***မိန်းမသား ချင်းမို ့စာနာပါ***

တစ်လောက မလေးနဲ ့ထိုင်းနယ်စပ် HatYai က တရားမဝင်တဲ့ Massage ခန်းမှာ မိန်းကလေး အယောက် ၇ဝ လောက်ဖမ်းမိပါတယ်။
အဲ့ဒီထဲမှာ မြန်မာမလေး နှစ်ယောက်ပါတယ်။ သူတို ့အားလုံးဟာ အဲ့ဒီနေရာမှာ ရောင်းစားခံရတာတဲ့။ အပြင်လဲထွက်ခွင့်မရဘူး။
ညှင်းပန်းနှိပ်စက်မှုလဲ ခံရတယ်တဲ့။ အခုလို ရဲက ဖမ်းလိုက်တော့ ရဲတွေကို ကျေးဇူးအရမ်းတင်ပါတယ်တဲ့။သူတို ့လဲ အဲ့ဒီငရဲခန်းက
လွတ်ချင်နေတာကြာပြီတဲ့။မြန်မာအမျိုးသမီးတွေ နိုင်ငံခြားမှာ ရောင်းစားခံရတာ ။ဘဝပျက်ရတာဟာ
နိုင်ငံခြားသားတွေက လာပြီးဝယ်တာမဟုတ်ဘူးနော်။ လူစိတ်မရှိတဲ့ ကိုယ့်မြန်မာလူမျိုးတွေက ပဲ ရောင်းစားလိုက်တာပါ။
အသားထဲက လောက်ထွက်တယ်ဆိုပါတော့။
ဘယ်သူကမှ လူတွေမရိုသေတဲ့ အလုပ်၊မိဘနဲ ့ဆွေမျိုးမောင်နှမတွေ မျက်နှာငယ်မယ့်အလုပ် ကို လိုလိုလားလားနဲ ့လုပ်ချင်ကြမှာမဟုတ်ပါဘူး။  ကံမကောင်း အကြောင်းမလှလို ့သာ မတတ်သာတဲ့ အခြေနေအကြောင်းကြောင့်သာ လုပ်နေရတဲ့သူတွေများပါတယ်။
မိန်းမသားချင်း ကိုယ်ချင်းစာကြည့်ပါဦး မချစ်မနှစ်သက်တဲ့သူကို ကိုယ့်ဘဝ စတေးဖို ့ဆိုတာ တော်တော် မသတီစရာ
စိတ်ဆင်းရဲစရာ အလုပ်ကြီးပါ။

မဟာချိုင်က ကောင်မလေးတစ်ယောက်  ကောင်လေးတစ်ယောက်နဲ ့ဖုန်းထဲမှာ ချစ်သူဖြစ်သွားပါတယ်။
ဓါတ်ပုံတွေအပြန်အလှန်ပို ့ရင်း
ကောင်လေးက တစ်ကယ်မေတ္တာရှိလို ့အတည်ယူမယ်။သူရှိတဲ့ ရာဘာခြံ ကို ပွဲစား အဆက်အသွယ်နဲ ့လာခဲ့ပါဆိုတော့
ကောင်မလေးကလဲ လူပို ့တဲ့ ပွဲစားအဆက်အသွယ်နဲ ့ကောင်လေးရှိရာ စူရတ်ဌာနီ ကို သွားဖို ့ပွဲစားအိမ်သွားတာ
မြန်မာပွဲစားက ဒီည ဒီမှာပဲ ညအိပ် နောက်နေ ့ပို ့ပေးမယ်ဆိုပြီး သူ ့အိမ်မှာ အိပ်ခိုင်းပါတယ်။
အဲ့ဒီညမှာပဲ ပွဲစားက  ကောင်မလေး ကို  ဖျက်ဆီးလိုက်ပါတယ်။ ကောင်မလေးက ချမ်းချမ်းသူငယ်ချင်း အမျိုးသားရဲ ့ရွာကဆိုတော့ သူငယ်ချင်းဆီ ငိုပြီး ဖုန်းဆက်တယ်။သူ ့ကို အမြန်လာခေါ်ပါ။ အဲ့ဒီပွဲစားနဲ ့မလိုက်ရဲတော့ဘူး သူ ့ကိုမကောင်းတဲ့နေရာ ရောင်းစားလိုက်မှာကြောက်တယ်လို ့ပြောတော့ ချမ်းချမ်းသူငယ်ချင်းရဲ ့အမျိုးသားကလည်း အဲ့ဒီပွဲစားအိမ်က နေ ကောင်မလေးကို သွားပြန်ခေါ်ခဲ့တယ်။ ပြီးတော့ ကောင်မလေးရဲ ့ချစ်သူကို လည်း အဖြစ်အပျက်အမှန်အတိုင်း ပြောပြလိုက်တယ် ။ကောင်မလေးကလဲ ကောင်လေးဆီမသွားရဲတော့ဘူး။ ဒါပေမယ့် ကောင်လေးက နားလည်စွာနဲ ့ကောင်မလေး ကိုတစ်ကယ်ချစ်တာပါတဲ့။အပျိုပဲဖြစ်ဖြစ် အအိုပဲဖြစ်ဖြစ် အရေးမကြီးပါဘူးတဲ့။ သူ ့ကိုတစ်ကယ်ချစ်တာမှန်ရင်  သူ ့ဆီသာလာခဲ့ပါ။ လက်ထပ်ယူပါ့မယ်လို ့ပြောတော့ ချမ်းချမ်း သူငယ်ချင်းရဲ ့အမျိုးသားကိုယ်တိုင်ကောင်လေးရှိတဲ့နေရာကို လိုက်ပို ့ပေးလိုက်တယ်။
ကောင်လေးရဲ ့သဘောထားကြီးမှုကတော့ တော်တော်လေး ရှားပါတယ်။

ချမ်းချမ်း ထိုင်းနိုင်ငံကို မရောက်လာခင် တစ်ချို ့သူငယ်ချင်းတွေက ဘာပြောလဲဆိုတော့  နင်သွားရင် သေချာပေါက် ရှမ်း(ထိုင်း)မယားငယ် ဖြစ်ပြီတဲ့.ဘာဖြစ်လို ့လဲဆိုတော့ ရှမ်း(ထိုင်း) ယောကျင်္ားလေးတွေဟာ မယားများတယ်။ သူတို ့အလုပ်သမားတွေကို စော်ကားဖျက်ဆီးပြီး မယူတာများတယ်တဲ့။ ချမ်းချမ်းလဲမလာခင်ကတည်းက  ဖေဖေ့ကို မေးတာပေါ့။ သူတို ့ပြောတာ တစ်ကယ်လားဆိုတော့ ဖေဖေက
“လူကောင်း လူဆိုးဆိုတာ လူမျိုးနဲ ့ဘာသာနဲ ့မဆိုင်ဘူးတဲ့။ လူသားချင်းကိုယ်ချင်းစာစိတ် စာနာစိတ်နဲ ့ပဲဆိုင်တယ်တဲ့။ ကိုယ်နဲ ့လူမျိုးမတူ ဘာသာမတူပေမယ့် လူသားချင်းကိုယ်ချင်းစာစိတ်ရှိတဲ့သူတွေရှိသလို လူမျိုးချင်းတူ ဘာသာချင်းတူပြီး ယုတ်မာကြတဲ့သူတွေအများကြီးပါပဲတဲ့။
သမီးသာ ကိုယ့်ကိုယ် ကိုယ်ထိန်းနိုင်ရင် စိတ်ကောင်းထားပြီး ရတနာသုံးပါးကိုသာ ရိုသေရင် ဘယ်နေရာသွား ကောင်းတဲ့သူနဲ ့တွေ ့မှာပဲတဲ့။  အဓိက ကိုယ်တိုင်က သတိနဲ ့အနေအထိုင်တတ်ဖို ့ပဲ အရေးကြီးပါတယ်တဲ့။

