ကိုယ်ဖြစ် ကိုယ်ခံ

koyoAugust 28, 20111min20923

ကိုယ်က ဖြစ်အောင်လုပ်ထားပြီးပြီဆိုရင် မခံချင်လည်းခံ၊ ခံချင်လည်းခံ၊ ခံရမှာပါပဲ။ ကိုယ်ဖြစ် ကိုယ်ခံလို့ ပြောနေကြသူတွေကိုယ်တိုင် ခံနေကြရတာ ပဲ မဟုတ်လား။ လူသားရဲ့ အရင်းအမြစ်ကို လူသားအတွက် အသုံးပြုဖို့မစဉ်း စားပဲ လူသားမျက်ကွယ်ရာမှာ အသုံးပြုစေဖို့ ညွှန်းနေကြတာတွေဟာ ဘာ သာရေးတွေပဲ မဟုတ်လား။ အခုရှုပ်မှ နောင်ရှင်းဆိုတဲ့ စကားပုံက ဘာသာ ရေးရဲ့ အားကိုးရာပဲ။ အခုမှ မရှင်းနိူင်ပဲကိုး။

ဘာသာတရားဆိုတာ စားဖို့နဲ့လည်းမစပ်၊ ဝတ်ဖို့နဲ့လည်းမဆိုင်၊ နေဖို့နဲ့ လည်း မပတ်သက်ဘူးဆိုရင် အဲဒီဘာသာတရားက ဘာအတွက် အသုံးကျ ရမှာတဲ့လဲ။ လူတွေပြောကြ၊ဆိုကြ၊လုပ်ကြ၊ကိုင်ကြ၊တွေးကြ၊ခေါ်ကြတာတွေ မှာ စားမှု၊ဝတ်မှု၊နေမှုအတွက်ကလွဲပြီး တစ်ခြားကို တွေးခေါ်၊ပြောဆို၊ လုပ် ကိုင်ကြပြီဆိုရင်တော့ သည်သူတွေဟာ ရူးနေတဲ့သူတွေပဲ ဖြစ်ရဖို့ရှိတယ်။ လူ့ ပြဿနာကို ဘာသာရေးကရှင်းလို့ လင်းခဲ့ရင် သိပ်ကိုပျော်ဖို့ကောင်းမှာပါ။ ဒါ ပေမယ့် ဘာသာရေးက လူ့ပြဿနာကိုရှင်းဖို့ တာဝန်မယူပဲ လူကို ပန်းစေ၊ နွမ်းစေ၊ ဝန်လေးစေခဲ့ပြီ။

လူ့လမ်းစဉ် အလင်းရောင်ဟာ နံ့သာဖုံးအုပ်တဲ့ ကြေးမုံ့ပြင်လို လောကကို အမြင်ဝါးစေခဲ့ပြီ။ မှားယွင်းတဲ့ လူ့အမြင်တွေကြောင့် ပြောဆို၊လုပ်ကိုင်မှုနဲ့ အ ကြံအစည်၊အတွေးအခေါ်ဟာ ဘာသာရေးပိုက်ကွန်ကနေ ယနေ့ထိ ရုန်းမ ထွက်နိူင်ကြသေးဘူး။ လူ့လမ်းစဉ် အလင်းရောင်အတွက် ဒေဝါလီခံသွားတဲ့ လုပ်ငန်းကြီးမှန်း မသိသေးခင်အချိန်ထိတော့ ဘာသာရေးဘဏ်ပျက်ကြီးမှာ လိုသလောက် စိတ်ကြိုက်ထုတ်ယူနိူင်တဲ့ လက်မှတ်ရထားတာဆိုတော့ လည်း ပျော်စရာလိုလိုတော့ ဖြစ်မှာပါပဲ။

ဒီပျော်စရာတွေနဲ့ လူသားထုဟာ မရောင်ရာဆီလူး အရူးကြီးရူးနေ ခဲ့ရတယ်။ ကမ္ဘာလောကကို အရူးကြီးလောကအဖြစ် တွန်းပို့ချောက်ချ တဲ့ အရာကို ရှာ ဖွေချိန်မရအောင် ကာကွယ်ပေးထားတာဟာ အလင်းပေးတဲ့ ဘာသာရေး အမှောင်ဆိုရင် အသင်ဘာသာရေးသမား (ငိုများနေမလား)။ ဘာသာရေးသမားတွေဟာအခုကိုယ်ခံနေရတာတွေကိုကြတော့ မျက်ကွယ် ပြုထားကြ တယ်။ ပြုသူအသစ် ဖြစ်သူအဟောင်း ဆိုပြီးတော့ပေါ့။ အခု ကိုယ်အခိုး ခံရတာဟာ အရင်ဘဝတုန်းက ကိုယ်ကခိုးခဲ့လို့တဲ့။ အခိုးပေါ် တာတဲ့ဗျာ။ ဘယ်လောက် မိုက်မဲလိုက်သလဲဗျာ။ မှောင်ပိန်းနေအောင် မိုက် သွားပြီဆို တော့လည်း ဘာမှမမြင်တော့ဘူးပေါ့။ ဘာမှမမြင်တဲ့ သူတွေဟာ တော်တော် ကြောက်စရာကောင်းပါတယ်။ ပါးစပ်ကတော့ အကြောင်း အကျိုးဝါဒ……အကြောင်းအကျိုးဝါဒနဲ့ အသံကောင်းဟစ်ပြီးအော် နေကြ လေရဲ့။ ကိုယ်အသုံးမ ကျတဲ့ အကြောင်းကို ကိုယ်တိုင်မသိနိုင်အောင် အလုပ်ခံထား ရပါလားလို့ နဲနဲလေးတောင်မှ သံသယ မရှိကြသူတွေပါပဲ။

