အခွင့်အရေးကောင်း

ShwemannmayMay 13, 20101min1187

မနေ ့က ည က ပူလွန်းလို ့ မအိပ်နိုင်ပါဘူး။ အိမ်ပြင်ထွက်ထိုင်တော့လည်း ခြင်ကကိုက်တာမို ့ ခြင်ထောင်ထဲမှာပဲ  ငုတ်တုတ်ထိုင်ယပ်ခတ်နေရပါတယ်။ မီးက ၁၁

နာရီကျ ပြန်လာမှာမို ့  မီးလာရင်တော့ အဲ ကွန်းလေးနဲ ့အိပ်ကြမယ်ဆိုပြီး မီးအလာကို စောင့်နေကြတာပါ။ အမေကတော့ ယပ်ခတ်ရင်းနဲ ့

တစ်ချက်တစ်ချက်မှိန်းနေ တာပေါ့လေ။  ဒီနွေကပူလွန်းတော့ ကလေးသူငယ်တွေနဲ ့သက်ကြီးရွယ်အိုတွေ အပူဒဏ်ကို အတော်ခံစားရရှာပါတယ်။

အိ်ပ်ပျော်နေတဲ့အမေကို ယပ်ခတ်ပေးရင်း ဒီအသက်အရွယ်ထိ မိဘကို ပြုစုစောင့်ရှောက်ခွင့်ပေးတဲ့ ကံတရားကို ကျေးဇူးအတော်တင်မိပါတယ်။

တဆက်တည်း မှာ ငယ်ငယ်တုန်းကဖတ်ဖူးတဲ ့စာအုပ်တစ်အုပ်ထဲက စာပိုဒ်လေးကိုသတိရလို ့မန္တလေးဂဇက်မှာ တင်မယ်လို ့ တေးထားလိုက်ပါတယ်။

အခု ရောက်ရောက်ချင်းပဲ စာစီပြီး တင်ပေးလိုက်ပါတယ်။ ဘာသာရေးစာအုပ်တစ်အုပ်မှာ ဖတ်ဖူးတာပါ။ သဘောကျလွန်းလို ့ခုချိန်ထိ မှတ်မိနေပါတယ်။

စာအုပ်ထဲမှာပါသလို အတိအကျတော့မပာုတ်ဖူးပေါ့လေ ကိုယ်နားလည် သဘောပေါက်ခဲ့သလို ပြန်ပြောပြမယ်နော်။

ဒါကို မပြောခင် အင်ထရိုနည်းနည်းဝင်ပါမယ် ။

လူတိုင်းမှာ မိဘကိုယ်စီရှိကြပါတယ်။ ဖဝါးလက်နှစ်လုံး ပုခုံးလက်နှစ်သစ်အရွယ်ကတည်းက ဒီနေ ့ဒီအချိန် ဒီအရွယ်ရောက်တဲ့အထိ မိဘရဲ ့မေတ္တာနဲ ့

ပြုစုစောင့်ရှောက်မုှများနဲ ့ ကျွန်မတို ့တွေ လူဖြစ်ခဲ့ကြပါတယ်။ အရွယ်ရောက်လာတော့လည်း ပညာတွေသင်ပေးခဲ့ကြတယ် ။ လူ ့လောကအလယ်မှာ

ရပ်တည်နိုင်အောင်   အစစအရာရာ သွန်သင်ဆုံးမပေးခဲ ့ကြတာ မိဘတွေပါ။  လူမှုရေး ၊ စီးပွားရေး အတွက် အစစအရာရာ အဆင်ပြေအောင်  ပင်ပန်းကြီးစွာ ကြိုးပမ်း

အားထုတ်ခဲ ့ကြရင်းနဲ ့ တစ်ဘက်ကလည်း သားသမီးတွေကို  ပြုစု ပျိူးထောင်ရင်း မိဘ ရဲ ့ စောင့်ရှောက် သွန်သင်ဆုံးမမှုအောက်မှာ ကျွန်မတို  ့

