အခြေအနေမဲ့ သန်းကြွယ်သူဌေး – အပိုင်း (၄၄)

မွမ်ဘိုင်းရဲ့ချောင်ကျကျအရပ်အရပ်ဖြစ်တဲ့ ဒရာဗီမှာ ကျွန်တော်နေတာ။ ဒရာဗီ ဆိုတဲ့အရပ်က ဘယ်လိုမျိုးဆိုတာ ရှေ့မှာ

ကျွန်တော်ပြောခဲ့ပြီးပါပြီ။ခုလည်း ထပ်ပြောပါဦးမယ်။ကျွန်တော်နေတဲ့အခန်းလေးကဆယ်ပေပတ်လည်လောက်ပဲရှိမယ်။

လေဝင်လေထွက်၊သဘာဝအလင်း ဘာမှ မရဘူး။သံချေးတက်နေတဲ့ သွပ်ပြားတွေမိုးထားတယ်။ရထားများ ဖြတ်သွားလို့ကတော့

တုန်ခါပြီး အသံစုံထွက်နေတာပဲ။ရေ လား..မရဘူး။မိလ္လာစနစ်လည်း မရှိဘူး။ကျူးကျော်ရပ်ကွက်ပါဆို..ဘာရမှာလဲ။ကျွန်တော်

တတ်နိုင်တာလဲ ဒီလိုနေရာမျိုးပဲ ဆိုတော့..။အဲ..ဒါက ဒရာဗီမှာ ကျွန်တော်တစ်ယောက်ထဲမဟုတ်ဘူး။လူ သန်းနဲ့ချီရှိတယ်။

ဟက်တာ နှစ်ရာလောက်ရှိတဲ့ တြိဂံပုံ ဒရာဗီအရပ်ထဲမှာ လူသန်းဂဏန်းနေနေတာသာ စဉ်းစားကြည့်ပါတော့။ရွှံ့တွေဗွက်တွေ

နဲ့ ဟောဒီ ဖုန်းဆိုးမြေဟာ မွမ်ဘိုင်းလိုမြို့ကြီးမယ် ရှိနေတာ။အဲဒီတော့ နေရတာလည်း တိရိစာ္ဆန်တွေလို..သေတော့လည်း

အင်းဆက်ပိုးမွှားတွေလို။တစ်နိုင်ငံလုံးက ခိုကိုးရာမဲ့နေတဲ့.. ဆင်းရဲမွဲတေလွန်းတဲ့..လူတွေ.. ဟောဒီ အာရှရဲ့ အကြီးဆုံး..

အစုတ်ပဲ့ဆုံး ဒရာဗီ ဆိုတဲ့ ဒီအရပ်မှာ ကျောချစရာ တစ်နေရာလေးရဖို့ တိုးတိုးကြိတ်ကြိတ် သိပ်သိပ်သည်းသည်း ရုန်း

ကန်နေကြရတာ။နေ့တိုင်းနေ့တိုင်း ရုတ်ရုတ်သဲသဲ ဆူဆူညံညံနဲ့ ရန်ပွဲအသေးစားလေးတွေ ဖြစ်နေကြတာပဲ။နေရာလေး

တစ်လက်မစာအတွက်တဲ့..ရေလေးတစ်ပုံးအတွက်တဲ့..။ခင်ဗျားတို့ကတော့ ရီကြမယ်။သူတို့အတွက်တော့ အဲဒါလေးတွေ

က တော်တော်ကို အရေးကြီးတာကိုးဗျ။တစ်ခါတစ်လေကျတော့ အဲဒါမျိုးတွေကနေ အသေအကြေဆော်တဲ့ လူသတ်

ပွဲတွေထိ ရောက်ကုန်တာမျိူး။ဒရာဗီမှာ နေတဲ့လူတွေက ဘီဟာတို့ ဥတ္တား ပရာဒတ်ရှ်တို့ တမီလ်နာဒူတို့ကနေ လာနေကြ

တာပဲ။သူတို့က မွမ်ဘိုင်း ကို ရွှေရောင်အိပ်မက်တွေ..လူလတ်တန်းစားအဆင့်လောက် ဖြစ်ရမယ်ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့

လာခဲ့ကြတာလေ။ခုတော့ ရွှေရောင် အိပ်မက်တွေလည်း ပျက်ပြယ်ကုန်ပြီ။ မျှော်လင့်ချက်..ဆိုတာလည်း..အငွေ့ပျံသွား

