ဝက်အူရစ်ပြုန်းနေတဲ့ ……နပ်ကလေး

naywoon niAugust 29, 20111min15112

ဘဝ ဆိုတာကိုက
ဝက်အူရစ်ပြုန်းနေတဲ့
နပ်တစ်လုံး သာပ –
ဘယ်လိုဂွနဲ့ ကျပ်ကျပ်
နေသားကျ မရပ်တည်နိုင်တော့ဘူး…။
ဒီတော့….
လည်ပတ်နေတဲ့ အင်ဂျင်ရဲ့ အဟုန်အတိုင်း
ဟိုခုန် ဒီခုန်
ဟိုဟို ဒီဒီ ပြေးလွှားနေရင်း
ချွေးဒီးဒီ ကျနေရရှာပေါ့…။
မသေမသပ် ခေါက်ရိုးကျိုးနေရရှာတဲ့
ဘဝဆိုတဲ့ အကောင်လေးရေ………
ဘဝဆိုတာ အစ ပြန်ရှာမတွေ့ရင်တော့
အဆုံးထိရောက်အောင်တော့ ခရီးနျင်လိုက်ဦးမှပေ့ါ….
တစ်နေ့တော့ မင့်နေရာမှာ
နပ်အသစ်တစ်လုံး အစားဝင်လာမှာပေါ့ကွာ…..
အဲဒိတော့မှ…..
အမြဲခုတ်မောင်းနေတဲ့ အင်ဂျင်ပေါ်မှာ
မင်းခုန်ပေါက် ပြေးလွှားမနေရတော့မှာ
တစ်ကယ်လို့ များ……
အဲဒိအချိန်ရောက်ခဲ့ရင်
မင်းလို နပ်တစ်လုံးဟာ
ဘယ်နေရကိုရောက်နေမလဲဆိုတာ
တွေးမိရဲ့လား?

နေပူကျဲကျဲ သဲပူထဲပဲရောက်နေမလား
မိုးထဲ လေထဲ ရွှံ့ဗွက်ထဲပဲကျနေမလား
ကလေးတွေ ဆော့တဲ့
ကစားစရာ ပုန်းအဟောင်းထဲမှာပဲ အသိမ်းခံရမလား
ဟိုပစ် ဒီပစ်နဲ့
လောက်လေးဂွ ထဲပဲရောက်နေလေမလား..
တစ်နေရာရာတော့ ရောက်သွားရှာမှာပဲ…လေ……။
ဒီတော့
မင့်နေရာလေးမှာ အစားဝင်မဲ့ နပ်တစ်လုံးရောက်မလာခင်တော့
ဒီနေရာလေးမှာ
မင်းပျော်အောင်နေပေတော့
ဝက်အူရစ်ပြုန်းနေတဲ့ နပ်ကလေးရေ………။ ။

နေဝန်းနီ

12 comments

  • ဆူး

    August 29, 2011 at 9:51 pm

    ကိုယ်ပိုင် စစ်စစ်တွေ တင်တာ ကော်ပီ ပေ့စ် ဖြစ်နေတယ်။ ပြင်လိုက်အုန်း။

  • ငရဲသား

    August 29, 2011 at 10:03 pm

    ဒါဆိုရင် အပစ်ကျတော့မယ်လား၊ ( စတာနော်)

  • naywoonni

    August 29, 2011 at 10:17 pm

    ဟုတ်ကဲ့…မမ ။ ပို့တင်တာကိုမတတ်သေးလို့ပါ..။ add new ဆိုတဲ့စာမျက်နှာမှာ Categories မပေါ်ဘူးဖြစ်နေတယ်..။ အဲဒိတော့ ပို့စ်တင်ပြီးမှ all post ဆိုတဲ့ စာမျက်နှာပြန်သွားပြီး post တစ်ခုချင်းစီရဲ့ အောက်မှာ မျှားရောက်သွားရင်ပေါ်လာတဲ့ edit/quick edit/ view ဆိုတဲ့ အထဲက quick edit ဆိုတာလေးကို ဖွင့်လိုက်မှ Categories က ပေါ်လာတယ်…။ အဲဒိမှ စောစောက ပေါ်တဲ့ ကော်ပီအင်ပေ့စ် ကိုပြန်ဖြုတ်ပြီး ကိုထည့်ချင်တဲ့ Categories ပြန်ထည့်ရပါတယ်..။ အဲဒါတင်ရင် Blogger.com မှာ သွားဆော့နေမိလို့ မပြင်လိုက်မိတာ..။ နောက်ကို သတိထားပြိး ချက်ချင်းပြင်ပေးပါ့မယ်… ။ နော် အမိုက်အမဲလေး သီးညည်းခံပေးပါ…။

  • မီးမီး သော်

    August 29, 2011 at 11:49 pm

    အယ်ခုမှ သိတယ်။အဲလိုလုပ်မှရတာလား။သွားပါပီ သူများရေးထားတဲ့ပို ့စ်တွေမှာ မလုပ်တတ်လို ့မလုပ်ခဲ့မိဘူး။ဟင့် ဟင့်

