မင်္ဂလာပါ

ကျောက်စိမ်းအကြောင်း နဲနဲ လေး ပြောပြချင်ပါတယ် ။

သိနေပြီးသား ၊ လက်တွေ ့လုပ်ကိုင်နေသူ များအတွက်တော့ ၊ အခု ပို ့စ်ဟာ မိချောင်းမင်း ရေခင်းပြသလို ဖြစ်နေမှာကို အားနာပါတယ် ။

သို ့သော် မကြားဖူးသေးသူ ၊ မသိသေးသူ များ အတွက် ရည်ရွယ်ပြီး ရေးတင်ပါတယ် ။

အခု ပို ့စ်ရဲ  ့ရှေ  ့မှာ ကျောက်စိမ်းအကြောင်း နဲနဲလေး ၊ ကျောက်စိမ်းအကြောင်း နဲနဲလေး ၂ ၊ ကျောက်စိမ်းအကြောင်း နဲနဲလေး ၃ တို ့တင်ပြီးသားပါ ခင်ဗျာ ။

အခုပို ့စ် မှာတော့ အခေါ်အဝေါ်လေး တွေ ကို ရေးပြပါမယ် ။ အင်္ဂလိ လို မရေးတာကတော့ ကျွန်တော့် ညံ့ဖျင်းမှုကြောင့်ပါ ။ ဖတ်ကြည့်ကြပါဦး ခင်ဗျာ ။

“ ကျောက်စိမ်းအကြောင်းနဲနဲလေး ၃ ”  https://myanmargazette.net/63670/creative-writing မှာတုန်း က မတင်ဖြစ်လိုက်တဲ့ ၊ ကျောက်စိမ်း အခွံ ပုံ လေးတွေ ကို တင်ပေးလိုက်ပါတယ် ။

မြန်မာ ကျောက်စိမ်း ရဲ  ့ဖွဲ  ့စည်းပုံ

ဆီလီကွန်ဒိုင်အောက်ဆိုဒ် ၅၉.၅၂ ရာခိုင်နှုန်း

တိုက်တေနီယမ်အောက်ဆိုဒ် ဝ.၀၁ ရာခိုင်နှုန်း

အလူမီနီယမ်အောက်ဆိုဒ် ၂၄.၃၁ ရာခိုင်နှုန်း

ဖဲရစ်အောက်ဆိုဒ် ဝ.၃၅ ရာခိုင်နှုန်း

ဖဲရပ် အောက်ဆိုဒ် ဝ.၀၃ ရာခိုင်နှုန်း

မန်ဂနိ အောက်ဆိုဒ် ဝ.၅၈ ရာခိုင်နှုန်း

မဂ္ဂနီဆီယမ် အောက်ဆိုဒ် ဝ.၇ရ ရာခိုင်နှုန်း

ကယ်လဆီယမ် အောက်ဆိုဒ် ၁၄.၃ရ ရာခိုင်နှုန်း

ဆိုဒီယမ် အောက်ဆိုဒ် ဝ.၀၂ ရာခိုင်နှုန်း

ပိုတက်ဆီယမ် အောက်ဆိုဒ် ဝ.၀၁ ရာခိုင်နှုန်း

ခရိုမီယမ် အောက်ဆိုဒ် ဝ.၀၆ ရာခိုင်နှုန်း  တို ့ဖြစ်ပါတယ် ။

အဲဒီ ဓါတ်တွေ အားလုံး ထဲ မှာ ၊ ခရိုမီယမ်အောက်ဆိုဒ် ဝ.၀၆ ရာခိုင်နှုန်း  ကြောင့်သာ အစိမ်းရောင် ရှိခြင်း ဖြစ်ပါတယ် ။

ကျောက်စိမ်းအရည် တွေ ကတော့

သံအောက်ဆိုဒ် ပါမယ် ဆိုရင် မီးခိုးရောင် ( သို ့မဟုတ် ) အနက်ရောင် ရှိပါတယ်

သံဟိုက်ဒရိုအောက်ဆိုဒ်  ပါမယ် ဆိုရင် အဝါ နဲ  ့အညိုရောင်

ဖဲရပ်ဆီလီကိတ် ပါမယ် ဆိုရင် အစိမ်းရောင်မှ မီးခိုးရောင် အထိ

ဖဲရစ် ဆီလီကိတ် ပါမယ် ဆိုရင် အဝါရောင် ၊ အညိုရောင် ၊ အနက်ရောင်

ခရိုမီယမ်အောက်ဆိုဒ် ပါမယ် ဆိုရင် မြစိမ်းရောင်

မန်းဂနိစ် ( သို ့မဟုတ် ) ဗနေဒီယမ် ဆိုရင် ခရမ်းနုရောင် ( လာဗင်ဒါ )

