်တော့ စုံနေတာပဲ ဗျာ  ။ ပြန်ဖောက်သည်ချ ခွင့်ပြုပါနော် ။

ဘာရယ်ညာရယ် လို ့တော့ မဟုတ်ပါဘူး ။ သတင်း၃ ခု ပါ ။

ဖတ်ပြီးသား ဖြစ်နေမယ် ဆိုရင် တောင်းပန်ပါတယ်

“ သူလို သတို ့သား ”

တရုတ် ထိုင်ပေ မှာပါ ၊ ဩဂုတ် ၈ /၂၀၁၁ က တရားဆိုင်ပြီးခဲ့တာပေါ့ ။

မင်္ဂလာ ဆောင်ချိန် မှာ လာရောက်ခြင်း မရှိတဲ့ သတို ့သမီး တစ်ယောက် ဟာ ၊ ခင်ပွန်းလောင်း ကို စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေမှုနဲ  ့ ထိုင်ဝမ်ဒေါ်လာ ၂၅၀၀၀ဝ ( ဒေါ်လာ ၈၆၂ဝ ) ပေးဆောင် ဖို ့ ထိုင်ဝမ် တရားရုံး က အမိန် ့ချ ခဲ့တယ် လို ့သိရပါတယ် ။

ပြီးခဲ့တဲ့ နှစ် နိုဝင်ဘာ တုန်း က ကျင်းပခဲ့တဲ့ မင်္ဂလာဆောင် အခမ်းအနား ကို သတို ့သမီး က မလာခဲ့ပါဘူး ။ သူမ နဲ ့ ခင်ပွန်းလောင်း တို ့ဟာ ဧည့်သည် ဘယ်လောက် ဖိတ်မယ် ဆိုတာနဲ ့ပတ်သက်ပြီး ရန်ဖြစ် စကားများ ခဲ့ကြတာကြောင့်လို ့TVBS ရုပ်သံဌာန က ဆိုပါတယ် ။

အကြီးအကျယ် စိတ်ညစ်သွားတဲ့ သတို ့သား ဟာ မင်္ဂလာပွဲ မှာ ဟန်မပျက်အောင် ၊ သတို ့သမီး နေရာ ကို အပျို ရန် ကို အစားထိုးပြီး ပွဲမပျက်အောင် ဖန်တီးခဲ့ပါတယ် ။ နောက်ပိုင်းမှာ အပျိုရန် နဲ ့ချစ်ကြိုက်သွားပြီး ၊ မင်္ဂလာ တစ်ကယ်ဆောင်သွားခဲ့တယ် လို ့ဆိုပါတယ် ။

အဲဒီ အချိန်မှာ သတို ့သမီးမှာ ကိုယ်ဝန် ငါးလ ရှိနေပါပြီ ။

သတို ့သား ဟာ လျော်ကြေး ထိုင်ဝမ်ဒေါ်လာ တစ်သန်း တောင်းခံထားပေမယ့် ၊ နောက်ဆုံး မှာ ထိုင်ဝမ်ဒေါ်လာ ၂သိန်း၅သောင်း နဲ ့အမှု နိုင်သွားခဲ့ပါတယ် ။

ထွက်ပြေးသွားတဲ့ သတို ့သမီးဟာ သည်နှစ်ဆန်းပိုင်းမှာ ကလေးမွေးခဲ့ပြီး ၊ ကလေးကို တစ်ဦးတည်း ပြုစု စောင့်ရှောက်နေရတယ် လို ့သတင်းက ဆိုပါတယ် ။

( ref : AFP , Aug 8 , 2011 )

“ ကျီးယောင်မဆောင်ရ ”

မင်္ဂလာ ဆိုင်း ဟု အမည်တပ်ပြီး သဘင်လုပ်ငန်း နဲ ့ အသက်မွေးဝမ်းကြောင်း ပြုနေတဲ့ မြန်မာ ဆိုင်ဝိုင်း တွေ မှာ ၊ အနောက်တိုင်း တူရိယာများ ဖြစ်တဲ့ အော်ဂင် ၊ ဂစ်တာ ၊ ဒရမ်ဆက် များ ထည့်သုံးနေကြတာကို ယခုနှစ် သဘင်ရာသီ မှ စပြီး ၊ မပြုလုပ်ကြဖို ့ မြန်မာနိုင်ငံ သဘင်အစည်းအရုံး (ဗဟို ) မှ ညွှန်ကြားချက် ထုတ်လိုက်ပါတယ် ။

