(၁)

ကျမတို့ရွာမှာ ဒီနှစ်မိုးခေါင်လွန်းလို့ ဘာပင်မှကို စိုက်ပျိုးလို့မရခဲ့ပါဘူး …. ခြံစည်းရိုး သီးပင်စားပင် အနည်းငယ်လောက်သာ ဖြစ်ထွန်းတာမို့ စားသောက်ရရုံလေးအဆင်ပြေပြီး ရောင်းကုန်လုပ်လို့မရတာကြောင့် မနှစ်ကတည်းက တင်ထားတဲ့ အကြွေးတွေ ဒီနှစ်လည်း ဆပ်နိုင်မယ်မထင်ဘူး … ။ ယောကျာ်းဖြစ် သူ မြို့ တက် အလုပ်လုပ်ရာက ရွာကို ခြောက်လ တစ်ခါလောက်ပြန်လာတတ်ပေမဲ့ စုမိဆောင်းမိ ဘာမှ မရှိဘူး … ။ သူ့ကိုယ်သူတောင် စားလောက်ယုံဆိုတော့ ကျွန်မကလည်း တဖက်တလှမ်းကနေ လယ်လုပ်ရင်း … ၊ ရာသီပေါ် သီးနှံလေး ရောင်းရင်း ကလေးတွေ စရိတ် ရသမျှ ရှာရတာပေါ့ …

ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုသလိုပါပဲ … ခြစ်ကုတ်ပြီး စုတာတောင် ကလေးတွေကို ကျောင်းဆက်ထားနိုင်အောင် မနည်း ရုန်းကန်နေရတာ ။ အကြီးမက ဒီနှစ်မှ ကိုးတန်းတက်မှာ အငယ်လေးက နောက်နှစ်ဆို ကျောင်းထားလို့ရနေပြီလေ ။ အမွှာလေး နှစ်ယောက် ကတော့ သုံး နှစ်နဲ့ … အခုကျွန်မ ဗိုက်ထဲမှာကလည်း လေးလ ကိုယ်ဝန်ရှိသေးတယ် …

 

ဟင်း … သူတို့လေးတွေ အတွက် ရင်လေးရတယ်။ သေစာရှင်စာလောက်တော့ တတ်အောင် သင်ပေးမယ်လို့ ကျမစိတ်ကူးထားပါတယ် … ။ အလိုက်သိတဲ့ အကြီးမကတော့ ကျောင်းဆက်မနေတော့ဘူး ဈေးကူရောင်းရင်း အိမ်အလုပ်လုပ်မယ်တဲ့လေ … ။ ယောကျာ်းဖြစ်သူ တစ်နယ် တစ်ကျေး မှာ အလုပ်သွားလုပ်ရာကလည်း … ပြီးခဲ့တဲ့ တခေါက်ပြန်လာပြီးမှ …အဆက်သွယ် မရတော့ ဘူး … ။ ကလေးတွေ စားစရိတ်နဲ့ မိသားစု ရပ်တည်ရေးက ကျွန်မပေါ်မှာပဲ လုံးလုံးလျားလျား မှီခိုနေတော့တာပေါ့ …။

အတွေးတို့က ရောယှက်နေသည် … ရေရေရာရာ အာမခံချက်မရှိသော ဘ၀မျိုးမို့ ကလေးတွေအတွက် စိတ်မကောင်းဖြစ်မိသည် … ။ ယောကျာ်းဖြစ်သူ မြို့တက်အလုပ်လုပ်ရာမှ လွန်ခဲ့သော လေးလခန့်က ပြန်လာပြီး ပြန်သွားရာမှ ရုတ်တရက် အဆက်သွယ်ဖြတ်သွားခဲ့သည် ။

(၂)

မိဘ အိမ်မှာ နေစဉ်ကတည်းက ရွှေပေါ်မြတင် နေခဲ့ရသူမို့ …. ယခုဘ၀သည် ကြမ်းတမ်းလွန်းလှသည်ဟု ထင်မိသည် …. ။ အိမ်တွင် ကားလာမောင်းပေးသော ဒရိုင်ဘာနှင့် မျက်ကန်းတစေ အချစ်နယ်ကျွံမိရာမှ  မိဘများဧ်။ စွန့် ပစ်ခြင်းကို ခံခဲ့ရသည် ။