ခဲ့တာကြာပြီ။သူတို့မှာ သံချေးတက်နေတဲ့ နှလုံးသားနဲ့ စုတ်ပြတ်ပုပ်ပွနေတဲ့ စိတ်ဓာတ်ပဲ ကျန်ခဲ့တော့တာ။

 ဒရာဗီ မှာနေဖို့..အင်း..တစ်ခဏလေး နေကြည့်ဖို့ဆိုတာ တော်တော်တန်တန်လူအတွက်တော့ မလွယ်ဘူး။ကျွန်တော်

ပြောခဲ့သေးတယ်။ဒေလီလူငယ်ထိန်းသိမ်းရေးဂေဟာက ကျွန်တော်တို့စိတ်ဓာတ်ကို သိမ်ဖျင်းအောင် လုပ်ခဲ့တယ်လို့။ ခု

ဒရာဗီကလည်း ကျွန်တော်တို့ အဆင့်အတန်းကို တွင်းဆုံးကျအောင် ဆွဲချသွားတာပဲ။ရေမြောင်းတွေဆို..ခြင်တွေ ဝုန်း

ခတ်နေတာ။ဘုံသုံး အိမ်သာမြောင်းတွေထဲမှာလည်း ချေးတွေသေးတွေ..၊ကြွက်တွေ..၊ယင်တွေနဲ့ ရွံဖို့ကောင်းလိုက်များ။

အနံ့ဆိုးတွေ နံစော်နေရတဲ့ကြား အဲဒီကြွက်တွေက ပိုဆိုးသေး။လမ်းကြိုလမ်းကြားထောင့်တိုင်း ထောင့်တိုင်းမှာ ညစ်ပတ်

စုတ်ပြတ်နေတဲ့ အမှိုက်ပုံကြီးတွေ ဆိုတာ ဟီး ထနေတာ။အဲဒီအမှိုက်ပုံတွေထဲ ထိုးဆွရှာဖွေနေတဲ့ သူတွေကလည်း အများ

သားဗျ။ဒီလိုနေရာမျိုး ခင်ဗျားတို့တစ်ခဏလေး လာကြည့်တာနဲ့ အသက်ရှူတောင် ဝ တော့မယ်မထင်ဘူး။ဒါပေမဲ့ ဒီက

ငတ်ပြတ်နေတဲ့သူတွေအတွက်တော့ အဲဒီနေရာက သူတို့ အိမ်..ပေါ့လေ။

 မိုးမျှော်တိုက်ကြီးတွေ၊ နီယွန်မီးချောင်းတွေထိန်နေတဲ့ ရှော့ပင်းစင်တာကြီးတွေ ရှိတဲ့ မွမ်ဘိုင်းမြို့ကြီးထဲမှာ ဒရာဗီဆို

တဲ့ အရပ်က ကင်ဆာဖြစ်နေတဲ့ အစိတ်အပိုင်းတစ်ခုလိုပဲ..ငုတ်တုပ်ကြီး စံမြန်းနေတာ။ဒါပေမဲ့ မြို့ကြီးကိုယ်တိုင်ကလည်း

လျစ်လျူရှုထားတဲ့ပုံ။ဒီတော့ ဒရာဗီက ကသောင်းကနင်းနဲ့ ဥပဒေမဲ့ အရပ်ကို ဖြစ်လို့။ဒရာဗီမှာ ဘယ်အိမ်..ဘယ်အဆောက်

အအုံမှ တရားဝင်မဟုတ်ဘူး။အချိန်မရွေးအဖျက်ခံရနိုင်တယ်။ဒါပေမဲ့ နေတဲ့လူတွေကလည်း အေးဆေးပဲ။ဖျက်ခါမှဖျက်ရော

..လောလောဆယ်နေလို့ရ..ပြီးတာပေါ့။လျှပ်စစ်မီးလား..ခိုးသွယ်တာပေါ့။မီးတင် မဟုတ်ပါဘူး။ရေ လည်း ခိုးပြီးသွယ်တယ်။

အံမယ်..ကေဘယ်တီဗီတောင် ခိုးသွယ်သေးသဗျ။သူတို့ က တရားမဝင် စက်ရုံတွေ၊ဆိုင်တွေမှာ ဝင်လုပ်ကြတယ်။ရထားစီး

လည်း ခိုးစီး..။ဪ..ဒီလိုနေရာမှာ ဘာလုပ်လုပ် ဘယ်လိုနေနေ ဘာမှ တရားမဝင်ပါဘူးဆို။တရားဝင်အောင်လည်း

