အောင်မြေကိုသာ လွမ်းတော့သည်(ငါးမည်ရပြည်ရွှေဘို)

ရွှေဘိုမြို့က နန်းတော်ဟောင်းနေရာမှာ အသစ်ပြန်ဆောက်ထားတာပါတဲ့။

ရွှေဘိုမြို့ကို 2005ခုနှစ်မှာရောက်တုန်းက ဈေးအနောက်ဘက်လမ်းကနေဖြတ်သွားခဲ့ပါတဲ့အခါ လမ်းအရှေ့ဘက်မှာ စုလစ်မွန်းချွန်တွေရွှေရောင်တစ်ပြောင်ပြောင်နဲ့လှမ်းမြင်တော့ နန်းတော်နေရာဟောင်းမှာ ပြန်အသစ်ဆောက်ထားတာလို့ပြောပါတယ်။
ဟိုအရင်က နန်းတော် နောက်တော့ အကျဉ်းစခန်း(ထောင်) အခုတော့ မူရင်းမပျက်ပြန်တည်ဆောက်ထားတာသိရပါတယ်။
ဲအဲဒီတုန်းက အချိန်မရလို့ မဝင်ခဲ့ရပေမယ့် ခုတစ်ခေါက်တော့ မရောက်ရောက်အောင်သွားခဲ့ပါတယ်။
အဝင်ဝမှာမြင်ရတဲ့ ကျောက်စာ သံတံခါးပိ်တ်ထားတာရယ် ရေတွေရယ်ကြောင့် ဖတ်တော့ဖတ်ခွင့်မရ။
အဝင်ဝ တောင်ဘက်ခြမ်းမှာရှိတဲ့ ဘုံစံတုလွှတ်ကျောက်စာရုံ

ဒါကတော့မြောက်ဘက်မိဖုရားအဆောင်တော်ပါ။
အခန်းထဲဝင်ကြည့်တော့သိပ်အကျယ်ကြီးတော့ မဟုတ်ပါဘူး။
မြောက်ဘက်မိဘုရား နေတဲ့အဆောင်

မြောက်နန်းဆောင်အနီးကပ်အနီးကပ်မြောက်နန်းဆောင်
မြက်ခင်းစိမ်းတွေကြားက လှပတဲ့အနောက်စံနန်းဆောင်တော်။
အနောက်ဘက်စံနန်းဆောင်အသေး မြက်ခင်းစိမ်းကြားမှာ...............

ဒါကတော့ အရှေ့တည့်တည့်ကမြင်ရတာလေ။ရှေ့တည့်တည့်မြင်ကွင်း
အခန်းထဲဝင်ကြည့်တော့မြင်ရတဲ့တိုင်လုံးကြီးတွေ
အထဲကတိုင်လုံးရွှေ့ပိန်းချထားတယ်

နောက်ဘက်ကကြည့်ရင် တံခါးသုံးပေါက်ရှိပါတယ်။
အနောက်ဘက်ကမြင်ကွင်း

စကားဖြူပန်းပင်ကြားကမြင်ရတဲ့ တောင်နန်းမိဖုရားအဆောင်
တောင်နန်းဆောင် အဝေးမြင်ကွင်း

အနီးကပ်တောင်နန်းဆောင်
တောင်ဘက်မိဖုရား နန်းဆောင်

အလယ်နန်းမတော် ဒီအထဲမှာတော့ အကြီးဆုံးပါဘဲအလယ်နန်းမဆောင်ကြီး ဒီအထဲမှာ ပလ္လင်ရှိတယ်
နန်းဆောင်ထဲကပလ္လင်တော်
နန်းထဲကပလ္လင်တော်

ရှေ့တည့်တည့်ကမြင်ရတာလေ
ရှေ့မြင်ကွင်း

ကျောက်စာရုံနဲ့မျက်နှာချင်းဆိုင်မှာတော့ အလောင်းမင်းတရားကြီးရဲ့အုဌ်နန်းပြဿဒ်ရှိပါတယ်။

အလောင်းမင်းတရားရဲ့ ုအုဌ်ပြဿဒ် အထဲမှာကျောက်စားလေးတွေရှိတယ်

ပိတ်ထားတော့ အပြင်ကဘဲ ဓါတ်ပုံရိုက်ခဲ့ရတယ် အထဲမှာကျောက်စာတိုင်တစ်ခု
စာတန်းတွေထိုးထားတဲ့ကျောက်စာ ပိတ်ထားတော့ မဖတ်ခဲ့ရဘူး အလောင်းဘုရားပြဿာဒ်အလယ်ခေါင်မှာရှိတာပါ

