ကျွှန်တော်ဖတ်မိသောအတွေးစများ(၁)

SonnyAugust 27, 20111min1236

ကျွှန်တော်ဖတ်မိသောအတွေးစများ ကိုတင်ပြချင်ပါတယ်။

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း) ရေးတဲ့ လောကကျက်သရေ စာအုပ်ထဲကပါ၊ ကျွန်တော်ဖတ်ပြီးတာ ၂၀၀၉ April 29th တုံးကပါ။ share ချင်တာနဲ့ highlight လုပ်ပြီးသားလေးတွေပြန်ရှာတယ်၊၊ ဖတ်ကြည်ကြပါ၊ အကျဉ်းချူံးပြောပါရစေ၊ နှာ ၁၄၂-၁၄၃-၁၄၄

လာချင်းကောင်းသူ(သွာဂတ) နဲ့ လာချင်းဆိုးသူ ( ဒွါဂတ)

လာချင်းကောင်းသူ (သွာဂတ) ဆိုတာ ရောက်လာပြီး အတူတူကြုံတွေ့ ရရင် ဝမ်းသာကြည်နူးမှု့ကိုဖြစ်စေပြီး  ခွဲခွါရရင် ဝမ်းနည်းစရာကောင်းတဲ့ ပုဂ္ဂိုလ်မျိုးပါ ၊ အမတမော်ကွန်း  စိုက်ထူခဲ့တဲ့လူများလို့  ဆိုရမှာပါတဲ့။ အနီးကပ်ဥပမာပြုရရင်တော့   လင်ကွန်းတို့ ဗိုလ်ချူပ်အောင်ဆန်းတို့   မင်ကွန်းဆရာတော်တို့ နေရူးတို့

လိုသေတဲ့အထိ  တ နေ ရတဲ့လူမျိုးတွေပါတဲ့၊

ဆန့်ကျင်ဘက်များဖြစ်တဲ့ လာခြင်းဆိုးသူ ( ဒွါဂတ) များကတော့ အတူတူကြုံတွေရရင်  စိတ်ပျက်ဝမ်းနည်းစရာကောင်းပြီး ခွဲခွါမှ စိတ်ချမ်းသာခွင့် ရ တယ်ဆို တဲ့ ပုဂ္ဂိုလ်မျိုးပါ။ မသေနိုင်တဲ့အတွက်  တ  နေ ရတဲ့ပုဂ္ဂိုလ်မျိုးတွေပါ၊ ရှင်ဒေဝဒတ်တို့ စိဉ္စမာနတို့ ဟစ်တလာတို့ မူဆိုလိုနီ တို့ ပေါ့။

ကျွန်တော့်အတွေးဆက် …

ငါများဘယ်လိုလူထဲပါ ပါ (ပါမှာပါ)လိမ့်။ ငါသေပြီးတဲ့အခါ ငါ့ကို မတတောင် ငါနှင့်ငါ့ပတ်ဝင်းကျင်ကို အကျိူးရှိအောင် လုပ်ရမယ်လို့  အသိဝင်လာပါတယ်။ လူဆိုတာသံသရာမဆုံး သရွေ ့ တော့ ခရီးဆက်ရင်း မှားရင် ပြင်ရင်း သေရင်းပါပဲ။ အမှားရော့ အမှန်များလာပြီး အမှားပျောက် အမှန်ရောက် အောင် ငါလုုပ်မှ။ ကွင်းပြင်ထဲပြေးနေရင်း ဆူးခြုံမငြိ အောင် ကြိုးစားမှ တော်ကာကျမယ်။

ဆရာတော် ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း) ကိုဦးခိုက်လျှက်။

 

6 comments

  • မီးမီး သော်

    August 27, 2011 at 11:26 pm

    ခုလိုဝေမျှလို ့ကျေးဇူးပါနော်။ဒီကနေ ့ကျွန်မတို ့သေသွားခဲ့ရင် တိတ်တိတ်ကလေး ဘယ်သူမှ မသိလိုက်ပါဘူး။ဒါပေမယ့် ကိုယ့်ပတ်ဝန်းကျင်ကိုယ့်မိသားစုလေးအတွက်ဘဲဖြစ်ဖြစ်ပေါ့ လူသားကောင်းကျိုးလေးတခုပြ ုပြီးအမွေကောင်းလေးထားခဲ့နိုင်ဖို ့ကြိ ုးစားကြရပါမယ်

  • TTNU

    August 27, 2011 at 11:38 pm

    အလွန် ကောင်းသော အတွေးစ များဆိုတာ လက်ခံပါတယ်။ တစ်ခါက ရှင်သာရိ ပုတ္တရာ ဆွမ်းခံ ပြန်အလာ
    ” ငါ မသေဘူးသေးတဲ့ နေရာမှာ ဆွမ်းဘုဉ်းပေးမည် ” ဆိုပြီးနေရာရှာပါတယ်။ နေရာချင်းထပ်နေ
    အောင်ရှာပေမဲ့ မတွေ့ လိုက်တာ ပင်လယ်ကမ်းစပ်ကို ရောက်လာပါရော၊ ဒါနဲ့ ကျောက်တုံးတစ်တုံးပေါ် ထိုင်ပြီး ဆွမ်းဘုဉ်းပေးမယ် စိတ်ကူးသော်လည်း ပုစွန်လုံးဘဝ ကသေခဲ့ဘူးတဲ့နေရာ ဖြစ်နေသတဲ့။ အသေဘဝ တွေ ထပ်ခဲ့သလို သေခဲ့တဲ့နေရာတွေ လဲ အထပ်ထပ်ပေါ့။ အနေမြတ်ဖို့ သာ အရေးအကြီးဆုံးပါ။

  • Nan Shin

    August 28, 2011 at 2:08 am

    တွေးသင့်တဲ့ အတွေးပါပဲ။

  • soulfly

    August 28, 2011 at 3:32 pm

    ဒါလေးကို ဖတ်လိုက်ရတော့ ငါဒီလောကကြီးထဲကို ရောက်နေတာ ကြာပြီ..။ ဘာတွေလောက အကျိုးပြုခဲ့ဖူးလဲလို့ ကိုယ့်ကိုယ့်ကို မေးမိတယ်ဗျာ..။ အတော်နည်းနေပါသေးလားလို့ သံဝေဂရမိပါတယ်ဗျာ။ ဖော်ပြပေးလို့ ကျေးဇူးတင်ပါတယ်..။

  • windtalker

    August 29, 2011 at 8:40 pm

    ကောင်းပါတယ်
    အခု လို ပြန်ဝေမျှပေးတော့
    ကျုပ်တို ့လည်း
    သိရတာပေါ့
    ကျေးဇူးပါ

  • unclegyi1974

    August 29, 2011 at 10:22 pm

    ရှင်ဒေဝဒတ်တို့ စိဉ္စမာနနောက်ပြီး….

Leave a Reply