ခန္ဓာ ကိုယ်နဲ ့ရင်းပြီး ဝမ်းစာရှာနေရတဲ့ မိန်းမတစ်ယောက်ကို မိန်းမပျက်လို ့လူတွေကသတ်မှတ်ကြတယ်နော်။ သူတို ့တွေကိုလည်း တော်တန်ရုံလူက လူရာမသွင်းတော့ဘူး။ လူ ့ပတ်ဝန်းကျင်အသိုင်းအဝိုင်း နဲ ့မတန်တဲ့သူအဖြစ် အထင်သေးရွံရှာကြတာဘာ့ကြောင့်လည်း။ ပြည့်တန်ဆာဆိုတာ ဘုရားရှင်လက်ထပ်ကတည်း ရှိခဲ့ပါတယ်။
ပြည်ကြီးရဲ ့ကျက်သရေ အဆင်တန်ဆာ အဖြစ် မင်းတွေကိုယ်တိုင်က ချီးမြှောက်ထားခဲ့ပါတယ်။ သီရိမာ ဆိုတဲ့ ပြည့်တန်ဆာ ဆိုရင်
သူနဲ ့ပျော်ပါးဖို ့တစ်ညကို အသပြာ တစ်ထောင် ပေးရပါတယ်။ဒါတောင် တော်တန်ရုံ ချမ်းသာတဲ့ သူတွေအနားမကပ်နိုင်ဘူးနော်။
မင်းစိုးရာဇာတွေ မူးကြီးမတ်ကြီး သေနာပတိတွေ တစ်ကယ့်သူဌေးသူကြွယ်တွေ တောင် ကြိုတင်စာရင်းပေးထားရတာတဲ့။
နောက်ဆုံးမှာ တော့ လူတွေရဲ ့အထင်သေးကဲ့ရဲ ့ခံရတဲ့ ပြည့်တန်ဆာ  သီရိမာ တောင် ဘုရားရှင်ရဲ ့တရားတော်ကြောင့်
အရိယာ သူတော်စင်တွေအဖြစ် ရောက်ခဲ့ကြပါသေးတယ်။
ပြည့်တန်ဆာမိန်းမတွေက ရွံစရာ အထင်သေးစရာ လူ ့ပတ်ဝန်းကျင် အသိုင်းအဝိုင်းက ပစ်ပယ်စရာ  ဆိုရင် ငွေအကုန်ကျခံပြီး
ပျော်ပါးတဲ့ ဂုဏ်သရေရှိ အရာရှိတွေ သူဌေးကြီးတွေ ကရော ရွံစရာ၊ အထင်သေးစရာ မကောင်းဘူးလား။

ချမ်းချမ်း သူငယ်ချင်းမလေးတစ်ယောက်ပြောဘူးတယ်။သူ ့ချစ်သူ ကောင်လေးက ဘာပြောလဲဆိုတော့ ကိုယ်တို ့ယောက်ျားလေးတော်တော်များများဟာ အရွယ်ရောက်လာရင် အရက်၊ဖဲ၊မိန်းမ အကုန်
စမ်းသပ်ဖူးတယ်တဲ့။ ဝါသနာ ပါလို ့တော့မဟုတ်ဘူး။ သိသင့်သိထိုက်တာ ကို သိအောင်စမ်းသပ် ကြတဲ့သဘောပါတဲ့။ တစ်ချို ့ကျတော့လည်း တစ်ခါစမ်းသပ်ဖူးတယ်။ မကောင်းတဲ့ အလုပ်မို ့လို ့နောင်မလုပ်တော့ပဲ ကင်းအောင်နေလိုက်တယ်။တစ်ချို ့ကျတော့လည်းမကောင်းတာသိသိကြီးနဲ ့ကို မရှောင်နိုင်ဘဲနဲ ့ ဆက်လုပ်တော့ ငယ်ငယ်ရွယ်ရွယ်နဲ ့၊အရက်သမား၊ ဆေးသမား၊ဖဲသမား၊ နှာဘူး၊ဘွဲ ့တွေ နဲ ့အရပ်ထဲမှာ နာမည်ကြီးသွားတာတဲ့။ပြည့်တန်ဆာတွေကို အထင်အမြင်သေးပြီး  ရွံစရာ အဖြစ် မတူသလို မတန်လို ထင်တဲ့ သူတွေ ကိုယ့်အိမ်က အဖေတွေ အစ်ကိုတွေမောင်တွေ နဲ ့ချစ်သူ ခင်ပွန်း ကိုယ်တိုင်ကရော အဲ့ဒီမိန်းမတွေနဲ ့ကင်းခဲ့ဖူးလားလို ့သေချာမေးကြည့်ပါဦး။

ဆရာနန္ဒာသိန်းဇံ ရဲ့ ” မနက်ဖြန်များကို ဖြတ်သန်းနေသောစိတ်ကူးများ ” စာအုပ်ထဲက စိတ်ဝင်စားစရာ အကြောင်းအရာလေးတစ်ခုကို ပြောပြပါ့မယ်။
တစ်ခါတုန်းက ဘာသာရေးပုဂ္ဂိုလ်တွေအပါအဝင် လူတစ်စုဟာ ဂျီးဇက် (Jesus Christ) ဆီ
ကို ပြည့်တန်ဆာမတစ်ဦးကို ခေါ်လာကြတယ်။ အဲ့ဒီအမျိုးသမီးဟာ မကောင်းတဲ့အကျင့်ကို ပြုတဲ့အတွက်
အပြစ်ရှိတယ်ဆိုပြီး ဒီလူတွေကခေါ်လာကြတာပါ။ ဂျီးဇက်ဆီရောက်တဲ့အခါကျတော့ အဲဒီဘာသာရေးပုဂ္ဂိုလ်
တွေက ” ပြည့်တန်ဆာမကို ကျောက်ခဲနဲ့ ပစ်ပေါက်အပြစ်ပေးရမယ်လို့ မောရှေ (MOSES) က အမိန့်
ချခဲ့ကြောင်း၊ ဒီကိစ္စမှာ သင်ကော ဘယ်လိုအမိန့်ချမလဲ ” လို့ ဂျီးဇက်ကို ဝိုင်းမေးကြပါတယ်။
ဂျီးဇက်ဟာ သူတို့ကို မော့မကြည့်ဘဲ သူ့လက်ချောင်းနဲ့ မြေကြီးပေါ်မှာ စာရေးနေပါတယ်
တဲ့။ ဂျီးဇက်ဆီက အဖြေစကားမရမချင်း ဒီလူတွေက မေးနေကြပါတယ်။

ဒီတော့ ဂျီးဇက်က သူတို့ကို မော့ကြည့်ပြီးတော့ ” သင်တို့အထဲက ကိုယ့်ကိုယ်ကို အပြစ်
ကင်းတယ်ဆိုတဲ့သူဟာ ရှေးဦးစွာပဲ ဒီအမျိုးသမီးကို ခဲနဲ့ပေါက် ” လို့ ပြောလိုက်ပါတယ်။
ဂျီးဇက် စကားကြားလိုက်တော့ ပြည့်တန်ဆာမကို ဘယ်သူမှ ခဲနဲ့မပေါက်ဖြစ်တော့ဘဲ တစ် ယောက်နောက်တစ်ယောက်လိုက်ပြီး ထွက်သွားကြလိုက်တာ တစ်ယောက်မှ မကျန်ရစ်တော့ပါဘူးတဲ့ သူတို့အားလုံးပြန်သွားမှ ဂျီးဇက်
က ပြည့်တန်ဆာမကို နောက်ထပ်အပြစ်တွေ၊ မကောင်းမှုတွေ မလုပ်နဲ့လို့ ဆုံးမပြီး သွားလိုရာသွားဖို့ ခွင့်ပြုလိုက်ပါ။

သူတစ်ပါးကို လက်ညှိးတစ်ချောင်းထိုးရင် ကိုယ့် လက်ညှိးက ကိုယ့်ကို လေးချောင်းတောင်ပြန်ထိုးတယ်နော်။