မိဘများဧ။် အိမ်တွင် ကားမောင်းပေးရသော ကျွန်မယောကျာ်း … အလုပ်လည်း ပြုတ်ပြီမို့ … ကျွန်မတို့ ၀မ်းစာပဲ ရှာဖွေရန် မလွယ်ကူချိန် ကလေးမွေးရန် မဖြစ်နိုင်သဖြင့် ….. ဗိုက်ထဲတွင် လွယ်ထားရသော ပထမကိုယ်ဝန်ကို ဖျက်ဆီးပစ်ရန် …နှစ်ဦး သဘောတူ လုပ်ဆောင် ခဲ့သည် … ။ မိုက်ပြီးရင်း မိုက်သည့် ကျွန်မအပြစ် ငရဲအိုးထဲသာ ဂျိုးကပ်ပါစေတော့ဟု မျက်စိဆုံမှိတ်ကာ တဒင်္ဂ အဆင်ပြေမှူ အတွက် ဖြေရှင်းခဲ့ရသည်… ။ အရပ်လက်သည်ဧ။် နည်းလမ်းမမှန် မှူကြောင့် ကျွန်မအတွက်ပါ အန္တရာယ်ရှိလာကာ အနီးဆုံး မြို့ ဧ။် ဆေးရုံတစ်ခုသို့ သွားရောက် ကုသခဲ့ရသည် … ။ ကျွန်မ ယခင်က ကလေးဖျက်ချဖို့သာ ဆန္ဒရှိခဲ့ပြီး နောက်ဆက်တွဲ အကျိုး ၊ အပြစ်များကိုမူ နားမလည်ခဲ့ပေ … ။ ကံကောင်းသည်က ကျွန်မတို့ ရွာကလေးတွင် သားဖွား ဆရာမလုပ်နေသော ဆရာမလေးက ဆေးရုံတင်ရမည့် အန္တရယ် ရှိသော အခြေနေဟု တိုက်တွန်း၍သာ ဆေးရုံတက်ရကောင်းမှန်းသိပြီး ကုသမှူ ခံယူခဲ့ခြင်းဖြစ်သည် … ။

ကိုယ်ဝန်ဖျက်ချခြင်း နှင့် ပတ်သတ်၍ ဆေးရုံရောက်မှသာ အလွန် အန္တရာယ်ရှိသော အပြုမူဖြစ်ကြောင်း သိရပြီး … အရပ်လက်သည် သုံးစွဲသော ၊ ကိုယ်ဝန်ဖျက်ချရာတွင် အသုံးပြုသည့် ပစ္စည်းများသည် သန့်ရှင်းမှူ မရှိကြောင်း ၊ အလွန်တရာ အန္တရာယ်များသော အပြုမူဖြစ်ကြောင်း ၊ မိမိကိုယ်တိုင်ပင် သေစေနိုင်သော နည်းလမ်းမမှန် ဖျက်ချမှူမျိုးဖြစ်ကြောင်း သိရတော့သည် … ။

ဆေးရုံကဆင်းသည့်အချိန် ပြန်လည် ကျန်းမာလာသော်လည်း …  နုံချာလှသည့် ဆင်းရဲတွင်းမို့ စိတ်ထောင်းကိုယ်ကျေဖြစ်ရတော့သည် … မိဘအိမ်နေစဉ် ထမင်းချက်ဖို့ ပင် စိတ်မပူခဲ့ရသော်လည်း … ကိုယ့်အိုး ကိုယ်အိမ်တွင်တော့ … ထမင်းအိုးထဲ ဆန်ရှိဖို့ အတွက်ပါ စိတ်ပူရသည် … ။ နေရသည့် ပတ်ဝန်းကျင် ၊ အနေထားတို့သည်လည်း မိဘ အိမ်မှာ နေခဲ့စဉ်နှင့် အလွန်ပင် ကွာခြားတော့သည် … ။ တစ်နေ့စာ တစ်နေ့ ပူပင်နေရသော ကျွန်မတို့လင်မယား နှစ်ယောက်အဖို့ ကနဦး မျှော်လင့်ခဲ့သော သာယာသည့် အိမ်ထောင်သည်ဘ၀သည် အလွန် ဝေးကွာလွန်းလှသည် … ။ ယောကျာ်းဖြစ်သူကလည်း မိုးလင်းသည်နှင့် ရွာထဲဆင်းကာ လက်တိုလက်တောင်း အလုပ်လေးများ ရလို ရငြား သွားရှာရသည် … မိန်းမဖြစ်သူကတော့ အိမ်တွေနေကာ ခွေသာ ခွေနေတော့သည် … ။ စိတ်ထောင်းကိုယ်ကြေဖြစ်ကာ ကျွန်မသွင်ပြင်သည် ရှိရင်းစွဲ ထက် အများကြီး အသက်ကြီးသယောင်ထင်ရတော့သည် … ။ ကျွန်မဧ။် ရူးရူးမိုက်မိုက် ဆုံးဖြတ်ချက်ကြောင့် အရွယ်မတိုင်မီ အိမ်ထောင်ကျခဲ့ပြီး … ယခုခဲ့သို့ ဆင်းရဲတွင်းနက်ခြင်းသည် … ဘယ်သူမပြု မိမိမှူသာ ဖြစ်သဖြင့် မိဘများ အိမ်သို့လည်း မပြန်ရဲပေ … ဖြစ်သမျှ ကြိတ်မှတ်ခါးစည်းခံကာ … ရသမျှ အလုပ်လေး လုပ်ရင်း နေထိုင်စားသောက်ရေး လှုပ်ရှားရတော့သည် …။ ထမင်းချက် ၊ အ၀တ်လျှော် ၊ ရေခပ် ကိစ္စများ အပြင် တစ်ခါ တစ်ရံ ကလေး ထိန်းသော အလုပ်ကို ပါ ပိုက်ဆံရမည်ဆိုပါက ကျွန်မလုပ်ခဲ့ဖူးသည် … ။