သံဓါတ်အောက်ဆီဂျင် တိုးခြင်း နှင့် ဗနေဒီယမ် အနည်းငယ် ပါဝင်ခြင်းကြောင့် ကျောက်စိမ်းအကာခွံ တွင် အာလူးခွံ ရောင် ဖြစ်နေပါတယ် ။

( ဒီနေရာ မှာ ဒြပ်စင်တွေ ကို မြန်မာလို ရေးထားရခြင်း မှာ ၊ အင်္ဂလိပ် လို ကျွန်တော် မပေါင်းတတ် လို  ့ဖြစ်ပါတယ် ၊ ကျွန်တော် ညံ့လို ့ပါ )

ကျောက်စိမ်း လို ့ဆိုလိုက်ရင် အစိမ်းရောင် တင်ကပဲ ၊ အခြားတွေ  ့နိုင်တဲ့ အရောင်များ မှာ အဖြူရောင် ၊ နို ့နှစ်ရောင် ၊ အဝါရောင် ၊ လိမ္မော်ရောင် ၊ အနီရောင် ၊ အညိုရောင် ၊ ခရမ်းရောင် ၊ အနက်ရောင် တို ့ကို လည်း တွေ  ့နိုင်ပါတယ် ။

အရောင်ပေါင်းစပ် မှု အခေါ်အဝေါ်

အခြေခံအစိမ်း+အဝါ = ဆွေးလုရည်

အခြေခံအစိမ်း+အပြာ = လန် ့လုရည်

အခြေခံအစိမ်း+အဝါ+အပြာ = ဒေါင်းမြီး

အဝါက အပြာထက် အချိုးအဆ များလျှင် = စိမ်းဝါပြာ

အပြာက အဝါထက် အချိုးအဆ များလျှင် = စိမ်းပြာဝါ

ဒီနေရာ မှာ အပြာဆိုတာ အစိမ်းပုပ် သွားခြင်း ကို ပြောတာပါ ၊ အပြာရောင် ကို ဆိုလိုခြင်း မဟုတ်ပါ ။

“အရည်စွဲကပ်တဲ့ ကျောက်သား အမျိုးအစား”  ကို “အသွေးအရောင်” နဲ  ့ “ကျောက်သမား အခေါ်”  က တော့ အောက်ပါအတိုင်းပါ

(၁) အပြာရိပ်သမ်း၍ အဝါကဲသော ကျောက်သားအကြည် = စိမ်းဝါပြာ = လန် ့လုဆွေး ( ဒေါင်းမြီးရည် )

(၂) အပြာရိပ်သမ်း၍ ဝါသော ကျောက်သားအကြည် = စိမ်းပြာနုဝါ = လန် ့လုကြီး

(၃) အပြာကဲ၍ ဝါသော ကျောက်သားအကြည် = စိမ်းပြာဝါ = လန် ့လု

(၄) အပြာရိပ် မသမ်းဘဲ အဝါကဲသော ကျောက်သားမကြည် = စိမ်းဝါရင့် = ဆွေးလုကြီး

(၅) အပြာရိပ် မသမ်းဘဲ ဝါသော ကျောက်သာအကြည် = စိမ်းဝါ = ဆွေးလု

(၆) ဝတ်ဆံဖြူ ပါ၍ ဝါသော ကျောက်သား(ဆန်ပြုတ်သား) = ပဲစိမ်းဝါရင့် = ပဲဆွေးလုကြီး

(၇) ဝတ်ဆံဖြူ ပါ၍ ဝါသော ကျောက်သား  = ပဲစိမ်းဝါ = ပဲဆွေးလု

“ အရည်စွဲဝင်နေတဲ့ အခြေခံကျောက် (၃) မျိုး ”

၁။ ပထမတန်းစား ကျောက်သား အသားကြည်

အကောင်းဆုံး ကျောက်သားမျိုး ဖြစ်သည် ။ ကျောက်သား ကြည်လင် သန် ့ရှင်းနေပြီး အပြာရောင်ရိပ် အနည်းငယ် သန်းနေသော ကျောက်သားဖြစ်သည် ။