ကိုယ့်ပစ္စည်း အခိုးခံရတယ်ဆိုရင် ခိုးသူက ပြုသူအသစ် အခိုးခံရသူက ဖြစ်သူအဟောင်းပေါ့။ ကိုယ်ဖြစ်ကိုယ်ခံ…ကိုယ်ဖြစ်ကိုယ်ခံနဲ့ ပြောကြတဲ့သူ တွေ တကယ်ပဲ အဲဒီအတိုင်း ခံနိုင်ကြပါရဲ့လား။ လူ့လောကကို အမှောင်ကျ စေမယ့် အတွေးအခေါ်တွေကိုတော့ တော်လှန်ပစ်ဖို့ ကောင်းပါပြီ။                    ံ            မိတ် ဆွေ … သင့်ပစ္စည်း တခုခု အခိုးခံရပြီဆိုရင် ပြုသူအသစ် ဖြစ်သူအဟောင်းဆိုပြီး ငုတ်တုတ်ထိုင် လက်ပိုက်ပြီးကြည့်နေမှာလား။ ကြောင်းကျိုးယုတ္တိ ဒီလောက်ကင်းမဲ့တဲ့ အတွေးအခေါ်တွေကို သင့်ခေါင်းထဲ ကနေ အမြန်ဆုံးမောင်းထုတ်သင့်ပြီ။

ကိုယ်တိုင်လိုက်နာ ကျင့်သုံးခြင်းမရှိဘဲ သူများတွေကိုပဲ လိုက်နာကျင့်သုံး ခိုင်းသူတွေရဲ့ ကိုယ်ရေးရာဇဝင်လေးတွေကိုလည်း နဲနဲဖြစ်ဖြစ်တော့ လေ့လာ ကြပါဦး။ ကိုယ်ဖြစ် ကိုယ်ခံ သမားတွေရေ ဖြစ်ထိုက်လို့ဖြစ်တာလား မဖြစ် ထိုက်ပဲနဲ့ ဖြစ်တာလား ဆိုတာလောက်တော့ သိအောင်ကြိုးစားကြစေ ချင်ပါတယ်။ဒီလိုမှ မဟုတ်ရင်တော့ ကိုယ့်မှာခံနေတာတောင် ခံနေရမှန်းမသိ မဖြစ်စေချင်လို့ ပြောလိုက်ရတာပါ။ အသိအမြင်တခုခုကို ဘာမှ ဝေဖန်ဆန်း စစ်ခြင်း မရှိပဲ ခေါင်းငိုက်စိုက်ချပြီး ယုံကြည်နေမယ် ဆိုရင် ထောင်ချောက် ထဲကနေ အော်နေတဲ့ ကြက်တူရွေးလိုပဲ ဖြစ်ရဖို့ရှိပါတယ်။

ရွာတစ်ရွာ ၊ စစ်ကိုင်းတိုင်းထဲက လူတစ်ယောက်က ပြောတာ ကြားရ ဘူးတယ်။ ကျောင်းတကျောင်းမှာ ဘုန်းကြီးတပါးက ကြက်တူရွေးလေးတစ် ကောင်မွေးထားတယ်။ တနေ့တော့ ခရီးသွားစရာ ရှိတာနဲ့ ကြက်တူရွေးကို မှာခဲ့တယ်။ “မြောက်တော မသွားနဲ့ မြောက်တောသွားလျှင် ထောင်ချောက် ထဲ  ကျလိမ့်မယ်” ဆိုပြီးတော့ပေါ့။ ဒါကို သေသေချာချာ လိုက်နာဖို့ အထပ် ထပ်လိုက်အဆိုခိုင်းတယ်။ ကြက်တူရွေးကလည်း လိုက်ဆို တာပေါ့။ ဒီလိုနဲ့ ဘုန်းတော်ကြီး ခရီးသွားရာက ပြန်လာတော့ ကျောင်းမှာ ကြက်တူရွေးကို မတွေ့ရဘူး။ ကျောင်းထဲမှာ လိုက်ရှာတာ မတွေ့တာနဲ့ ဒီကောင် မြောက် တောများသွားသလားဆိုပြီး မြောက်တောကို လိုက်သွားရ တာပေါ့။ မြောက် တောရောက်တော့ ရွှေဂဲရေ… ရွှေဂဲရေနဲ့ အော်ပြီးခေါ်တော့ ကြက်တူရွေးက “မြောက်တောမသွားနဲ့ မြောက်တောသွားလျှင် ထောင်ချောက်ထဲ ကျလိမ့် မယ်” နဲ့ အော်နေပါသတဲ့။ ဒါနဲ့ ဘုန်းတော်ကြီးက ကြက်တူရွေးရှိရာကို သွား ကြည့်တော့ မောင်မင်းသား ကြက်တူရွေးက ထောင်ချောက်ထဲကနေ အော်နေတာပါတဲ့။

