ရဝေနွယ်(အင်းမ) ရေး တဲ့ ( ဖြစ်ပြီးတဲ့အကုသိုလ် တွေ ဘယ် လိုပယ်မလဲ) စာအုပ်ထဲကပါ၊  ကျွန်တော်ဖတ်ပြီးကောင်းလွန်းလွန်းလို့ပါ ။  လိုရင်းကတော့    “သူခိုးနဲ့ဝိပဿနာ၊ ၀ိပဿနာနဲသူခိုး” ဆိုတာ ပြဒါးတစ်လမ်း သံတစ်လမ်းလို့ ထင်စရာရှိပါတယ်။ “ငါသူခိုးပဲ   ငါသူခိုး ပဲ” ဆို  ပြီး ကိုယ့်ကိုယ်ကိုစိတ်ဓာတ် တွေကျနေစရာ မလိုပါဘူး၊ သူခိုးဝိပဿနာ တရားအားထုတ်ရင် တရားထူးနိုင်သေးတယ် လို့ ဆိုထားပါတယ်၊

ဖတ်ပြီးကျွန်တော်ဆက်တွေးခြင်း

ငါးသူခိုး  ၀ါးသူခိုး၊ အချိန်သူခိုး  ပန်းတိမ်သူခိုး၊ ငွေသူခိုး  ရွှေသူခိုး၊ လင်သူခိုး  အကြင်သူခိုး၊ အတွေးသူခိုး အရေးသူခိုး၊ မြေသူခိုး  ရေသူခိုး၊ လူသူခိုး မူသူခိုး၊  အာဏာသူခိုး  သာယာသူခိုး၊ ပစ္စည်းသူခိုး  ချစ်တီးသူခိုး၊ အနိုင်ကျင့်သူခိုး  ပိုင်ဆိုင်ခွင့် သူခိုး ၊ အလေးသူခိုး  ဆေးသူခိုး၊ ဖောက်ထွင်းသူခိုး  စောက်ပျင်းသူခိုး (sorry for the offensive language) သူခိုးကြီး  သူခိုးငယ် များ အားတက်စရာပါ။  ဆက်မခိုးပဲ  ၀ိပဿနာ တရားအားထုတ်ရင်  တရားထူးရ နိုင်သေးတယ် တရားမရတောင်  ခဏတော့စိတ်ကောင်း  မွေးမြူနိုင် သေးတာပေါ့ နော…

ဆရာတော် ရဝေနွယ် (အင်းမ) အား ဦးခိုက်လျှက်။

 

 

About Sonny

Sonny Min Naing has written 42 post in this Website..

A freelance English Teacher, fond of reading and writing poems.