သူလွမ်းရင် ပန်းမှာစိုးလို့

koyinAugust 30, 20112min16811

သူလွမ်းရင် ပန်းမှာစိုးလို့

 

မင်းနှုတ်ခမ်းက

မင်းရဲ့ အနမ်းတွေ 

မင်းပဲ လေ ခြွေချ…

ကြွေကျသွားခဲ့တာက အသည်းတစ်ခြမ်း

အကန်းလမ်းလျှောက်ထွက်ခဲ့တာ 
ကမ္ဘာတစ်ပတ်…


ကဗျာ စပ်လို့ 
နေနဲ့လကို ပေါင်းစပ်ဖို့ကြိုးစား
ရိုးရိုးသားသား တစ်ခါတရံ အမှားလို့
နှုတ်လုံစွာ မြိုသိပ် 
ကဗျာတွေ မအိပ်တဲ့ တိတ်ဆိတ်တဲ့ ညအလယ်
ကြယ်ရောင် တစ်လက်လက်
ပိုးစုန်းကြူး ခတ်တဲ့ လေပြေ
စာရွက်တွေ မွစာကြဲ
လက်တစ်ချောင်းလုံးလည်း ကိုက်ခဲနေပြီ…

ပျောက်ဆုံးသွားတဲ့ ဗီဇာ
ပြည်တော်ဝင်ခွင့်မပါဘဲနဲ့
ရွက်လွင့်ခွင့်မရှိတဲ့ တက်တစ်ချောင်းလို
မဲဇာမှာ မုန်တိုင်းကို လှုှိုင်းပုတ်ပြီး
တိတ်တဆိတ် စီးဆင်းလိုက်ရတဲ့ 
ပါးပြင်ပေါ်က ရေတစက်
အငွေ့တွေ ထွက်နေတာကတော့….

စစ်ပွဲလား
အနိုင် 
အရှုံး…
ဘယ်တုန်းကရော ပြိုင်ခဲ့ဖူးသလဲ
တံပိုးခရာ
လက်နက်တွေလည်း ပါမလာဘူး
ရင်ဝမှာ စူးချက်
အဲဒါ အဆိပ်တက်တဲ့ ဒြပ်မဲ့မြား
အဂတိတွေ မလိုက်စားဘဲနဲ့တောင်
ဘာလို့ တောင်နံရံတွေ ပေါက်ထွက်
စကားလုံးတွေနဲ့ တိုက်ခိုက်ပစ်လိုက်တာ

ငါရင်ဟာ နင်ခင်းတဲ့
မျက်ရည်တွေရဲ့ စီးချင်း
အဲဒီ စစ်တလင်းမှာ 
မာယာမပါဘူး
သုံ့ပန်းကို ထူးခတ်ပစ်လိုက်တယ်…

ပရိယာယ် ငါမကြွယ်ပေမယ့်
ဒီနေ့မနက် အရုဏ်တက်က
သန်းခေါင်ထက် နက်နေသလို
ဂစ်တာအိုကို ထိုင်ငေး
ငါရေးတဲ့ သံစဉ်
နရီတွေ ပျက်ယွင်းသွားတယ်ဆိုရင်လည်း…

တစ်ဖက်ကို မကမ်းခဲ့ပေမယ့်
လမ်းတစ်ဝက်က လှမ်းထွက်ခွာ
အဲဒီကာရန်တွေရဲ့ နောက်ကွယ်မှာ
ဝေဒနာ…
ခံစားမှု….
တစ်ကြိမ်တစ်ခါက မျှော်လင့်ခဲ့ဖူးတဲ့
အတုအယောင်မျိုးဆိုရင်လည်း…..

လေထဲကနေ စစ်မခင်းချင်ပါနဲ့

ရေထဲက လှေ ဝမ်းဗိုက်မှာ…

သိပ်မကြာပါဘူး
မကြာတော့ပါဘူးလေ……..