ချမ်းချမ်းသူငယ်ချင်းမလေးတစ်ယောက် သူ ့အမေနဲ ့မီးဖိုချောင်မှာ ဝိုင်းကူရင်း မေးခွန်းတစ်ခုမေးပါတယ်.ဘာမေးခွန်းလဲဆိုတော့
“အမေ.ဘာဖြစ်လို ့ခန္ဓာ ကိုယ်နဲ ့ရင်းပြီး စီးပါွးရှာတဲ့ မိန်းမတွေကို ..ါ လို ့ခေါ်လဲ ”ဆိုတော့
သူ ့အမေက“ ..ါ ဆိုတာ တွေ ့ရာအကုန်ထည့်လို ့ရတယ်မဟုတ်လားတဲ့ ..အဲ့ဒီလိုပဲ ကြုံရာ ယောကျင်္ားလေးတိုင်း ကိုလက်ခံကြည်ဖြူတဲ့ မိန်းမတွေကိုလဲ ..ါနဲ ့နှိုင်းပြီး ခေါ်တာ” လို ့ဆိုတော့ သူငယ်ချင်းက ဥပဒေသမားပီပီ လျှာကြောရှည်ပြီး
“ဒါဆိုရင် အမေက အဖေ့တစ်ယောက်ကိုပဲ လက်ခံကြည်ဖြူတော့ အမေတို ့လိုအိမ်ထောင်သည်တွေကို အိမ်တွင်း ..ါ လို ့ခေါ်ရမှာပေါ့နော်”လို ့ပြောလိုက်ရော တစ်ခါတည်း ခေါက်ခံထိတာ ငယ်ထိပ်ကိုဘုရောတဲ့”..
ဘာပဲဖြစ်ဖြစ်ပေါ့….လူသားချင်းစာနာစိတ်နဲ ့ပြည့်တန်ဆာအလုပ်က ရွံစရာ မသတီစရာ ဆိုရင် အဲ့ဒီအလုပ်လုပ်နေတဲ့သူတွေကို အားမပေးသင့်ပါဘူး။
ရောင်းသူနဲ ့ဝယ်သူ  ကြားမှာ ဝယ်သူမရှိခဲ့ရင် ရောင်းတဲ့သူဟာ အချိန်ကုန်ခံပြီး ကြာကြာမရောင်း ပါဘူး။ တခြားအလုပ်တွေ ပြောင်း လုပ်ကြမှာပါပဲ။

ထိုင်းအမျိုးသမီးတစ်ဦးရဲ ့ဖြစ်ရပ်မှန်ဇာတ်လမ်းလေး တစ်ပုဒ်ကို ပြောပြမယ်နော်။

ခန္ဓာကိုယ်နဲ ့ရင်းပြီး စီးပွါးရှာနေတဲ့ အမျိုးသမီးတစ်ယောက် တစ် နေ ့တော့မထင်မှတ်ပဲ အခန်းထဲမှာ မူးလဲတော့ ဆေးခန်းသွားပြတာ ကိုယ်ဝန်ရှိနေပါတယ်။ သူမရဲ ့အလုပ်ရှင် က  “နင် ဒီအလုပ်လုပ်နေပြီး ဒါလေးတောင် မကာကွယ်တတ်ဘူးလား.အခု နင့်ဗိုက်ထဲ က ကလေးကိုဘယ်သူတာဝန်ယူမလဲ ။ကလေးအဖေ ဘယ်သူလဲ လို ့မေးရင် နင်ဘယ်လိုဖြေမလဲ တော်တော်နမော်နမဲ့ နိုင်တဲ့ မိန်းမ
ဒီ ကိုယ်ဝန်ကို ဖျက်ချပစ်လိုက် ” လို ့ပြောတော့ သူမ ခါးခါးသီးသီး ပဲ ငြင်းလိုက်ပါတယ်။ သူမဝမ်းနဲ ့လွယ်ထားရတဲ့ ရင်သွေး ကိုတော့
မဖျက်ချ နိုင်ဘူး။ ပြီးတော့ ဒီ မသတီစရာ အလုပ်ကို လည်း မလုပ်ချင်တော့ဘူး။ သူမ ရင်သွေး နဲ ့အတူ ကောင်းရောင်းကောင်းဝယ် အလုပ်လုပ်ပြီး ဘဝ ကိုအသစ်က ပြန်စမယ် လို ့ဆုံးဖြတ်ပြီး အဲ့ဒီအလုပ်ကနေ ထွက်ပြီး ဈေးထဲမှာ မုန် ့ချို လေးရောင်းပြီး ဝမ်းစာ ရှာပါတယ်။
ဒါပေမယ့် သူမရဲ ့အတိတ်က အရိပ်ဟာ သူမ လူကောင်းဖြစ်တဲ့အချိန်ထိ လူတွေရဲ ့ အထင်မြင်သေးမှုတွေ၊ ရှောင်ဖယ်မှုတွေ ခံရတုန်းပါပဲ။စာနာတတ်တဲ့ သူတစ်ချို ့က သူမကိုသနားပြီး ဝယ်ပေမယ့် တော်တော်များများက “မိန်းမပျက် ရောင်းတဲ့ မုန် ့စားရမှာ မသတီဘူး” လို ့ပြောပြီး ရှောင်သွားကြပါတယ်။
ဒါပေမယ့် သူမတစ်ချက်လေးမှ စိတ်မဆိုးခဲ့ပါဘူး။သူမဘဝ ကံအကျိုးပေးကမကောင်းခဲ့တာပဲ။ ပြီးတော့ ဒီလို သမာအာဇီဝ အလုပ်ကိုလည်း သူမနှစ်သက်တယ်။ပြီးတော့ သူမ ရဲ ့ရင်သွေးလေးအနာဂတ်အတွက်
ကောင်းမွန်တဲ့ ဘဝနဲ ့ပဲ ရှင်သန်ချင်ပါတယ်။
ဒီလိုနဲ ့သူမ ပတ်ဝန်းကျင်ရဲ ့အထင်သေးတဲ့ မျက်ဝန်း ဒဏ်ကို အံတုရင်း ချစ်စရာ သမီးလေးတစ်ယောက်ကို မွေးခဲ့ပါတယ်။ သူမဘဝအတွက် အရေးကြီးဆုံးနဲ ့တန်ဖိုးအထားဆုံးက သမီးလေးပါပဲ။ ပတ်ဝန်းကျင်အတွက် သူမဟာ တန်ဖိုးမဲ့ချင် မဲ့နေလိမ့်မယ်။ ဒါပေမယ့် သူမသမီးလေးအတွက်တော့
တာဝန်ကျေတဲ့ မိခင်ကောင်းတစ်ယောက် တန်ဖိုးရှိတဲ့ မိခင်တစ်ယောက် ဖြစ်အောင် သူမကြိုးစားခဲ့ပါတယ်။
ဒီလိုနဲ ့သူမ သမီးလေး ကျောင်းတက်ရမယ့် အရွယ်ရောက်လာခဲ့ပါတယ်။ သူမရဲ ့ရည်မှန်းချက် ကတော့ သမီးလေးကို စာပေဗဟုသုတ အတွေ ့အကြုံ နဲ ့ကိုယ့်ကိုယ် ကို ထိန်းကျောင်းနိုင်တဲ့ ဘွဲ ့ရပညာတတ်ကြီးတစ်ယောက် ဖြစ်ချေင်ပါတယ်။သူမလို စာမတတ်ပေမတတ်
အတွေ ့အကြုံနဲ ့ဗဟုသုတ မရှိခဲ့လို ့ ဘဝပျက်ခဲ့ရသလို သူမ သမီးလေး ဘဝမပျက်စေရဘူး။ ပညာတတ်တစ်ယောက်ပဲဖြစ်စေရမယ်။
ညနေ ကျောင်းလွှတ်ချိန် သူမသမီးလေးပြန်လာတော့ သမီးလေးဆီက ပထမဦးဆုံးကျောင်းတက်ရတဲ့ နေ ့မို ့သူမသူငယ်ချင်းအကြောင်း၊သူမဆရာမအကြောင်းနဲ ့စာတွေသင်ရတဲ့ အကြောင်း ပြောပြလိမ့်မယ်လို ့ထင်ခဲ့ပေမယ့်
မထင်မှတ်တဲ့ စကားလေးတစ်ခွန်းကိုကြားလိုက်ရပါတယ်။

