က ကန်တော်ကြီးရေတွေကြီး(မန္တလေး-တက်သိမ်းအင်း)

ဒီနှစ် မြန်မာပြည်အထက်ပိုင်းမှာလည်းမုးိတွေကြီးပါတယ်။
မနှစ်က သီတင်းကျွတ်ပြီးခါမှ မိုးတွေကြီးလို့ ကန်တော်ကြီး ကရေကြီးပြီးကန်တော်ကြီး အရှေ့ဘက်က ရပ်ကွက်တွေဝင်ပါတယ်။
ကန်တော်ကြီးနဲ့ရွှေတချောင်းကြားမှာရှိတဲ့အရပ်တွေက နှစ်ဖက်ညှပ်လို့ရေတွေဝင်တာကို ခံရပါတယ်။
ဘာတွေဘယ်လိုပြောင်းပြောင်း မပြောင်းတာက ကန်တော်ကြီး ပါတ်ဝန်းကျင်က ရေဝင်တာပါဘဲ။
ဒီနှစ်ရွှေတချောင်းဆယ်တော့ ရေလွတ်ပြီမှတ်ပါတယ်။
ကန်တော်ကြီး(တက်သိမ်းအင်း)အနောက်မြောက်ဘက်ခြမ်းကိုလဲဆည်တယ် မြေတူးတယ်ကန်ပေါင်တွေဖို့ပါတယ်။
အစကတော့ ကန်တခုလုံးလုပ်မယ်ထင်ခဲ့ပေမယ့် တကယ်လုပ်သွားတာကတော့ လူမနေတဲ့ ပန်းခြံဘက်နဲ့တင်ရပ်သွားပါတယ်။
အခုတော့ အဲဒီကန်တစ်ခုလုံး ကမ်းအထိ ရေအပြည့်။

ဒါက ဆယ်ထားတယ်ဆိုတဲ့အနောက်မြောက်ဘက်ခြမ်း ရေတွေပြည့်နေတာ လေ

အဲဒီကန်ရဲ့အရှေ့ဘက်မှာတော့ ကန်ပါတ်လမ်းလေးနဲ့လူနေတိုက်ခန်းတွေရှိပါတယ်။
အနောက်ဘက်တကြောလုံးရေတွေပြည့်နေတဲ့ပုံ

တိုက်ခန်းတွေရှေ့မှာတော့ ရေအပြည့်
ဒါကတော့ အနောက်ဘက်ကနေအရှေ့ဘက်မြင်ရတာလေရေနစ်နေတဲ့စည်ပင်သာယာတိုက်ခန်း

ဒီတိုက်ခန်းတွေက စည်ပင်သာယာနေပြီး တဲပေါ်ကလူများတိုက်ပေါ်ရောက်ရှိရေးစီမံချက်နဲ့ဆောက်ထားတဲ့တိုက်ခန်းတွေပါ။
အရင်က သုံးနှစ်တကြိမ်ရေဝင်ရာကနေ အခုနှစ်တိုင်းရေဝင်ပါတယ်။
သုံးထပ်အမြင့်တိုက်ခန်းတွဲ (၈)တွဲ ရှိပါတယ်။
အဲဒီအထဲမှာမြောက်ဘက်လှည့် အနောဘက်ခြမ်းနဝရတ်တိုက်ခန်းကတော့ အမြဲရေနစ်ပါတယ်။
ဒါကအရှေ့ကနေ အနောက်ဘက် ကန်ရှိတဲ့ဘက်ကိုမြင်ရတာ လမ်းပျောက်အောင်ရေရောက်သွားပြီ

တိုက်ခန်းတွေက အိမ်ထဲရေမဝင်အောင် ဒီလိုလေးပိတ်ထားကြတယ်။
ရေအမြင့်က အိမ်ထက်ကျော်နေပြီလေ။
အုတ်ရိုးလေးနဲ့ရေမဝင်အောင်ပိတ်ထားကြပါတယ်။

