မဝယ်သင့်သော Willcom အမျိုးစား GSM Handset

Mobile HouseAugust 28, 20111min12710

Willcom အမျိုးစား တစ်မျိုး မြန်မာနိုင်ငံ ဈေးကွက် ထဲဝင်ရောက် လာပါ ပြီ။Gsm ပါ။ယိုးဒယား ကဝင် တာ ဖြစ်ပြီး ဈေးနှုန်း ချိုတာကြောင့် လူကြိုက် များနေ ပါတယ်။ သူတို့ ဖုန်း ကို ၃ ရက် အတွင်းပျက်ရင် သစ် ပြန်လဲ ပေးပါတယ် ။ အပို ပစည်း များ လဲ ရှိ သော်လည်း ဈေး က nokia တို့ ထက် ပိုဈေး ကြီး ပါတယ် ။touch တို့ display တို့ က ၃၀၀၀ဝကျပ် ကနေ ၅၀၀၀ဝကျပ် လောက် ထိရှိပါတယ် ။nokia မှာ ဆို ၁၅၀၀ဝကျပ် က နေ ၄၀၀၀ဝ ကျပ် လောက် အတွင်းပဲ ရှိတယ် ။ပျက်ရင် ပြင်ရန် ဈေးကြီးခြင်း ကို ဝယ်သူများမသိသောကြောင့် ဝယ်ယူပြီးမှ စိတ်ညစ်နေရပါတယ်။nokia တို့ sony တို့ မှာ ဓာတ်ခဲ ကို ၂နှစ် ၃နှစ် လောက် သုံးရပြီး willcom က တော့ ၁ လ ၂ လ လောက် ဆိုပျက် တတ် ပါတယ် ။တရုတ်ဖုန်းတောင် သူထက်ပိုခံပါတယ် ။willcom က ပျက်ဖို့ တအားလွယ်ပါတယ် ။ဈေးကွက် ကို ဝင် တာ ၆လလောက် ပဲရှသေးသော်လည်း တရုတ်ဖုန်းထက် ပိုပျက်နေတာကိုတွေ့ရပါတယ် ။တကယ် ယှဉ် ရင်တရုတ် ဖုန်းက ဈေးပို သက်သာပြီး ပိုလှပါတယ် ။Touch ကလဲ အရင် က နဲ့ မဆိုင်အောင်တော်တော်ကောင်းလာပါတယ် ။အားသွင်းကြိုး ၊ဓာတ်ခဲ ၊ နားကြပ်၊ Touch ပြား များ ကိုဝယ်ယူရရှိနေပါပြီ။Function လဲစုံပါတယ် ။ဝယ် ယူမည့် သူအနေနဲ့ သူများကိုင်တိုင်း လိုက်မကိုင်သင့်ပါဘူး ။သေချာမေးမြန်းပြီး မှ ဝယ်ယူသင့်ပါတယ် ။Service ပြင်တဲ့ သူ တစ်ယောက် အနေနဲ့ အကြံပေးချင်တာကတော့ Willcom ကို မဝယ် သင့် ပါဘူး ။nokia လဲ ၈၀၀၀ဝကျပ် လောက် ဆို function စုံစုံ ကိုင် လို့ ရနေပါပြီ ။ အားလုံး ကို လေးစားစွာဖြင့် ။အဝယ် မမှားစေရန် ဒီပို့ ကိုတင်ရခြင်းဖြစ်ပါသည်။

10 comments

  • မီးမီး သော်

    August 28, 2011 at 11:22 pm

    အနက်ရောင်မင်းသားလေးရေ ယိုးဒယားကနေဝင်တာ ဆိုရင် WELLCOM ရော WILLCOM နှစ်မျိုးလုံးရှိနေတာများလား။ဒါမှမဟုတ်တစ်ခုတည်းလား။ပြောပြပေးပါဦး။

  • linhtin

    August 29, 2011 at 12:03 pm

    ထိုင်းက ဝင်တာဆိုရင် Wellcom တံဆိပ်ဘဲဖြစ်မယ်လို့ ထင်ပါတယ်။
    ထိုင်းနိုင်ငံမှာ Willcom တံဆိပ်မတွေ့ဖူးပါဘူး။
    Wellcom တံဆိပ်က ထိုင်းနိုင်ငံမှာဆိုရင် Nokia ဖုန်းတွေထက်ကို ဈေးပိုချိုပါတယ်။
    Quality မှာဆိုရင်လည်း Nokia ဖုန်းထက် ပိုညံ့ပါတယ်။ နောက်ထိုင်းလို ဆက်သွယ်ရေးကောင်းတဲ့
    နိုင်ငံမှာတောင် Wellcom ဖုန်းတော်တော်များများ လိုင်းဆွဲအား ညံ့တာပါ။
    မြန်မာနိုင်ငံမှာ ဘာကြောင့် Wellcom ဖုန်းတွေက Nokia ထက်ဈေးပိုကြီးနေရလည်းဆိုတာ
    မတွေးတတ်အောင်ပါဘဲ။

