ဥပုဒ်စောင့်သောကျား
တစ်ခါကတောအုပ်တစ်ခုတွင် ရေတွေကြီးပြီး မိုးသက်မုန်တိုင်းကျ ၍တောရိုင်း
တိရိစ္ဆာန်တွေအားလုံးဟာလေပြင်းနဲ့အတူရေထဲမျောပါသွားသတဲ့ကွယ်……….
အဲဒီထဲမှာအသားစားကျူးတဲ့ကျားတစ်ကောင်လဲပါသွားတယ်…………….
ဒါပေမဲ့ကံကောင်းတဲ့ကိုရွှေကျားကမျောပါရင်းနဲ့ ကျောက်ဆောင်တစ်ခုပေါ်ကိုရောက်သွားသတဲ့ကွယ်…………..
သေမဲ့ဘေးကလွတ်ခဲ့တဲ့ကျားကကျောက်ဆောင်ကြီးပေါ်မှာ တစ်ကောင်တည်းဘာစားစရာမှမရှိ
ဘေးပတ်ဝန်းကျင်မှာကလည်းရေတွေကမကျသေး
ဒီလိုနဲ့လေးငါးရက်လောက်ကြာလာတော့ကိုရွှေ ကျားကြီးကအစာအဟာရပြတ်ပြီးပိန်လာတာပေါ့၊…………
အဲဒီမှာကိုရွှေကျားကြီးကစဉ်းစားမိတယ် ငါဒီပုံစံအတိုင်းဆိုသေမှာပဲ
မသေခင်ဘာမှလဲမစားရတော့မဲ့အတူတူအကျိုးရှိအောင် ဥပုဒ်စောင့်ရင်ကောင်းမယ်ပေါ့။
ဒါနဲ့ကျားကြီးကဥပုဒ်စောင့်ရင်းအိပ်နေသတဲ့ကွယ်…….
အဲဒီလိုနေရင်းနဲ့တစ်ရက်တောင်ဆိတ်တစ်ကောင်ဟာလဲရေထဲကမျောပါလာရင်းနဲ့ ကိုရွှေကျားကြီးရှိတဲ့ကျောက်ဆောင်ပေါ်ကိုရောက်လာသတဲ့
အဲဒီမှာပထမရောက်နေတဲ့ကိုရွှေကျားနဲ့တိုးတာပေါ့
ကိုရွှေကျားကလည်းငါကဥပုဒ်နဲ့ပဲမစားတော့ပါဘူးဆိုပြီးဆက်အိပ်နေတာပေါ့ ဒါပေမဲ့တောင်ဆိတ်ရဲ့အနံ့ကကိုရွှေကျားရဲ့နှာခေါင်းထဲကိုလေလေးသင့်တိုင်းရောက်ရောက်လာတယ်…….
ဥပုဒ်စောင့်နေတဲ့ကိုရွှေကျားကလဲငါမစားလဲဒီဆိတ်ကသေမှာပဲ
ငါစားလိုက်ရင်ဥပုဒ်ဆက်စောင့်နိုင်မယ်လို့တွေးမိတယ်…
မစားရ ရင်မနေနိုင်တော့တဲ့စိတ်ဖြစ်ကာ
အဲဒီမှာပဲတောင်ဆိတ်ကိုကိုရွှေကျားကစားလိုက်ပါတော့တယ်….
ဒီပုံပြင်လိုပဲ ကိုရွှေကျားကဥပုဒ်ကခဏခဏထွက်ပြီးအသားဆက်စားမလား။
ကိုရွှေကျားကဥပုဒ်ပဲဆက်စောင့်မလား။
ကျွန်တော်ကတော့ကိုရွှေကျားကိုဥပုဒ်ပဲဆက်စောင့်စေချင်တယ်…….
ဘာဖြစ်လို့လဲဆိုတော့တစ်သက်လုံးအသားစားပြီးပြီပဲတော်ရောပေါ့………….မဟုတ်ဘူးလား…..
ကောင်းတာကိုဖြစ်စေချင်တဲ့ဆန္ဒနဲ့ပါ…………………
ရွာထဲကလူတွေရောဘယ်လိုမြင်ပါသလဲ ?????????????

About Shwe Myine Thar

has written 6 post in this Website..