မိတ်ဆွေ…အနှီကြက်တူရွေးဟာ မြောက်တောကိုလည်း သွားခဲ့ပြီ၊ ထောင် ချောက်ထဲကိုလည်း ရောက်နေပါလျက် မြောက်တောမသွားနဲ့ မြောက်တောသွားလျင် ထောင်ချောက်ထဲကျလိမ့်မယ်လို့ အော်နေလေရဲ့။ မြောက်တောလည်း မသိ ၊ ထောင်ချောက်လည်း မသိ ၊ ထောင်ချောက် ထဲ ကျနေမှန်းလည်း မသိ ၊ မသိပေမယ့် အော်တော့…အော်နေလေရဲ့ မြောက် တောမသွားနဲ့ မြောက်တောသွားရင် ထောင်ချောက်ထဲ ကျလိမ့်မယ်နဲ့ ပေါ့။

ကိုယ်မှာဖြစ်နေပါလျက် ကိုယ်တိုင်ခံနေရမှန်း မသိကြတဲ့ အဖြစ်ကနေ လွန်မြောက်နိုင်ကြပါစေ။

 

ကိုယ်ဖြစ်ကိုယ်ခံ ၊ အပြောသန်လျက်  ၊                              ဖြစ်ချက်ကိုယ့်မှာ ၊  မသိရှာကြ                                            လူ့ဗာလတို့ — ဘဝတိုုင်းသေ ၊                                        လုပ်တိုင်းလေလို့ ၊ ဖြစ်နေကြရ ၊                                          ကိုယ့်ဘဝကို၊ ကျကျနန ၊                                                        ငှငှစေ့စေ့ ၊ လေ့လေ့လာလာ ၊                                                 မလုပ်တာတင် ၊ မကချင်ဘဲ ၊                                             ဝန်းကျင်ကပြော ၊ စကားကြောကို ၊                                   စောကြောသုဓ်သင် ၊ မလုပ်ချင်ပဲ ၊                                            ဟုတ်ပါ့ပဲဟ ၊ ဟုတ်သားဟနှင့် ၊                                                 မုချယူငင် ၊ မဆင်ခြင်ပဲ ၊                                                    နေ့မှာလည်းသုံး ၊ ညလည်းသုံးနှင့် ၊                                              အရှုံးလူဖြစ် ၊ ဒီသနစ်ကို  ၊

စစ်စစ်ပေါက်ပေါက် ၊ အမြင်တောက်လျက် ၊ တောက်လျှောက်တွန်းဖယ်နိုင်ပါစေ ။  ။

23 comments

  • မီးမီး သော်

    August 28, 2011 at 5:17 pm

    ““ပါးစပ်ကတော့ အကြောင်း အကျိုးဝါဒ……အကြောင်းအကျိုးဝါဒနဲ့ အသံကောင်းဟစ်ပြီးအော် နေကြ လေရဲ့။ ကိုယ်အသုံးမ ကျတဲ့ အကြောင်းကို ကိုယ်တိုင်မသိနိုင်အောင် အလုပ်ခံထား ရပါလားလို့ နဲနဲလေးတောင်မှ သံသယ မရှိကြသူတွေပါပဲ။””

    မှတ်လို ့ကောင်းတယ်နော်။အမှန်ပါဘဲ ကိုရိုးရေ—xie xie

  • forever

    August 28, 2011 at 8:18 pm

    လူတွေပြောကြ၊ဆိုကြ၊လုပ်ကြ၊ကိုင်ကြ၊တွေးကြ၊ခေါ်ကြတာတွေ မှာ စားမှု၊ဝတ်မှု၊နေမှုအတွက်ကလွဲပြီး တစ်ခြားကို တွေးခေါ်၊ပြောဆို၊ လုပ် ကိုင်ကြပြီဆိုရင်တော့ သည်သူတွေဟာ ရူးနေတဲ့သူတွေပဲ ဖြစ်ရဖို့ရှိတယ်။ လူ့ ပြဿနာကို ဘာသာရေးကရှင်းလို့ လင်းခဲ့ရင် သိပ်ကိုပျော်ဖို့ကောင်းမှာပါ။ ဒါ ပေမယ့် ဘာသာရေးက လူ့ပြဿနာကိုရှင်းဖို့ တာဝန်မယူပဲ လူကို ပန်းစေ၊ နွမ်းစေ၊ ဝန်လေးစေခဲ့ပြီ။

    ဒီအဆိုကို လက်မခံနိင်ပါဘူး…….