    ထိုင်းမှာတော့ Wellcom ကို ဆယ်ကျော်သက်တွေ ဝယ်သုံးကြတာများတယ်။ ဈေးလည်းချို၊ function လည်းစုံစုံလင်လင်နဲ့ ဒီဇိုင်းလေးတွေကလည်း ခေတ်မှီတယ်လေ။

  • blackprince72

    August 29, 2011 at 12:20 pm

    Wellcom တံဆိပ် ပါ ဟုတ်ပါတယ် ။မှား ရေးမိတာပါ ။တောင်းပန် ပါ တယ် ။ဖုန်း က ဈေးမကြီး ပါဘူး ။သူ့ မိုက် ၊display ၊ Touch တို့ အစရှိတာ တွေ ပဲ ဈေးကြီး တာ ပါ။တရုတ်ဖုန်းလောက် တော့ မ လှဘူး ။

  • မီးမီး သော်

    August 29, 2011 at 12:34 pm

    အော် ခုမှဘဲ။တော်သေးတာပေါ့။ဆင်တူယိုးမှားတွေက လဲထွက်တတ်တာလေနော့

  • manawphyulay

    August 29, 2011 at 2:45 pm

    ဟုတ်ကဲ့ပါရှင်။ ခုလောလောဆယ်တော့ မဝယ်နိုင်သေးလို့ ဝယ်ရင် သတိထားစရာလေး ရတာပေါ့နော်။

  • pan pan

    August 29, 2011 at 3:19 pm

    ကောင်းပါ၏
    မဝယ်သင့်တော့လည်း မဝယ်တော့ဘူးပေ့ါ
    LGက လောလီပေ့ါလေးတော့ ကြိုက်တယ်
    ဖန်စီဆန်လို့
    တရုတ်ကလာတာကတစ်ဈေး
    စင်ကာပူလို့ပြောတာပဲ(ဒါမှမဟုတ် ထိုင်ဝမ်ကလားတော့မသိ) အဲဒါကတစ်ဈေး
    တရုတ်ကဟာက ကိုးသောင်း
    ဟိုဟာက တစ်သိန်းခွဲတဲ့
    EDGEစနစ်လည်း ရမရကွာတယ်တဲ့
    ကိုင်ကြည့်တာတော့ တစ်သိန်းခွဲတန်က နည်းနည်းပိုလေးတယ်

  • အမှတ်(၂)ရပ်ကွက်သား(ခ)လူမုန်း စစ်မုန်း

    August 29, 2011 at 5:37 pm

    GSM ဖုန်းတလုံးကို အမ်ပီဖိုးတလုံးစာနဲ ့သုံးလို ့ရတယ်ဆိုတဲ့ဖုန်းလား။ဝယ်အုံးမယ်ဗျာ။ဟိုဟာလေးဒါလေးရိုက်ရတာပေါ့။ကင်မရာပါလား ကိုယ့်လူ။

    • blackprince72

      August 29, 2011 at 9:17 pm

      ZTE အမျိုးစားပါ။GSM ပါ။၂၅၀၀ဝ ks လောက်ပဲ ရှိ ပါတယ် ။bluetooth ပဲမပါဘူး။SD ထည့်လို့ရပါတယ် ။mp3 တော့ ရတယ်။mp4 တော့ မစမ်းရသေးဘူး ။camera က 1.5 လောက်ပဲပါတယ် ။ပါတယ်ဆိုရုံ ပါပဲ ။

  • unclegyi1974

    August 29, 2011 at 10:35 pm

    အမှန်မကန်စေတနာမှန်နဲ့တင်ပြမှုများကိုကြိုဆိုပါတယ်
    အဝယ်မမှာတာပ မကုန်သင့်တာမကုန်ရတာပ
    နောက်လည်းပယောဂမပါစေတနာမှန်နဲ့ဆက်လက်တင်ပြပါအုန်းလို့

  • blackprince72

    August 29, 2011 at 10:50 pm

    မည်သူကို မှပုတ်ခတ် ခြင်းမရှိပါ ။Wellcom အမျိုးအစား က အရင်ကတည်း ကရှိပါတယ် ။အခုမှ ခေတ်စားလာလို့ပါ။ မဝယ် နဲ့ ပြောတာမဟုတ်ပါဘူး ။သတိထား ဖို့ ပြောတာပါ ။ကျွှန်တော် က NOKIA ကို ကိုယ်စားလှယ် ယူထားသူလဲ မဟုတ်ပါ ။ထို့ ကြောင့် မိမိ အကျိုး အတွက် ပြောနေတာမဟုတ်ပါဘူး။ အခြားများအတွက် ပါ။

Leave a Reply