၂။ ဒုတိယ တန်းစား ကျောက်သား အကြည်

ကျောက်သားမှာ အသားကြည်သော် လည်း အပြာရောင် ရိပ် မရှိသော ကျောက်သားဖြစ်သည် ။

၃။ တတိယ တန်းစား ကျောက်သား

ကျောက်သားကြည်လင်မှု မရှိဘဲ အဖြူရိပ် ၊ ဝတ်ဆံဖြူများ ( တစ်နည်းအားဖြင့် ) ဆန်ပြုတ် ၊ ဆန်နှစ်များ ပါဝင်သည့် ကျောက်သားမျိုး ပါ ။

“ အထက်ပါ အခြေခံ ကျောက်သားမျိုး ၃ မျိုး အနက် ၊ မြန်မာနိုင်ငံ အမ်ပိုရီယမ် ပွဲ မှာ ရောင်းဝယ်နေကြတာက တတိယ တန်းစား ကျောက်သား တွေ ပဲ ဖြစ်ပါတယ် ။ ပထမ တန်းစား နဲ ့ ဒုတိယ တန်းစား တို ့ကိုတော့ သာမန်လူများ အနေဖြင့် မမြင်တွေ  ့နိုင်ဘူး လို ့သိရပါတယ် ။ တော်တော် လေး ကို ဘောစိ မှပါ ( ကိုပေါက်ရဲ  ့ဘော ကို ခဏယူရေးပါတယ် ၊ ဟီဟိ ) ”

“ အထည်ကျောက် အမျိုးအစား ” တွေ ကတော့ ( =အနောက်က စာ က ကျောက်သမား အခေါ်အဝေါ် ပါ )

ထည်ပြာစိမ်း = လန် ့ဆွေး

ထည်ပြာစိမ်းဖြူပြောက် = ဆွေးလုပျောက်

ထည်မဲစိမ်းကြား = ရှင်းကြာလု

ထည်ပဲစိမ်း = ပဲစိမ်း ( လက်ကောက်သမား တွေ ကြိုက်ပါတယ် )

ထည်ပဲစိမ်းပြာ = ပဲသားလန် ့စိမ်း

ထည်ခရမ်းရောင်နီ = ချွမ်နီ ( ပန်းပု သမားတွေ ကြိုက်ပါတယ် )

ထည်ခရမ်းရောင်ပြာ = ချွမ်ပြာ

“ အသားကျောက် အမျိုးအစား ” တွေ ကတော့ ( =နောက်က ကျောက်သမား အခေါ်အဝေါ်တွေပါ )

ဖယ်လ်သား ၊ မှန်သား = ဘော်လီဆွေး၊ဘော်တီဆွေး

ပြာကြည် = လန် ့ပန်း ၊ လန် ့ဆန်း

ဖြူကြည် = အသားဖြူဆန်းများ

အသားမှိုင်း = တိမ်ခိုးသား ၊ ဝက်သား အဆီသား

အသားရိုး = လန် ့ရိုး ၊ အသားဖြူရိုး

ပဲသား = ပဲသားရိုး ၊ ပဲသားလန် ့၊ ပဲခွမ့် (ခုမ့်ပါတဲ့ ကျောက်ပါ )

အသားနီဝါ = ခွံဘိအရင့် ၊ အနု

အသားနက် = ကျောက်နက် ၊ လန် ့နက် ၊ ငချိပ်

 

9 comments

  • ပေါက်ဖော်

    August 28, 2011 at 2:57 pm

    နဲနဲလေးဆိုပြီး..
    များကြီးပဲဗျ..
    အိုပါးတော့..ဦးနှောက်သေးလို ့ အကုန်မမှတ်နိုင်ဘူးကွဲ ့..
    အဲတော့..ထုံးစံအတိုင်း ကောပီကူးပြီး သိမ်းထားရဦးပေမပေါ့ အမောင်ပေရေ့..
    အကုန်ပြီးရင်တော့.. *.pdf လုပ်ထားလိုက်ပါ့မယ်

    စကားမစပ်..
    အုန်းပင်အောက် လျှောက်မသွားနဲ ့ဦး…
    ဘောင်းဘီချွတ်ခံနေရဦးမယ်ကွဲ ့
    😀