ဒါကတော့ တိုက်ခန်းတွေ့ရှေ့ကအိမ်ကလေးတွေရေမြုတ်နေတာ။
လူသွားလို့ရအောင် ကိုယ်ထူကိုယ်ထ ဝါးတံတားထိုးဘိုး ပိုက်ဆံတွေစုလို့ဝါးတွေဝယ်ထားကြပါတယ်။တံတားထိုးရအောင်ဝါးတွေစု။တိုက်ခန်းမျက်နှာချင်းဆိုင်က အိမ်မှာလဲရေအပြည့်
တိုက်ခန်းတွေရော သူ့ရှေ့ကနေရာတွေမှာပါရေအပြည့်။
ဒီရေကထွက်ပေါက်မရှိဘူးဗျ။.။

တိုက်ခန်းရှေ့ကအိမ် ရေလျျံနေတာလေ

ဘယ်မှသွားလို့မရတော့ အိမ်ထဲကနေ ရေတွေကိုကြည့်နေတဲ့ကလေး
ရေက လူကြီး ဒူးဆစ်အထိနက်တော့ ကလေးတွေအပြင်မထွက်ရတော့ဘူးလေ

ဒီကန်တော်ကြီးထဲမှာငါးတွေမွေးထားပါတယ်။
ငါးတွေထွက်သွားမှာကြောက်တော့ ရေကိုဧရာဝတီမြစ်ထဲဖောက်မချပါဘူး။
အဲတော့ ကန်ထဲက ရေကပြည့်လာပေမယ့်လဲ အပြင်မစီးတော့ ရပ်ကွက်ထဲကိုရေတွေပြန်ဝင်ပါတယ်။
ဟုတ်မဟုတ်တော့ မသိ အရပ်ထဲကပြောတဲ့သတင်းပါ။
မှန်တယ်ဆိုရင်တော့ မဖြစ်သင့်ဘူးထင်ပါတယ်။

ငါးတွေမွေးထားတယ်ဆိုတဲ့ကန်တော်ကြီးရေကတော့အပြည့် ဒီရေတွေက ဧရာဝတီဘက်ကိုဆင်းရင်တော့ရတယ်

တမြို့လုံးကရေတွေက ရွှေတစ်ချောင်းကတစ်ဆင့် ဧရာဝတီကို သွားပါတယ်။
ဧရာဝတီနဲ့ရွှေတစ်ချောင်းကြားမှာ ကန်တော်ကြီးခေါ်တဲ့တက်သေးအင်းရှိပါတယ်။
ကန်တော်ကြီးနဲ့ ရွှေတစ်ချောင်းကြားမှာ စည်ပင်သာယာဆောက်ထားတဲ့တိုက်ခန်းတွေရှိပါတယ်။
တိုု်က်ခန်းတွေအားလုံးကသုံးတဲ့ရေက ကန်တော်ကြီးထဲစီးပါတယ်။
ကန်တော်ကြီးရေပြည့်တော့ အဲဒီရေအားလုံးက အနိမ့်ပိုင်းမှာဆောက်ထားတဲ့
အနောက်ဘက်အစွန်ဆုံးက မြောက်ဘက်လှည့်တဲ့တိုက်ခန်းရှေ့မှာ လာလို့စုတော့ အခုမြင်နေရတဲ့ပုံတွေကို မိတ်ဆွေတို့ ကြည့်ခွင့်ရတာပေါ့။
ကောင်းလှောင့်တေး ကောင်းလှောင့်တေး ကောင်းလှောင့်တေး…………………

21 comments

  • Zawana

    August 29, 2011 at 9:22 am

    အစကတော့ ဧရာဝတီ မြစ်ရေကြောင့်လို့ ထင်တာ …. အခုမှ ကန်တော်ကြီးထဲက ငါးမွေးမြူရေး လုပ်ငန်းကြောင့်လို့ သိရတော့တယ် …

  • weiwei

    August 29, 2011 at 10:07 am

    ရန်ကုန်က မြေညီထပ် တိုက်ခန်းတွေမှာ အုတ်နဲ့အမြင့်ကာထားကြရတယ် … ဓါတ်ပုံရိုက်ပြီးပြချင်ပေမယ့် သူများအိမ်ကို ဓါတ်ပုံရိုက်ရမှာအားနာလို့ … ဒီဇိုင်းတွေ ဆန်းလို့လေ … တစ်အိမ်တစ်မျိုး စိတ်ကူးအဆန်းလေးတွေနဲ့ ကာထားကြတာ …