ဘယ်သူက လုပ်မှာလဲ..ဒီနေရာမှာ။

 တရားမဝင်ဘူးဟေ့ ဆိုတာနဲ့ ဘာဖြစ်လာမှာလဲ။ဘာမှ ဖြစ်မလာဘူး။ပိုပိုပြီးတောင် တိုးချဲ့လာနေသေးတယ်။ကင်ဆာ

လိုပါဆိုမှ အမြစ်ပြတ်ဖို့တော့ ခဲယဉ်းတာကလားဗျ။

 ကျွန်တော် ဒရာဗီကနေ ဂျင်မီဘားဆိုင်ကို နေ့တိုင်း သွားလိုက်ပြန်လိုက် လုပ်နေရတာပေါ့။အစောကြီး သွားစရာတော့

မလိုဘူးဗျ။နေ့လည်လောက်မှ သွားရတာ။ညကျတော့ ညဉ့်နက်အောင်နေပြီး တစ်မြို့လုံးက အော့ကြောလန် အရက်သမား

တကာကို စားပွဲထိုးပေးနေရတဲ့ အဖြစ်။တစ်ချို့ကျတော့လည်း မူးမူးနဲ့ တွေ့ကရာပြောတာတွေ နားထောင်ရတယ်။

အရက်..အရက်..ဘာကောင်ပဲဖြစ်ဖြစ်..ကိုယ့်လစ်မစ်ကိုယ်မသိလို့ကတော့ ဟား..အားလုံးအတူတူပဲ။သူဌေးမူးလည်း

အရက်မူးသမားပဲ..ဆင်းရဲသားမူးလည်း အရက်မူးသမားပဲ..။အရက်က လူတန်းစားညှိပေးလိုက်တာ။

အရက်သမားဆိုတာနဲ့ ရှမ်တာရမ်ကြီးကိစ္စဖြစ်ပြီးကတည်းက စိတ်ထဲမှာ ဒဏ်ရာတစ်ခုလို ဖြစ်ကျန်ခဲ့တော့ဗျာ

..နောက်နောင်မှာ ဒီလိုအရက်သမားတွေဆို ကျွန်တော် သည်းခံနိုင်မယ်မထင်တော့ဘူး။ဒါပေမဲ့ ဂျင်မီဘား မှာဝင်

လုပ်တော့ ဒီအရက်သမားတွေနဲ့ ဆက်ဆံဖို့ ဖြစ်လာတာပဲ။သူတို့က ဒီမှာဖောက်သည်ပဲ..စားသုံးသူပဲတဲ့လေ။ဖြေသာ

စရာလေးတစ်ခု ကိုယ့်ကိုယ်ကို အားပေးမိတာက အရက်နံ့က ဘာပဲဖြစ်ဖြစ် ကျွန်တော့်တဲနားမှာရှိတဲ့ ဘုံအိမ်သာက

အနံ့ဆိုးလောက် မပြင်းထန်ဘူး ဆိုတာရယ်..။အရက်သမားတွေပြောတဲ့စကားနားထောင်ရတာ ကျွန်တော့်အရပ်ထဲ

က အော့နှလုံးနာစရာ မုဒိန်းမှုတို့၊ လိင်အကြမ်းဖက်မှုတို့၊ ရောဂါဘယအကြောင်းတို့၊သေကြ ကြေကြတဲ့အကြောင်းတွေ

တို့ထက်စာရင် နားထောင်လို့ဖြစ်သေးတာရယ် ကြောင့်လုပ်နေမိတာပဲ။အဲဒီတော့ဗျာ..မူးလာတဲ့သူတွေ ပြောချင်ရာ

သာပြောပေတော့.. ကျွန်တော်စိတ်မပါလည်း ဘယ်လိုခွန်းထောက်ခံရမလဲဆိုတာ နပ် လာတယ်။ဒါမျိုးတွေပေါ့။

“အင်း..အင်း” “ဪ..ဟုတ်လား” “တကယ်..” “ဟုတ်တာပေါ့..မှန်တာပေါ့” “ဟား..မိုက်တယ်ဗျာ..” စသည်..