  • blackchaw

    August 30, 2011 at 9:51 am

    မည်သို့ပင်ဆိုစေကာမူ ကာ်ပီ ပေ့စ် ဖြစ်နေတယ်။ ပြင်လိုက်အုန်း ဆိုတဲ့ ဆူးရယ် ကဗျာရေးတဲ့ နေဝန်းနီ ရယ် နှစ်ယောက်စလုံးကို ကျေးဇူးတင်ပါတယ်။

  • ရွှေဘိုသား

    August 30, 2011 at 10:02 am

    အမိုက်အမည်း လေးမို. ခွင့်လွှတ်တော်မူပါတဲ.
    ငါ.ကိုများ စွပ်စွပ်စွဲစွဲ
    ဘယ်သူလည်းဟေ. ကိုယ်.ဖာသာကို စည်းကမ်းတကျ မတင်ပဲ
    ခွင်.မလွှတ်ဘူးဟေ. ဂိမ်းကျတော. ဆော.နေတယ်တဲ.
    ရွှေဘိုသား သစ်ပင်စောင်. နတ်လုပ်ကြည်.တာ

    အရှေ.ကထွက်တဲ. နေဝန်းနီ ရေခင်လို.စတာနော်
    စိ်တ်မဆိုးနဲ. မချောတတ်ဘူးဗျ
    စိတ်ဆိုးလို. မချောတာနဲ. ပျက်ခဲ.တဲ.ရည်းစားတွေ သက်စေ.မကတော.ဘူး
    အောင်.ရဲ.အောင်.ကြည်. ဧဝရတ် ရှိတယ်
    ဆိုးရဲ.ဆိုးကြည်. ရွှေဘိုသား နဲ.တွေ.မယ်

  • blackchaw

    August 30, 2011 at 10:29 am

    ကျွန်တော်က ဒီမှာ ဝင်ရေးဖြစ်တာ သိတ်မကြာသေးလို့ ကိုယ်တိုင်ရေးပေမယ့် ကော်ပီပေ့စ် ဖြစ်နေပါတယ်။ ပြင်လို့ရပါသလား။ ရတယ် ဆိုရင် ဘယ်လိုလုပ်ရတယ်ဆိုတာ လမ်းညွှန်ပေးကြပါဦးခင်ဗျာ။

  • Shwe Ei

    August 30, 2011 at 10:47 am

    ဘဝက နပ် ဆိုတော့ အင်ဂျင်က သံသရာပေါ့ (အထင်နဲ့ ရမ်းတုတ်လိုက်အုံးမယ်)။ ဒါဆို သံစဉ်လေးထည့်လိုက်ရင် ဘဝသံသရာ သီချင်း Version အသစ်ဆိုပြီးထုတ်လို့ရဘီ။:P

  • ကြောင်ကြီး

    August 30, 2011 at 11:30 am

    ပျော်ရာမစေ
    တော်ရာနေတဲ့
    ဘဝလေပွေ
    ထန်တုံးခဏ
    ငြိမ်လိုက်ကြ..
    နောက်တော့
    ပွဲပြီးမီးသေ
    ပြီးသွားတော့လည်း
    ပြီးတာပဲ..။

  • char too lan

    August 30, 2011 at 1:22 pm

    “တခုခုရဲ ့တန်ဖိုးကို မရှိတော့မှသိရတယ်” လို့ ကြားဖူးပီး ကိုယ့်ဟာကိုကျေနပ်နေတာ
    ဒီကဗျာဖတ်လိုက်ရတော့မှပဲ ………… တကယ် လမ်းပျောက်သွားတယ် 🙁

  • etone

    August 30, 2011 at 2:34 pm

    (((တစ်ကယ်လို့ များ……
    အဲဒိအချိန်ရောက်ခဲ့ရင်
    မင်းလို နပ်တစ်လုံးဟာ
    ဘယ်နေရကိုရောက်နေမလဲဆိုတာ
    တွေးမိရဲ့လား?))) ဆိုတာမျိုး …. မတွေးခဲ့မိဘူး … ။ အဘနီပြောတော့လည်း ဟုတ်တုတ်တုတ်နဲ့ … ။ ဟင်း ခနဲ သက်ပြင်းချပြီးပဲ … အချောင်ခိုနေချင်တော့တယ် … ။ 🙄

  • naywoonni

    August 31, 2011 at 8:20 pm

    အမေားမတွေးမိတာကို တွေးကြည့်တာ အီးတုန်းရဲ့…။ လက်မထောင်လွန်းပြီး ကိုယ့်ကိုကိုယ်ဝက်အူရစ်ပြုန်းလို့ ပြုန်းနေမှန်း မသိတဲ့ သူများကိုလည်းရည်ရွယ်ပါတယ်..။ ကိုယိကိုကိုယ် ဝက်အူရစ်ပြုန်းနေမှန်း သိပြီး လောကကြီးကို စိတ်ကုန်နေတဲ့သူတွေကိုလည်း ရည်ရွယ်ပါတယ်..။

Leave a Reply