ဦးစံရှားကို ကယ်ပါဦး(ဉာဏ်စမ်း)

ဂ်ဲသုAugust 27, 20111min29350

ဦးစံရှားတစ်ယောက်  လူရိုင်းရွာတစ်ရွာကို ရောက်သွားပါတယ်။ အဲဒီလူရိုင်းရွာက  လူစိမ်းလက်မခံပါဘူး။အဲဒီရွာမှာ  လူသတ်စင်နှစ်ခုရှိပါတယ်။တစ်ခုက အဖြူ ။ တစ်ခုကအမည်းပါ။ ရွာကိုလူစိမ်းဝင်လာရင် မေးခွန်းတစ်ခုမေး။ဖြေတာမှန်ရင် အဖြူရောင်လူသတ်စင်ပေါ်တင်သတ်ပါတယ်။ မှားရင်တော့အမည်းရောင်လူသတ်စင်ပေါ်တင်သတ်ပါတယ်။ အဲဒီမှာ ဦးစံရှား ကို လူရိုင်းတွေက မေးခွန်းတစ်ခုမေးပါတယ်။ မေးခွန်းက “ခင်ဗျားကို ဘယ်လူသတ်စင်မှာတင်သတ်မယ်ထင်သလဲ” ဖြစ်ပါတယ်။ မဖြေပဲ နေလို.မရပါဘူး။ ဖြေကိုဖြေရမှာပါ ။ အသက်နဲ့ ရင်းပြီးဖြေရမှာဆိုတော့ ဦးစံရှားအခက်တွေ.နေပါတယ်။ ကူပြီးဖြေပေးကြပါဦး။

50 comments

  • jalthusg.kt

    August 27, 2011 at 11:50 pm

    အဖြေမှန်က နှစ်ခုထဲက တစ်ခုပါ။ ရမ်းဖြေရင်လည်းတစ်ခုမဟုတ်တစ်ခုမှန်သွားနိုင်ပါတယ်။ အကျိုးသင့်အကြောင်းသင့်လေးဖြေပေးစေချင်ပါတယ်။ ဦးစံရှားက အသက်နဲ့ရင်းပြီးဖြေရမှာဆိုတော့ ဘယ်လိုဖြေရင်လွတ်နိုင်လဲ ဆိုတာသေသေချာချာသိမှ ဖြေရဲမှာမို.ပါ။

  • koyinmaung

    August 28, 2011 at 12:00 am

    အဖြူမဟုတ်အမဲမဟုတ်လို့ ဖြေပေးလိုက်ပါ….

    • jalthusg.kt

      August 28, 2011 at 12:02 am

      မှားပါတယ်

  • thit min

    August 28, 2011 at 12:29 am

    ဖြေတာမှန်ရင် အဖြူရောင်လူသတ်စင်ပေါ်တင်သတ်ပါတယ်။ မှားရင်တော့အမည်းရောင်လူသတ်စင်ပေါ်တင်သတ်ပါတယ်။ …..ဆိုတဲ့နှစ်ကြောင်းမှာတူတာက” ်လူသတ်စင်ပေါ်တင်သတ်ပါတယ်။”
    ထူးဆန်းတာက…….ဖြေတာမှန်ရင် အဖြူရောင် နဲ့ မှားရင်တော့အမည်းရောင်…….ဆိုတဲ့စာလုံးလေးတွေ..ဆိုတော့။…

    အဖြေက..အဖြူရောင် ပါ။

    • jalthusg.kt

      August 28, 2011 at 2:26 pm

      မင်းအဖြေမှားပါတယ်ဆိုပြီး ဦးစံရှားကို အမည်းရောင်လူသတ်စင်ပေါ်တင်သတ်လိုက်မှာပေါ့။

  • @leprechaun

    August 28, 2011 at 1:55 am

    စုံထောက် ဦးစံရှားဆိုမှတော့ ဘယ်သေလို့ ဖြစ်မှာလဲ။ လူဆိုမှတော့ သေချင်တဲ့ လူရှိမှာ မဟုတ်ပါဘူး။ မေးခွန်းက ဖြေတာမှန်ရင်လည်း သေမှာပဲ။ ဖြေတာ မှားရင်လည်း သေမှာပဲ။ မသေရအောင် လုပ်တဲ့ တစ်ခုပဲ ရှိပါတယ်။ အဲဒါက “မဖြေတတ်ဘူး” လို့။ ဒါဆို ဖြေစရာလည်း မလိုပါဘူး။ မေးထားတဲ့ အထဲမှာ မဖြေတတ်ရင် သတ်မယ်လို့ ပြောမထားဘူးလေ။

    • thit min

      August 28, 2011 at 2:17 am

      မဖြေပဲ နေလို.မရပါဘူး။ ဖြေကိုဖြေရမှာပါ ။

      • MaMa

        August 28, 2011 at 11:39 am

        “မဖြေတတ်ဘူး” ဆိုတာ အဖြေပဲလေ။

        • jalthusg.kt

          August 28, 2011 at 2:31 pm

          ဒါဆိုရင်လည်းအမည်းပေါ်တင်သတ်ခံရမှာပါပဲ။

  • Nan Shin

    August 28, 2011 at 2:05 am

    လူစိမ်းကိုသက်မှာဆိုတော့ စင်စိမ်းထက်ဆောက်ခိုင်းမှာပေါ့။ဟီး။
    ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်မဖြူပါရစေနဲ့ဦးဗျာ။အဖြေရမှ လက်တို့လိုက်တော့။