အရွယ်ရောက်ခဲ   ့ကြတယ် ။  တိုတိုပြောရရင် မိဘကျေးဇူးဆိုတာ ဆပ်လို ့မကုန်နိုင်ပါဘူး ။ ဒါကို လူတိုင်းသိကြပါတယ် ။ ဒါပေမယ် ့ အသက်အရွယ်လေးရလာလို ့

မိဘကို ကိုယ် က ပြန်ပြီးပြုစုဖို ့ ၊ စောင့်ရှောက်ဖို ့ကြုံလာတဲ့အခါမှာ တနည်းပြောရရင် မိဘကကိုယ် ့ကို ပြန်ပြီး မှီခိုရတဲ ့အခြေအနေတွေရှိလာတဲ ့အခါမှာ လူတိုင်းပာာ

ကိုယ်ငယ်စဉ်က မိဘက ကိုယ့်ကို စောင့်ရှောက်ခဲ ့သလိုမျိူး ၊ပေးဆပ်ခဲ ့သလိုမျိူး အပြည့်အဝ ပြန်ပြီးမပေးဆပ်နိုင်ကြပါဘူး။ အခြေအနေ

အကြောင်းကြောင်းကိုထောက်ပြီးတော့ပေါ့နော်။

တကယ်တော့ မိဘကို ပြန်ပြီး ကျေးဇူးတုံ ့ပြန်ခွင့်ရတယ်ဆိုတာ လွယ်တဲ ့ကိစ္စတော့မပာုတ်ပါဘူး။ ဒီအချက်ကို ပြောချင်တာပါ။

သေချာစဉ်းစားကြည့်ပါနော်။

၁ အချက် ။   ။ ကိုယ် ့ရဲ ့မိဘနှစ်ပါးလုံးက သက်ရှိထင်ရှား ရှိနေဦးမှ

၂ အချက်။    ။ မိဘက သက်ရှိထင်ရှားရှိတောင် မိဘက ကိုယ်ပြုစုတာ စောင့်ရှောက်တာကို သိရှိခံစားနိုင်ဦးမှ

၃ အချက်။    ။ မိဘကို ပြုစုစောင့်ရှောက်ဖို ့ရာ ကိုယ်ကိုတိုင်က အသိ စိတ်ဓါတ်ရှိမှ

၄ အချက်။    ။  မိဘကို ပြုစုစောင့်ရှောက်ဖို ့ရာ ကိုယ်ကိုတိုင်က အသိ စိတ်ဓါတ်ရင်တောင် အဲဒါကို အကောင်အထည်ဖေါ်ချင်ဦးမှ

၅ အချက် ။    ။ မိဘကို ပြုစုစောင့်ရှောက်ဖို ့ရာ ကိုယ်တိုင်က ဆန္ဒရှိရင်တောင် ပြုစုစောင့်ရှောက်ဖို ့ရာ ခွန်အားရှိဦးမှ

တကယ်လို ့များကိုယ့်မှာ ဒီ အချက်တွေနဲ ့ပြည့်စုံနေတယ်ဆိုရင်ဖြင့် သင်ပာာ ကံထူးသူတစ်ယောက်ဆိုတာကို သတိပြုမိပါလိမ့်မယ် ။ သင့်မှာ မိဘ ကို ပြုစု

စောင့်ရှောက်ဖို ့ရာအခွ င့်ကောင်းကြီး တစ်ရပ်နဲ ့ကြုံဆုံနေပါပြီ ။ ဒါကို လက်မလွတ်ပါစေနဲ ့နော်။

ရွှေမန်းမေတို ့ မြန်မာလူမျိူးတိုင်းပာာ မိဘအရင်းကိုမဆိုထားနဲ ့ သက်ကြီးရွယ်အိုတွေကိုတောင် စောင့်ရှောက်တတ်ကြတာပါ။ရိုသေတတ်ကြတာပါ။