ဆိုင်းအဖွဲ ့များ ကို ငှားကြတာဟာ အလှူမင်္ဂလာပွဲ များ မှာ အများဆုံး ဖြစ်ပါတယ် ။

ထိုပွဲ များ မှာ ပရိသတ် အလိုကို လိုက်ပြီး အနောက်တိုင်း တူရိယာ တွေ ကို အသုံးပြုလာခြင်း ဖြစ်ကြောင်း  ၊ သို ့သော် ရိုးရာ အမွေအနှစ်  ဖြစ်တဲ့ မြန်မာ့ဆိုင်းဝိုင်းမှာ ဒီအနောက်တိုင်း တူရိယာ သုံးခြင်းဟာ ရိုးရာနဲ  ့မကိုက်ညီကြောင်း ၊ ဒီလို သုံးနေတဲ့ အဖွဲ  ့များ ကို ရန်ကုန် ၊ မန်းတလေး လို မြို  ့ကြီးတွေ မှာ တွေ  ့ရနည်းပြီး ၊ နယ်မြို  ့များမှာ အများဆုံး တွေ ့ရကြောင်း ၊ ယခုနှစ် သဘင်ရာသီ မှ စတင်၍ အနောက်တိုင်း တူရိယာ များ ပါရှိတဲ့ ဆိုင်း အဖွဲ  ့များ ကို ၊ သဘင်အစည်းအရုံး မှ တည်ထောင်ခွင့် ရုတ်သိမ်းသည်အထိ အရေးယူ ဆောင်ရွက်သွားမယ် လို ့ သဘင်အစည်းအရုံး (ဗဟို) မှ တာဝန်ရှိသူ တစ်ဦးက ပြောကြား သွားပါတယ် ။

“ မန်းတလေး တိုင်းဒေသကြီး အတွင်းရှိ သီလရှင်များ လိုက်နာရန် စည်းကမ်းချက်များ ထုတ်လိုက်ပြီ ”

၂၀၁၁ ဇူလိုင်လ ၁ရ ရက် က မန်းတလေးမြို  ့၊ မြဝတီ သီလရှင် စာသင်တိုက် ၌ ကျင်းပသော အစည်းအဝေး က ၊ မန်းတလေးတိုင်းဒေသကြီးတွင်းရှိ သီလရှင်များ အထူးလိုက်နာရန် စည်းကမ်းချက်များ ကို ထုတ်ပြန်ကြေငြာလိုက်ပြီ လို ့သိရပါတယ် ။ မြို  ့ပေါ်ရှိ သီလရှင် ကျောင်းများ သို ့ဖြန် ့ဝေထားပြီး လို ့သိရပါတယ် ။

သာသနာတော် ကို အကြည်ညို ပျက်စေနိုင်သည့် အတုအယောင် အလှူခံ မှုများ ၊ သတ်မှတ်ရက် မဟုတ်ဘဲ မြို  ့ထဲ ၊ အရပ်ထဲ ၊ ရွာထဲ လှည့်လည် အလှူခံနေမှု များ ၊ဘူတာရုံ များ ၊ မီးရထား ၊ ဘက်စ်ကားများနှင့် ဆေးရုံ ၊ ဆေးခန်း ၊ ဈေးများတွင် အလှူခံနေမှုများကို တွေ ့ရှိရသည့်အတွက် စည်းကမ်းချက်များ ပေါ်ထွက်လာခြင်း ဖြစ်သည် ။

ထုတ်ပြန်သော စည်းကမ်းချက်များတွင်

(၁) သီလရှင် မည်မျှပင် အရေးကြီးသော ကိစ္စရှိသည်ဖြစ်စေ ၊ ဆိုင်ကယ်ပေါ်တွင် လုံးဝ စီးနင်းလိုက်ပါခြင်း မပြုရ။

(၂) သီလရှင် ဝတ်၍ သာသနာ စာပေများ ကို မသင်ဘဲ ၊ လောကီ အတန်း စာပေ တစ်မျိုးတည်း ကို သာ သင်ကြားပေးခြင်း မပြုလုပ်ရ ။

(၃) ရပ်ကွက်အတွင်းအိမ်များ ၌ နေထိုင်ခြင်း မပြုရ ။

(၄) မန်းတလေး ငါးမြို  ့နယ် အတွင်း အဝေးဖိတ် ၊ အနီးဖိတ် မှ အပ  ကျန်ရက်များတွင် ဆွမ်းခံ ၊ အလှူခံ မထွက်ရ