“မေမေ..သမီး ကို သူငယ်ချင်း ရဲ ့မေမေတွေက မိန်းမပျက်ရဲ ့သမီး နဲ ့မပေါင်း နဲ ့တဲ့ .သမီးနဲ ့လဲ ဘယ်သူမှ လာမထိုင်ဘူး.သမီးကိုပဲ လက်ညှိးထိုးပြီး အဖေမရှိတဲ့သူတဲ့ မိန်းမပျက် ရဲ ့သမီးလို ့ ပြောနေကြတယ်.မိန်းမပျက် ဆိုတာ ဘာကိုပြောတာလဲဟင်.” သမီးလေးရဲ ့စကားကြောင့် သူမ သမီးလေးကိုဖက်ပြီးဝမ်းနည်းစွာငိုကြွေးမိပါသည်။ လောက အကြောင်း ဘာမှမသိတဲ့ ကလေးငယ်ကို နားလည်အောင် သူမဘယ်လိုရှင်းပြရမှာလဲ။ နာကျည်းစရာ အတိတ် ဆိုးကို ဖျောက်ဖျက်ဖို ့သူမဘယ်လိုမှ မတတ်နိုင်ပါလား။
သမီးလေး ကျေနပ်အောင် တော့ သူမ ပြောနိုင်တာ တစ်ခွန်းပဲရှိပါတယ်။

“ငါ့သမီးလေး ငယ် သေးတယ် အခုလူတွေ ပြောနေတဲ့စကားကို သမီးခေါင်းထဲ့မထည့် နဲ ့နော် သမီးသိထားဖို ့က
သမီးမှာ ဖေဖေရှိပါတယ်။ဒါပေမယ့်သမီးဖေဖေဟာသေသွားပြီ သမီးအတွက်အဖေမရှိတော့ပေမယ့် လောကမှာ သမီးကို အချစ်ဆုံးလူဟာ မေမေလို ့ပဲမှတ်နော်။”

“ဟုတ်ကဲ့ မေမေ..မေမေ ့ကိုလဲ သမီးချစ်ပါတယ်”

သူမသက်ပြင်းမောကို ချရင်း သမီးလေး နဲ ့သူမရဲ ့ရှေ ့ရေးကို တွေးနေမိသည်။ အကယ်၍ သမီးလေး အရွယ်ရောက်လာလို ့ သူမဟာ မိန်းမပျက်ရဲ ့သမီး လို ့သိသွားရင် သူမ ကိုမုန်းနေမှာလား။ လောကမှာ သူမအကြောက်ဆုံးက သမီးလေးမုန်းသွားမှာကိုပါ။ ကံကောင်းခြင်းဆိုတာ မသေချာပေမယ့် ကံဆိုးခြင်းတွေက အဖော်နဲ ့ရောက်လာတတ်တယ်တဲ့။
ဒီလိုနဲ ့သမီးလေး ၉ တန်းတက်လို ့ အပျို ပေါက်အရွယ် ရောက်လာပါတယ်။ တစ်နေ ့ထူးထူးခြားခြား သမီးလေးက ကျောင်း ဆက်မတက်ချင်တော့ဘူးလို ့ ပြောလာပါတယ်။ ဘာဖြစ်လို ့လဲဆိုတော့ လူတွေရဲ ့အထင်သေးကဲ့ ရဲ ့တဲ့ မျက်ဝန်းဒဏ်နဲ ့ကဲ့ရဲ ့တဲ့စကား ကို ခံနိုင်ရည် မရှိတော့လို ့ပါတဲ့။ အရပ်ထဲက ကာလသားတစ်ချို ့ကလည်း သူမကို  ရိသဲ့သဲ ့ နဲ ့စလားနောက်လား ပြောနေကြပါတယ်တဲ့။ ပြီးတော့ သူမကိုလည်း နာကျည်းတဲ ့လေသံနဲ ့

“အမေတစ်ချိန်တုန်းက ပြည့်တန်ဆာ မိန်းမပျက်တစ်ယောက်ဖြစ်ခဲ့တယ်ဆို ။ပြီးတော့ သမီးကို လင်ကောင်မဖော်ပဲမွေးခဲ့တာဆို။ အမေဘာလို ့အဲ့ဒီလိုအလုပ်တွေ လုပ်ခဲ့တာလဲဟင်။ လောကမှာ ထမင်းတစ်လုပ်အတွက် လုပ်စရာ ဒီလောက်တောင် ရှားလို ့လားအမေ။ငွေအရင်းအနှီးစိုက်ထုတ်စရာမလိုပဲ ခန္ဓာကိုယ်လေး ရင်းလိုက်ရုံနဲ ့ငွေရတယ်ဆိုတော့ သက်သာတယ်လို ့ထင်မှာပေါ့။ဒါပေမယ့်
အခုအမေ့ လုပ်ရပ်ကြောင့် သမီးလဲ လူတွေ ရဲ ့ကဲ့ရဲ ့အထင်သေးတဲ့ဒဏ်ကို တစ်သက်လုံးခံရပြီအမေ။ သမီးဘဝ သမီးအနာဂတ် ကိုလူတွေက ဖျက်ဆီးပစ်လိုက်ကြပြီ.။သမီးဘာလုပ်လုပ် လူတွေက အကောင်းမထင်ကြတော့ဘူး။အမေနဲ ့နေသရွေ ့သမီး မိန်းမပျက်ရဲ ့သမီး လို ့လူတွေ ပြောမှာ မခံနိုင်တော့ဘူး  သမီးကို ကိုယ်ဝန်ရှိကတည်းက ဘာလို ့
အမေ မသတ်လိုက်တာလဲ ဟင်  အခုလို မိန်းမပျက်ရဲ ့သမီးအဖြစ် အသက်ရှင်နေရတာထက် သေသွားတာက မှ ပိုကောင်းပါလိမ့်မယ် အမေရယ်” ဝမ်းနည်းကြီးစွာ ငိုနေတဲ့ သမီးကို ကြည့်ပြီး သူမရင်ကွဲမတတ် နာကျင်ခံစားရပါသည်။