  • ကြောင်ကြီး

    August 28, 2011 at 9:07 am

    အဖြူရောင်ဖြစ်မလား။ ဘာဖြေဖြေ မှန်တယ်ဆိုပြီး သတ်မှတရားမှာပေါ့။ သူကအမှားဖြေလို့ အမဲစင်ပေါ်တင်သတ်ရမယ်ဆို အဖြေမှန်ပြဖို့ စောဒကတက်ရင် ယဉ်ကျေးတဲ့လူရိုင်းတွေအတွက် ဂွကျနေမလားလို့..။

  • nature

    August 28, 2011 at 11:08 am

    ကျနော်ထင်တဲ့အဖြေကတော့ ..ကျွန်တော်ကို ဘယ်လူသတ်စင်မှာမှ တင်သတ်မယ်မထင်ပါဘူး။

  • မီးမီး သော်

    August 28, 2011 at 11:15 am

    ကဲကျွန်မဖြေမယ် ဦးစံရှားက အ,အယောင်ဆောင်နေပါလိမ့်မယ်။မှန်ရင်တော့ မုန် ့ကျွေးရမယ်နော်. ဟိ

  • zawmaung

    August 28, 2011 at 11:46 am

    I will marriage one of your girl and become member.

  • မီးမီး သော်

    August 28, 2011 at 11:50 am

    အော်—အဲလိုလား. ဒါရွာနော်. ထောင်မဟုတ်ဘူး နေရာမှားဝင်လာပီ။ဟိဟိ. စတာပါနော်။ခုထိလဲအဖြေမပေးသေးဘူး

  • Big Defender

    August 28, 2011 at 11:54 am

    အမည်းလည်းသေ အဖြူလည်းသေဆိုတော့
    ှုှုဦးစံရှား အစတည်းက အဲဒီနေရာကိုမသွားရင်
    ဘာမှမဖြစ်ပါဘူး
    အဲဒီတော့ ကျွန်တော်တို့လည်း ခေါင်းမစားဘူးပေါ့
    တော်တော်ရှည်တဲ့ဦးစံရှား

  • ရွှေအိမ်စည်

    August 28, 2011 at 12:07 pm

    ဒီပိုစ့်ကလွန်ခဲ ့တဲ ့၅-၆လောက်ကပါ

    တစ်ခါက ရှေ့နေတစ်ယောက်ကို အသားစားတဲ့ လူရိုင်းတွေ က ဖမ်းမိသွားတယ်

    အဲလိုဖမ်းမိသွားတဲ့ အခါ သူတို့ က ရှေ့နေကို သတ်ဖို့အတွက် အဖြူရောင် ကားစင် တစ်ခုရယ်

    အနက်ရောင် ကားစင်တစ်ခုရယ် ကို စိုက်ထူလိုက်တယ်။

    ကားစင်တွေ စိုက်ပြီးတဲ့ အခါမှာ လူရိုင်းခေါင်းဆောင် က ရှေ့နေကို ပြောတယ်

    မင်း ကို ငါတို့ မေးခွန်းတစ်ခု မေးမယ် အဖြေမှန်ခဲ့ရင် အဖြူရောင် ကားစင်မှာ တင်ပြီးသတ်မယ်

    အကယ်၍ အဖြေမှားခဲ့ရင် အနက်ရောင် ကားစင်မှာ သတ်မယ်လို့ပြောတယ်။

    ပြောလဲ ပြီးရော လူရိုင်းခေါင်းဆောင်က ရှေ့နေကို မေးခွန်းမေးလိုက်တယ်

    မေးတဲ့ မေးခွန်းက ” ငါတို့ မင်းကို ဘယ်ကားစင်မှာ သတ်မှာလဲ ” လို့ မေးလိုက်တယ်

    ရှေ့နေက လဲ ပြန်ဖြေတယ် ။ရှေ့နေဖြေပြီးတဲ့ အခါ မှာ လူရိုင်းခေါင်းဆောင် က ရှေ့နေကို ဘာမှ မလုပ်နိုင်ဘဲ အရှုံးပေးပြီး လွှတ်ပေးလိုက်ရတယ်။

    သိချင်တာ က ရှေ့နေ ဘယ်လို ဖြေလိုက် လို့ အသက်ချမ်းသာရာ ရတာလဲ ?

    စိတ်ဝင်စားမှာပါ။

    ဥိးဥိးမှော်ဆရာ.

    • jalthusg.kt

      August 28, 2011 at 2:36 pm

      ကျွန်တော်လည်း ဉာဏ်စမ်းတွေတီထွင်နိုင်လောက်အောင် ဉာဏ်မကြီးသေးပါဘူး ။ ကြားဖူးထားတဲ့ဉာဏ်စမ်းလေးတွေကို ပြန်လည်တင်ပြတာပါ။ ဖြေနိုင်ရင်ပျော်စရာကောင်းမယ်ထင်လို. မကြားဖူးသေးတဲ့သူတွေဖြေလို.ရအောင်တင်ပေးတာပါ။ လွန်ခဲ့တဲ့ ၅ -၆ ဆိုတာကတော့ မဟုတ်ပါဘူး ကျွန်တော်ကြားဖူးတာက ကျွန်တော့်ဖေဖေ ငယ်ငယ်ကဖတ်ဖူးထားတာလေးကိုကျွန်တော်တို.ကို မေးလို. ကြားဖူးထားတာပါ။ ကျွန်တော့်အဖေက ခု အသက် ၅၆ နှစ်ရှိပါပြီ။ သူ အသက် ၂ဝ လောက်က ကြားဖူးထားတဲ့ပုစ္ဆာလေးပါ။