စသည်ဖြင့်ပေါ့ဗျာ။တစ်နေ့ တစ်နေ့ အရက်ဆိုင်ထဲမှာ ပျံ့လွင့်နေတဲ့ အကြောင်းတွေက နောက်မီးလင်းတဲ့ မိန်းမတွေ

အကြောင်းတို့၊ ကပ်စေးနဲ ကော်တရာ အလုပ်ရှင်တွေ အကြောင်းတို့ပဲ များတာ။သူတို့ပြောတာ နားထောင်ရင်း

အမြည်းထပ်မှာအောင် အရက်လေး ထပ်မှာအောင်လည်း တွန်းပေးရသေးသဗျ။နောက် ကျွန်တော် နေ့တိုင်း

မျှော်နေတဲ့ စာတစ်စောင်ရှိတယ်။အဲဒါက ဘယ်သူဘီလျံနာ ဖြစ်မလဲ အစီအစဉ်က လူတွေ ကျွန်တော့်ကို ပြိုင်ပွဲဝင်

ခွင့်ပြုတယ် ဆိုတဲ့စာပဲ။ဒါပေမဲ့ စာပို့သမား လာတိုင်း မပါဘူး ဆိုတာချည်းပဲဗျာ။

တစ်ခါတစ်လေကျတော့ မွမ်ဘိုင်း ကို ပြန်လာရတဲ့ ရည်မှန်းချက်က ဝေးလွန်းသလို အလှမ်းမမှီသလို စိတ်ထဲမှာ

ယောင်ဝါးဝါးဖြစ်လာမိတယ်။ဒီလှိုင်းကို ဆန်ပြီး ကူးခပ်နေမိသလား လို့။ အားကောင်း သန်မာတဲ့ ရေစီးကြောင်း ကို

ကျွန်တော် မကျော်လွှားနိုင်ဘူးလားလို့။ဒါပေမဲ့…ဒါပေမဲ့ဗျာ..ကျွန်တော့်အချစ်..ကျွန်တော့်အသက်..နီတာ ရဲ့

နာနာကျင်ကျင် အော်ဟစ်လိုက်တဲ့အသံ..နီးလိမာ ကုမ္မာရီ ရဲ့ ဝမ်းပမ်းတနည်း ငိုညည်းနေတဲ့အသံ..အဲဒီအသံတွေ

ကျွန်တော့် အာရုံထဲပြန်ကြားမိတဲ့အခါ..ကျွန်တော့်စိတ်တွေ ပြန်ပြီးတော့ မာ လာတယ်။ခိုင် လာတယ်။အဲဒီ အစီအစဉ်

ကို ဝင်ပြိုင်ဖြစ်အောင်ပြိုင်မယ်။မရ ရတဲ့အထိစောင့်မယ်။ ခုနေတော့ အရက်သမားတကာ ရဲ့ ပုံပြင်တွေကို ဆက်ပြီး

နားထောင်နေလိုက်ဦးပေါ့။သူတို့ပြောတာ..တစ်ချို့ကကောင်းတယ်။တစ်ချို့က ဆိုးတယ်။တစ်ချို့က ရီရတယ်။

အဲ..တစ်ချို့တစ်လေကျတော့ တကယ်ကို ထူးထူးဆန်းဆန်း။

 

******************************

 

သန်းခေါင်ကျော်နေပြီ။ နောက်ဆုံးကျန်တဲ့ လူတစ်ယောက်ကတော့ ပြန်ဖို့အရိပ်အယောင် လုံးလုံးမမြင်သေးဘူး။

လာတာတော့ မာစီဒီး နဲ့။ဒရိုက်ဗာနဲ့ဗျ။ဆယ်နာရီလောက်ကတည်းက အေးအေးလူလူထိုင်သောက်နေတာ။ခုမှ ငါးပက်

လောက် ပဲရှိသေးတယ်။ ယူနီဖောင်းဝတ်နဲ့ သူ့ဒရိုက်ဗာကတော့ ကားထဲမှာ ဟောက်တောင်နေပြီ။ သူ့ဘောစိက အေးဆေး

မှ ပြန်မယ် ဆိုတာ သိလို့နေမယ်။အဲဒီလူ ဝတ်ထားတာလည်း သပ်သပ်ရပ်ရပ်နဲ့ပဲ။အနက်ရောင် ဥရောပ ဝတ်စုံနဲ့။ပိုး နက်ခ်

တိုင်နဲ့။ပြောင်လက်နေတဲ့ သားရေ ရှူးဖိနပ်နဲ့။

“အစ်ကိုကြီး..ဪ..ငါ့ ချစ်ကိုကြီး..”