“အမေ့ကို သမီးကြိုက်သလိုစွပ်စွဲနိုင်ပါတယ်။ဒါပေမယ့် မုန်းတယ်ဆိုတဲ့စကား စိတ်နာတယ် ဆိုတဲ့ စကားတော့ မပြောပါနဲ ့လားသမီးရယ်။ အမေ ပြည့်တန်ဆာ ဘဝရောက်ခဲ့တာဟာ ဝါသနာပါလို ့၊ ငွေအချောင်ရချင်လို ့မဟုတ်ပါဘူး။ အချစ်ကို ယုံပြီး ဘဝကို ပုံအပ်ခဲ့မိလို ့ဘဝပါ ပျက်ခဲ့ရတာပါ။ ဒီအကြောင်းကို သမီးလေးအရွယ် ရောက်လာရင် အမေပြောပြမယ်လို ့ဆုံးဖြတ်ပြီးသားပါ။ ကံဆိုးတဲ့ အမေ ့ကို နမူနာယူပြီး သမီးလေး ဘဝအမှန်ကို ရွေးချယ်တတ်ဖို ့ပါပဲ။ တစ်ချိန်တုန်းက
အမေတို ့ရွာမှာ ဆိုရင် အမေက အလှဆုံးကွမ်းတောင်ကိုင်တစ်ယောက်ပေါ့။တစ်နေ ့တော့ မြို ့က လာတဲ့ ကိုလူချောတစ်ယောက်နဲ ့တွေ ့ပြီး  မိန်းမတွေ ကျလောက်တဲ့ အပြောနဲ ့ရုပ်ရည်ကြောင့် အမေလေ သူ ့ကိုရူးရူးမူးမူးပဲ ချစ်သွားမိတယ်။
ချစ်ကြိုက်မိရာက  မိဘတွေ တားနေတဲ့ကြားက မိဘစကားနားမထောင်ပဲ ချစ်သူနောက် ခိုးရာ လိုက်ခဲ့မိတယ်။
သူနေတဲ့ မြို ့ပေါ်ရောက်တော့ အခန်းကျဉ်းထဲမှာ အမေ ့ကိုထားပြီး သူက အပြင်မှာအလုပ်ထွက်လုပ်တယ်။ ဒါပေမယ့် သိပ်မကြာခင် သူ ့ဇာတိက ပေါ်လာပါတယ်။  အရက်တွေလဲသောက်တတ်လာတယ်။  လခ လဲမအပ်တဲ့အပြင် စားဖို ့မပြောနဲ ့အခန်းခတောင် မပေးနိုင်တဲ့ဘဝ မို ့အမေလဲ ဈေးရောင်းပြီးအလုပ်လုပ် ဖို ့သူ ့ကိုတိုင်ပင်တော့ မင်းအခုအလုပ်လုပ်ဖို ့မလိုသေးဘူး။ အားမွေးလိုက်ဦးလို ့ပြောပြီး   နောက်နေ ့မှာ လုံးဝ ပျောက်သွားခဲ့ပါတယ်။ အဲ့ဒီ ညမှာပဲ အခန်းပိုင်ရှင် က အမေ့ကို နင့်ယောကျင်္ားက နင့်ကို ရောင်းလိုက်ပြီ။ နင်ဒီကနေသွားချင်ရင် အကြွေးတွေကျေအောင်ဆပ်အကြွေး ကြေမှ သွားခွင့်ပေးမယ်ဆိုပြီး အမေ ့ကို အခန်းပိုင်ရှင်က သူ ့ရဲ ့ ပြည့်တန်ဆာ အလုပ်မှာ လုပ်ခိုင်းပါတယ်။  မလုပ်ရင် လူကိုရိုက်နှက်ပြီး ထွက်ပြေးရင် ရဲ နဲ ့ဖမ်းခိုင်းမယ်လို ့ခြိမ်းခြောက်ပြီး အတင်းလုပ်ခိုင်းလို ့သာ အမေ အဲ့ဒီအလုပ်ကို လုပ်ခဲ့ရတာပါ။လက်စသတ်တော့ အမေအထင်ကြီးတဲ့ ချစ်သူဟာ မအူမလည် အမျိုးသမီးတွေကို အပြောနဲ ့ရုပ်ကလေးဗန်းပြပြီး ရောင်းစားနေတဲ့ သူတစ်ယောက်ဖြစ်နေတာပါပဲ။
အမေ့မှာ မထင်မှတ်ပဲ သမီးကိုယ်ဝန်ရခဲ့ လို ့အရမ်းဝမ်းသာခဲ့တယ်.သမီးလေးဟာ အမေ ့ဘဝရဲ ့အလင်းရောင်ပါပဲ။ကိုယ်ဝန်ကို အကြောင်းပြပြီးအဲ့ဒီအလုပ်ကို စွန် ့လွှတ်ခဲ့ပါတယ်။ သမီးလေး လူဖြစ်လာကတည်းကအမေ သန် ့ရှင်းတဲ့ ငွေနဲ ့ပဲ သမီးလေးကို ပြုစုပျိုးထောင်ခဲ့ပါတယ်။ သမီးအတွက် လေးစားစရာ အထင်ကြီးစရာ ရာထူးတွေ ဘွဲ ့တွေ မရှိတဲ့ အမေမဖြစ်ခဲ့ရင်တောင် တာဝန်ကျေတဲ့ အမေဖြစ်ချင်ခဲ့တယ်။အမေ ပညာမတတ်ခဲ့လို ့ စာပေဗဟုသုတ နဲ ့အတွေးအခေါ်မရှိခဲ့လို ့ အယုံလွယ်ခဲ့လို ့ဘဝပျက်ခဲ့ရပေမယ့် သမီးကို တော့ တန်ဖိုးရှိတဲ့ သူတစ်ယောက် အတွေးအခေါ်ရှိတဲ့ ဘွဲ ့ရပညာတတ် တစ်ယောက်ဖြစ်စေချင်ခဲ့ပါတယ်။
အမေ ့လို ဘဝမျိုး သမီးကိုဘယ်တော့မှ မဖြစ်စေရဘူး။  ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတဲ့ သူတစ်ယောက် ဖြစ်စေချင်တယ်။ အမေ့ ရဲ ့အတိတ်က ဘဝဆိုးကို သမီးခွင့်လွှတ်နားလည်ပေးပါ။
လူတွေဟာ ကိုယ်လိုချင်တဲ့ ဘဝကို
ချမ်းသာတဲ့ဘဝ ဆင်းရဲတဲ့ဘဝ ဆရာဝန်ရဲ ့သမီး ပြည့်တန်ဆာရဲ ့သမီးလို ့ ရွေးပြီး မွေးဖွားလာခွင့်မရှိဘူးသမီးလေး။ ကိုယ့်ရဲ ့ကုသိုလ် အကုသိုလ် အလိုက် ကံစီမံရာ မွေးလာကြတာချည်းပဲ။ဒါပေမယ့် လူကောင်း လူဆိုးနဲ ့ကိုယ့်ဘဝ အနာဂတ် ပန်းတိုင်ကိုတောာ့  ကိုယ့်ရဲ ့မှန်ကန်တဲ ့အတွေးအမြင်တွေ ခံယူချက်တွေ ကိုယ်ကျင့်တရားတွေနဲ ့ကိုယ်တိုင်ဖန်တီးရတယ်။ ကိုယ်တိုင်က အမျိုးမြတ်တဲ ့အရာရှိ မင်းစိုးရာဇာ ရဲ ့သမီးဖြစ်နေစေဦး စိတ်သဘောထားသေးသိမ်အောက်တန်းကျနေရင် တန်ဖိုးရှိတဲ့ သူတစ်ယောက် မဖြစ်လာနိုင်ပါဘူး။
လောကမှာလေ ငွေရှိ၊ဂုဏ်ရှိ ပေမယ့် ကိုယ်ကျင့်တရားနဲ ့လူလူချင်း ကိုယ်ချင်းစာစိတ်မရှိတဲ့ သူတွေ အများကြီးပဲ။
အခုအမေ့သမီးလေး က တစ်ချိန်တုန်းက မိန်းမပျက်ဖြစ်ခဲ့ဘူးတဲ့ မိန်းမရဲ ့သမီးဖြစ်လို ့လူတွေကဲ့ရဲ ့တာ ခံရပေမယ့် ကိုယ်တိုင်က တန်ဖိုးရှိတဲ့သူတစ်ယောက်ဖြစ်အောင်ကြိုးစားပါ။ ကိုယ့်လို ဆင်းရဲချို  ့တဲ့သူတွေ ဘဝပျက်နေတဲ့ သူတွေ ကို လမ်းမှန်ရောက်အောင်ကူညီစောင့်ရှောက်ပါ။
ပညာမဲ့သူအယောက်တစ်ရာ ချီးမွန်းတာထက် ပညာရှိတစ်ယောက် မကဲ့ရဲ ့ဖို ့အရေးကြီးပါတယ်။ ပညာမဲ့တဲ့သူတွေဟာ လူတွေရဲ ့အပေါ်ယံ ရွှေ၊ငွေ၊ဂုဏ်ပကာသန တွေကို ကြည့်ပြီး ချီးမွန်းပြောဆိုကြပေမယ့် ။ပညာရှိ သူတော်ကောင်းတွေကတော့ လူတစ်ယောက်ရဲ ့
အတွင်းစိတ် ဖြူစင်မြင့်မြတ်မှု ကိုကြည့်ပြီး ချီးမွန်းပြောဆိုကြပါတယ်။ သမီးလေး ကို ပညာရှိတွေ ချီးမွန်းတဲ့ သူတစ်ယောက်ဖြစ်စေချင်ပါတယ်။”
သူမစကားအဆုံးမှာတော့ သမီးလေး လေးဆီက ရှိုက်သံနဲ ့အတူ သူမကို လက်အုပ်မိုးပြီး ကန်တော့နေပါတယ်။