  • မှော်ဆရာ

    August 28, 2011 at 12:08 pm

    အမဲလို့ဖြေရမှာပါ…
    အမဲလို့ဖြေတာမှန်သွားရင် သူ့ကို အမဲပေါ်မှာတင်သတ်လို့ မရတော့ပါ..
    အမဲက မှားတဲ့သူတွေအတွက်လေ..
    အဖြူပေါ်မှာလဲ တင်သတ်လို့ မရတော့ပါ..
    ဘာလို့ဆိုတော့ သူဖြေတာ အမဲလို့ဆိုတော့ အဖြေမှားနေပါတယ်..
    အဖြူရောင်က မှန်တဲ့သူတွေ အတွက်ပဲလေ
    ဒါဆိုရင် မှော်ဆရာ ကောင်းမှုနဲ့ ဦးစံရှား လွတ်သွားပါလိမ့်မယ်..

  • ရွှေအိမ်စည်

    August 28, 2011 at 12:16 pm

    စည်းကမ်းတွေ အရင်ဖတ်ပေးပါ..ပြီးမှပိုစ့်တင်ပါ…..

    ….ဂေဇတ်တန်ဘိုးက…..ဒီမှာ..အရင်ရေးနေတဲ ့သူတွေ ကိုတန်ဖိုးထားပေးပါ။

    သာမာန်နိုင်ဆိုဒ်တွေ လိုသဘောမထားပေးဖို ့တောင်းဆိုလိုက်ပါတယ်…

    ဒီထဲ ကစာရေးနေတဲ ့သူတွေ က….ပင်ကိုယ်ရေးတွေ ပါ…ဖော်ဝပ်မေလ်းကစာတွေ ကို..
    တင်ချင်တိုင်းမတင်ဘဲ …သတိထားပြီးတင်ပေးပါ……။

    စာရေးရန်အခက်ခဲ ဖြစ်နေပါက..အကူညီတောင်းနိုင်ပါတယ်..

    အသစ်တွေ ကိုလက်တွဲ ကူရန်အဆင်သင့်ပါ…။
    းးးးး

    တန်ဖိုးရှိသောအတွေး..တန်ဘိုးရှိသောအရေးများကို….ကြိုဆိုလျှက်ရှိပါတယ်

    နိုင်ဆိုဒ်ပေါင်း….၁၅ဝ မာန်ဘာဝင်ထားတယ်…

    မှော်ဆရာဂရု
    အလင်းစေတမာန်
    generationဂရု…

    ဂရုပေါင်း….၂ဝ မန်ဘာဝင်ထားတယ်……

    • jalthusg.kt

      August 28, 2011 at 2:41 pm

      ကြားဖူးထားတဲ့ ဉာဏ်းစမ်းလေးတွေ အများကြီးကျန်ပါသေးတယ်။ တင်လို.မရဘူးဆိုရင် မတင်တော့ပါဘူး။ ရှိသမျှတင်ထားပြီးသား ပို.စ်တွေကိုလည်း အကုန်မဖတ်နိုင်တော့ တူသွားမှာလည်းစိုးပါတယ်။

    • မှော်ဆရာ

      August 28, 2011 at 12:26 pm

      ဟုတ်ပါတယ်ခင်ဗျာ ဒါက မှော်ဆရာ ငယ်ငယ်လေးပါ…

  • Dakara

    August 28, 2011 at 3:22 pm

    ဒီထဲ မှာတင်လို.မရဘူးဆိုရင် ..jalthusg.kt ရဲ့ facebook မှာတင်ပေါ့
    …..လာအားပေးဖို ့..အဆင်သင့်ပါ…။

  • jalthusg.kt

    August 28, 2011 at 3:38 pm

    ဟုတ်ကဲ့ အဖြေမှန်လည်းရပြီဆိုတော့ ဘာမှပြောစရာမကျန်တော့ပါဘူး ဆက်တင်လို.ရမရကိုသိချင်ရင်ကောဘယ်သူ.ကို ဘယ်လိုမေးရမှာလဲ ။ရွှေအိမ်စည်ဆိုတာကကော ဒီဆိုက်ရဲ. အက်ဒမင်လား။အဲဒါဆိုရင်တော့ မရဘူးပေါ့နော။ကဲတော်ပါပြီလေ ။ ကိုယ့်face book မှာကိုယ်တင်တာပဲကောင်းပါတယ်။

    • ရွှေအိမ်စည်

      August 28, 2011 at 10:19 pm

      ငါ့ကဆိုဒ်အက်ဒမင်မဟုတ်ပါဘူး…
      ဒါပေမယ့်ဒီဆိုဒ်စည်းကမ်းနြ ့ဒီထဲ မှာရေးနေတဲ ့သူတွေ ကိုတန်ဖိုးထားပါတယ်…
      ဒီမှာက…ကိုယ်ပိုင်ဖန်တီးတာတွေ အားလုံးကိုတန်ဖိုးထားတာပါ..
      ငါ့ကတော့…တဆိုဒ်လုံးကိုလိုနေတဲ ့ကွက်လပ်တွေဖြည့်ပေးနေသူပါ..
      ဒါကလည်းရွာရဲ ့ကောင်းကျိုးပါဘဲ…နောက်ပြီးငါ့ကဦးဦးမှော်ဆရာနြ ့အလင်းစေတမာန်မှာပင်တိုင်ရှိနေတော့..စာတွေ ကိုသိနေတယ်…