ဒါပာာမြန်မာလူမျိူးတွေရဲ ့ မင်္ဂလာတရားပါ။ ကိုယ့်မိဘကိုဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့လေ။ မိဘနဲ ့အတူနေပြီး ခြေဆုပ်လက်နယ် ကအစ ပြု စု ဖို ့ရာ

အခြေအနေ မပေးရင်တောင်မှ တတ်နိုင်သရွေ ့ တတ်နိုင်တဲ့နည်းလမ်းနဲ ့ ပြုစုစောင့်ရှောက်ဖို ့ရာ လူတိုင်း က အားထုတ်ကြတာပါပဲ။  ဒီစာလေးဖတ်ပြီး စာဖတ်သူရဲ ့

အသိစိတ်မှာ တစ်ခုခုကျန်ခဲ ့မယ်ဆိုရင် ရေးရကျိူးနပ်ပါပြီ။

7 comments

  • banban

    May 13, 2010 at 5:52 am

    ကျနော်က အခုပြောထားတဲ့အချက် ၅ ချက်လုံးနှင့်ကိုက်ညီပါသည်။ 🙂

  • intro

    May 13, 2010 at 3:32 pm

    ဟုတ်ကဲ့ အစ်မရေ… အစ်မပြောတာ အရမ်း သဘာဝ ကျပါတယ်… ကျွန်တော်ဆိုရင် အစ်မလို ပြုစုဖို့ အခွင့်အရေး အရမ်းနည်းပါးပါတယ်… စိတ်ထဲမှာ ရှိပေမယ့် အပြင်မှာတော့ လက်ပွန်းတတီး မပြုစုဖြစ်ပါဘူး… နောင်များအခွင့်အရေးရအောင် လုပ်ပြီး ပြုစုဖို့ ကြိုးစားရဦးမှာပေါ့

  • moethiha

    May 31, 2010 at 4:25 am

    ကျွန်တော်လဲအခုမှပဲသဘောပေါက်တော့တဲ့ဗျာ။ကျေးဇူးတင်ပါတယ်

  • Yin Nyine Nway

    August 1, 2010 at 11:42 am

    ဟုတ်တယ်
    ဝေးမှ သိရတာ မိဘတွေ ဘယ်လောက်ကောင်းလဲ ဆိုတာ
    ပြောရင်း တောင်ြ့ိးက အမေ ကို သတိရလာပြီ

  • winne

    August 1, 2010 at 12:17 pm

    မိဘ ဆိုလို့ သေသွားတဲ့ အဖေကို လွမ်းလိုက်တာ အဖေမသေခင်ကတော့ ၃နှစ်လောက်တော့ ပြုစု လိုက်ရတယ်။ ဘာပဲ ပြောပြော မိဘကို ပြုစုရတာတော့ ကောင်းပါတယ် မိဘတွေ ကျန်းမာနေတာက ပိုကောင်းပါတယ်

  • fatty

    August 1, 2010 at 4:00 pm

    လိုရင်းတိုတိုနဲ့ကောင်းတယ်ဗျာ။အမေက ၈၆ နှစ်ရှိပြီ အိမ်မှာ အိမ်အကူမရှိဘူးလေ ကျနော်က ဒီမှာစာလာလာရိုက်ရင် အမေက တမျှော်မျှော်နဲ့ ။ တယောက်ထဲထားခဲ့ရတာလဲစိတ်မချရဘူး။ ရိုက်ပြီးပြန်ပြေးလိုက် ဖတ်ပြီးပြီးပြန်ပြေးလိုက်လုပ်နေရတယ်။

  • search123

    October 9, 2010 at 9:09 am

    မိဘကို ပြုစုခွင့် ရတယ်ဆိုတာ တော်တော်ကောင်းတဲ့ ကုသိုလ်ပါ။

Leave a Reply