    • windtalker

      August 28, 2011 at 9:53 pm

      ဘောင်းဘီ ချွတ်ခံ ရတာ က အရေးမကြီး ဘူး ပော်ဖောက်
      您.. လိပ်ခေါင်းထွက်လို ့သွေးစိမ်းပန်း တာ
      ပျောက်အောင် မြန်မြန် ကုပါ ပော်ဖောက်
      ဒါမှ မောင်ပေ့ ရဲ ့
      ဘီယာ တစ်ဂျား ဘဲကင် တစ်ခြမ်း ကို
      အမြန်ဆုံး သုံးဆောင်နိုင်မှာ
      ပော်ဖောက် ရဲ ့ ရောဂါ ပျောက်ကင်းကြောင်း ဆေးစာ ကို
      ဘီယာ တစ်ဂျား ဘဲကင် တစ်ခြမ်း နှင့် အတူ စောင့်မျှော်နေမယ်နော်
      ပော်ဖောက်
      🙂

  • မီးမီး သော်

    August 28, 2011 at 6:25 pm

    ဟုတ်တယ်နော်. များလိုက်တာ။ခုတော့ပြီးလောက်ပီထင်ပါရဲ ့။ကျောက်စိမ်း research လုပ်မလို ့ဆိုရင်တော့ပို အဆင်ပြေတာပေါ့. စာရေးသူ ကျေးဇူးနဲ ့

  • windtalker

    August 28, 2011 at 8:46 pm

    သူကြီး ရေ ပို ့စ်ကို အက်ဒစ် ပြန်လုပ်ထားပါတယ် ။ ဓါတ်ပုံ တင်ဖို ့ပါ ။
    ဓါတ်ပုံ ၄ ပုံ တင်ရာ မှာ ၊ insert လုပ် တုန်းက တော့ ၄ ပုံလုံး ပြ ပြီး …
    အခု ပြန်ကြည့်တော့ ၁ ပုံ ပဲ ပါလာပါတယ် ။ ဘာတွေ ဖြစ်ကုန် မှန်း မသိတော့ပါ

  • ရွှေအိမ်စည်

    August 29, 2011 at 12:31 am

    သိတာတော့မသိဘူး….

    မသိတဲ ့စာတော်တော်အဖိုးတနပါတယ်….ကျနော်..ကော်ပီကူးပြီးသိမ်းထားလိုက်ပါတယ်

    ကျေးဇူး..ပါဗျာ

  • zaw min

    September 4, 2011 at 9:30 pm

    လေးစာပါတယ်ကိုတော်ကာ…မိမိငွေကုန်ကြေးကျခံပြီးသင်ယူထားတာလေးကိုအများအတွက် ပြန်လည်ဝေမျှပေးတာအင်မတန်မွန်မြတ်ပါတယ်…ဆက်လက်ရေးသားပါ။ကျနော် ငယ်စဉ်ကဦးလေးတွေ၊မိဘတွေထံမှအနည်းငယ်သင်ယူဘူးပါတယ်…ဦးလေးတွေကအရောင်းအဝယ်သမားတွေပါ၊ယနေ့အထိ မန္တလေးမှာဆက်လက်လုပ်ကိုင်နေဆဲပါ…နွေရာသီကျောင်းပိတ်ရက်ဆိုရင် ဝိုင်းထဲကိုလိုက်ရပါတယ်…၁ဝတန်းကျောင်းသားဘဝမှစပြီးတော့ပေါ့…ယခုလိုစာတွေ့တော့မသင်ဘူးပါဘူး၊လက်တွေ့အနေနဲ့သင်ပေးခဲ့ပါတယ်…ကျောက်စိမ်းမှာကျောက်ကောင်းမှန်ရင် ဖန်သားမှန်သားဖြစ်ရမယ်၊အရည်အနေနဲ့ ဟိုခေတ်အခေါ် (ကရင်ဆော်ဒါရည်)ယနေ့ခေတ်တော့မသိဘူးဗျ..ကရင်ဆော်ဒါဆိုတဲ့ဘိလတ်ရည်လည်းရှိမှာမဟုတ်တော့ဘူး…ဟိုတုန်းကတော့ သိန်းကြီးကျောက်ပေါ့…ဘယ်ဒေသကအထွက်ကောင်းလဲ ဥပမာ..ဖားကန့်၊လုံးခင်း…
    ဗာမာမှန်ရင် ကျောက်စိမ်းအကြောင်းတော့ သိထားသင့်ပါတယ်…အနည်းဆုံး အတုနဲ့အစစ်တော့ခွဲတတ်ဖို့လိုမယ်ထင်ပါတယ်။
    ကျေးဇူးပါဆက်လက်မျှဝေပေးပါ….