      စိတ်ဆိုးသွားရင်တော့တောင်းပန်ပါတယ်…

      ငါ့မှားနေရင်လည်း..ငါ့ကိုဒီလိုဘဲလာပြောကြတယ်…
      ပြင်ဖို ့ပြောကြတယ်…
      စာရေးတာဝေဖန်ခံနိုင်ရမယ်လေနော်….
      ဟိုတစ်နေ့ ကဆို..ငါ..ဝန်ကြီးအိပ်ငိုက်နေတာတင်တယ်…
      သူကြီးကဆူတယ်…
      ငါ့ပိုစ့်ကိုဖျက်လိုက်ပါတယ်…။

      ငါ့မှားနေလည်းငါ့ကိုပြောပါ…ငါလက်ခံပါမယ်…

      ဒီမှာက..ကူညီပေးပါလို ့ပြောထားတော့..ကူညီနေတာပါ….

      အများအတွက်ဘဲ..ငါကစဉ်းစားတတ်ပါတယ်…

      ငါ့မှားနေရင်တောင်းပန်တယ်နော်

      • ဂျဲသု

        August 29, 2011 at 11:15 am

        ဝေဖန်တာကို ခံနိုင်ပါတယ် ဒါပေမယ့် ကျွန်တော်တင်တဲ့ပုစ္ဆာနဲ့အကြောင်းအရာတူတစ်ခုကို ကွန်မန့်ထဲမှာရေးပြထားတာကတော့ နည်းနည်းလွန်တယ်လို.မထင်မိဘူးလား ။ ဉာဏ်စမ်းပုစ္ဆာအသစ်တစ်ပုဒ် ပေါ်ထွက်လာဖို.ဆိုတာ လွယ်တဲ့ကိစ္စတစ်ခုမဟုတ်ပါဘူး။ ဉာဏ်စမ်းတော်တော်များများဆိုတာ တစ်ဆင့်ပြီးတစ်ဆင့်လက်ဆင့်ကမ်းပြီးပြန့်နှံ.လာတာပါ။တစ်ခြားဆောင်းပါးလို ကဗျာလိုစာမျိုး ဝတ္ထုလိုမျိုးကိုတော့ ကျွန်တော် သူများအတွေးအခေါ်လေးတစ်ခု စာလေးတစ်ကြောင်းတောင် ကူးပြီးတင်ဖို.စိတ်ကူးမရှိပါဘူး။ မေးခွန်းပုစ္ဆာမို.တင်ထားတာပါ။ ကျွန်တော်တင်ထားတဲ့ ကတင်တစ်ထောင်ဆန်.ဆေးရုံအကြောင်းရယ်။ အခြေခံပညာ-၂ ၏ လုပ်ထုံးလုပ်နည်းများဆိုတာရယ်ဟာလည်း ကျွန်တော်ကိုယ်တိုင်ကြုံတွေ.ခဲ့ရတဲ့ အဖြစ်တွေကိုပြန်ပြောပြထားတာပါ။ကျွန်တော့် face book မှာလည်းတင်ထားပြီးသားပါ။ လူတွေသိသင့်တယ်ထင်လို.တင်တာပါ။ စုစုပေါင်းမှ ၅ခုပဲရှိပါသေးတယ်။ ဉာဏ်စမ်းပဟေဠိ တွေစမ်းတင်ကြည့်တာ တင်တင်ချင်း ရိုက်ချလိုက်သလိုခံစားလိုက်ရလို.ပြောတာပါ။ ပွိုင့်လိုချင်လို.တင်တယ်ဆိုရအောင်ကလည်း ကျွန်တော်တို.သုံးနေရတာက အင်တာနက်ဆိုင်မှာ တစ်နာရီ ၃၀ဝ နဲ့သုံးနေရတာပါ။ ပိုစ်တစ်ခုတင်မှ ပိုင့်က ဆယ်ဂဏန်းပဲရတာပါ။ ကျွန်တော်သိတာတွေကို တစ်ခြားလူတွေပါသိစေချင်လို.တင်တာပဲရှိတာပါ။

        • မှော်ဆရာ

          August 29, 2011 at 11:43 am

          မမြင်ဘူးပေမယ့် အွန်လိုင်းပေါ်မှာဆို ညီအကို မောင်နှစ်မတွေပါပဲကွာ…
          အကုန်လုံးက စေတနာနဲ့ပါ..
          ရွှေအိမ်စည်ကလဲ တောင်းပန်နေပြီပဲ…
          ဂျဲသုကလဲ အရင်လိုဆက်တင်ပေါ့..

  • မီးမီး သော်

    August 28, 2011 at 5:06 pm

    ရွှေအိမ်စည်ကို စိတ်ကောက်သွားပီနဲ ့တူပါတယ်။သူကလဲ စေတနာလေးနဲ ့ပါကွာ။စိတ်ချည်းဘဲ ဟွန် ့။အဖြေက လဲမတင်မကျကြီး:::::::