    • kai

      August 29, 2011 at 3:15 am

      တကယ်တော့.. ဒီကမ္ဘာကြီးမှာ.. အယူဝါဒတွေကြောင့် သေရတဲ့လူ့အသက်တွေက.. ရောဂါဘယကြောင့် သေတာတွေထက် ပိုများလောက်တယ်ထင်မိပါတယ်.။

      ခရူးဆိတ်စစ်တ်အပါအဝင်.. အခုဖြစ်နေတဲ့.. အာဖဂန်၊အီရတ်စစ်တွေက.. ဘာသာရေးအခြေခံတွေပဲလေ..။
      စွမ်းအင်ကြောင့်လို့.. ပြောနိုင်ပေမဲ့.. တကယ့်အရင်းအမြစ်က.. ခရစ်ယန်နဲ့အစ္စလမ်ဘာသာ အစွန်းရောက်.. အတိုက်အခံကစတဲ့..စစ်ပွဲတွေပဲ..။
      ကွန်မြူနစ်ဝါဒကလည်း… တကယ်တော့ ကိုးကွယ်ယုံကြည်ရာ ဘာသာရေးတခုပါပဲ..။

      ဆိုတော့…
      အသက်တွေ..အသက်တွေ..ဘီလီယန်ချီတဲ့အသက်တွေနှုတ်ယူသွားတာ… အယူဝါဒတွေကြောင့်လို့.. ပြောရင်မမှားလောက်ပါဘူး..။

      ==
      ဘီတဲလ်အဖွဲ့က.. ဂျွန်လင်နွန်ရဲ့..အီမေးဂျင်း သီချင်းစာကလေးတင်ပေးလိုက်ပါတယ်.။
      မျှဝေခံစားကြည့်ပါ..။


      Imagine – John Lennon

      Imagine there’s no Heaven
      It’s easy if you try
      No hell below us
      Above us only sky
      Imagine all the people
      Living for today

      Imagine there’s no countries
      It isn’t hard to do
      Nothing to kill or die for
      And no religion too
      Imagine all the people
      Living life in peace

      You may say that I’m a dreamer
      But I’m not the only one
      I hope someday you’ll join us
      And the world will be as one

      Imagine no possessions
      I wonder if you can
      No need for greed or hunger
      A brotherhood of man
      Imagine all the people
      Sharing all the world

      You may say that I’m a dreamer
      But I’m not the only one
      I hope someday you’ll join us

    • koyo

      September 5, 2011 at 4:54 pm

      လက်မခံဘူး လက်ခံတယ်ဆိုတာ ကိုယ်ပိုင်အခွင့်အရေးမို့ အထူးပြောစရာတော့ မရှိပါဘူး။ ဒါပေမယ့် ကိုယ်က ဘာသာရေးသမားဖြစ်နေလျှင်တော့ ကြက်တူရွေးလိုပဲအဖြစ်ခံရစရာရှိတာကို
      တော့ သတိထားမိဖို့လိုပါတယ်။ အသင်ဟာ ဘုန်းတော်ကြီးတစ်ပါးဖြစ်ခဲ့ရင် ပိုပြီးတောင်ဆိုးစရာရရှိ
      ပါတယ်။ ဘုန်းတော်ကြီးအများစု(တစ်ချို့မပါ)ဟာ ကိုယ့်အတွက်ပဲ ကြည့်ကြသူတွေပါ။ ရွာတိုင်းမှ
      ဘုန်းတော်ကြီးတွေရှိပါလျှက် ရွားသားတွေဟာ ဘုန်းတော်ကြီးတွေရဲ့ အဆုံးအမကြောင့် ယျာဉ်
      ကျေး၊တိုးတက်၊နေကြပါရဲ့လား။ ရွာရဲ့ပြဿနာကို ဖြေရှင်းပေးနိုင်ကြပါရဲ့လား။ လူတွေကသာ သူတို့
      ရဲ့ပြဿနာတွေကို ဖြေရင်းပေးနေရတာပါ။ အဲဒီလူတွေမှာ သူတို့ကြောင့် ပန်းလှ၊နွမ်းလှ၊ဝန်လေးနေ
      ကြလေရဲ့။ Forever ရေ ဒါတွေကို မြင်နေရပါလျှက် မမြင်ချင်ယောင်ဆောင်မနေပါနဲ့။

  • snake bite

    August 28, 2011 at 11:54 pm

    အလုပ်တစ်ခုကို စဉ်းစားချင့်ချိန်ပြီး လုပ်ဖို့ ့လိုပါတယ်

  • တာနော

    August 29, 2011 at 12:22 am

    သူဖြစ်သူခံလေ။ မင်းဖြစ်လဲမင်းခံပေါ့။
    ငါတော့ မခံဘူးနော် ဟီး…..

  • minthar

    August 29, 2011 at 7:56 am

    မင်းမခံတော့ ငါလဲမခံဘူးလေကွာ…
    ဟုတ်ဖူးလား…ကိုယ်ဖြစ်ကိုယ်ခံလေ..
    ဒါလေးများ….