ဒါကတော့ ပြတိုက် လေးနာရီကျော်တော့ ပိတ်သွားလို့ အထဲမဝင်ခဲ့ရ
ပြတိုက်ကလေးပေါ့

ပြတိုက်အဝင်ဝက ကျောက်စာတိုင်
အလောင်းဘုရားဘုန်းတော်ဘွဲ့ကျောက်စာ

မဝင်ရတော့လဲပြူတင်းပေါက်ကနေလက်သွင်းရိုက်တော့ ဒီပုံတွေမြင်ရတာပေါ့
ပြတိုက်ထဲက ရှေးဟောင်းပစ္စည်းများ

နန်းကြီးပေါ်ကမြင်ကွင်းကလွမ်းစရာ ရှေးဘုရင်များလဲ ဒီလိုကြည့်ခဲ့မယ်ထင်ပါရဲ့
နန်းမပေါ်ကနေမြင်ရတဲ့ အဝင်ဝမြင်ကွင်း

17 comments

  • windtalker

    August 29, 2011 at 9:03 pm

    ကျေးဇူးပါ
    အန်ကယ်ပေါက်
    ရွှေဘို နန်းတော်ဆောင် တွေ ထဲ
    ရောက်သွားသလို
    ခံစားရပါတယ်

  • ဆူး

    August 29, 2011 at 9:07 pm

    အလောင်းမင်းတရား ဘုန်းတန်းခိုးကြီးစဉ်က ဘယ်လိုများနေထိုင်ခဲ့မလဲ မသိဘူးနော်။
    ပလ္လင်တွေ ဘာတွေ ကြည့်ရတာ အဲဒီ ခေတ်က ပုံကော ဟုတ်ပါ့မလား.. မန်း က ပုံစံ အတူယူထားတာလား မသိဘူး။ လွမ်းမိုးမှု အရိပ်တွေ ထင်နေတယ်။ စိတ်ထင်တာ ပြောပါတယ်။

  • unclegyi1974

    August 29, 2011 at 10:05 pm

    ပြတိုက်ကပစ္စည်းတွေပျောက်ပျောက်နေတာ
    ဘယ်သူများလဲလို့
    အထင်မလွဲလိုက်ကြပါနဲ့
    သူခိုးကခိုးတာ
    ကိုပေါက်ကရိုက်တာ

  • weiwei

    August 29, 2011 at 10:50 pm

    ရွှေဘိုကို တစ်ခေါက်တော့ ရောက်ဖူးတယ် … အဲဒီနေရာတော့ မရောက်ခဲ့ဘူး …
    ပုံတွေတင်ပေးတာ ကျေးဇူးတင်ပါတယ် …. တစ်ခေါက်သွားဖို့ဆိုတာ သိပ်မလွယ်တဲ့နေရာတွေ ….

  • koyinmaung

    August 29, 2011 at 11:36 pm

    ကိုယ်မရောက်ဘူးတဲ့နေရာတွေပါ
    ဓါတ်ပုံတွေအရမ်းကောင်းပါတယ်
    ကိုယ်ကိုယ်တိုင်ရောက်သွားသလိုခံစာရပါတယ်
    ဓါတ်ပုံတွေတင်ပေးတာကျေးဇူးတင်ပါတယ်
    ဆရာပေါက်…….

  • Pearl May

    August 30, 2011 at 9:27 am

    ရွှေဘိုမှာငယ်ငယ်က ၂ နှစ်တောင် နေခဲ့ဘူးတာပါ ( ၁၉၉၁-၁၉၉၂)။ ဒီလိုနေရာရှိမှန်းမသိခဲ့ဘူး။

  • ရွှေဘိုသား

    August 30, 2011 at 9:33 am

    လေးပေါက်က တင်ပေးတော.လည်း ကျနော်ဝင်ကြည်.လိုက်တယ်
    ရွှေဘိုမြို.ကြီးကိုလည်း လွမ်းတယ်
    ရွှေဘိုမှာနေရစ်ခဲ့တဲ့ မိသားစုကိုလည်း လွမ်းတယ်
    ငယ်ကျွမ်းဆွေ စာဥ ကိုလည်းလွမ်းတယ်
    အခုနေ လွမ်းလို့ ကျနော်ရွှေဘိုသား သေသွားလို.ကတော. လေးပေါက် တရားခံပဲနော်