(၃)

အိမ်မှာနေရင်း ရရာ အလုပ် လုပ်စားရာမှ ကျန်းမာရေး ဗဟုသုတမရှိသဖြင့် …. ကလေး တယောက်ပြီး တယောက် ရတော့သည် …. အမွှာ နှစ်ယောက်မွေးပြီးပြီး ချင်း ယောကျာ်းဖြစ်သူ မြို့တက်ကာ အလုပ်လုပ်မည်ဟု ပူဆာသဖြင့် … လွှတ်လိုက်ရာမှ ခြောက်လ တစ်ခါ လောက်သာ ပြန်လာဖြစ်တော့သည် …. ။ ယခင်ကထက် အသက်ရှူ ပိုချောင်သော်လည်း … ကလေး စားစရိတ်များက တစ်လတစ် လ မနည်း အလျှင် မှီအောင် လုပ်နေရသည် … ။ ချေးတလှည့် ၊ ပေါင်တလှည့်ဖြင့် နေ့ပေါင်းများစွာ အသက်ဆက်နေခဲ့ရသည် … ။ တစ်ခါ တစ်လေ ယောကျာ်းဖြစ်သူ ပိုက်ဆံ မပို့နိုင်သည့် လများတွင်တော့ တတ်သလောက် မှတ်သလောက်အသိ ဥာဏ်ဖြင့် ဈေးသွားရောင်းရသည် … ။ ငယ်ငယ်ရွယ်ရွယ်နှင့် ပညာ ဆုံးခန်းတိုင် မသင်ချင်ပဲ အိမ်ထောင် ပြုမိသော ကိုယ့် အပြစ်ကိုယ် နောင်တရမိသည် … သို့သော် အရာရာတိုင်းက နောက်ကျခဲ့ပေပြီ … ပေဖြစ်မှတော့ ခံရတော့မည် … ။

မိဘအိမ်မှာ နေစဉ် အသက်မွေးဝမ်းကြောင်းအတွက် မယ်မယ်ရရ အလုပ်မလုပ်ခဲ့ဖူးသောကြောင့် ပိုက်ဆံရှာရန် ဈေးရောင်းခြင်း တမျိုးသာ လုပ်တတ်သည် ။ ဈေးသည် မျိုးရိုး မရှိသူမို့ ဈေးရောင်းရမှာ မ၀ံ့မရဲဖြစ်နေခဲ့သည် … သို့သော် …ငါ့ဝမ်းပူဆာ မနေသာ မို့လား ၊ ကလေးတွေမျက်နှာငယ်ရမည့် အဖြစ်မို့ သမ္မအာဇီဝ အလုပ်ဟုသာ စိတ်ပိုင်းဖြတ်ပြီး ဈေးရောင်းခဲ့သည် ။ တတ်လို့ ရောင်းသည် မဟုတ်ပဲ ငတ်လို့ ရောင်းရသည့်အဖြစ်ကြောင့် ဈေးရောင်းကောင်းသော်လည်း အမြတ်စွန်း သိပ်မကျန်ခဲ့ပေ ။ တရိတ်ရိတ်တိုးတတ်လာသည့် အသုံးစရိတ်ကြောင့် ၀င်ငွေ နှင့် ထွက်ငွေ မမျှ ဖြစ်ကာ နွမ်းပါးသည်ထက် ပို နွမ်းပါးလာခဲ့သည် ။ ဒီအတိုင်း ဆက်သွားလျှင် ရှေ့လျှောက် ကျမတို့ မိသားစု ငတ်ပြတ်ကာ တောင်းစားရမယ့်ဘ၀ ရောက်လာတော့မည် ။ ကျမမှာ ကလေးတွေ ရှိသေးသည် … သူတောင်းစား မျိုးဆက်တော့ အဖြစ်မခံနိုင်ပါ ။ ယောကျာင်္းဖြစ်သူရှိရာ မြို့တက်ပြီး ရှာမှဖြစ်မည်ဟု စိတ်ကူးမိပြန်သည်… ။ ကလေးတွေကိုတော့ ဘုန်းကြီးကျောင်းခဏအပ်ထားမည်ဟု စိတ်ကူးမိသည် … ။ ဒီလို ညတွေတိုင်း တွေးရင်းမိုးလင်းသွားသည်က များသည် … ဒီညတော့ အိပ်ပျော်အောင် ကြိုးစား အိပ်ရမည် ….

 

About etone

etone has written 851 post in this Website..

Goooooooooooooooooood 4 nothing lady !!!