သိမ်ဆောက်လုပ်မှူ အတွက် အလှူငွေ လိုအပ်

etoneAugust 30, 20113min21519
သိမ်ဆောက်လုပ်နေတဲ့ လုပ်ငန်းခွင်ပါ
သိမ် လုပ်ငန်းခွင် တစ်နေရာ

 

သိမ်ပုံစံ နမူနာပုံ

 

သိမ်တည်ဆောက်နေမှူ (ရှေ့တည့်တည့်မှ မြင်ကွင်း)
အကျော်ဆရာတော်ကျောင်းပေါ်ကနေ သိမ် လုပ်ငန်းခွင်ဘက်ကို ရိုက်ထားတာပါ ။

 

သိမ်အလှူသတင်းပေးသူ ဆရာတော် ဦးဇဝန(ဝဲ) နှင့် ဦးစီးဆောင်ရွက်သူ ဆရာတော် ဦးရေဝတ (ယာ)

 

အကျော်ဆရာတော်ရဲ့ ငွေစာရင်း ဖိုင်တွဲတွေ စီထားတဲ့ နေရာလေးပါ... ။ ငွေဝင် ၊ထွက်လည်း သေချာ မှတ်တမ်းလုပ်ထားခဲ့ပါတယ် ...။

 

ကန်တော့ပွဲဖိုး ၊ အကျွေးမွေးဖိုးကအစ ဒီလိုစာအုပ်လေးတွေနဲ့ သေချာမှတ်ထားပါတယ်တဲ့ .. ။

 

အကျော်ဆရာတော်ပုံပါ ... ဆက်သွယ်လှူဒါန်းချင်လျှင်တော့ ဖုန်း -095156949 ကို ဆက်သွယ်နိုင်ပါတယ် ။
သိမ်တည်ဆောက်မှူအတွက် လိုအပ်နေတဲ့ ပစ္စည်းစာရင်းနှင့် ခန့်မှန်း ကုန်ကျငွေပါ ... သဒါ္ဓတပ်အားသရွှေ ့ပါဝင်နိုင်ပါတယ် ။

 

အသီးမှာ သရက် ၊ အရွက်မှာ လ္ဘက်၊ အလှူမှာ ကထိန် ၊ ကျောင်းမှာ သိမ်ရယ် လို့ … ရှေးစာဆိုတွေ ပြောစမှတ်ပြုတာနဲ့ အညီ … အကျိုးကြောင်း ညီညွတ်စွာဖြင့် မထင်မှတ်ထားတဲ့ သိမ်အလှူလေး တစ်ခု ပြုလုပ်ခဲ့ပါတယ် … ။ အလှူဖြစ်ရန် နိဗ္ဗာန်ဆော်ကတော့ …ဆရာတော် ဦးဇဝနပါပဲ … ။လှိုင်သာယာ ပညာရံသီကျောင်းကပါ … ။

ကျွန်မတို့ ဆေးခန်းဖွင့်သည့်နေမှ … ယနေ့တိုင် ဘုန်းကြီး ၊ သီလရှင်များကို အခမဲ့ ဆေးဝါးထောက်ပံ့ခြင်း ၊ အခမဲ့ ဆေးကုသခြင်းများ ပြုလုပ်ပေးခဲ့သဖြင့် … ဆရာတော်များ မကြာခဏဆိုသလို ကြွကာ ကုသမှူခံယူကြပါတယ် …ဆရာတော် ဦးဇဝနလည်း မကြာခဏဆိုသလို ကျန်းမာရေး ကိစ္စများ လာရောက်ဆွေးနွေး တိုင်ပင် ကုသရာ ….မျက်မှန်းတမ်းရင်းနှီးနေမိပါတယ် … ။ တစ်နေ့ ဆရာတော်က ၎င်းဧ။် ကျောင်းအနီးတွင် စုပေါင်းသိမ် ဆောက်လုပ်မည့်ဟု ကြားကြောင်း ပြောရာ … ပါဝင်လှူဒါန်းလိုစိတ်ဖြစ်ပေါ်ခဲ့ပါတယ် …။ သိမ် အမှန်တကယ်ဆောက်ဖြစ်လျှင် ကြွရောက် အလှူခံပါလု့ိ လျှောက်တင်ထားပြီး မေ့မေ့လျှော့လျှော့ နေခဲ့ကြမိတယ် … ။ နောက်တစ်လခွဲလောက် အကြာမှာတော့… ဆရာတော် ပြန်ရောက်လာကာ …. သိမ်အလှူအတွက် သိန်း (၅၀) မတည် အလှူရှင်ရှိသဖြင့် … အုတ်မြစ်စီတော့မည့် အကြောင်း အလှူခံ လက်ကမ်းစာဆောင်လေး ပေးပြီး လာပြောပါတယ် … ။ ကျောင်းအားလုံးနှင့်ဆိုင်သော သိမ်ဖြစ်သဖြင့် ….  စာရင်းအင်း နိုင်နင်းသော အကျော်ဆရာတော် ဘဒ္ဒန္တ ရေဝတ က ဦးဆောင်လုပ်ကိုင်နေသည်ဟုလည်း သတင်းပေးခဲ့ရာ … ကျွန်မတို့လည်း အကျော်ဆရာတော်နှင့်ပင် တိုက်ရိုက်ချိတ်ဆက်လှူဒါန်းလိုစိတ် ဖြစ်ပေါ်ခဲ့ပါတယ် … ။