    • ဂျဲသု

      August 29, 2011 at 2:23 pm

      သေသေချာချာစဉ်းစားကြည့်ပါဦး တော်တော်ကောင်းတဲ့အဖြေပါ

  • windtalker

    August 28, 2011 at 10:01 pm

    မင်္ဂလာပါ
    ဂျဲသု ရေ
    ရွှေအိမ်စည် က အက်ဒမင် မဟုတ်ပါဘူး
    မန်းတလေး ဂေဇက်ဝက်ဆိုက် ကောင်းကျိုး အတွက် ဝင်ပြောပေးတာပါ…
    တစ်ကယ်လို ့
    ရွှေအိမ်စည် မှ မဟုတ်ပဲ
    မောင်ပေ ဆိုရင် လည်း
    ရွှေအိမ်စည် လို ပဲ ဝင်ပြောမိမှာပါပဲ
    ဒီမှာ က ကော်ပီ ၊ own creation ကို တန်ဘိုးထားကြပါတယ် ။
    ဒါကြောင့်လည်း
    မန်းတလေး ဂေဇက် ဟာ တစ်နေ ့တစ်ခြား
    ဂုဏ်သတင်းမွှေး ၊ နာမည် ကျော်ကြား လာရတာပါ
    ဒီမှာ လိုက်လေ့လာကြည့်ပါ
    ကော်ပီ ဆိုရင် ကော်ပီ လုပ်ထားကြောင်း ၊ မူရင်း လင့်ခ် ကို ဖော်ပြ ပေးကြတာကို တွေ ့ရမှာပါ
    ဂျဲသု အနေ နဲ ့ကိုယ်ပိုင် ဖန်တီးထားတာမျိုးလေး တွေ ရှိရင် ဆက်တင်ပေးပါလို ့ပြောချင်ပါတယ်
    ဂျဲသု ရဲ ့ ကိုယ်ပိုင် ဖန်တီးမှု တွေ ကို စောင့်မျှော်နေမယ် နော်

    • ဂျဲသု

      August 29, 2011 at 11:01 am

      ဉာဏ်စမ်းပုစ္ဆာတွေနဲ့ ပတ်သတ်လို.တော့ ကျွန်တော့်မှာ ကိုယ်ပိုင်ဖန်တီးထားတာမရှိပါဘူး။နောက်ပြီး ဉာဏ်စမ်းပုစ္ဆာတွေကို ဖန်တီးဖို.ဆိုတာကလည်းတော်တော်မလွယ်တာပါ။ ဉာဏ်စမ်းတွေကို ဖြေ နိုင်တဲ့သူတွေ အများကြီးရှိပေမယ့် တကယ်အဆင့်ရှိတဲ့ဉာဏ်စမ်းတွေကို ဖန်တီးနိုင်သူအ ရေအတွက်က နည်းနည်းလေးပဲရှိတာပါ။ နောက်ပြောစရာတစ်ခုရှိတာက တွက် ရချက်ရတဲ့ ပုစ္ဆာဆိုတာမျိုးအတွက် ကမူပိုင်ခွင့်ဆိုတာရှိသလားလို.သိချင်တာပါ။ ပုစ္ဆာတွေကိုတီထွင်ဖန်တီးတဲ့သူတွေဆိုတာ သူတို.ပုစ္ဆာကိုလူတွေစိတ်ဝင်တစားဖြေ နေတယ်ဆိုရင်ပဲကျေနပ်နေတတ်ကြတာပါ။ ၁+၂=? ဆိုတဲ့ပုစ္ဆာမျိုးအတွက် မူပိုင်ခွင့်ကို ငဲ့နေရမယ်ဆိုရင် ကမ္ဘာပေါ်မှာ ဂဏန်းသချင်္ာဆိုတာ ဘာလဲလို.မေးမယ့် သူတွေတစ်ပုံကြီးရှိနေတော့မှာပေါ့။ ကဗျာတွေ ဝတ္ထုတွေ ဆောင်းပါးတွေ သီးချင်းတွေအတွက်တော့ မူပိုင်ခွင့်ဟာအရေးကြီးတဲ့နေရာမှာရှိနေတာကိုလက်ခံနိုင်ပါတယ်။ တွက်ချက်အဖြေထုတ်ရတဲ့ပုစ္ဆာနဲ့ ပတ်သတ်လာရင်တော့ စဉ်းစားစရာကိစ္စပါ။

  • ရွှေအိမ်စည်

    August 28, 2011 at 10:26 pm

    နင်ငါ့အကြောင်းသိချင်ရင်တော့..ရွာပြင်(forum)ကိုထွက်လာခဲ ့ပါ..
    ငါဘာတွေ လုပ်ပေးထားတယ်လေ ့လာပါ…..။
    ငါ့ကဘလော ့ရေးချင်သူကဗျာရေးချင်သူ
    အားလုံးကိုတောင်အကူညီပေးဖို ့….ဂရုတွေ စလုပ်ပြီး..အသိသညာဖြန် ့နေပါတယ်…

    ငါလည်းဒီ ကို ဂျူလိုင်၄ ရက်၂၀၁၁နေ ့ကမှရောက်တာပါနော်….

    ……………..
    လူသစ်ပါ..ဒါပေမယ့်ငါလုပ်ပေးသင့်တာတွေဘဲလုပ်နေဆဲ …တက်လုပ်နေအုံးမှာပါ..

    ငါ့ကော်ပီတွေ အများကြီးဘဲတွေ ့တာ..ငါတွေ ့တာမေလ်းရေးရင်.
    .တင်တဲ ့သူ၁၀၀ဝ ပွိုင့်နှုတ်လိုက်မယ်…
    မန်းတဲ ့သူလည်းနှုတ်ခံရမယ်..ဒါကြောင့်…ကောမက်ကဘဲပြောပြနေတာလေ

    စိတ်ဆိုးတယ်….ဆိုလည်းထပ်တောင်းပန်တယ်..
    ဒီမှာကown creation ကို တန်ဘိုးထားကြလို ့ပါ..။

    • မှော်ဆရာ

      August 29, 2011 at 8:18 am

      ဆူး လိုလူမျိုး တစ်ယောက်ထဲရှိတယ် ထင်တာ.
      ရွှေအိမ်စည်ကလဲ သူမှန်တယ်ထင်တာကို တဇွတ်ထိုးပြောတာပဲကိုး…
      မဆူးရေ …
      ခင်ဗျားတော့ အဖော်ရပြီ…..