“သမီးကို ခွင့်လွှတ်ပါ မေမေ သမီး ပညာရှိတွေ ချီးမွန်းတဲ့ သူတစ်ယောက် ဖြစ်အောင် ကြိုးစားပါ့မယ်လို ့ကတိပေးပါတယ်။
မေမေ ့ကိုလည်း သမီးကြောင့် ဘယ်တော့မှ စိတ်မဆင်းရဲစေရဘူး.ပတ်ဝန်းကျင် ရဲ ့ ကဲ ့ရဲ ့တဲ့ ဒဏ်ကို အံတုပြီး
ပညာတတ်ဖြစ်အောင် ကြိုးစားမယ် ။သမီးလို  ဖခင်မဲ့ နေတဲ့ ကလေးတွေ၊ ဘဝပျက်နေတဲ့ သူတွေကို လမ်းမှန်ရောက်အောင်
ကူညီစောင့်ရှောင့် ပါ့မယ်  လို ့ကတိပေးပါတယ်”
သမီးလေးရဲ ့စကားကိုကြားရတာဟာ သူမဘဝမှာ စိတ်အချမ်းသာဆုံးပါပဲ။
လောကကြီး ကိုအံတုပြီး သမီးလေးအတွက် သူမအသက်ဆက်ရှင်သန်ဖို ့ခွန်အားတွေ မွေးရဦးမှာပါပဲ။သူမအသက် ရှင်နေသရွေ ့ပေါ့။

။**************************************************************။
သူငယ်ချင်းတို ့ရဲ ့ပတ်ဝန်းကျင်မှာ .တစ်ကယ်လို ့အခုထိုင်းအမျိုးသမီးလို နောက်ထပ်မြန်မာအမျိုးသမီးတွေ တွေ ့ခဲ့ရင် ။တစ်ကယ်လို ့သူတို ့ကိုယ်တိုင်က ပြည့်တန်ဆာဆိုတဲ့ အလုပ်ကို စွန် ့လွှတ်ပြီး ဘဝကို အသစ်က ပြန်စချင်တယ်ဆိုရင် ရဲရဲဝံ့ဝံ့နဲ ့ဖေးမကူညီ လက်တွဲဝံ့လားဟင်။  တစ်နေ ့မှာသူငယ်ချင်းတို ့ ကိုယ်တိုင် မေမေ ဘဝရောက်ပြီဆိုပါတော့ သူငယ်ချင်းတို ့ရဲ ့သားသမီးတွေကို
ဆင်းရဲတဲ့သူနဲ ့မပေါင်းဖို ့၊ပြည့်တန်ဆာမိန်းမပျက်ရဲ ့သမီး နဲ ့မပေါင်းဖို ့သင်ပေးမှာလား။အဲ့ဒီလိုသင်ပေးမယ်ဆိုရင်တော့ သေချာတယ်
သူငယ်ချင်းတို ့သားသမီးတွေရဲ ့နှလုံးသားမှာ ကိုယ်ချင်းစာတရား ခေါင်းပါးပြီး မာနတွေ ၊အတ္တတွေ နဲ ့ ရှင်သန်ကြီးထွားနေလိမ့်မယ်။
ယဉ်ကျေးလိမ်မာပြီး ကိုယ်ချင်းစာတရား ရှိတဲ့ သူတစ်ပါးကိုကူညီတတ်တဲ့ သားသမီးအလိမ်မာတော့ ဖြစ်လာမှာမဟုတ်ဘူး။
ဘာဖြစ်လို ့လဲဆိုတော့ သူတို ့မိဘတွေကိုယ်တိုင်က ကိုယ်ချင်းစာတရားခေါင်းပါးပြီး မာနနဲ ့အတ္တကြီးခဲ့လို ့ပါပဲ။
တစ်ကယ်တော့ လူကောင်း၊လူဆိုးဆိုတာ သူလက်ရှိ ရှင်သန်နေရတဲ့ ဘဝ အနိမ့်အမြင့် ကို မကြည့်သင့်ပါဘူး။သူ ့ရဲ ့စိတ်ဓါတ် နဲ ့ကိုယ်ကျင့်တရားကို ကြည့်ပြီးဆုံးဖြတ်ရပါတယ်။
မြတ်စွာဘုရားရှင်ဟာ လူ၊နတ်၊ဗြဟ္မာ သတ္တဝါ အားလုံးကို ရင်ဝယ်သားလို တစ်ပြေးထဲမေတ္တာထားပါတယ်။ လူမျိုး၊ဘာသာ၊မျိုးရိုးအဆင့်အတန်း
အနိမ့်အမြင့်မခွဲပဲ တစ်ပြေးထဲဆက်ဆံပါတယ်။ ချမ်းချမ်းတို ့ဗုဒ္ဓဘာသာမှာလည်း ဗြဟ္မစိုရ် တရားလေးပါးထဲက သုံးပါး ဖြစ်တဲ့
ကဗျာလေးနဲ ့တို ့ရဲ ့စိတ်ဓါတ်လေးတွေ ပြုပြင်ရအောင်လေ။

တန်းတူတွေ ့ရင် မေတ္တာဝင်
မဝင်နိုင်က ပြိုင်တတ်တယ်
ပြိုင်မယ့်အစား မေတ္တာပွား
စိတ်ထားပြုပြင်ပြောင်းပါ့မယ်။

ကိုယ့်အောက်ငယ်ရင် ဂရုဏာဝင်
မဝင်နိုင်က နိုင်တတ်တယ်
နိုင်မယ့်အစား ဂရုဏာပွား
စိတ်ထားပြုပြင်ပြောင်းပါ့မယ်။

ကိုယ့်ထက်သာလျှင် မုဒိတာဝင်
မဝင်ကူ္ကဿ ယိုင်တတ်တယ်
ယိုင်မယ့်အစား မုဒိတာပွား
စိတ်ထားပြဲပြင်ပြောင်းပါ့မယ်။

တစ်ကယ်တော့ ချမ်းချမ်းတို ့အားလုံးဟာ သံသရာမှာ ဆွေမျိုး .ညီအစ်မ မိဘ မောင်နှမ မတော်စပ်ခဲ့ဖူးတာမရှိဘူးတဲ့။ ဘဝတွေခြားနေလို ့သာ မမှတ်မိတာပါ။ဒါ့ကြောင့်  ရခဲလှတဲ့ လူ ့ဘဝ ခဏတာလေးမှာ ဒေါသ၊လောဘ၊မာန ၊တွေ ဖယ်ပြီး တစ်ဦးကိုတစ်ဦး ဖေးမကူညီစောင့်ရှောင့်ကြမယ်ဆိုရင်၊  မိန်းမချင်း ကိုယ်ချင်းစာပြီး စာနာနားလည်ပေးကြမယ်ဆိုရင် လောကကြီးက တော်တော်လေးကို သာယာလှပနေလိမ့်မယ်နော်။

အခုဆိုရင် ခိုကိုးရာမဲ့နေတဲ့ အရွယ်မရောက်သေးဘဲ လမ်းမှားရောက်နေတဲ့အမျိုးသမီးလေးတွေကို အမှတ်-၁၈၊ နတ်မောက်လမ်းသွယ်(၁)၊ ဗဟန်းမှာရှိတဲ့ လုူမှု
ဝန်ထမ်းဦးစီးဌာနမှာ ပြုပြင်စောင့်ရှောက်ပေးထားတယ်တဲ့။  ဆွမ်းဒါနပြုမယ်ဆိုရင်လည်း တစ်နေ့တာလုံးမှ
လေးသောင်းပဲကျပါတယ်တဲ့။ ကိုယ်နိုင်ရာ အရုဏ်ပဲဖြစ်ဖြစ်၊ နေ့လယ်ဆွမ်းပဲဖြစ်ဖြစ် ခွဲကျွေးရင်လည်း
ရပါတယ်တဲ့။တစ်ကယ်လို ့စာဖတ်တဲ ့သူတွေထဲက လူမှုဝန်ထမ်းဦးစီးဌာနက ဖုန်းနံပါတ်လေးသိရင် ကွန်မန် ့ထဲမှာ ကျေးဇူးပြုပြီး ရေးပေးပါ။ ချမ်းချမ်း သူတို ့လေးတွေကို  စုထားတဲ့ မုန် ့ဖိုးလေးထဲက နိုင်သလောက်လေး ဆက်သွယ်လှူဒါန်းချင်လို ့ပါ။

ဖတ်ရှုအားပေးကြတဲ့ သူငယ်ချင်းများအားလုံး ဘဝရဲ ့စစ်မှန်တဲ့ ငြိမ်းချမ်းပျော်ရွှင်မှုတွေ ရရှိနိုင်ပါစေလို ့ဆန္ဒပြုလျှက်

Written..By….ချမ်းချမ်း(ရွယသူလေး) .http://www.haymonchan.blogspot.com

14 comments

  • ပေါက်ဖော်

    August 30, 2011 at 11:44 am

    တလောက Massage မှာ ဝင်ဖမ်းသွားတဲ့ သတင်း ဖတ်မိလိုက်ရပါတယ်.
    .မြန်မာတွေလဲ ပါတယ်ဆိုလို ့ပါ
    ပုံထဲမှာကြည့်ရတာတော့ မိန်းခလေးတွေပြုံနေတာဘဲ..အထုပ် လေးတွေနဲ ့.ဖမ်းခံထားရတာ
    လန်းတော့ လန်းသားဗျ 😀
    ကြော်ငြာဝင်တာပါ..