ပြီးခဲ့တဲ့ ဩဂုတ်လ 27 ရက်နေ့  ညနေပိုင်းမှာ သိမ်တည်ဆောက်ရာနေရာသို့ ဆရာတော် ဦးဇဝန အကူညီဖြင့် သွားရောက်လေ့လာခဲ့ပါတယ် ….။ အကျော်ဆရာတော်နှင့်တွေ့ဆုံခဲ့ပြီး … စေတနာသဒါ္ဓစိတ်များဖြစ်လာကာ အိပ်ထဲပါလာတဲ့ငွေပမာဏနဲ့ ချင့်ချိန်ပြီး ၁၂ပေ x ၁ဝပေ အခန်းတစ်ခန်းအတွက် ငွေကျပ် သုံးသိန်းလှူဒါန်းခဲ့ပါတယ် … ။ ဆရာတော်ဧ။်ပြောပြချက်အရ … သိမ်တည်ဆောက်မှူ ၄၀% သာ ပြီးစီးသေးသဖြင့် …. အလှူရှင်များ ထပ်မံလိုအပ်နေကြောင်း ကြားသိခဲ့ရပါတယ် … ။ ရွာသူ ရွာသားများထဲမှ သိမ်တည်ဆောက်မှူအတွက် သဒါ္ဓတရား တပ်အားသရွှေ့ ပါဝင်ကုသိုလ်ယူ ကြပါရန် နှိုးဆော် တိုက်တွန်းချင်ပါတယ် … ။

သိမ်တည်ဆောက်မှူမှာ ခန့်မှန်းခြေ သိန်း လေးရာ့ငါးဆယ်ခန့် ကုန်မည်ဟု သိရပြီး … ၄၀%သာ တည်ဆောက်ပြီးစီးသေးသည် … ။ အမြင့် ၂၅ပေရှိပြီး အကျယ် ၇ဝ x ၄ဝ ပေ ရှိသော ဤသိမ်တော်ကြီးကို ရှေးယခင်ဆရာတော်များ လက်ထက် ၁၉၅၁ လောက်ကတည်းက ဆောက်လုပ်ရန် ကြိုးပမ်းခဲ့သော်လည်း .. အကြောင်းအမျိုးမျိုးကြောင့် ဆောက်လုပ်နိုင်ခြင်း မရှိခဲ့ပေ ။ ယခုအကြိမ်တွင်တော ့မတည် အလှူရှင်အပါဝင် ပံ့ပိုး အလှူရှင် များဖြင့် ပြီးစီအောင် ဆောက်လုပ်နိုင်မည်ဟုလည်း ခန့်မှန်းထားပါတယ်တဲ့လေ … ။

စာပေနှံ့စပ်တဲ့ အကျော်ဆရာတော်ဆီက သစ်တွက်နည်းလင်္ကာလေးကိုလည်း မှတ်ယူခဲ့ပါသေးတယ် … (ကြုံတုန်းလေး အမြတ်ထုတ်လာတာ.. အဲ .. မှတ်လာတာပါ 😀 )

(((ခုနှစ်ထောင့်နှစ်ရာ ထိုသချာင်္ မှန်စွာ တည်ကိန်းပြု ၊ လိုသည့် သစ် ပျဉ် လက်မှယှဉ် ၊ ဗျက်တွင် ဒုပွား ယင်းနှင့်စား ၊ လာဘ်ကား ပေပေါင်းရှူ ..။ ))) တဲ့လေ …  🙄

 

 

19 comments

  • etone

    August 31, 2011 at 11:32 am

    အလှူတန်းဆို အတော်ဝါသနာပါကြတယ် ထင်ပါ့ … ငြိမ်ချက်သားကောင်းလို့ ဝင်တောင် မမန်းဘူး 😛