  • maungmoenyo

    August 29, 2011 at 8:05 am

    ကိုယ်ဖြစ်ကိုယ်ခံ ဆိုတဲ့စကားက ပြောတဲ့အခြေအနေပေါ်မူတည်ပြီးအဓိပ္ပါယ် (၂)မျိုးထွက်တတ်ပါတယ်။
    ကိုယ်လုပ်ရင်ကိုယ်ခံရတယ်၊ ကိုယ့်အကျိုးပေးကိုယ်ရတယ် ဆိုတဲ့ သမရိုးကျ သဘောနဲ့ပြောတာရယ်၊ ကိုယ်လုပ်တာကိုယ်ခံပေါ့လို့ မေးငေါ့တဲ့ တကိုယ်ကောင်းဆန်တဲ့ အပြောမျိုးလဲရှိတတ်ပါတယ်။ ဒုတိယအမျိုးကို ခုံမင်ကြသူတွေ၊ ဒုနဲ့ဒေးရှိနေသေးသရွေ့ (အထူးသဖြင့်) မြန်မာမိသားစုနည်းပါးတဲ ရပ်ဝေးမြေခြားနိုင်ငံခြားတွေမှာ မြန်မာတွေ အများအလယ်မှာ ခေါင်းငုံ့ခံနေကြရအုံးမှာ ဘဲဆိုတာ…။

    • koyo

      September 5, 2011 at 5:10 pm

      မြန်မာတွေ အများအလယ်မှာ ခေါင်းငုံ့မခံရဖို့ဆိုလျှင် စည်းစည်းလုံးလုံးရှိဖို့လိုပါတယ်။ စည်းစည်းလုံးလုံးရှိဖို့ဆိုလျှင် ကိုယ်ဖြစ်ကိုယ်ခံ မလုပ်ပဲ သူ့ဖြစ်လည်း ငါ့မှာခံရတာပါလားလို့မြင်
      တတ်ဖို့လိုပါတယ်။ ဒါကိုမြင်ဖို့ဆိုရင်လည်း နတ်တွေ၊ဓာတ်တွေ၊နောင်ဘဝတွေကို ခေါင်းထဲကနေ အမြန်ဆုံးထုတ်ပြစ်မှဖြစ်မှာ။ လူကိုအဆင်းရဲစေဆုံးအရာဟာ လူတစ်ဦး လူတစ်စုက ဘာသာရေး
      နဲ့ခြောက်ပြီး လူပါးဝတာ၊ အာဏာနဲ့ခြောက်ပြီး လူပါးဝတာ၊ အဲဒါတွေကသာ လူတွေကိုဆင်းရစေ
      တာမဟုတ်လား။

  • minthar

    August 29, 2011 at 8:17 am

    အပြောမတတ်ရင် ဆဲသလိုတဲ့ခင်ဗျ
    မင်းတို့ညံ့တယ် ငါတော်တယ် ငါပြောတာနားထောင် ငါသာလျင်သိတယ်ပြောတဲ့သူတွေလဲ တစ်ကိုယ်ကောင်း ဆန်နေမလားလို့.. တွေးနေမိပါတယ်

  • True Answer

    August 29, 2011 at 10:03 am

    စားဝတ်နေရေးက အရေးကြီးပါတယ်။ အရေးကြီးဆုံးတော့မဟုတ်။
    စိတ်မှသတ်မှတ်ချက်သာဖြစ်လေသည်။
    စိတ်က အရာရာကို ဖန်ဆင်းနေသည်။
    ဟိုဟာပြီး ဒီဟာ ဒီဟာပြီး ဟိုဟာ အရေးကြီးပြနေသည်။
    စိတ်ရဲ့ဖန်ဆင်းမှုကို နားမလည်သူတို့ စိတ်ခိုင်းတိုင်း လိုက်အရေးကြီးနေသည်။
    အရေးကြီးတယ် သတ်မှတ်တော့လည်း အရေးတကြီးဖြစ်နေသည်။
    စိတ်က အရေးတကြီး မထားလျှင် အရေးမကြီးတော့။
    ထိုသဘောကို ဗုဒ္ဓမှ လက်တွေ့ပြခဲ့သည်။
    ဗုဒ္ဓက သံဃာအဖွဲ့အစည်းကို ဝိနည်းဖြင့် ဖွဲ့စည်းပြကာ စားဝတ်နေရေးကို အရေးတကြီးလုပ်နေမှုကို
    အတတ်ဆုံး လျော့ချ ပြခဲ့သည်။ ဝိကာလဘောဇနာဖြင့် ညစာမစားလည်းဖြစ်သည်ကို လည်းကောင်း၊ သင်္ဃန်းသုံးထည်သာ သုံးပြခြင်းဖြင့်လည်းကောင်း အဝတ်အထည်အရေးကြီးမှုကိုလည်းကောင်း၊ စသည်ဖြင့် စားဝတ်နေရေး အရေးကြီးနေမှုသည် စိတ်က ဖန်ဆင်းထားမှုသာဖြစ်ကြောင်း ပြသခဲ့လေသည်။
    စားဝတ်နေရေးဟူသည် အရေးကြီးပြနေရမှာမဟုတ်။ ငြိတွယ်နေရမှာမဟုတ်။
    ဖြစ်သလိုနေ၊ ဖြစ်သလိုစား ဆိုပြီး အစားအသောက် အနေအထိုင်ကို ပစ်ပယ်ရမှာလည်းမဟုတ်။
    စားဝတ်နေရေးကို အမှန်တရားနားလည်ဖို့အတွက် အသုံးချတတ်ဖို့လိုသည်။
    စားဝတ်နေရေးသည် လူ့အဖွဲ့အစည်းတွင် အတိုင်းအတာတစ်ခုထိ လိုအပ်ပါ၏။
    ဘယ်လောက် အတိုင်းအတာလိုသလဲဆိုတာက တော့
    မိမိစိတ်ကပဲ ပြဌန်းသတ်မှတ်ပါလိမ့်မည်။
    စားဝတ်နေရေး အရေးကြီးနေရင်တော့ စားဝတ်နေရေး အရေးကြီးနေတော့မှာပါပဲ။
    သေချာတာတစ်ခုကတော့ –
    ဗုဒ္ဓတရားတော်များသည် စားဝတ်နေရေး ပြေလည်ရေးထက် ကျော်လွန်နေသည်.။ အမှန်တရားကို နားလည်သွားသူတို့ စားဝတ်နေရေးအရေးမကြီးတော့။ အမှန်တရားကို နားမလည်သေးသူတို့ စားဝတ်နေရေးအတွက် အရေးကြီးနေဆဲ ၊ ငြင်းခုန်နေဆဲ၊ selfish ဖြစ်ဆဲ၊ ဘယ်သူသေသေ ငတေမာလျှင် ပြီးရောသဘောထားများထားနေဆဲ၊ ကိုယ်ကျင့်တရားတို့ ဖောက်ဖျက်နေဆဲ။