    လေးပေါက် မပြေးနဲ. ခဗျကို စစ်အစိုးရ စွမ်းအားရှင် တွေဝိုင်းထားတယ်

    လေးပေါက်က အခုလိုတင်ပေးတော. ကျနော်လတန်ခူးမှာ ပြန်ရင် ရိုက်တင်မယ်လို.မှန်းထားတာ
    အခုတော. လေးပေါက်ကတင်ပေးတော. ရွာသားတွေ စောစောမြင်တွေ.ခွင်. ရသွားတာပေါ.ဗျာ ကျေးဇူးပါလေးပေါက် ကျနော်သေရင် လေးပေါက် တရားခံနော်

  • မီးမီး သော်

    August 30, 2011 at 11:24 am

    နေရင်းထိုင်ရင်းတရားခံရှာနေပီ ကိုပေါက်ရေ့။ရွှေဘိုမင်းကြိ ုက်တွေမတွေ ့ရသေးဘူး။ကိုပေါက်အတွေးမရသေးလို ့ထင်တယ်။ဟိ

  • warmyae

    August 30, 2011 at 11:36 am

    ကိုပေါက် ရေ ကျွန်တော်တို.ငယ်ငယ်တုန်းကတော. ထောင်ကြီးပါ (အခုတော. နန်းတော်ကြီးပေါ.)
    တံတိုင်းကြီးတွေကလည်း အမြင်.ကြီးတွေဗျ။ အဲ ဒီတံတိုင်းကြီးတွေက အလောင်းမင်းတရာလက်ထက်ကတည်းကရှိခဲ.တာလား English အစိုးရလက်ထက်မှရှိတာလား မသေချာဘူးဗျ။အခုတော.မရှိတော.ပါဘူး။ပီးတော. အထဲက အချို. နန်းဆောင်လေးတွေကရော(ဥပမာ တောင်ဘက် မိဖုရားအဆောင်လိုမျိုး) အလောင်းမင်းတရားလက်ထက်ကတည်းကရှိခဲ.တာလားမသိဘူး။အရင်တုန်းက ထောင်ကြီးဆိုတော. ဝင်မကြည်.ဘူးဖူးဗျ။ သိရင်ပြောပြပေးပါ။အခု လို တင်ပေးတာကျေးဇူးတင်တယ်ဗျ။ကျွန်တော်ကရွှေဘိုသားမို.ပါ။

  • manawphyulay

    August 30, 2011 at 1:05 pm

    ကားခမကုန်စေပဲနဲ့ အလိုလို ရောက်ရှိသွားသလိုခံစားရပါတယ်။ အင်း မရောက်ဖူးတဲ့နေရာကျန်သေးတာက ရွှေဘိုမြို့လည်း ပါနေသေးပါကလား…. ကျေးဇူးပါရှင်… မုန့်ဆိုင်တွေကော ရှိလားဟင်… ကားနဲ့ပဲတစ်နေရာနဲ့တစ်နေရာသွားရတာလား လမ်းလျှောက်သွားရင်ကော ရလား…

  • ရွှေဘိုသား ပြန်တဲ့အချိန်ကြတော့လဲ ထပ်ပြီးဓါတ်ပုံတွေတင်ပေါ့။
    ကျနော်က ခဏလာတော့ မရောက်တဲ့နေရာတွေရှိအုံးမှာပါ။
    ရွှေဘိုကိုပထမတစ်ခေါက်က ကန့်ဘလူသွားရင်း ခဏဝင်နားတာ။
    2နာရီလောက်ဘဲနေခဲ့ရတယ်။
    အဲဒီတုန်းက ကင်မရာမရှိဘူးဗျ။
    အခုတစ်ခေါက်ကတော့ အတော်ကြာကြာနေလိုက်ရတယ်။
    ဒီတော့လဲ မှတ်တမ်းတင်မိပါတယ်။
    ရှေးကဘယ်လိုရှိခဲ့တယ်ဆိုတာ တော့ ဇာတိမြို့ခံတွေက ကျနော်ထက်ပိုသိမှာပါ။
    ထူးခြားတာပြောရရင်
    အင်္ဂလိပ်လက်ထက် မြို့အဝင်အထွက်မှာ သချိုင်းတွေလုပ်တယ်။
    ုမြန်မာပြည်ကားလမ်းဘေးက မြို့အဝင်အထွက်တိုင်းမှာသချိုင်းတွေရှိတယ်။
    သတိထားမိလားမသိဘူး။
    နန်းတော်နေရာမှာထောင်လုပ်တယ်။
    ဘာသဘောလဲတော့မသိဘူး။
    အခုခေတ်မှာတော့ အဲဒါတွေကို တတ်နိုင်သလောက်ဖယ်ယှားပစ်ပါတယ်.။
    အသေးစိတ်ကတော့ သမိုင်းပညာရှင်တွေနဲ့သုတေသီတွေကပိုသိပါမယ်။
    ကျနော်က သာမန်အရပ်သား လက်ယားလို့ ဓါတ်ပုံတွေတင်တာလေ။
    ဒါပေမယ့် သူများကို ထိခိုက်နစ်နာစေလိုတဲ့ဆန္ဒမရှိသလို ကိစ္စတစ်ခုကိုသွယ်ဝိုက်လဲမနေတတ်ပါဘူး။
    နှစ်သက်တာ မနှစ်သက်တာ ရှင်းရှင်းလေးနဲ့
    ဒဲ့ဘဲ။