တောက ကိုရင်


11 comments

  • koyin

    August 30, 2011 at 6:04 pm

    လက်တန်းကဗျာကြိုက်တဲ့ နွယ်ပင်နဲ့
    ကွန်မန့်ကိုခိုက်တဲ့ ကပ္ပတိန်တို့အတွက်
    ကိုရင် မန့်ထားတဲ့ လက်တန်းကဗျာလေးပါ…
    ပြန်ရှာပြီး တင်ပေးလိုက်ပါတယ်…
    လက်ကို တန်းပြီး စပ်ထားသောကြောင့်
    သည်းခံပြီး ဖတ်ပေးပါ…
    လေလွင့်လူရဲ့ သူမြင်ရင် ပန်းမှာစိုးလို့ ကဗျာလေးကို ပြန်မန့်ထားတာလေးပါ…
    ပျော်ရွှင်ပါစေ…

  • ငရဲသား

    August 30, 2011 at 7:48 pm

    ဒီကဗျာ လေးကောပဲလား တောကကိုရင်ရေ၊ ဘူ့ အတွက်တုန်း၊ မျက်နှာမလိုက်နဲ့လေဗျာ။
    တောကကိုရင်လဲ ချမ်းမြေ့ပါစေ။

    • koyin

      August 30, 2011 at 8:14 pm

      အမ်းးးးးးးး
      ဟုတ်
      ဒီကဗျာက နွယ်ပင်နဲ့ ကပ္ပတိန်အတွက် တင်ပေးတာပါ…
      ပျော်ရွှင်ပါစေ…

  • yetazar

    August 30, 2011 at 8:22 pm

    “ပျောက်ဆုံးသွားတဲ့ ဗီဇာ
    ပြည်တော်ဝင်ခွင့်မပါဘဲနဲ့
    ရွက်လွင့်ခွင့်မရှိတဲ့ တက်တစ်ချောင်းလို
    မဲဇာမှာ မုန်တိုင်းကို လှုှိုင်းပုတ်ပြီး
    တိတ်တဆိတ် စီးဆင်းလိုက်ရတဲ့
    ပါးပြင်ပေါ်က ရေတစက်
    အငွေ့တွေ ထွက်နေတာကတော့…. ´´ မော်ဒန်လောကမှာ အသစ်ဆုံး စကားလုံးကောင်းတစ်ခုပါ ။ ချီးကျူးပါတယ် တောကကိုရင် စကားလုံးအသစ်ကလေးတွေကိုချစ်တတ်တဲ့ ကျွန်တော့ နှလုံးသားကိုတော့ ဒီစကားစုလေးက စူးနစ်စွာဝင်ရောက်သွားတာပဲ ။ လက်တန်းကဗျာလေးလို့သိရတဲ့အတွက် ပါရမီရှင် တစ်ယောက်အဖြစ်လေးစားမိပါတယ် ။ ကိုရင်ဆီက ဂန္ထဝင် လက်တန်းကဗျာလေးတစ်ပုဒ်လောက် မျှော်လင့်ချင်ပါတယ် ။ အောင်မြင်ပါစေ တောကကိုရင် ။ ။

    • koyin

      August 30, 2011 at 8:55 pm

      ဗျာ
      ဟုတ်…
      ခုလို တခုတ်တရ မှတ်ချက်ရေးပေးတဲ့အတွက်
      တကယ် အားတက်ရပါတယ်
      ပါရမီရှင်တော့ တကယ်ကို မဟုတ်ပါဘူး
      ဒီလိုပဲ လက်စမ်းနေတာပါ
      လက်တန်းကဗျာလေးတွေ ရှိပါတယ်
      များသောအားဖြင့် သူများစာတွေ ဖတ်ပြီး
      ကွန်မန့်ပြန်ပေးတာမျိုးပေ့ါ
      ဂန္တဝင်လောက်အောင်တော့
      ဟီး
      အိပ်မက်တောင် မမက်ရဲပါဘူးဗျာ…
      ခုလို အားပေးတဲ့သူရှိတော့
      ပိုပြီး ကြိုးစားရမှာပေ့ါ
      ရဲတေဇာ ပျော်ရွှင်ပါစေ….