(၅) လူစည်ကားရာ လက်ဖက်ရည်ဆိုင်များ နှင့် ကားဂိတ်၊ကားပေါ်၊သင်္ဘောဆိပ်၊သင်္ဘောပေါ်၊ဘူတာရုံ ၊ ရထားပေါ် ၊ ဆေးရုံ ဆေးခန်းများ အတွင်းဝင် ၍ အလှူခံခြင်း မပြုရ

(၆) နိုင်ငံတောင် မှ ထုတ်ပြန်ထားသော သီလရှင်ကျင့်ဝတ်လမ်းညွှန်လွှာ ၈၄ နှင့် ကျောင်းထိုင်အသီးသီး မှ ချမှတ်ထားသော စည်းမျဉ်းများနှင့် အညီ နေထိုင်ကြရန်

ဟူသောအချက်များ ပါဝင်တယ်လို ့သိရပါတယ် ။

ယခု အခါတွင် သီလရှင်ကျင့်ဝတ်များ ကို မသိသော သီလရှင် များ ထွန်းကားလာခြင်းသည် သာသနာတော် အတွက် အန္တရာယ် ဖြစ်စေနိုင်သောကြောင့် ၊ ကျောင်းထိုင်ဆရာများ ကိုယ်တိုင် အထူးကြပ်မတ်၍ သီလရှင် မှန်သမျှ သီလရှင် ကျင့်ဝတ်ကို သင်ကြားပေးရမည် ဖြစ်ကြောင်း ၊ အထက်ပါ စည်းကမ်းချက်များနှင့် နိုင်ငံတော် ညွှန်ကြားလွှာ ၈၄ ကို မလိုက်နာပါက ထေရဝါဒ ဗုဒ္ဓသာသနာ သီလရှင် အဖွဲ  ့အစည်း အခြေခံ စည်းမျဉ်းလုပ်ထုံး နည်းအရ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်တယ် လို ့သိရပါတယ် ။

အဆိုပါ စည်းကမ်းချက် ထုတ်ပြန်ရန် အတွက် မန်းတလေးတိုင်းဒေသကြီး ၊ သီလရှင် အမှုဆောင်အဖွဲ  ့ ဆရာကြီးများ နှင့် မန်းတလေး ငါးမြို  ့နယ် သီလရှင် အမှုဆောင် အဖွဲ  ့ဥက္ကဋ္ဌ အကျိုးတော်ဆောင် ဆရာကြီးများ ၊ မန်းတလေး စာသင်တိုက်ကြီးများ မှ ဆရာကြီးများ စုပေါင်း၍ အစည်းအဝေး ဆုံးဖြတ်ချက်များနှင့်အညီ ထုတ်ပြန် ကြေညာ ခြင်း ဖြစ်တယ်လို ့သိရပါတယ် ။

 

12 comments

  • စုန်းထီး

    August 27, 2011 at 9:32 pm

    ဆက်လက်ရေးသားပါ အားပေးပါတယ် ..
    အပေါ်ဆုံးတစ်ပုဒ်က နည်းနည်းတော့ တစ်မျိုးပဲနော် .. အပျိုရန်ကို ယူလိုက်ပြီး ချစ်ကြိုက်သွားတယ်ပေါ့ .. သူတို့ကနေ ကလေးမွေးဦးမယ် … ဟို ထွက်ပြေးသွားတဲ့ မိန်းမနဲ့ရတဲ့ကလေးကလည်းရှိသေး .. အမွေ ကိစ္စတွေကျတော့ မင်္ဂလာမဆောင်ဘဲ ထွက်ပြေးသွားတဲ့ မိန်းမက မွေးတဲ့ ကလေးက ရနိုင်/မရနိုင်လည်း သိသူများ မျှဝေပေးပါအုန်း …:P

    • windtalker

      August 27, 2011 at 9:37 pm

      ဟုတ်ကဲ့
      အားပေးမှု ကို ကျေးဇူးတင်ပါတယ်
      ကျောက်စိမ်းပညာ အကြောင်း ရေးနေရာကနေ
      ထပ်တင်ရမယ့် ဟာ က နဲနဲ ရှုပ်နေလို ့
      ဖတ်မိတဲ့ သတင်းတွေထဲ က
      ဆန်းတယ် လို ့ထင်မိတာလေး ကို
      ပြန်ဝေမျှ ပေးလိုက်တာပါ
      ကျောက်စိမ်းပညာ အကြောင်း ဆက်လက် တင်ပါဦးမယ်