နှစ်မိနစ်တစ်ခါလောက် အရက်လေး ငုံလိုက်၊ သူ့အစ်ကို တ လိုက်၊အမဲစဉ်းကော အကင်လေး ဝါးလိုက် လုပ်နေတာ။

ဘာရယ်မဟုတ်ဘူး၊သူ့တစ်ယောက်ကျန်တော့လို့ ကျွန်တော်လည်း ခပ်ပျင်းပျင်းနဲ့ ကြည့်နေတုန်း မန်နေဂျာက ကျွန်တော့်ကို

လက်ဖျောက်တီးခေါ်လိုက်တယ်။

“သောမတ်စ်..သူနဲ့သွားထိုင်ပြီး သူ့အစ်ကိုအကြောင်း ဖောရှောလေးဘာလေး ဝင်ထည့်လေကွာ..တို့လူ ဘယ်လောက်

သနားစရာကောင်းအောင် စိတ်ကယောက်ကယက် ဖြစ်နေရှာလဲ ဆိုတာ မင်း မမြင်ဘူးလား..”

ဟွန်း..လုပ်လာပြီ။သနားလိုက်ပြန်ပြီ။မွမ်ဘိုင်းတစ်မြို့လုံး သူ့ထက် အပုံကြီး သနားစရာကောင်းတဲ့လူတွေ အနုမြူဗုံးကြဲချတောင်

မကုန်ဘူး။စိတ်ထဲကတော့ ကျိန်ဆဲလိုက်ပြီး –

“ဟို..ဂျာကြီး..ခု..သန်းခေါင်တောင်ကျော်နေပြီလေ..သူ့ကို သွားခိုင်းမှ ဖြစ်မယ်..နို့မို့ဆို ဆယ့်နှစ်ခွဲ ရထား ကျွန်တော်

  မီမှာ မဟုတ် တော့ဘူး..”

            “ဟေ့ကောင် မင်းကများ..ငါ့အထွန့်တက်ချင်သေးတယ်..မျက်ခွက်ဖြတ်ထိုးလိုက်လို့ မေးရိုးပြုတ်သွားဦးမယ်….

မရဘူး..သွား….မနေ့က ရောက်တဲ့ စကော့ချ်ဝီစကီမှာအောင် လုပ်ပေတော့..ဒီမယ်..သူက မာစီဒီး နဲ့ လာတာကွ..”

ကျွန်တော် ဒေါသတော်တော်ထွက်ပြီး သူ့မျက်ခွက်ကြီးကို စိန်းစိန်းကြည့်မိတယ်။သူကလည်း ခပ်မာမာပဲ ပြန်ကြည့်နေတာ။

နောက်တော့ ကျွန်တော်လျှော့လိုက်တယ်။မလုပ်ချင်တဲ့ အလုပ်ကို လုပ်ရဦးမှာပါလား။အဲဒါနဲ့ အရက်သောက်နေတဲ့လူဘေးနား

သွားထိုင်လိုက်ရတော့တာ။

“ဪ..အစ်ကိုကြီးရယ်..ကျွန်တော့်ကို ခွင့်လွှတ်ပါဗျာ..”

အဲဒီလူက အမဲစဉ်းကော အကင်လေး မြုံ့ပြီး ညည်းငြူနေတာ။ဒီလူက မြည်းပုံစံဝင်နေပြီ။ခု သိပ်မမူးသေးပေမဲ့ နောက်နှစ်

ပတ်လောက်သောက်ပြီးရင်တော့ စကားတွေ ဗလုံးဗထွေးဖြစ်လာတော့မှာ။

“ဆရာ့ အစ်ကိုက ဘာဖြစ်လဲ ခင်ဗျ..”

ကဲ..စပြီ။

သူက ခေါင်းထောင်ပြီး မျက်လုံးစင်းစင်းလေးတွေကို ဖြဲကြည့်တယ်။

“ဘာလို့မေးတာလဲ..မင်း စိတ်ညစ်သွားမှာ..”

“ရပါတယ် ဆရာ..ဆရာ့အစ်ကိုအကြောင်းပြောလိုက်တော့ ဆရာ့မှာလည်း စိတ်ဆင်းရဲရတာ စိတ်ထဲ နည်းနည်းများ

   ပေါ့သွားမလားလို့..”

            “မဟုတ်တာ..ဘယ်ကသာ ပေါ့သွားရမှာလဲ..ဘယ်သူမှ ပေါ့သွားအောင် လျော့သွားအောင် မတတ်နိုင်ဘူး..ဟေ့..

   မင်း ဝီစကီတောင်  မတတ်နိုင်ဘူး..”

            “ဒါဆိုလည်း..ကျွန်တော်မမေးတော့ပါဘူး..ဒါနဲ့ ဆရာ့အကြောင်းရော မေးလို့ရမလား..”