      • ဆူး

        August 29, 2011 at 2:00 pm

        မှော်ဆရာ.. ဆူး အတွက် အဖော် မလိုဘူး။
        အဖော်လည်း လိုက်ရှာပြီး မညှိဘူး။ အသည်းငယ် တတ်တာ သတ္တိနည်းတာ ရာဇဝင်ထဲမှာတောင် မရှိဘူး။
        မသိသေးရင် သေချာ လေ့လာထား..
        ဘယ်သူကိုမှ လွယ်လွယ် နင်နဲ့ ငါနဲ့ မသုံးဘူး။
        အားလုံးကို နာမည်တပ်ပြီးသုံးတယ်။
        ကြီးမှန်း မသိ ငယ်မှန်း မသိပဲ လက်လှုပ်လို့ ဖြစ်လာတဲ့ စာလုံးတွေနဲ့ သူများကို မရိုင်းစိုင်းဘူး။
        ဘယ်တုန်းကမှ ငါက ဘာကြီးဆိုပြီး အရှိန်အဝါ ထုတ်မကြွားဘူး။
        ညမင်းသားတွေနဲ့ တွေ့လို့ အခံရခက်နေမှာပဲ ဂရုဏာ သက်ခဲ့မိသပေမဲ့ အခုတော့ တွေးတော ချိန်ဆမှု နည်းလို့ ဖြစ်တာ လက်ခံယုံကြည်သွားပြီ။

        • x-man

          August 29, 2011 at 7:25 pm

          စိတ် ရဲ ့အဆင့် အတန်း ပါပဲ။ အက်ဒမင် တောင်နင်နဲ့ ငါနဲ့ မသုံးဘူး။
          မဆူးရေ…လေးစားပါတယ်…

        • xman

          August 29, 2011 at 10:53 pm

          ဒီပိုစ့်ကိုမန်းတာမဟုတ်ပါဘူးနော်-

          ကို x-man ရေ –

          ခင်ဗျားယူထားတဲ့ user name ကလေးက ကျွန်တော်နဲ့ဆင်နေတယ်

          ကျွန်တော်ကတော့ ဒီမှာနဲနဲကြာပြီ ဖြစ်ပေမယ့် ကွန်မန့်ရေးတာ အင်မတန်နဲလို့ သတိမထားမိတာဖြစ်ပါလိမ့်မယ်။

          ဒီ နာမည်လေးကို ခင်ဗျားကြိုက်ရင် ကျွန်တော့နာမည် (user name) ကို ပြောင်းပေးပါ့မယ်နော်။

      • ရွှေအိမ်စည်

        September 1, 2011 at 10:42 am

        နင်ကပိုင်စိုး..လား…မှော်ဆရာတွေ ကများလွန်းလို ့..
        ဦဦးမှော်ဆရာနဲ ့…..ငါ့သူငယ်ချင်းမှော်ဆရာဘဲသိတယ်လေ…

        စွတ်မပြောပါဘူးကွ…
        မှန်တယ်ထင်ရင်ပြောတာပါ………..ဟဲဟဲ…ချစ်တယ်လားငါကို ့

  • ဆူး

    August 28, 2011 at 10:42 pm

    နောက်ထပ် ရှိတာ တင်ပါ။
    စာရေးဆရာ လက်သစ် ကလေးတွေကို မွေးပေးတဲ့ နေရာပါ။
    အီးမေးထဲက အတည့်အတိုင်း ကော်ပီ ကူးတာ မဟုတ်ရင် သူများ ဆိုက်က ခပ်တည်တည် နဲ့ နာမည် ပြောင်းတာတာမျိုး မဟုတ်ရင် တင်ပါ။
    မိမိစိတ်ကူးနဲ့ ကိုယ်ပိုင် စတိုင် ကိုယ်ပိုင် အရေးအသားနဲ့ စိတ်ကူးတည့်သလို တင်ပါ။
    ရွာထဲက စည်းကမ်းတော့ ဖတ်ပြီးတော့ လိုက်နာပါ။
    ဘယ်လောက် ဘွဲတွေ တစီတတန်း ရတဲ့ သူဖြစ်ဖြစ် ကကြီး ခခွေး ကစပြီး သင်ထားရတဲ့ သူတွေ ကြီးပါပဲ။
    စာရေးဆရာ သီးသန့် ရှိရမယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ထားတာ မဟုတ်ပါဘူး။
    အားလုံး ကိုယ်ပိုင် မူနဲ့ တည်ထွင်ထားတဲ့ စာများ ချ ရေးနိုင်ဖို့ လုပ်ထားတဲ့ ဆိုက်ဖြစ်ပါတယ်။

    နောက်ထပ် လာမဲ့ ကိုယ်ပိုင်မူ ပိုစ် အသစ်တွေကို ကြိုဆိုပါတယ်။

    • Foreign Resident

      August 29, 2011 at 7:36 am

      I agree with ဆူး & Min Thakhin,

      Let consider
      If we accept only the own creation in MG, then,
      (1) there will be no news nor quizzes (ဉာဏ်စမ်း)
      (2) there will be a few posts a days ( eg, 1 or 2 posts )
      This will make our village very boring & unattractive,
      Sooner or later, villagers will desert.

