Spoken English Patterns (1)

TTNUAugust 27, 20111min1537

Spoken English Patterns (1)

 

Sound Patterns  တွေနဲ့ နှိပ်စက်ပြီ:လို့  Spoken English Patterns  ဆက်ရေးပါမယ်။ တကယ်တော့ ကိုယ် ဒါတွေကို ဖြန့်ပြီးသားပါ။ စာအုပ် (3) ထုတ်ဖို့ အားယူရင်း ပျင်းနေပါတယ်။ Mandalay Gazette  Blog ဖတ်သူများ ထဲက တစ်ချို ့ လည်း ဖတ်ဖူးကြမှာပါ။ စိတ်ဝင်စားသူများ၊ မဖတ်ရသေးသူများအတွက် ရည်ရွယ်ပြီး တင်တာပါ။ ကိုယ်ရေးပြီး စာအုပ်ထုတ်ပြီး မှာ Drills 200  ထိပဲ ထုတ်ထားပါတယ်။ အခု ရေးလိုက်တဲ့  (၁) ဟာ  Drill (201) ပါ။ ဒီ ဘလော့ ထဲမှာတော့ (၁)  အနေနဲ့ စရေးပါမယ်။ အသစ်ထပ်ရေးတာ  လေးတွေလည်း အဆင်ပြေသလို ၊ အားရင် အားသလို ရေးသွားပါမယ်။

 

Pattern (1) You should make a point of + Ving.

ဒီလိုလုပ်ခြင်းကို မင်း မပျက် မကွက် လုပ်သင့်တယ်။

E.g.  Buy suitable clothes. သင့်တော်တဲ့ အဝတ်အစားတွေဝယ်တယ်။

You should make a point of buying suitable clothes.

သင့်တော်တဲ့ အဝတ်အစားတွေဝယ် တဲ့ ကိစ္စ မင်း မပျက် မကွက် လုပ်သင့်တယ်။

 

(1) Leave earlier than usual.

ပုံမှန်ထက် ပိုစောထွက်တယ်။

You should make a point of…………………………………….

 

(2) Persuade him to do it.

သူ့ကို ဒါလုပ်ဖို့ စည်းရုံးတယ်။

You should make a point of…………………………………….

 

(3) Recheck the locked doors.

သော့ခတ်ထားတဲ့ တံခါးတွေ ကို ထပ်စစ်တယ်။

You should make a point of…………………………………….

 

(4) Return the dictionary to the library.

စာကြည့်တိုက်ကို အဘိဓါန် စာအုပ်ပြန်ပို့တယ်။

You should make a point of…………………………………….

 

(5) Ask for permission to play in their garden.

သူတို့ခြံထဲမှာ ကစားခွင့်ပြုဖို့ ခွင့်တောင်းတယ်။

You should make a point of…………………………………….

 

(6) Say goodbye to your teacher before you go home.

အိမ်မပြန်ခင် ဆရာမကို နုတ်ဆက်တယ်။

You should make a point of…………………………………….

 

(7) Read the weather report.

မိုးလေဝသ သတင်း ဖတ်တယ်။

You should make a point of…………………………………….

 

(8) Buy your mother a birthday present.

မင်းအမေကို မွေးနေ့လက်ဆောင် ဝယ်ပေးတယ်။

You should make a point of…………………………………….

 

(9) Address this envelope in English.

ဒီစာအိပ် ပေါ်မှာ အင်္ဂလိပ်လို လိပ်စာတပ်တယ်။

You should make a point of…………………………………….

 

(10) Throw the rubbish into the waste-basket.

အမှိုုက်တောင်းထဲကို အမှိုက်ပစ်တယ်။

You should make a point of……………………………………

 

 

 

7 comments

  • Sonny

    August 27, 2011 at 10:49 pm

    Hi TTNU,
    I have already read your book one and two. They were published a few years ago, yeh? They were of really valuable tool for me to improve my English as well as mine. I have been expecting such books and more to come from you I suppose. So do I have to expect Spoken English Patterns 2 and more? Your previous books have been published by ကောင်းသန့်စာပေ if I am not mistaken.I would also like to encourage those readers of The Mandalay Gazette to wait and learn her lessons. Welcome!!! And thank u indeed.