  • ရွှေဘိုသားလေးရေ
    ဒီတစ်ခါပြန်ရင် မန်းလေးကို ဝင်ခဲ့။
    ကိုပေါက်နဲ့မင်း ရွှေဘိုကို အတူသွားမယ်ကွာ။

    • windtalker

      October 25, 2011 at 2:55 pm

      တယ်ချစ်နေကြပါကလား
      ဟို ပို ့စ်ထဲက အဖြစ်ဟာ အမှန်များလား လို ့တောင် ထင်သွားရတယ်

  • char too lan

    October 25, 2011 at 5:18 pm

    အဲ့ဒီရွှေဘို ………. ဘယ်လိုရေစက်ရှိလဲမသိဘူး တစ်ခါမှမရောက်ဖူးဘူး အမျိုးအဆွေလဲမရှိဘူး
    ဓာတ်ပုံတောင် ခုမှမြင်ဖူးတယ်
    အိမ်မက်ထဲမှာတော့ ခဏခဏရွှေဘိုဆိုတာရောက်တယ် ရွှေဘိုမှာနေတယ်လို့မက်မက်နေတယ် ဗျာ… 🙁

  • nozomi

    October 25, 2011 at 6:21 pm

    ရွှေဘိုကို တစ်ခေါက်ရောက်ဘူးတယ် ခဏပါပဲ
    ဦးပေါက်ရိုက်တဲ့ ရွှေနန်းတော်ကြီး ထောင်ဘဝ တုံးက အထဲကို တစ်ခေါက် ဝင်ကြည့်ဘူးတယ်
    နောက် ရွှေဘိုမှာ ရွှေချက်သို ဘုရားဆိုတာ ရှိသေးလားလို့ ဝါးတားတားဖြစ်နေတယ်

    အင်္ဂလိပ်လက်ထက် မြို့အဝင်အထွက်မှာ သချိုင်းတွေလုပ်တယ်။
    ုမြန်မာပြည်ကားလမ်းဘေးက မြို့အဝင်အထွက်တိုင်းမှာသချိုင်းတွေရှိတယ်။ ဆိုတာမှာ တခြားမြို့တော့ မသိဘူး ရွှေဘိုကတော့ အလောင်းမင်းတရားကြီး စစ်တိုက်ထွက်ခါးနီးတိုင်း နင်းတဲ့ အောင်မြေမှာ င်္သချိုင်း လုပ်လိုက်တာတော့ မှတ်မိတယ် ထောင်ဆိုလဲ နန်းတော်နေရာ မှာ ဆောက် ပလ္လင်ရှိတဲ့နေရာ မှာ ကြိုးစင်ထားတယ် နံနှိမ်တာပေါ့

    ဦးပေါက် ပုံတွေကြည့်ရင်း အဆောင်ဆောင်တွေမှာ နေရင်း မင်းကြီး ဘယ်အချိန် ငါ့ဆီလာမလဲလို့ မျှော်နေရမဲ့ အဆောင်သူတွေ (တောင်၊မြောက်၊နောက်) ဘဝ ကိုလဲ တွေးမိသွားတယ်

  • သိပ်ဟုတ်တာပေါ့ နိုဇိုမီရယ်
    ဒါကြောင့်လဲအခုခေတ်မှာ သချိုင်းတွေကိုပြန်ရွှေပြီး ကားကြီးကွင်းလုပ်လိုက်တာလေ.
    သဘောပေါက်။
    ကျနော်တို့မယုံပေမယ့် ယုံသူတွေလုပ်ကြတဲ့ ဗေဒင်ကိန်းခန်းတွေပါခင်ဗျာ။

Leave a Reply