မြန်ဆန်စွာတိုးတက်နေတဲ. အီလက်ထရောနစ်ခေတ်ကြီးထဲမှာ အိမ်တိုင်းမှာတော. အောက်စက်လို.ခေါ်တဲ. DVD , EVD တစ်လုံးကတော.ရှိကြမှာပါ။ ၀င်လာတာက တရုတ်နိုင်ငံဘက်က အများဆုံးဖြစ်ပြီး ဈေးကလဲပေါတော. အရည်အသွေးကတော.မကောင်းတာ သေချာတယ်ဗျာ။ ခဏခဏပျက်တယ် ၊ ၀ယ်ပြီးမကြာခင်ပျက်တယ်။ ပျက်တဲ.အထဲမှာ No Disc လို.ခေါ်တဲ. အခွေမဖတ်တာကလဲ အများဆုံးကြုံရပါတယ်။ ဒီလိုပျက်စီးပုံမျိုးကို ကျနော်တို.ကိုယ်တိုင် အလွယ်တကူပြုပြင်လို.၇နိုင်မယ် နည်းလမ်း၊ ဘယ်နေရာကပျက်နေလဲ သိနိုင်မယ်.နည်းလမ်းတွေကို တတ်နိုင်သလောက် တင်ပြပေးလိုက်ပါတယ်။ အားလုံးမပြည်.စုံရင်တောင် ကိုယ်.စက်ပျက်လို. တစ်ခုခုလေး အရင်ထက်ပိုသိသွားမယ်ဆိုရင် ကျနော် ကျေနပ်ပါတယ်။ (တစ်ခုခုထပ်သိချင်တာ၇ှိရင်လဲ ကွန်မန်.ကတစ်ဆင်. မေးမြန်းနိုင်ပါတယ်။)

(No Disc ပြခြင်း)….
၁။ ကျနော်တို. ပထမဆုံးလုပ်သင်.တာက စက်ဖုံးကိုဖွင်.ပြီး Pick-up Unit လို.ခေါ်တဲ. လေဆာဖတ်ခေါင်းအစုအဝေး( အများအခေါ် DVD မီးလုံးပေါ.ဗျာ) ကနေ လေဆာ အလင်းထွက်မထွက် ဦးစွားစစ်ဆေးသင်.ပါတယ်။ ဘာကြောင်.လဲဆိုတော. ဒီလေဆာ အလင်းမထွက်နိုင်ရင် စီဒီ ထဲကအချက်အလက်ကို ဖတ်ယူလို.မရပါဘူး။
၂။ ကဲ လေဆာမထွက်ဘူးဆိုရင်တော. Pick-up Unit(မီးလုံး) ကိုဆက်သွယ်ထားတဲ. ကြိုးပြားလေးကိုလဲလှယ်ကြည်.ပါ။( DVD ကြိုးပြားလို.မေးဝယ်ပါ။ ၁၀၀ ပဲရှိပါတယ်)
၃။ ဒါမှ လေဆာအလင်းတန်းမထွက်သေးဘူးဆိုရင်တော. Meganism (စက်မှုလှုပ်ရှားပိုင်း) အံဝင်ခွင်ကျ ဖြစ်မဖြစ် စစ်ဆေးပါ။
၎။ စက်မှုလှုပ်ရှားပိုင်းက အားလုံးအိုကေပြီး လေဆာအလင်းမထွက်သေးဘူးဆိုရင်တော. ၁..Pick-up Unit..၂။ Video Decoder Card ( ရုပ်ကဒ်လိုလဲ ခေါ်ကြပါတယ်) တစ်ခုခုပျက်နေတာသေချာနေပါပြီ။
(လေဆာထွက်ပြီး No Disc ပြခြင်း)
No Disc ပြလို.အဖုံးကိုဖွင်.ပြီး လေဆာထွက်မထွက်ကြည်.လိုက်တော. Pick-up Unit ကလေဆာထွက်နေပါတယ်။ ဒီလိုလေဆာထွက်ပြီး No Disc ပြနေတယ်ဆိုရင်တော.
၁။ Pick-up Unit ကိုဆက်သွယ်ထားတဲ. ကြိုးပြားလေးကို လဲကြည်.ပါ။(လေဆာထွက်တိုင်း ထိုကြိုးပြားကောင်းသည်ဟု မယူဆနိုင်ပါ။ အများဆုံးဖြစ်တတ်ပါတယ်)
၂။ ကြိုးပြားလဲကြည်.လို.မှ အခွေမဖတ်သေးဘူးဆိုရင် Spindle Motor လို.ခေါ်တဲ. ဓာတ်ပြားကိုလည်ပတ်ပေးတဲ. မော်တာကို လဲပေးပါ။(DVD မော်တာလို.မေးဝယ်ပါ။ တစ်လုးံကို ၆၀၀ ပါ)။
၃။ မော်တာလဲတာလဲ အခွေမဖတ်သေးဘူးဆိုရင် Pick-up Unit (မီးလုံး သေချာပေါက် လဲရတော.မှာပါ) သူနံပါတ်တွေကတော. HD 60, HD 62 ,HD 65 တို.ပဲဖြစ်ပါတယ်။ တစ်စုံကို ၄၅၀၀ ကျပ်ပဲရှိပါတယ်။

About ko ko gyi

has written 1 post in this Website..