ခြံထဲက နှင်းဆီပန်းအလှ

manawphyulayAugust 29, 20111min11711

ခြံထဲမှာရိုက်ထားတဲ့ နှင်းဆီပင်လေးတွေပါ…

နှင်းဆီပင်တွေ ကာလာစုံတော့ မစိုက်ထားသေးပါဘူး။ စိုက်ထားတာလေးတွေ တင်ပြတာပါ။

11 comments

  • မီးမီး သော်

    August 29, 2011 at 8:03 pm

    မမမနောရေ. အရမ်းလှတာဘဲ။မမ ဝါသနာက မိုက်တယ်နော်။အရောင်လေးတွေစိုနေတာဘဲ။ဓါတ်ပုံရိုက်တာလဲကောင်းတယ်

  • nozomi

    August 30, 2011 at 9:40 am

    အန်တီမနောက တော့ နောက်ပြီ “အသက်ရှင်လိုလျှင် အပင်စိုက်ပါ” ဆိုတော့ မစိုက်တဲ့ ရွာသားတွေ အသက်အန္တရာယ်တော့ ရှိနေပြီ 😀

  • manawphyulay

    August 30, 2011 at 10:21 am

    ဟီး မွှားတွားလို့ အသက်ရှည်လိုလျှင်လို့ ကျောတာပါရှင်…. ဆော်တီး… 😛

  • စုံ စုံ

    August 30, 2011 at 10:38 am

    နှင်းဆီပန်းကဘဲလှတာလား
    ဓါတ်ပုံဆရာကဘဲတော်တာလား
    တခုခုဘဲ
    နှင်းဆီဝါလေးအရမ်းအရမ်းကိုလှပါ၏

    • manawphyulay

      August 30, 2011 at 10:46 am

      ပန်းက လှတာ စုံစုံလေးရဲ့… ခြံထဲမှာတော့ ပန်းစုံရှိတယ်။ လာလည်လေ… 🙂

  • စုံ စုံ

    August 30, 2011 at 10:59 am

    တကယ်ခေါ်နေတာလား 🙂
    မနောတင်တာတွေကိုကြည့်ပြီးမနောရဲ့ခြံကိုစိတ်ဝင်စားနေတာ
    သစ်ပင်ပန်းပင်တွေနဲ့သာသာယာယာရှိမှာဘဲဆိုပြီးလေ
    ဒါပေမယ့်လာမလည်တော့ပါဘူးလေ
    ဘာလို့ဆိုတော့မီးမီးကသူများအိမ်သွားလည်ရင်တခုမဟုတ်တခုစားရမှ
    အစားကြီးတော့အားနာတယ် အဟီး 😛

  • hmee

    August 30, 2011 at 1:47 pm

    မမှီလည်း နှင်းဆီပန်း အရမ်းကြိုက်တာ။ အိမ်မှာတုန်းက နှင်းဆီပင် ရောင်စုံ အိုး (၂၀) လောက်ရှိတယ်။ တချို့ဆို ပန်းနုရောင်လေး အနားဖျားမှာ အနီရောင်အနားကွပ်လေးနဲ့။ ပန်းပွင့်ပြီဆို အလှပဲ ကြည့်တာ။ အိမ်မှာက ကိုယ်ပဲ အပင်စိုက်တာ ဝါသနာပါတော့ ကိုယ်လည်းမရှိရော အကုန်မျိုးပြုတ်တာပဲ။

  • ရွှေခဲမောင်

    September 1, 2011 at 5:49 pm

    အေးဗျာ။ ကျွန်တော်က ယောက်ျားလေးတွေဆိုတော့ ပန်းစိုက်တာတော့ ဝါသနာမပါပေမယ့် လှတာတော့ သဘောကျတယ်ဗျ။

  • meengelay

    September 1, 2011 at 8:10 pm

    နှင်းဆီ အဝါရောင်လေး တအားလှတယ် ရေစက်ကလေးတွေ ပါ ပါနေတော့ ပိုအသက်ဝင်တယ် ကင်မရာကလဲ ကောင်းလို့ ရိုက်တဲ့သူလဲ တော်လို့ ပန်းလဲ လှလို့ အရမ်းကြည့်ကောင်းတယ်

  • weiwei

    September 1, 2011 at 8:35 pm

    နှင်းဆီပန်းမြင်တော့ အမတို့ ငယ်ငယ်တုန်းက နှင်းဆီပန်းစိုက်ပြီး ရောင်းစားခဲ့ဖူးတာကို သတိရတယ် … တစ်နေ့ကို ပန်းအနီ အပွင့် ၅၀ဝ လောက်ရောင်းရတယ် … အိမ်က ဘုရားပန်းကလဲ အမြဲတမ်း နှင်းဆီပန်းပဲ … ဒါပေမယ့် နှင်းဆီစိုက်တာက မြေဆီလွှာကို ထိခိုက်စေတယ် … ၃ နှစ်လောက်စိုက်ပြီးရင် ဆက်စိုက်လို့မရလို့ နေရာထပ်ပြောင်းရတယ် … အဲဒီတုန်းကတော့ အလုပ်သမားခလောက်ပဲရလို့ အဲဒီစီးပွားရေးကို ဆက်မလုပ်ဖြစ်တော့ဘူး … နှင်းဆီခင်းထဲမှာ လျှောက်သွားရရင် သိပ်ပျော်စရာကောင်းတယ် … တက္ကသိုလ်တက်တုန်းက သူငယ်ချင်းတွေကို အဲဒီခြံထဲခေါ်ပြရင် သူတို့တွေ မပြန်ချင်ကြတော့ဘူး ….

    • manawphyulay

      October 16, 2011 at 5:50 pm

      ခုထပ်စိုက်ထားသေးရင် အလည်ခေါ်ဦးနော် မမဝေ။ ဒါမှ လိုချင်တာတွေ လာသယ်လို့ရမှာ 😛

Leave a Reply