    ရွာသူ ချမ်းချမ်းရဲ့ စေတနာ၊မေတ္တာ တွေနဲ ့ ပေါင်းစပ်၊ကျိုးစား ရေးသားထားတဲ့ စာတွေကြောင့်
    အမျိုးကောင်းသမီးများ အတိုင်းတာတစ်ခုထိတော့ တိုးတက်လာမယ်မျှော်လင့်ပါတယ်

    နီးစပ်ရာ ပတ်ဝန်းကျင်က မိန်းမပျက် ဆိုတဲ့ မိန်းခလေးများတွေ ့ရင်လဲ အတတ်နိုင်ဆုံး ကယ်တင်နိုင်ကြပါစေကွယ်…

    😛

  • နီလေး

    August 30, 2011 at 11:44 am

    ချမ်းချမ်းရေး အားပေးသွားတယ်နော် ့”သားသမီးတွေကို
    ဆင်းရဲတဲ့သူနဲ ့မပေါင်းဖို ့၊ပြည့်တန်ဆာမိန်းမပျက်ရဲ ့သမီး နဲ ့မပေါင်းဖို ” အဲလိုမိဘမျိုးတွေအများကြီး တွေ့နေရတယ်လေ အဲဒီထိုင်းအမျိုးသမီးလေးက ပညာရှိတယ်နော် ကို့သားသမီးကို ဆုံးမပဲ့ပင်တတ်တယ် ကိုယ်လဲ အဲဒီမိန်းကလေးဆိုရင် ကိုယ်လဲရှက်ရွံ့အားငယ်မိသွားလိမ့်မယ်

  • ကြောင်ကြီး

    August 30, 2011 at 11:59 am

    ချမ်းချမ်းဆိုပေမဲ့
    စေတနာ၊ မေတ္တာ
    အပြည့်နဲ့မို့
    ဖတ်ရသူအပေါင်း
    အနွေးဓာတ်
    ခံစားရပါတယ်…။

    ခိုက်ခိုက်တုန်ကြောင်ကြီး 😳

  • မီးမီး သော်

    August 30, 2011 at 12:04 pm

    “””လူကောင်း လူဆိုးဆိုတာ လူမျိုးနဲ ့ဘာသာနဲ ့မဆိုင်ဘူးတဲ့။ လူသားချင်းကိုယ်ချင်းစာစိတ် စာနာစိတ်နဲ ့ပဲဆိုင်တယ်တဲ့။ ကိုယ်နဲ ့လူမျိုးမတူ ဘာသာမတူပေမယ့် လူသားချင်းကိုယ်ချင်းစာစိတ်ရှိတဲ့သူတွေရှိသလို လူမျိုးချင်းတူ ဘာသာချင်းတူပြီး ယုတ်မာကြတဲ့သူတွေအများကြီးပါပဲတဲ့။
    သမီးသာ ကိုယ့်ကိုယ် ကိုယ်ထိန်းနိုင်ရင် စိတ်ကောင်းထားပြီး ရတနာသုံးပါးကိုသာ ရိုသေရင် ဘယ်နေရာသွား ကောင်းတဲ့သူနဲ ့တွေ ့မှာပဲတဲ့။  အဓိက ကိုယ်တိုင်က သတိနဲ ့အနေအထိုင်တတ်ဖို ့ပဲ အရေးကြီးပါတယ်တဲ့။”””

    ဝမ်းနည်းစရာဇာတ်လမ်းတွေဖတ်ရတော့ စိတ်မကောင်းလိုက်တာ။အိပ်ပါတော့မယ်။

  • ရာဇဝင်လူဆိုး

    August 30, 2011 at 12:15 pm

    အများအားဖြင်. ထိုင်းနိုင်ငံမှာ မြန်မာဆိုရင် နဲနဲတော. နှိမ်ကြပါတယ်။ ဘန်ကောက်လိုနေရာမျိုးထက် နယ်စပ်တွေ၊ တစ်ချို.ပြည်နယ်ဘက်တွေက မြန်မာရွှေ.ပြောင်းအလုပ်သမားတွေ တော်တော်ခံရပါတယ်။ တစ်ချို.ပြည်နယ်ဘက်တွေဆိုရင် မြန်မာတွေ အလုပ်ထဲကနေ အပြင်ကိုသွားရင် ဒီကဆိုင်ကယ် ကယ်ရီသမားတွေဝတ်တဲ.အကျင်္ီလိုမျိုုးဝတ်ပြီးမှ သွားရပါတယ်။ အဲဒီအကျီင်္မှာ စာရေးထားပါတယ်။ ကျွန် လို.အဓိပ္ပါယ်ရတဲ. ထိုင်းစာ နဲ.ရေးထားတာပါ။ ၂ ယောက်ကို ၃ ဖွဲ.ကွဲနေတဲ. မြန်တွေထောင်ထားတဲ. ဘာအဖွဲ. ညာအဖွဲ.တွေကတော. ကူညီဖို.ကြိုးစားနေကြပါတယ်။

    • Foreign Resident

      August 30, 2011 at 2:42 pm

      Is it really ???
      “ကျွန် လို.အဓိပ္ပါယ်ရတဲ. ထိုင်းစာ နဲ.ရေးထားတာပါ”

  • char too lan

    August 30, 2011 at 1:50 pm

    ” လူကောင်း လူဆိုးဆိုတာ လူမျိုးနဲ ့ဘာသာနဲ ့မဆိုင်ဘူးတဲ့ ”
    Right !!

  • piti

    August 30, 2011 at 2:02 pm

    ကိုယ်ချင်းစာတရားဆိုတာ နေရာတိုင်းမှာ ထားသင့်တဲ့တရားပါ

    ယောက်ျားအချို့ (အချို့) က ကိုယ်ချင်းစာတရားမရှိ မိုက်ရိုင်းတယ်ဆိုတာ မှန်ပါတယ်
    အမျိုးသမီးတွေဘက်ကလည်း လူတိုင်းကို ယုံစားလို့မရဘူးဆိုတာ သိသင့်ပါတယ်…
    ကျနော်က အမျိုးသမီးတွေကို အပစ်တင်တာမဟုတ်ဘူးနော်… ဖြစ်သင့်တာကိုပြောတာပါ…
    လူလောကကြီးမှာ မတရားတာလုပ်တဲ့လူဟာ နောက်ဆုံးမှာ ဘေးရောက်သွားမှာပါ…
    နစ်နာသွားတဲ့သူတွေကိုလည်း ကိုယ်ချင်းစာတရားရှိတဲ့ လူတွေက ပစ်ထားမှာ မဟုတ်ပါဘူး …

    တချိန်ကမထင်မှတ်တဲ့ အမှားတခုကို ပြုပြင်ချေဖျတ်နေတဲ့သူကို အခွင့်အရေးပေး လက်ကမ်းကြိုသင့်ပါတယ်…

