လိုချင်ရှာဖွေ မိတဲ့ အမှန်တရားတွေ ရှိတယ်
ကျယ်ကျယ်လောင်လောင် ထုဆစ်ခဲ့တဲ့
သံယောဇဉ် ကြိုးများအတွက်
ဘယ်တော့မှ သော့မခတ်ခဲ့ဘူး
အက်ဆစ် မိုးရေတွေ ကို လည်း ချိုမြိန်ခဲ့ဖူးတယ်
ရွက်သစ် မိုးစိုတွေ ကို လည်း ဘုရားမှာ လှူဖူးတယ်
ငါ ဆုတောင်းခဲ့တာ မင်းမသိနိုင်သလို
မင်းဆုတောင်းခဲ့တာလည်း ငါနဲ့ ပေါင်းဖို့ မဟုတ်ဘူး
ငါနှစ်သက်တဲ့ စီးကရက် ကို မင်းမုန်းတယ်
မင်းကြိုက်တဲ့ ကွာစိ ကြ လက်သည်းစူးတယ် ..
ငါသောက်တဲ့ ဗြိတိန်က စမ်းရေ  ကို မင်း က ချဉ်တယ်
မင်းသောက်တဲ့ ဒိန်ချဉ် ကို ငါ က ချဉ်တယ် ..
ငါ့ ကာရံ တွေ ကို မင်းက အာခံတယ်
မင်း စာသံတွေ ကို ငါ က ဆူညံတယ် ..
မင်း က ရုပ်ရှင်ရုံ သွားဖို့ ငါ့ခေါ်တယ်
ငါ နဲ့ စာအုပ်အဟောင်းတန်း သွားဖို့ ကြ မင်း မသိ ..
မင်း ကျောင်းသွားဖို့ မင်းရတဲ့ မုန့် ဖိုး ၅၀၀၀ ကို မင်း ခုံမင်သလို
ငါ့ ကဗျာတစ်ပုဒ် အတွက် ရတဲ့ ၅၀၀၀ ကျပ် ကို ငါ ခုံမင်တယ် ..
နေ့ တိုင်း ပိုက်ဆံ မရတဲ့ ငါ့ကို မင်း ကောတယ်
နေ့ တိုင်း ပိုက်ဆံ ရတဲ့ မင်း ဆီ ငါ တောင်းဖူးလို့ လား ..
နေပါဦး လို့ မင်းပြောတယ်
ငါပြောမယ့် အမှန်တရား အတွက် မင်းလည်းနေပေးပါဦး
ဟောဗျာ….
ဆံပင်ရှည်
စတစ်ကော်လံ
ကချင် ပုဆိုး
သားရေဖိနပ် နဲ့ 
ရိုးရှင်းတဲ့ ငါ့ကို မင်းကစပြီး စိတ်ဝင်စားတာဆို
မင်းတို့ အခန်းရှေ့
ကဗျာစာအုပ် ရောင်းတုန်းက
ငါ့ဘဝထဲ ကို မင်း ဇွတ်ဝင်ခဲ့တာလေ
ကိုရီးယား ကား မကြည့်ဖူးပေမယ့်
မင်းသမီး က ဒီလို ဆိုပြီး
I love you ..လို့ 
နင်ပြောခဲ့တာလေ..
အနမ်းတစ်ပွင့် ပဲ ယူပြီး
မင်းဝါးပြီးထွေးပစ်တဲ့ ပီကေ လို
ထွက်သွားတော့မှာလား…………
ငါ့ကဗျာထဲ က
ငါ့သွေးသား ဟာ
မင်းကိုယ်တိုင် ဖြစ်လာတော့မှာလား….
မေးခွန်းတွေ များလွန်းတဲ့
ကဗျာ ကို
ခင်ဗျားတို့ ကြိုက်ချင် ကြိုက်ပါ
မကြိုက်ချင်လည်း မကြိုက်ပါနဲ့ 
ကျေနပ်လွန်းလို့ ပါ ။
About မောင် ပေ
မောင် ပေ has written 396 post in this Website..