      • ပေါက်ဖော်

        August 31, 2011 at 10:49 am

        တိုရင်..
        လက်တန်း ကဗျာအပြင်.ခြေတန်း.ပေါင်တန်း ကဗျာမျိုးရေးဖို ့ကော အစီအစဉ်ရှိပါသလားခင်ဗျ ?
        သိပါရစေ..
        ပြီးတော့ .လက်တန်းကဗျာကို ဘယ်တီးဝိုင်းနဲ ့တီးထားပါသလဲ..ခင်ဗျ

        လကားကြောတာ..
        ဂဗျာဒွေ..ကောင်းဒယ်..လို ့ပြောမို ့ 😀

        • koyin

          August 31, 2011 at 12:59 pm

          အဟီး….
          အစီအစဉ်တော့ မရှိသေးပါဘူးကွယ်
          ဝယ်တဲ့သူရှိရင်တော့…
          တီးဝိုင်းကလား
          ခံစားချက်တီးဝိုင်း
          နှလုံးသားရင်ခုန်နှုန်းတွေ တဒိုင်းဒိုင်းနဲ့….
          တရုတ်ကြီး ပျော်ရွှင်ပါစေ…
          (ဒစ်ရှင်နရီ ကြည့်ပြီးသွားပြီ)

  • မီးမီး သော်

    August 30, 2011 at 10:54 pm

    ကိုရင်ရေ ကျေးဇူးဘဲနော်။

    လေထဲကနေ စစ်မခင်းချင်ပါနဲ့
    ရေထဲက လှေ ဝမ်းဗိုက်မှာ… ဘာအဓိပ္ပာယ်ပါလိမ့်နော်

    • koyin

      August 31, 2011 at 1:03 pm

      ဘာအဓိပ္ပါယ်လဲ…ဆိုတော့ကာ
      စစ်ခင်းတယ်ဗျာ…
      လက်နက်ကြီးတွေ လက်နက်ငယ်တွေပါမယ်
      ပစ်ကြခတ်ကြမယ်
      ရန်သူက လေထဲမှာ
      လေကြောင်းက တိုက်တာပေါ့ဗျာ
      ကိုယ်က ရေထဲမှာ
      လှေငယ်လေးပေါ်မှာ…
      ဘယ်မှာ လာခံနိုင်မှာတုန်း
      အဲဒါအပြင်….
      အဲဒီ လှေရဲ့ ဝမ်းဗိုက်မှာ အပေါက်ပါနေတယ်ဗျာ…
      အဲတော့ သူတိုက်တိုက် မတိုက်တိုက်
      အပေါက်က ရေဝင်ပြီး အချိန်တန်ရင် လှေက နစ်မြုပ်သွားမှာ
      ရန်သူရဲ့ အင်အားကလည်း အများကြီး သာနေတယ်
      ကိုယ့်ဘက်မှာလည်း အားနည်းချက်တွေ ရှိနေတယ်
      အရမ်းကြီးကို ကွာဟလွန်းနေတယ်… လို့ ပြောချင်တာပါ…
      မီးမီးပျော်ရွှင်ပါစေ….

  • koyin

    August 31, 2011 at 1:32 pm

    အဲ…
    ဖတ်ရင်းနဲ့ အိပ်ငိုက်သွားလို့ သန်းနေတာလား
    တက်တာက တက်နိုင်ပါတယ်…
    ခက်တာက အပေါ်ကို မရောက်ဘူး ဖြစ်နေတာ
    ဟီး…
    အပင်က မြင့်လွန်းတယ်လေ…
    မီးမီး ပျော်ရွှင်ပါစေ…

Leave a Reply