    • koyo

      September 5, 2011 at 5:40 pm

      စိတ်က အရာရာကို ဖန်ဆင်းနေသည်ဆိုသော ထိုစကားဖြင့် လူတို့၏ပြဿနာကို ပြေလည်စေ
      ၏လော။ ဗုဒ္ဓက လက်တွေ့ပြခဲ့သည် ဆိုပါလျှင် အသင်ရောလက်တွေ့ပြနိုင်ပါ့မလား။ မသိတဲ့ စကားတွေကို မသိရာဆီပဲ ညျွှန်ပြနေရုံမျှဖြင့် ဘာမျှ အလုပ်ဖြစ်လိမ့်မည်မဟုတ်။ ကိုယ်ကျင့်တရား
      ဖောက်ဖျက်နေရခြင်း၏ အကြောင်းရင်းမှန်သည် စား၊ဝတ်၊နေရေးကလွဲပြီး အခြား မည်သည့်အ ကြောင်းအရင်းမှမရှိ။ လူတို့သည် စား၊ဝတ်၊နေရေးအပေါ်၌ သဘောထားအမှန်ကို
      မည်သို့ထားရမည်မှန်းမသိနိုင်ဖြစ်နေကြပါသည်။ ဗုဒ္ဓက၏ လက်တွေ့ကျသောသဘောထားကို
      လက်တွေ့လုပ်ဆောင်ပြနိုင်ပါလျှင် ကောင်းလေစွာ့…ကောင်းလေစွာ့ပေါ့။

    • thantmonzaw

      September 28, 2011 at 11:33 am

      ွှTrue Answerရဲ.commentတွေအရမ်းကောင်းပါတယ်။အားပေးတယ်ဗျာ။

  • myanpyithar

    August 29, 2011 at 4:07 pm

    ကိုယ်တခုခုခံရတိုင်း ကံကိုချည်းရိုးမယ်ဖွဲ့နေတာတော့မှားတယ်လို့ယူဆတယ်ဗျာ
    အဲဒါဆိုနောက်တကြိမ်အလားတူခံရဘို့သေချာသွားဘီ
    ငါ့ကြမှဘာကြောင့်ခံရတာလဲ..နောက်တခါမခံရအောင်ဘယ်လိုကြိုးစားမလဲ
    စသဖြင့်တော့ဆင်ခြင်သင့်တယ်…

    • koyo

      September 5, 2011 at 6:01 pm

      ကိုယ်တခုခုခံရတိုင်း ကံကိုချည်းရိုးမယ်ဖွဲ့နေတာတော့ မှားကို မှားပါတယ်။ ”ကံ“ဆိုတဲ့စကားက
      မြန်မာစကားမှမဟုတ်တာဆိုတော့ မြန်မာတွေ နားမလည်ဘူးပေါ့။ ကံဆိုတာ”ကမ္မ“ဆိုတဲ့ ဟိုး
      လွန်ခဲ့တဲ့ နှစ်ပေါင်း(၂၅၀၀)ကျော်က အိနိ္ဒယမှာ ပြောခဲ့တဲ့စကားပဲ။ အခု အိန္ဒိယကလူတွေတောင်
      အဲဒီ့စကားကို နားမလည်ကြတော့ဘူးလေ။ မြန်မာတွေဆိုလျှင်တော့ ပိုပြီး နားမလည်နိုင်တော့ဘူး
      ပေါ့။ ကိုယ်မသိတဲ့ စကားတွေရဲ့နောက်ကို မလိုက်မိအောင် ကြိုးစားစေချင်ပါတယ်။ မသိလို့ မသိ
      ဘူး ခံယူတာဟာ လူကို အများကြီးပြောင်းလဲစေပါလိမ့်မယ်။