    • windtalker

      September 3, 2011 at 8:16 pm

      မနေ ့က မှ မန်းတလေး ကို ပြန်ရောက်တယ်
      မနေ ့ည က ရွာထဲ ဝင် ပို ့စ်တင်နေလို ့
      သေချာ မဖတ်ခဲ့ရဘူး
      အခု ဖတ်ကြည့်ဖြစ်တယ် အမ ရေ
      ဘုန်းတော်ကြီး သိမ် အတွက် မလှူနိုင်သေးပေမယ့်
      အမတော် ကို တော့ ၃ ကျပ် ပေးခဲ့ပါတယ် ဗျို ့

  • မီးမီး သော်

    August 31, 2011 at 11:36 am

    ဟုတ်တယ်နော် တစ်ယောက်မှကိုဝင်မပါကြသေးဘူး။ဟွန် ့တွန် ့တိုလိုက်ကြတာ။

  • manawphyulay

    August 31, 2011 at 1:34 pm

    ဪ………. ညီမလေး etone က ဆရာဝန်လား… ထီထိုးထားတယ် လှူဖို့စိတ်ကူးထားတယ်။

  • စုံ စုံ

    August 31, 2011 at 2:03 pm

    etone ရေ လှုတာကတော့လှုချင်တယ်
    အများကြီးလဲမဟုတ်ပါဘူး ကိုယ်တတ်နိုင်သလောက်ကနဲနဲလေးပါ
    ဆရာတော်ကိုဖုန်းဆက်ပြီးလှုရမှာလား
    လှိုင်သာယာကိုတော့လူကိုယ်တိုင်သွားပြီးမလှုနိုင်ဘူးလေ
    အဲ့ဒါကြောင့်တခြားနည်းနဲ့ဘယ်လိုလှုလို့ရလဲဆိုတာလဲပြောပါဦး

    • etone

      August 31, 2011 at 2:35 pm

      စုံစုံရေ … တတ်နိုင်သလောက်လှူလည်း ရပါတယ် … ဆရာတော်ကို ဖုန်းဆက်ပြီး ချိတ်ဆက်လှူလိုက်ပါ … ။ ကိုယ်တွေလည်း သွားတုန်းက အများကြီးလှူမယ် မရည်ရွယ်ထားဘူး … လုပ်ငန်းခွင်သွားကြည့်ပြီးမှ လှူချင်စိတ်ဖြစ်လာလို့ … အိတ်သွန်ဖာမှောက် ပါသလောက် လှူဖြစ်သွားတယ် … ။ လှိုင်သာယာဆိုပေမဲ့ မဝေးဘူးလေ… အင်းစိန်ပေါက်တောဝဘက်က အောင်ဇေယျတံတား အဆင်း နောက်တမှတ်တိုင်ဆို ရောက်ပြီ … ။ 🙂

  • မှော်ဆရာ

    August 31, 2011 at 2:49 pm

    သိမ်ကျောင်းဆောက်ရာ သဒ္ဓါပေါက် ““စလုံး”” မြန်မြန်ရောက်ပါစေ
    ငွေလိုချိန်မှာ အပူမရှာ စပွန်ဆာကောင်းကောင်း ရပါစေ…
    သွားလေရာတွင် ချက်တင်ဝင် ကွန်နက်ရှင်လဲ ကောင်းပါစေ..
    ဝင်ချက်ရင်လဲ စဉ်အမြဲ ဘဲဘဲ တွေလဲရပါစေ..
    ပုံ
    နိဗ္ဗာန်ဆော် မှော်ဆရာ..
    လှူတဲ့သူတွေ ချမ်းသာ ထီပေါက် နိဗ္ဗာန်ရောက်ကြပါစေ…

  • မှော်ဆရာ

    August 31, 2011 at 2:51 pm

    နောက်တီးနောက်တောက် ရေးလိုက်ပေမယ့်
    သင်္ဃန်းမှာ ကထိန်
    ဘုရားမှာ စိန်
    ကျောင်းမှာ သိမ် လို့ အဆိုရှိပါတယ်ခင်ဗျား..
    အမွန်မြတ်ဆုံး ကုသိုလ် ယူနှိုင်ကြပါစေ…
    မှော်ဆရာ

  • ပေါက်ဖော်

    August 31, 2011 at 2:52 pm

    တစ်ချို ့အလှူရှင်တွေက အစွဲရှိကြတယ်..
    ကိုယ့်ကျောင်းလောက်ပဲ…လှူချင်ကြတာ..လေ..
    ဆရာတော်နဲ ့ သိပ်မရင်နီး.အသိအကျွမ်း ဘုန်းကြီးမရှိပဲ လှူတယ်ဆိုတာ ရှားသကွဲ ့

    ဒါပေမဲ့
    အားမငယ်နဲ ့ဦး…..တုံမမရဲ့..
    ရွာသူဋ္ဌေးတွေ တွေ ့မိရင် လှူကြပါလိမ့်မယ်..နော့