  • manawphyulay

    August 29, 2011 at 10:51 am

    ရေပေါတယ်ဆိုတာ ရန်ကုန်မှာတင်မဟုတ်ဘူးပဲ မန်းလေးမှာလည်း ရေလျှံနေတာပေါ့။ လေးပေါက်လည်း ရေလျှံနေတယ်…

  • တညင်သား

    August 29, 2011 at 12:39 pm

    မြင်သာမြင် မကြင်ရ .. ဆိုသလိုပဲ ဘာမှ သုံးလို့မရ သောက်လို့မရ ရေတွေ…

  • မီးမီး သော်

    August 29, 2011 at 1:07 pm

    တနိုင်ငံလုံးရေမကြီးရေမလျှံတဲ့နေရာရယ်လို ့ကိုမရှိပါလားနော်။

  • cobra

    August 29, 2011 at 1:33 pm

    ွမန ္တလေးမှာအခြအနေမကောင်းတော့ဘူးပေါ့။

  • hmee

    August 29, 2011 at 1:38 pm

    ကြားရ မြင်ရတာတွေက စိတ်မသက်သာ စရာတွေ ကြည့်ပါပဲလား။ မနက်ကပဲ ညီမဝမ်းကွဲလေးက လှမ်းပြောတယ် မိုးတွေရွာတာ ဘာမှကို မမြင်ရဘူးတဲ့။ ရွာမှာလည်း ချောင်းရေလျှံလို့တဲ့။ ရေတွေများလွန်းလို့ ဆည်မနိုင်ပဲ ကျိုးကျရင်တော့ ကိုယ်ကျိုးနဲပါပြီတဲ့လေ။ ရွာက အနိမ့်ပိုင်း ဆည်ကျိုးလို့ကတော့ ရွာပါပျောက်မယ် တမနက်လုံး စိတ်ပူနေတာ လေးပေါက်ရေ။

  • ဆူး

    August 29, 2011 at 2:43 pm

    အဲဒါ ဟိုပိုစ်ထဲမှာ ဝယ်ထားတဲ့ တိုက်ခန်းတွေ ရှိတဲ့ နေရာလား မသိဘူးနော်.

  • windtalker

    August 29, 2011 at 3:36 pm

    ကန်တော်ကြီး မှာ
    အမှန် အပျော်တီးမလို ့ဟာ
    ရေတွေကြီးတော့
    ငပေ ညီး၊လျှော့ (စိတ်)

  • ရွှေဘိုသား

    August 29, 2011 at 5:15 pm

    ကိုပေမေလျှော.နဲ.စိတ်
    ကန်တော်ကြီးမှာ
    အမှန်အပျော်တီးမဲ.
    ကိုပေကြီးကို
    ချောင်းဖို. နေရာယူပြီးပြီမို.
    လုပ်စရာရှိတာ
    ယောက်ျားတ.ဇွဲ မလျှော.ပဲ ဆက်လုပ်ပါ

  • အမှတ်(၂)ရပ်ကွက်သား(ခ)လူမုန်း စစ်မုန်း

    August 29, 2011 at 5:26 pm

    ဟေ—ဖြစ်ရမယ်။အဲဒီတော့ကွာ ငါးကန်တွေလိုက်ဖောက်ပစ်ကွာ။ကြာတယ် ပြောနေတာ။

  • naywoonni

    August 29, 2011 at 9:54 pm

    မောင်ပေရေ…. ကန်တော်ကြီးမှာရေကြီးနေတော့လည်း ကုသိုလ်တော် ဘက်သွားပေါ့ကွာ….။ ငါတို့ အဲဒိမှာ အတွဲချောင်းဖူးတယ်……..။ ဂွတ်ဒ်ပဲ…။

    • windtalker

      September 1, 2011 at 2:12 pm

      ကုသိုလ်တော် ဘက် ကို ဘာသွားလုပ်ရမှာလဲ ဟင် ဘိုးဘိုးနီ
      ကျွန်တော် ပြောချင်တာက
      ကန်တော်ကြီး က
      စကော့စမ်းရေ လေး သွားသောက်ချင်တာကိုပါ

  • unclegyi1974

    August 29, 2011 at 10:18 pm

    အင်းလေးကန်ထဲရေပေါ်ဟိုတယ်တယ်ဈေးကြီးဆိုပဲ
    မန်းလေးလည်းရေပေါ်ဟိုတယ်လုပ်ပြီးတိုးတွေငှါးစားလိုက်ရ
    တိန်တိန်မြည်သွားမှာ
    သူကြီးစိတ်ဝင်စားရင်ပြောနော်
    ကိုပေါက်ကစီစဉ်ပေးမယ်တဲ့