  • ကတိမဖျက်နဲ့ လျော်ရမယ်။

    မြန်မာထဲကို ဘိုမရောနဲ့ တော်တော် တော်………….လို့အပြောခံရမယ်။

    ခွင့်မပေးဘဲမတောင်းနဲ့ ဖောင်းဖြစ်သွားမယ်။

  • “ဘီလူးကြီး”ogre

    August 28, 2011 at 8:35 am

    သီလရှင် ဆရာလေးများအား စည်းကမ်းပိုင်းဆိုင်ရာ ကျင့်ဝတ်ပိုင်းဆိုင်ရာ
    တွေနဲ့ ထိမ်းသိမ်း ညွန်ကြားခဲ့ခြင်းအတွက် ဝမ်းမြောက်ဝမ်းသာ
    သာဓု…ခေါ်အပ်ပါတယ်ဗျာ…။။။

  • winkyawaung

    August 28, 2011 at 9:26 am

    မဖတ်ရသေးတဲ့ သတင်းများကို ဖတ်ရလို့ ကျေးဇူးတင်ပါတယ်။ ဒီသတင်း(၃)ပုဒ်က လူတိုင်း ကြားသိသင့်တဲ့ သတင်းများ ဖြစ်ပါတယ်နော်..။

  • yetazar

    August 28, 2011 at 10:42 am

    မန္တလေးမှာသီလရှင်တွေကိုအမိန့်ထုတ်တဲ့သတင်းလေးကြားရတာတော့ ကောင်းတယ်လိုယူဆပါတယ် ။ သာသနာကိုစောင့်ရှောက်တန်ဖိုးထားတဲ့ ဖွားသီလတွေရှိသလို သာသနာကိုမငဲ့ကွက်ပဲ ထင်ရာလုပ်နေကြတဲ့ သီလရှင်တွေလဲ တွေ့နေရပါတယ် ။ တချို့ တချို့တွေကတော့ သာသနာကိုအကြည်ညိုပျက်စေတဲ့အထိ ဆိုးရွားနေကြတာကိုလည်း တွေ့နေရပါတယ် ။ လဘက်ရည်ဆိုင်တွေမှာ ဝင်ပြီးအလှူမထည့်မချင်း အနားကမခွာလုပ်နေတာတွေက သာသနာကိုစော်ကားနေတာပါ ။ မဖြစ်သင့်တာတွေ လျှော့နည်းသွားအောင်လုပ်တာမို့ ကောင်းတဲ့အမိန့်ကြောငြာချက်လေးလို့ ထင်မြင်မိပါတယ် ။

  • မီးမီး သော်

    August 28, 2011 at 11:04 am

    သီလရှင်ဆရာလေးတွေအပေါ်မှာ စည်းကမ်းလေးတွေထုတ်တာကို ဝမ်းသာပါတယ်။ကြိ ုဆိုပါတယ်။ဦးပဇင်းများ ဆိုင်ကယ်မစီးရလို ့ပါ ထုတ်ပြန်ပေးစေလိုပါတယ်။မန္တလေးမှာ အဆိုးဆုံးပါ ဦးပဇင်းများဆိုင်ကယ် တဝီဝီန ဲ့မမြင်ချင်ဆုံးတွေ ့နေရပါတယ်

  • Big Defender

    August 28, 2011 at 12:07 pm

    အေး ကောင်းတယ်
    ဒါမှကိုယ်အမျိုး တိုးတက်မှာ

  • MaMa

    August 28, 2011 at 12:36 pm

    အကျိုးရှိတဲ့ သတင်းတွေချည်းပါပဲ။ သိရလို့ ကျေးဇူးတင်ပါတယ် မောင်ပေ ရေ။

  • cobra

    August 28, 2011 at 3:29 pm

    ကျေးဇူးပါ။

  • naywoonni

    August 28, 2011 at 3:38 pm

    ဖြစ်သင့်တာကြာပြီလေ……….. ကြပ်မတ်သင့်တာပေါ့……… နို့မို့ အတူတူ ထင်ပြီး တန်ကြေး မထားကြတော့ဘူး

  • manawphyulay

    August 28, 2011 at 3:39 pm

    အပေါ်က မင်္ဂလာဆောင်က တညှိုးကြီးပါလား…. ကျောက်စိမ်းပညာလေးဆက်ပါဦး ဆရာရယ်…

Leave a Reply