  • king

    August 31, 2011 at 6:23 pm

    ဝင်မမန့်တာ သိမ်ငယ်လို့ပါ
    သိမ်ကိစ္စကို သိမ်ငယ်မိလို့ ဝင်မမန့်ခြင်းဖြစ်ပါတယ် …
    လှူချင်စိတ်ရှိပြီး မလှူနိုင်သေးတော့ …

  • ကြောင်ကြီး

    September 3, 2011 at 7:07 pm

    သူဌေးမကြီးတို့စုံတွဲ
    ကြုံခဲလှတဲ့ဒီအလှူ
    ဤဇဗ္ဗူမှာ
    ရှိနိုင်ရိုးလား…။

    ရှိလို့လှူ လှူလို့ပိုရှိနိုင်ကြပါစေ၊ ဦးကြောင်ကြီး မေတ္တာဝေသည်။

  • MaMa

    September 3, 2011 at 7:32 pm

    အီတုံးရေ- ရွာထဲ မရောက်ဖြစ်တာနဲ့ စာတွေလည်း ခုမှ ဖတ်ဖြစ်တယ်။ ကိုယ့် ဘုန်းကြီးကျောင်းမှ လှူချင်တာမျိုးမဟုတ်ပေမယ့် ကိုယ်နားမှာလည်း ပြည့်အောင်မဖြည့်နိုင်သေးတော့ အဲဒါကိုပဲ မနည်းကြိုးစားနေရတယ်။ နောက်ပြီး အများစုပေါင်းလှူတော့လည်း ဘာသာခြားတွေပါတော့ လူမှုရေးအသင်းအဖွဲ့တွေကိုပဲ လှူဖြစ်တာမို့ပါ။

  • naywoonni

    September 3, 2011 at 8:05 pm

    ဒီလို အလှူ အကောင်းစားကြီးကို ငါတို့နဲ့ မထိုက်တန်ပါဘူးကွယ်……… ရွာထဲက အကြီးအကဲ တွေနဲ့သာ ထိုက်တန်တဲ့ အလှူမျိုးပါ…။ ရွာထဲမှာက မြန်မာလူမျိုးတို့ရဲ့ အစဉ်အလာအတိုင်း ဘုရားဒယကာ ကျောင်းဒယကာ ဖြစ်ချင်နေတဲ့ လူတွေရှိမှာပါ…။ နော်………. သူတို့က သူတို့ အလှူ ကဗျည်း တင်ရေးပေးမယ်ဆိုရင် လှူကြမှာပါ…။

  • zaw min

    September 4, 2011 at 2:41 pm

    အဝေးမှ ပေးပို့လှူတန်းမယ်ဆိုရင် အိတုံကတာဝန်ယူလက်ခံပြီး လှူတန်းပေးမှာလား…ဒါမှမဟုတ် ဆရာတော်ဆီကိုပဲ တိုက်ရိုက်လှူတန်းရမှာလား သိချင်ပါတယ်…

    • etone

      September 5, 2011 at 8:56 am

      အဝေးကလူတွေ ဆရာတော်ကို တိုက်ရိုက်ဖုန်းခေါ်ပြီး လှူဒါန်းနိုင်သလို ၊ ဆရာတော်ကို ဆက်သွယ်ရန် အခက်ခဲရှိတဲ့အခါ … etone က ကြားဝင် တာဝန်ယူ တဆင့်လက်ခံ လူဒါန်းပေးပ့ါမယ် …. ။ လှူဒါန်းမှူ အထောက်ထား အပြည့်စုံကိုပါ တာဝန်ယူပေးပါမယ် ။

  • zaw min

    September 5, 2011 at 3:42 pm

    အထောက်အထားတွေက အဓိကမဟုတ်ပါ။အိတုံး တာဝန်ယူလှူတန်းပေးနိုင်ပါတယ်ဆို ပေးပိုရမဲ့လိပ်စာ…ရယူလိုပါတယ်…တိုက်ဆိုင်သော အလှူတစ်ခုလို့ ယူဆပါတယ်…လာမယ် ၂ဝ ရက်နေ့မှာ ကျနော်ရဲ့ မွေးနဲ့ကြုံနေလိုပါပဲ….
    လိပ်စာကို ဒီမှာမဖေါ်ပြချင်ရင်တော့ ကျနော့ မေးလ်ထဲကို ရေးသားပေးနိုင်ပါတယ်။
    minmaung9@gmail.com ကျေးဇူးတင်ပါတယ်…

  • နွယ်ပင်

    September 5, 2011 at 3:57 pm

    အခုမှပဲ ဖတ်ဖြစ်လိုပါ etone ရေ
    အများကြီး မလှူနိုင်ပင်မယ့် တက်နိုင်သလောက်လေးတော့ လှူချင်ပါတယ် ……

Leave a Reply