  • ရွှေဘိုသား

    August 29, 2011 at 5:17 pm

    ဒါဆိုရင် သူဖြစ်သူခံတော. မထားနဲ.နော် ကူညီလို.ရမယ်ဆိုရင် ဝိုင်းကူပေးကြပါ

  • unclegyi1974

    September 5, 2011 at 9:53 pm

    ဘုန်းတော်ကြီးတွေရှိပါလျှက် ရွားသားတွေဟာ ဘုန်းတော်ကြီးတွေရဲ့ အဆုံးအမကြောင့် ယျာဉ်
    ကျေး၊တိုးတက်၊နေကြပါရဲ့လား။ ရွာရဲ့ပြဿနာကို ဖြေရှင်းပေးနိုင်ကြပါရဲ့လား။
    ကိုကိုရေ
    မေးထားတဲ့မေးခွန်းကဘုန်းကြီးတွေနဲ့ဆိုင်သလားအရင်မေးချင်ပါတယ်
    ဘုန်းကြီးဆိုတာလူတွေယဉ်ကျေးအောင်လုပ်ပေးရမယ်
    လူတွေ ပြသနာတွေကိုဖြေရှင်းပေရမယ်
    ဘယ်သူကပြောခဲ့တာပါလိမ့်
    ကျွန်တော်နားလည်တာကဘုန်းကြီးဆိုတာသာသနာကိုမပျောက်ကွယ်အောင်စောင့်ရှောက်ပြီး
    လောကီကိစ္စတွေကနေလွတ်မြောက်အောင်ဘုရားရှင်ဟောကြားထားသည်များနှင့်အညီ
    ကိုယ်တိုင်လည်းကျင့်ကြံ လူအများကိုလည်းကျင့်ကြံနိုင်အောင်ကူညီပေးသူလို့နားလည်တာကိုး
    ဘုန်းကြီးရဲ့အဆုံးအမကြောင့်ရွာသားတွေမယဉ်ကျေးရင်တောင်
    ဘုန်းကြီးကျောင်းမနေဖူးဘုန်းကြီးရဲ့အဆုံးအမ မနာခံဖူးတဲ့သူထက်ပိုမမိုက်ရိုင်းတာသေချာပါ
    တယ် အချို့အချို့သောစုံးပြူးတွေကလွဲလို့ပေါ့လေ
    ဒါကလည်းရှင်တော်ဘုရားသက်ရှိစဉ်တောင်မှမိုက်ရိုင်းတဲ့သူတွေရှိနေသေးတာပဲ
    နောက်ပြီးရပ်ရေးရွာရေးဝင်ဖြေရှင်းဖို့ကလည်းသေချာစဉ်းစားကြည့်ပါ
    လောကီရေးစိတ်ကုန်လို့ဘုန်းကြီးဝတ်ပြီးအေးရာအေးကြောင်း
    ဒုက္ခအပေါင်းကလွတ်အောင်ရုန်းကာမှ
    နည်းနည်းလေးတော့လွဲနေတယ်ထင်ပါတယ်

    • flytiger

      September 7, 2011 at 3:04 pm

      ဒီလိုလက်လွတ်စပယ်ပြောလို့တော့ ဘယ်တော်မလဲ။ ဒါဆို ဘုရားက သူ့တပည့်တွေကို ကြီးကြီး ကျယ်ကျယ် လုပ်ပြီး အနိုင်ယူသွားတာဖြစ်မှာပေါ့။ ဘုရားက ပထမဝါ အပြီးမှာ ရဟန်းတွေကို ဒေသစာရီလွှတ်ခါနီး ဘာပြောသွားလဲ။ လူအများအကျုးိအတွက် ၊ လူအများချမ်း သာဖို့အတွက် ၊ လောကကြီးကို စောင့်ရှောက်ဖို့အတွက်ဆိုပြီး ဘုရားက သူ့တပည့်ရဟန်းတွေကို ပြောထားတာရှိတယ်လေ။ ဒီအတိုင်းဆို ဘုရားက အတော်ပလီတာပဲလို့ ပြောရမည့်ပုံပဲ။ ဘုရားသနားပါတယ်။ သူတပည့်ရဟန်းတွေက အခုတော့ တော်တော်မိုက်မဲ နေကြပါပြီ။ ဘုရားသာသနာတော့ ကျွတ်–ကျွတ်–ကျွတ်။

    • koyo

      September 14, 2011 at 3:34 pm

      စကတည်းက ယျာဉ်သကိုး ဆိုတာလိုပါပဲ ဘုန်းကြီးဝတ်တာဟာ လောကီရေးကိုစိတ်ကုန်ရာကနေ
      စကြတာကြောင့် လူ့အကျိုးသယ်ပိုးရကောင်းမှန်းမသိဖြစ်ပြီး ကိုယ့်အကျိုုးပဲ သယ်ပိုးနေကြတာကြောင့် သူတို့အကျိုးတွေကတော့ ထမရအောင်ကိုများနေကြလေရဲ့။ များကြတဲ့ သူတွေက အနည်းစုပါ။ ဒါပေမယ့် အဲဒီအနည်းစုက သာသနာကို လက်ဝါးကြီးအုပ်ပြီး ချယ်လှယ်ချင်တိုင်း ချယ်လှယ်နေတာကို သိသူတွေသိကြပေမယ့် မသိသူတွေကတော့ သာသနာကို သူတို့ပဲ သယ်ပိုးနေတယ်ထင်ကြတော့တာပေါ့။ အသိတရားဆိုတာ ဖိနပ်လိုပစ္စည်းမျိုး
      ပါ။ ဖိနပ်ကို ကျေးဇူးကြီးလှချည်ရဲ့ဆိုပြီး ခေါင်းပေါ်တင်ထားရင်တော့ အရူးလို့ အပြောခံရမှာပေါ့။