    • windtalker

      September 4, 2011 at 9:39 pm

      ကိုဇော်မင်း ရေ ၊ အားပေးမှု ကို ကျေးဇူးတင်ပါတယ် ။
      ကျောက်စိမ်း အတုနဲ ့အစစ် ခွဲ ပုံ ခွဲ နည်း ကို ကျောက်သူဌေးများ သွားမေး ရင် ဖြေမှာ မဟုတ်ပါဘူး ။
      ဟုတ်တယ်လေ ။
      သူတို ့တစ်သက်လုံး ကြိုးစားရှာဖွေ လာတဲ့ နည်းပညာ ကို လွယ်လွယ်နဲ ့ဘယ်ပေးမလဲ။
      ကျွန်တော် တက်နေတဲ ့၊ သင်တန်း က ၊ စာတွေ ့ကော ၊ လက်တွေ ့ကော ပါပါတယ် ။
      ကျောက်စိမ်းတုံးတွေ ကို လည်း ကိုယ်တိုင် ဖြတ်ရပါတယ် ။
      ကျောက်စိမ်း တွေ ကို လည်း တစ်ခုချင်းစီ ၊ သူ ့အမျိုးနဲ ့သူ ၊ သေချာလေ့လာရပါတယ် ။
      ကျောက်စိမ်းအတုနဲ ့အစစ် ခွဲ နည်း ကို ဒီမှာ ရေးလိုက်ပြီ ဗျာ
      အမှန်က နောက်ပို ့စ် မှ တင်မလို ့ပါ
      အဲ့ခါကြ လဲ ထပ်တင် တာပေါ့ ။
      ကျောက်စိမ်း အတု နဲ ့အစစ် ခွဲ ပုံ ခွဲ နည်း က ဒီလိုပါ ။
      လွယ်လွန်းပါတယ် ။
      ဒါပေမယ့် ကျောက်လုပ်နေသူ ၁၀ဝ သွားမေးရင် ၅ဝ သိဖို ့မသေချာပါဘူး ။
      ဘယ်ကျောက်စိမ်း အစစ်မဆို
      သူ ့အပေါ်ကနေ ၊
      သူ ့အခွံပေါ် ဖြစ်ဖြစ်
      ဖြတ်ထားတဲ့ ဖြတ်သားပေါ်ဖြစ်ဖြစ်
      ရေစက်ကလေး တွေ ၊ ဖြေးဖြေး ချင်း စီ လောင်းချ ပြီး သေချာကြည့်ပါ ။
      ကျောက်စိမ်း အစစ်ဆိုရင် ၊ လောင်းချ လိုက်တဲ့ ရေစက် ကို စုပ်ယူသွားပါလိမ့်မယ် ။
      ရေစိုကွက်လေး ဖြစ်လာတာ ကို သေချာ မြင်ရပါမယ် ။
      ကျောက်စိမ်းအတု ၊ အင်ထုထားတဲ့ ဟာ ကတော့
      ရေစက်ကလေး တွေ ဘယ်လောက် လောင်းလောင်း
      ရေမစုပ်ပါဘူး ။ ရေစိုကွက် လည်း လုံးဝ မပေါ်ဘူး
      ဒီလောက်ဆို ။ ကိုဇော်မင်း အနေ နဲ ့
      ကျောက်စိမ်းအတုနဲ ့အစစ် ခွဲတတ်ပါပြီ
      ကိုယ်တိုင် စမ်းကြည့်ပါ နော် ။

  • zaw min

    September 4, 2011 at 9:57 pm

    နောက်ထပ်ကျေးဇူးပါကိုတော်ကာ…ဖြတ်သားမဟုတ်တဲ့ အချော၊သွေးပြီးသားရောင်းတန်းလုပ်နေတဲ့ ကျောက်ဆိုရင်ရော ဘယ်လိုခွဲခြားသိနိုင်ပါသလဲ…ဥပမာဗျာ…ခင်ဗျားပြောတဲ့ ချယ်ဆီး ကာလာ ဖေးတာမရှိဘူးပေါ့ဗျာ..သာမာန်မျက်စိ(သို့) ရိုးရိုးမှန်ဘီလူးနဲ့ဆိုရင်ကော ဘယ်လိုခွဲခြားသိနိုင်ပါသလဲ…ကျေးဇူးတင်ပါတယ်..

  • windtalker

    September 4, 2011 at 10:02 pm

    မနက်ဖန် ကြ
    ပို ့စ်တစ်ခု အနေ နဲ ့ရေးတင်ပေးပါမယ် နော်
    ကိုဇော်မင်း ရေ
    ကျေးဇူးပြု ပြီး စောင့်ပေးပါ ခင်ဗျာ
    အားပေးတာကို ကျေးဇူးတင်ပါတယ်

Leave a Reply