  • မှော်စော်ဒိုက်စောနံပါတယ်ဆိုပြီး အလျှော်တောင်းခံရမှာတော့ထည့်မတွက်ဘူးလား အီးကယ်ဂျန်ရဲ့

  • ရွှေဘိုသား

    August 30, 2011 at 9:51 am

    သိပ်လည်း စိတ်မပူပါနဲ.လေးပေါက် သူတို.မနေ
    ရွှေဘိုသား ငယ်ကျွမ်းဆွေ စာဥနဲ. လာနေမယ်ဗျာ
    မှော်တွေဒိုက်တွေဆို စာဥက သိပ်ကြိုက်တယ်ဗျ
    ယားရင် ကုတ်ကောင်းလို.တဲ. ပြောတာပဲ
    ကျနော်ကတော. ဘကြီးမြိုင်ကောက်ရိုးပုံကို ပိုသဘောတွေ.မိတယ်

  • kaunglay

    September 2, 2011 at 3:43 pm

    ကိုပေါက် ဒီနေရာလေးတွေကိုလည်း သွားဖြစ်အောင် သွားကြည့်ပါဦးလား
    35လမ်းအတိုင်း အနောက်ထဲကို တန်းတန်းဆင်း ပြီး ရင် 87လမ်းကြရင် ကွေ့လိုက်
    အဲဒါကတော့ ကျွန်တော့်တို့ ရပ်ကွက်ပေါ့ဗျာ .. ပြီးရင် 87အတိုင်း တန်းတန်းသွားလိုက်ရင်
    ကျောက်ဝိုင်းကို ရောက်လိမ့်မယ် အဲဒီမှာလည်း မိုးမရွာပဲ ကို ရေတွေ တက်နေတယ် ဗျို့
    အနောက်ဘက်က သင်္ဂဇာချောင်းထဲက ရေတွေ တက်တက်လာလို့လေ…
    ဒီအတိုင်းဆို တစ်လလောက် ရေထဲပဲ နေရမယ်နဲ့ တူတယ် …

  • လှမ်းတော့မြင်နေရတယ်ဗျာ။
    ရေထဲဆင်းရမှာကျောက်လို့ မဝင်တာ။
    ရောက်ရင် ကောင်လေးရေ လို့အော်ခေါ်လိုက်မယ်လေ။

  • piti

    September 2, 2011 at 6:49 pm

    လေးပေါက်တို့ မန္တလေးသားတွေပဲ မိုးမရွာလို့ဆိုပီး ဝိုင်းဆုတောင်းနေကြလို့ မိုးနတ်မင်းကြီးက ရွာပေးလိုက်တာလေးများ…..
    အခုနောက်ပိုင်းနှစ်တွေမှာ မန္တလေးမြို့မှာ ရေကြီးမှုတွေ ဆက်လာတဲ့အတွက် ရှေ့နှစ် ပြင်ဆင်မှုအနေနဲ့ အခုကတည်းက ဝမ်းပိတ်ဆေးနဲ့ ဝဲဆေးတွေ စုဆောင်းနေပီဆိုလားပဲ……

  • piti ရေ
    မန်းလေးသားတွေက စစ်ဘေး မီးဘေး ရေဘေး အားလုံးကိုကြုံဘူးတော့
    လာသမျှကို သတ္တိရှိရှိ ဇွဲရှိရှိနဲ့ ကြံ့ကြံ့ခုံနိုင်တွန်းလှန်နိုင်ပါတယ်။
    ဝမ်းပိတ်ဆေးနဲ့ ဝဲဆေး မလိုလောက်ပါဘူး။
    ဒီထက် ဆိုးတာကို ကြုံဘူးပြီးသားပါ။
    ကိုယ့်အလှည့်ရောက်ရင်သာ ဘယ်လို တွန်းလှန်မယ်ဆိုတာ ပြင်ဆင်ထားဘို့လိုမယ်နော်။
    အကူအညီလိုရင် ပြောလိုက်နော်
    အဆင်သင့်…………..

Leave a Reply