  • KMN

    September 14, 2011 at 4:06 pm

    အမျိုးမျိုးသောအကြောင်းတို့ကြောင့် ဘုန်းကြီးဝတ်ကြသည်ထင်ပါရဲ့။ လောကီကို စိတ်ကုန်လို့ပဲဖြစ်ဖြစ်၊ စားဝတ်နေရေးအရပဲဖြစ်ဖြစ်ပေါ့။ဘုန်းကြီးဝတ်ပြီဆိုကတည်းက သူ့အကျိုးကိုသယ်ပိုးနေသလို၊ အများအကျိုးကိုလဲ သယ်ပိုးရာရောက်နေပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့
    ကျနော်တို့တတွေဟာ လူ့သတ်မှတ်ချက်တွေနဲ့အညီ နေထိုင်ကြရင် လူများအတွက်ကောင်းကျိူးပဲဖြစ်မှာမဟုတ်ပါလား။

  • thantmonzaw

    September 28, 2011 at 11:50 am

    စွန်းလွန်းဆရာတော်ကြီးပြောခဲ.ပါတယ်
    ကိုယ်ကြိုက်တာကိုယ်လုပ်၊ကိုယ်ရတာကိုယ်ခံ….တဲ.
    ခံရတာကဝဋ်
    ဝိပါကဝဋ်၊ကိလေသာဝဋ်၊ကမ္မဝဋ် ၊ကိုယ်ပြုသမျှကိုယ်ခံရပါတယ်
    ဆရာတော်ကြီးကဒီလိုပြောခဲ.ပါသေးတယ်
    မသိလို.လိုချင်၊လိုချင်တော.စွဲလမ်း၊စွဲလမ်းတော.ပြုလုပ်၊ပြုလုပ်တော.ရရှိ၊ရရှိတော.ခံရ..ခံရတာကဝဋ်ပါ
    ကိုယ်.စိတ်ထင်နဲ.ရမ်းပြော၊ရမ်းရေး၊ရမ်းလုပ်နေကြရင်ဖြင်.
    ခံရလိမ်.မယ်ဗျာတို.ရေ…

  • windtalker

    September 28, 2011 at 12:02 pm

    နင် ပြု နင့်ကံ
    နင် ့တွင် ခံ ဟဲ့
    ( မင်းသိင်္ခ ဝတ်ထု မှ )

  • blackchaw

    September 28, 2011 at 3:55 pm

    ဆရာ koyo ခင်ဗျား။ ဒီကွန်းမန့်ကိုရေးဘို့ ဆရာ့ပို့စ်တွေကို ကျွန်တော် ပြန်ဖတ်ရပါတယ်။
    ထွက်ပေါက်ဆိုတဲ့ ပို့စ်မှာ သူကြီးမန်းထားတာက
    ကိုရိုးကို.. ဖရီးသင့်ခ်ကာ( Freethinker )လို့အမည်တပ်ရင်..ပိုကိုက်မလားပဲ..။ တဲ့
    ဖြစ်-ပျက် = အဖြစ်အပျက် ဆိုတဲ့ ပို့စ်မှာ သူကြီးကပဲ
    (စည်းကမ်းဘောင်ထဲက) လွတ်လပ်စွာ ကိုယ့်ယုံကြည်မှုတွေတင်တာ..ပြောတာ..ရေးတာကို… ဘယ်မှာမှခွင့်မပြုရင်လည်း.. မန္တလေးဂေဇက်ကခွင့်ပြုပါကြောင်း…။ တဲ့။
    ဆိုတော့ ကျွန်တော်တို့လည်း ဘာများတတ်နိုင်ပါဦးမည်နည်းပေါ့ဗျာ။
    ဒါပေမယ့် ကိုယ်မယုံကြည်ရင် မကိုးကွယ်ယုံပေါ့ဗျာ။ ကျွန်တော်တို့ဟာ ခရစ်ယာန်ဘာသာကို မယုံကြည်တာနဲ့ ခရစ်ယာန်ဘာသာရဲ့ မကောင်းကြောင်းတွေ ပြောဘို့မသင့်ဘူးလေ။
    ဆရာလည်း ကိုယ့်ကိုယ်ကို ကိုးကွယ်တဲ့လူဖြစ်တဲ့အတွက် ဆရာယုံကြည်ရာကို တရားဟောခွင့်ရှိပါတယ်။ သူကြီးကလည်း ခွင့်ပြုပါတယ်တဲ့။
    ဆရာ့ကို လေးလေးစားစား တစ်ခုတော့ တောင်းဆိုပါရစေ။ ကျွန်တော်တို့ကိုးကွယ်တဲ့ ဘုရား၊ တရား၊ သံဃာ ကိုစော်ကားတာတော့ မလုပ်ပါနဲ့ဗျာ။ ငြိမ်းချမ်းစွာ တောင်းဆိုတာပါ။
    လုပ်ပါ၊ ဆရာယုံကြည်ရာကို ဆက်လုပ်ပါ။

Leave a Reply