“ငါဘယ်သူလဲဆိုတာ မင်းမသိဘူးလား”

“မသိပါဘူးခင်ဗျာ..”

“ငါ့နာမည် ပရာကရှ် ရာအူး တဲ့ကွ။စူရီးယား စက်မှုလုပ်ငန်းရဲ့အမ်ဒီ ပေါ့ကွာ..အိန္ဒိယမှာတော့ အကြီးဆုံး ကြယ်သီးထုတ်လုပ်ငန်း

ကြီးတစ်ခုပေါ့..”

“ကြယ်သီးတွေ…”

“ဟုတ်တယ်..ကြယ်သီးတွေ..၊ တို့ ရှပ်အင်္ကျ ီတွေ ဘောင်းဘီတွေ ကုတ်တွေ စကတ်တွေ ဘလောက်စ် တွေ မှာ ပါတဲ့ ကြယ်သီးတွေ..၊

တို့လုပ်တာ..ပုံစံစုံ ပစ္စည်းစုံ နဲ့ထုတ်တာပဲ။ကော်ကြယ်သီး..၊သတ္တု ကြယ်သီး၊သစ်သား ၊သားရေ၊ကုလားအုတ် အရိုး၊ ဦးချို၊ ကနုကမာ..

အစုံပဲ..အစုံပဲ..။အများဆုံးထုတ်တာတော့ ပိုလီယက်စတာ ကြယ်သီးတွေပေါ့။သတင်းစာမှာ တို့ ကြော်ငြာ မတွေ့ဘူးလား..။အေး..ဒီလို

ဘယ်လိုကြယ်သီးပဲလိုလို..ကြယ်သီးမျိုးစုံကို အင်္ကျ ီ ကနေ အတွင်းခံ အတွက်ထိပါရနိုင်တဲ့ ကျွန်တော်တို့ စူရီးယား ကြယ်သီးကုမ္ပဏီ

            ကို  ကြွလှမ်းခဲ့ပါ  ဆိုတာလေ။ခု မင်းဝတ်ထားတဲ့ ရှပ်အင်္ကျ ီကကြယ်သီးတောင် တို့ ဆီက ထုတ်ထားတယ်ဆိုတာ သေချာတယ်..”

“ဒါနဲ့ ဆရာ့ အစ်ကို နာမည်ကရောဗျ..”

“ငါ့ အစ်ကို..အာဗင်း ရာအူးတဲ့..အမလေး သနားစရာကောင်းလိုက်တဲ့ အစ်ကိုကြီး..အီး..အစ်ကိုကြီးရေ..အာဗင်း..”

တ ပြန်ပြီ သူ့အစ်ကို ကို။

4 comments

  • windtalker

    August 29, 2011 at 9:35 pm

    အစအဆုံး ကို စုဖတ်ချင် လိုက်တာဗျာ
    ဒီအတိုင်းဆို ဟက်ဖီး ကြီး ။

  • Shwe Ei

    August 30, 2011 at 12:31 pm

    မြန်မြန်တင်ပါဗျို့။ တနေ့ တပုဒ်ဆိုပိုကောင်းမယ်။

  • naywoonni

    September 7, 2011 at 6:58 pm

    ကျွန်တော်နဲ့ နာမယ်တူတာဖြစ်လိမယ် ကိုဘလှိုင်ရေ…… ဘယ်မဂ္ဂဇင်းမှားလဲဗျ…။ ကျွန်တော့်စာတွေက ဘယ်ကမှ မရွေးလို့ အပယ်ခံ စာလေးတွေ အင်တာနက်ပေါ်မှာ တင်နေရတာပါ…။ ကျွန်တော် နာမယ်ပြောင်းသုံးလိုက်မယ်လေ… ကျေးဇူးပဲ..။ အဲဒိမဂ္ဂဇင်းလေးတော့ ပြောပြပေးပါ………။ ကျွန်တော်တို့ဆီက စာအုပ်စုံအောင်မရောက်ဖူးဗျ……

    • မောင်ဘလိူင်

      September 9, 2011 at 12:08 pm

      သူရဇ္ဖ တို့ သိဒ္ဓိမိုး တို့မှာ တွေ့တာပါ ခင်ဗျ..။
      ကျွန်တော့်စိတ်ထဲ တို့ မန်းလေးဂေဇက်က ဦးနီများ ဖြစ်နေ
      မလား ထင်မိလို့။

Leave a Reply