      (3) Moreover, our villagers are not professional writers &
      they (their ability) cannot write very good & affectionate articles or stories.
      ( Even, they can write it ( if they tried very hard ),
      but, I am sure, they cannot make it every month )

      Don’t forget, every single pieces have their own value.
      Even famous & flawless professional ( Myanmar ) writers can afford merely a small blog,
      but, they cannot afford to have big members/fans like our village &
      there are no daily activities nor attractions like us.

      What is the difference ?
      The missing link / attraction is those news, gossip, quizzes, arguments, sensible copies from various places & etc.

      Anyhow, I don’t encourage to copy & simply paste.
      I just want to appreciate ” သူ ့ရဲ ့စေတနာ “.

      In my opinion, I would like to see our MG shinning with various colors.

  • Dakara

    August 28, 2011 at 10:54 pm

    မှားပါတယ်

    မှားပါတယ်မှားပါတယ်မှားပါတယ်မှားပါတယ်

    မှားပါတယ်
    မှားပါတယ်

    မှားပါတယ်

    မှားပါတယ်

    မှားပါတယ်

    မှားပါတယ်

    မှားပါတယ်မှားပါတယ်မှားပါတယ်မှားပါတယ်မှားပါတယ်မှားပါတယ်

    မှားပါတယ်

    မှားပါတယ်

    မှားပါတယ်

    မှားပါတယ်

  • blackprince72

    August 28, 2011 at 11:22 pm

    အက်မင် ကိုတောင်းဆိုချင် တယ် ။တင်ပြီး သားအားလုံး ဖတ်တယ်ထား မေ့ သွားနိုင် တယ် ။ဖြစ်နိုင် ရင် အက်မင် တို့ ဖတ်ပြီး မှ တင်ခွင့် ပေးသင့် တယ် ။

  • minthakhin

    August 29, 2011 at 2:38 am

    ဒီမှာတစ်ခုတော့ ပြောချင်ပါတယ်။ အခုအချိန်မှာ မြန်မာဆိုဒ်တွေလည်း အတော်လေးကိုများလာပါပြီ။ ဒီအခါမှာ ကိုယ်သိထားတဲ့အကြောင်း (မည်သည့်အကြောင်းအရာမဆို) တခြားဆိုဒ်မှာ တင်ထားပြီးတာမျိုးဖြစ်နိုင်ပါတယ်(ဖြစ်တတ်ပါတယ်) ။ ဒီရွာထဲက ဘယ်သူမှမသိလိုက်တဲ့ အကြောင်းအရာ၊အရေးအသားကို တခြားဆိုဒ်ပေါ်မှာတင်ထားတာလဲ ရှိနေနိုင်တာဘဲ။ အထူးသဖြင့် အခုလိုမျိုးအရာတွေနဲ ့ သတင်းတွေမှာပေါ့။ ဒီအခါမှာ သူများဆီက ဒီ့အတိုင်းကူးရေးတာလား၊ ဒါမှမဟုတ် သိထားတာကို ကိုယ့်အမြင်နဲ ့ ပေါင်းစပ်ပြီး ဖလှယ်ချင်တာလားဆိုတာ အရေးပါလာပါတယ်။ ဒုတိယ တစ်ခုအနေနဲ ့ဆိုရင်တော့ ခွင့်ပြုသင့်ပါတယ်(ခွင့်ပြုရပါမယ်)။ ဘာဖြစ်လို ့လဲဆိုတော့ ဒီရွာထဲက တစ်ယောက်ယောက် ကြိုသိထားနိုင်တဲ့ အရာပေမယ်လို ့ တခြားသူများလဲ မသိနိုင်သေးတာကို ထည့်တွက်ကို တွက်ပေးရပါတော့မယ်။ သူ ့ရဲ ့စေတနာ ကိုပါထည့်စဉ်းစားပေးရပါမယ်။ ဒီနေရာမှ ာတင်သူက စေတနာ နဲ ့ ဖလှယ်ပြီးတင်ပေးတာဟုတ်မဟုတ် ငါတို ့ ဘယ်လိုသိနိုင်မလဲ ဆိုရင်တော့။ ဟုတ်ကဲ ့ပါ စာရေးသူရဲ ့အရေးအသားကို သူ ့စာဖတ်ပြီး ခံစားလို ့ရပါတယ် (ခံစားကြည့်ကြပါလို ့လဲတိုက်တွန်းလိုပါတယ်)။
    အဲလိုမှ မဟုတ်ဘဲ သိထားပြီး မှန်သမျှကို မတင်ရဘူးဆိုရင်တော့ ဘယ်သတင်းမှ တင်မနေပါနဲ ့တော့။
    ဘယ်အရာကိုမှ ဆိုဒ်တစ်ခုတည်းက (ပြည့်စုံအောင်) မဖော်ပြနိုင်ပါဘူး။ ဒီလိုဘဲ နှီးနှောဖလှယ်ကြရတာပါဘဲ (သူများပြောတာ၊သိတာကို ကိုယ်ပြောသလိုမျိုးလုပ်ကြံဖန်တီးပြောတာကလွဲရင်ပေါ့)။

  • weiwei

    August 29, 2011 at 1:39 pm

    ဦးစံရှားကို ကယ်တဲ့သူ များလှချည်လားဆိုပြီး ဝင်ကြည့်လိုက်တာ ….
    အနီတွေ အစိမ်းတွေနဲ့ တိုးနေတယ် …
    ဒီရွာက အထာမသိရင် အနီတွေ အများကြီးရကိန်းရှိတယ် …