  • ကြောင်ကြီး

    August 28, 2011 at 7:45 am

    should make a point of အစား should v သုံးတာ ပိုယဉ်ကျေး formal ပိုကျ၊ ခိုင်းတဲ့သဘောမဆန်ဘူးလို့လား။ အပြင်မှာ အဲဒီလို ရှည်ရှည်ဝေးဝေး သုံးတာသတိမပြုမိလို့ပါ။ ကျေးဇူးတင်ပါတယ် သိခွင့်ရတဲ့အတွက်..။

  • TTNU

    August 28, 2011 at 10:10 am

    ဟုတ်ကဲ့ပါ ( ကြောင်ကြီးရေ ) ။ should v သုံးတာ Polite suggestion ဖြစ်ပါတယ်၊ ( ကြောင်ကြီး) ပြောသလိုပါပဲ ၊ ဟုတ်ပါတယ် အပြင်မှာ ဒီလို ရှည် ရှည်ဝေးဝေး သိပ် မသုံးလေ့ပါဘူး။ ဒါပေမဲ့ Debate လိုမျိုးတွေမှာ ကျတော့ စကားအလှလဲသုံး ချင်တယ်၊ ထိလဲ ထိရောက်ချင်တယ် ဆိုရင် ဒီလို Indirectness တွေ သုံးတဲ့ သဘောပါ။

    ဥပမာ You should invite Kyaung Gyi to your party. ( ကြောင်ကြီးကို ပါတီ ဖိတ်သင့်တယ်။)
    You should make a point of inviting Kyaung Gyi to your party. (ကြောင်ကြီးကို ပါတီဖိတ်ဖို့
    မပျက်မကွက် လုပ်ရမယ်နော်။)
    Stress of meaning နည်းနည်းကွာတာသိသာမယ်ထင်ပါတယ် ( ကို ကြောင်ကြီးရေ)
    Anyways, thanks a lot for dropping some lines for me.

  • Chaw Chaw

    August 28, 2011 at 1:22 pm

    Thank you TTNU. It’s valuable for us to know. I like diplomatic speaking and writing very much.. Could u pls tell me that kind of book that u have already published???

  • TTNU

    August 28, 2011 at 8:58 pm

    (Chaw Chaw ရေ)
    Spoken English Patterns ဆိုတဲ့ အမည်နဲ့ပဲ ထွက်တာပါကွယ်။ (စာရေးသူ ဒေါ်သန်းသန်းနု M.A (U.K) )
    ဆိုပြီး Book(1) နဲ့ Book(2) နှစ်အုပ် ကောင်းသန့် စာပေကထုတ်ပါတယ်။ အခု Blog မှာရေးတာက Book(3) နဲ့ ထွက်မယ်ပြင်ထားတဲ့ စာမူတစ်ချို ့ပါ။ Chaw Chaw ရေ တစ်ချို ့ အသုံး အနှုံးတွေ ကတော့ Diplomatic တွေ မဟုတ်ပါဘူးကွယ်။ Level မျိုးစုံ သုံးလို့ ရအောင် ဆိုပြီး ရောထားတာပါကွယ်။

  • စုံ စုံ

    August 29, 2011 at 12:22 pm

    ကျေးဇူးအထူးတင်ပါတယ် ဒေါ်သန်းသန်းနု(TTNU)
    ုပို့စ်တင်တာကော မန်းတာပါ အကျိုးရှိတာတွေသိခွင့်ရတဲ့အတွက်ပါ
    နောက်လဲစောင့်ဖတ်နေပါ့မယ်နော်

  • windtalker

    August 29, 2011 at 1:54 pm

    ဂေဇက် မှာ
    ဒီလို သင်ကြားပေးမယ့် ဒေါ်သန်းသန်းနု ရောက်ရှိလာတာ
    အားလုံးအတွက် မင်္ဂလာပါ ပဲ ။
    ဆက်လက်ပြီး လည်း
    ရေးတင်ပေးပါဦး ခင်ဗျာ
    အနော် က တော့
    အင်းဂလို ဆိုရင်
    ဘလုတ်ကင်း လောက် တတ်သာမို ့
    ဒေါ်သန်းသန်းနု ရဲ ့
    ပို ့စ်တွေ ကို အမြဲ ဖတ်ရှု သွားချင်ပါတယ် ခင်ဗျာ

Leave a Reply