  • cobra

    August 29, 2011 at 2:59 pm

    ရန်ပဲဖြစ်နေကြတာပဲ။

  • ko ko gyi

    August 29, 2011 at 8:51 pm

    အိုကေ..ရန်ဖြစ်တာမဟုတ်ပါဘူး သူတို.က စနေကြတာပါ။ ခုခေတ်မှာ ငါသိ ၊ငါတော်၊ ငါတတ် လုပ်လို.ရတာက ၂ဝ ရာစုလောက်မှာကျန်ခဲ.ပြီ။ အခုခေတ်က အသက်ကြီးတော. ကျူပ် သိပ်မမှီတော.ဘူး။ ကျူပ်မှီသရွေ.ပြောရရင် Google ကို Click တစ်ချက်နှိတ်ပြီး Share တဲ.ခေတ်ရောက်နေပြီ။ ပညာ၊ သုတ၊ ရသ၊ သတင်း ၊အတင်း အကုန်လုံးက နာရီ စက္ကန်. နဲ.အမျှ အကုန်သိတယ်။ (ဗမာပြည်မှ စားဝတ်နေရေးအတွက် တနေကုန်ရုန်းကန်နေရသူများ၊ အင်တာနက် ၊ ကွန်ပျူတာ မသင်နိုင် ၊ မသိနိုင်သော သူများမပါပါ။ သူတို.တောင် အချိန်တန် လမ်းထဲ ရပ်ကွက်ထဲမှာပြောရင်သိတယ်) ။ စာရေးသူတစ်ယောက်ရဲ. မူရင်းဇစ်မြစ် စိတ်ဓာတ်က ကိုယ်ရေးတဲ.စာကိုဖတ်ပြီး တစ်ခြားသူ ဗဟုသုတ၊အတွေးအခေါ်၊ ပညာ ရရင်ပြီးရော ဆိုတဲ. ပီတိ ကိုအခြေခံတဲ. စိတ်မျိုး မွေးတတ်ရတယ်။ နောက် ကိုယ်ရေးတဲ. စာအုပ်ထဲက အကျိုးရှိမယ်.စာကို တစ်ယောက်ယောက်က တစ်ယောက်ယောက်ကို ပြန်ပြောမယ် ၊ဖြန်.ဝေမယ်ဆိုရင်လဲ ပီတိဖြစ်နေရတယ်တဲ. ။ ဒါမှ စာပေကိုချစ်တဲ.စိတ်ကွ……(မှတ်ချက်။ ။ ဗမာပြည်မွဲနေခြင်းသည် လူတစ်ဦးတစ်ယောက် နာမည် ကြီးချင်စိတ်၊ အဖွဲအစည်း နာမည်ရလိုစိတ် ..အကျိုးအမြတ်ရလိုစိတ် တို.ကြောင်. မပူးပေါင်းနိုင်ပဲ ၊ ပူးပေါင်းလုပ်ဆောင်နိုင်ခြင်းမရှိသောကြောင်. ဖြစ်၏)

  • ရာဇဝင်လူဆိုး

    August 29, 2011 at 11:04 pm

    ကဲ..ဘာပြောမလဲဟ….။လူဆိုးဆိုတော. မကောင်းတဲ.ဘက်ကပဲပြောမယ်။ ပွိုင်.မက်လို.မဟုတ်ဘူး။ နာမည်ရချင်လို.မဟုတ်ဘူး။ လူတွေကို အသိတွေ ပေးချင်လို.ဟ။ ကဲ မှတ်ရော။ ကျူပ်တို. တိုင်းပြည်မှာ ဘက်ပေါင်းစုံက ကူညီဖို.လိုအပ်နေတဲ.ကြားထဲ ဝက်ဆိုဒ်တစ်ခုမှာ နာမည်ကြီးချင်နေရင်တော. … ????? အကူအညီပေးချင်ရင် ဒီဝက်ဆိုဒ်က လူတွေအကုန်လုံးက မလိုပါဘူး.. ကိုယ်.ရပ်ကွက် ၊ ကိုယ်.လမ်း၊ ကိုယ်နဲ.နှီးစပ်ရာမှ ာအကူအညီပေးတာ ကျူပ်တို.တိုင်းပြည်ရဲ. မျိုးဆက်အတွက် အကောင်းဆုံးပါ…။စာပေသမား အသိကို ရင်ထဲမှာထားပါ ??? ကဲ ကျူပ်မပြောတော. ဘူး ..။ ပြောချင်ရင်လဲရတယ်….။

  • x-man

    August 29, 2011 at 11:12 pm

    Dear Bro Xman,
    I am very sorry. No need to change your nick.I quit this nick.
    Thanks for your kindness.
    respectfully

  • ရွှေအိမ်စည်

    September 1, 2011 at 10:54 am

    မှားပါတယ်

    မှားပါတယ်မှားပါတယ်မှားပါတယ်မှားပါတယ်

    မှားပါတယ်
    မှားပါတယ်

    မှားပါတယ်

    မှားပါတယ်

    မှားပါတယ်

    မှားပါတယ်

    မှားပါတယ်မှားပါတယ်မှားပါတယ်မှားပါတယ်မှားပါတယ်မှားပါတယ်

    မှားပါတယ်

    မှားပါတယ်

    မှားပါတယ်

    မှားပါတယ်

    အဲ ့ဒါကိုအကြိုက်ဆုံးဘဲ….ဒီနေ့ မှလာပြန်ဖတ်ကြည့်တာနော်…
    ရွာသူကအားတာမအားဘူး

Leave a Reply