    ဒါမျိုးလေးတွေ များများရေးပြီး အသိပညာဖြန့်ဝေပေးပါအုံးလို့

  • မှော်ဆရာ

    August 30, 2011 at 2:05 pm

    လူကောင်း လူဆိုးဆိုတာ လူမျိုးနဲ ့ဘာသာနဲ ့မဆိုင်ဘူးတဲ့။ လူသားချင်းကိုယ်ချင်းစာစိတ် စာနာစိတ်နဲ ့ပဲဆိုင်တယ်တဲ့။ ကိုယ်နဲ ့လူမျိုးမတူ ဘာသာမတူပေမယ့် လူသားချင်းကိုယ်ချင်းစာစိတ်ရှိတဲ့သူတွေရှိသလို လူမျိုးချင်းတူ ဘာသာချင်းတူပြီး ယုတ်မာကြတဲ့သူတွေအများကြီးပါပဲတဲ့။
    သမီးသာ ကိုယ့်ကိုယ် ကိုယ်ထိန်းနိုင်ရင် စိတ်ကောင်းထားပြီး ရတနာသုံးပါးကိုသာ ရိုသေရင် ဘယ်နေရာသွား ကောင်းတဲ့သူနဲ ့တွေ ့မှာပဲတဲ့။ အဓိက ကိုယ်တိုင်က သတိနဲ ့အနေအထိုင်တတ်ဖို ့ပဲ အရေးကြီးပါတယ်တဲ့။
    အရမ်းမှန်တဲ့စကားပါပဲ….
    ဒီစကားမျိုးကို မှတ်သားထားပြီး ပြန်လည်တင်ပြတဲ့ ချမ်းချမ်းကိုလဲ လေးစားပါတယ်…

  • hmee

    August 30, 2011 at 2:23 pm

    အစအဆုံး သေသေချာချာကို ဖတ်သွားပါတယ်။ စာအရေးအသား အတော်ကောင်းတာပဲ။ -ါ ဆိုတဲ့ အဓိပ္ပါယ်ကို အခုမှ သိခွင့်ရတဲ့ အတွက် ကျေးဇူးပါ။ ကျွန်မမှာ သူငယ်ချင်းတယောက်ရှိတယ် သင်တန်းတက်ရင်း ခင်ခဲ့တာပါ။ သူ့အမေက မိန်းခလေးတွေကို လိုချင်ရင် ရှာပေးတဲ့ ေ-ါင်းပါ။ ကျွန်မလည်း ခင်စက မသိဘူး သူဖွင့်ပြောမှ သိတာ အ.. ချက်တော့ မပြောပါနဲ့။ ကျွန်မက သူ့ကို အနေအေးလို့ ခင်ကိုခင်တာ။ နင်က လှလည်းလှတယ် စိတ်ထားလည်းကောင်းလို့ ငါက ခင်တာပြောတော့ သူကပြောတယ် ငါ့ဘဝကို နင်သေချာသိရင် နင်လည်း ငါနဲ့ ပေါင်းမှာ မဟုတ်ပါဘူးတဲ့။ ဘာလို့လဲ လို့ မေးတော့ ငါ့အမေက ေ-ါင်း လုပ်တာတဲ့။ နင့်မှာ အဖေ မရှိဘူးလား ဆိုတော့ ရှိတယ်တဲ့။ ငါ့အဖေကလည်း ဒါပဲ လုပ်တာတဲ့။ ငါ့ကိုတော့ သူ အလုပ်လုပ်နေတဲ့ အိမ်နား မလာရဘူး အလုပ်လုပ်နေတဲ့ လူတွေနဲ့ စကားကို ရပ်မပြောရပါဘူးတဲ့ ဒါပေမဲ့ လူတွေကတော့ ငါလည်း တနေ့ ဒါပဲလုပ်မယ်လို့ စွပ်စွဲတယ်လေ။ ငါ့အမေရဲ့ ဒီ မကောင်းတဲ့ အရိပ်ဆိုးက ငါ့ကို ဒီလို ခံစားစေမှတော့ ငါ ဖြစ်နိုင်ပါ့ဥိးမလား နင်စဉ်းစားကြည့်ပါတဲ့။ ငါ ဘယ်လောက် ကောင်းအောင်နေနေ ငါနဲ့ ပါတ်သက်တဲ့ လူတွေက ငါ့အကြောင်းသိတာနဲ့ မျက်နှာပျက်ပြီး ငါ့ကို ခွာသွားတာကြည့်ပဲမို့ အရည်တော့ ထူနေပါပြီတဲ့။ ကျွန်မ သူ့ကို သနားလိုက်တာ အဲ့ဒီတုန်းက ပြောပါတယ်။ သူက သိပ်လှတာ ဆံပင် အရှည်ကြီးနဲ့ ဖြူဖြူသွယ်သွယ်လေး။ သင်တန်းပြီးတော့ ကွဲသွားကြတယ် နောက် နှစ်အတော်ကြာမှ ပြန်တွေ့တော့ ဘဏ်တခုမှာ လက်ထောက်မန်နေဂျာဖြစ်နေပြီ။ အိမ်ထောင်လည်း ကျနေပြီ။ ကျွန်မမှာ သူ့အတွက် တကယ်ကို ဝမ်းသာခဲ့တာ။ သူ သူ့ဘဝ ဆိုးကြီးထဲက ရုန်းထွက်နိုင်လို့လေ။ ချမ်းချမ်းရေ ကွန်မန့်က ပို့စ်ထက် ရှည်သွားလားမသိ ။ 🙂 တိုက်ဆိုင်တာနဲ့ ပြောချင်သွားလို့။

  • pan pan

    August 30, 2011 at 2:27 pm

    လူတစ်ယောက်ကို သူလည်းကိုယ့်လိုလူသားတစ်ယောက်ပါပဲလို့
    တန်ဖိုးထားတတ်မှ ကိုယ်တိုင်လည်း တန်ဖိုးရှိတဲ့လူတစ်ယောက်ဖြစ်မှာပါ
    နိမ့်ကျသူကို ကရုဏာလေးထားလိုက်ရင် ဗြဟ္မစိုရ်တရားနဲ့လည်း ညီသွားပါတယ်

  • koyinmaung

    August 30, 2011 at 3:37 pm

    ချမ်းချမ်းကလဲအရေးအသားအရမ်းကောင်
    ကိုယ်ချင်းစာ စိတ်ထားနိုင်ဘို့
    လူ လူချင်းတန်းတူဆက်ဆန်နိုင်ဘို့
    ဖတ်ရတဲ့သူတွေအတွက် သတိပေးလိုက်တာပါဘဲ
    အရမ်းကောင်းပါတယ်
    ကွန်မန်းပေးသွားတဲ့ hmee ကလဲ
    သူ့အတွေအကြုံလေးရေးသွားတာ
    ကြည်နူးရပါတယ်
    ဒီလိုဘဝကလေးတွေ ကင်းဝေးကြပါစေလို့ဘဲဆုတောင်းလိုက်ပါတယ်…
    လှူလို့ရတဲ့လိပ်စာလေးရေပေးထားတာ ကူးထားပါတယ်
    ဒီတခါပြန်ရောက်ယင် သွားလှူလိုက်ပါ့မယ်…..

  • minthar

    August 30, 2011 at 3:45 pm

    မိန်းမသား အများစု တွေ မှာ အားနည်းချက်တွေ ရှိတယ်ဗျ ။
    အားနွဲ့တယ်၊ နူးညံ့တယ်၊
    အဆိုးဆုံးက မိခင်စိတ် ပိုင်ဆိုင်ထားလို့ပါပဲ၊
    မိန်းမသားတွေကို ကျနော်တို့ယောင်္ကျားသားတွေ က ငဲ့ညှာသင့်ကြောင်းပါ၊
    ကျနော်တို့ ခင်ဗျားတို့ အားလုံးသိထားပီးသားပါ၊
    ကျနော်တို့ခင်ဗျားတို့ အကြီးအကျုယ် နာမကျန်း ဖြစ်လို့ ယောက်ရမ်း ခဲ့ရင်တောင်..” အမေ ” အမေ နဲ့
    တာကြရတယ် မဟုတ်လား၊ မိန်းမသားတွေ ဟာ မိခင်မျိုးနွယ်တွေမို့ ကြုံကြိုက်လာခဲ့ရင် ငဲ့ညှာ သနားစိတ်
    လေးများ ထားပေးကြပါလို့၊

  • thihayarzar

    September 1, 2011 at 11:02 am

    အရေးအသားအဖြတ်အတောက် အရမ်းကောင်းပါတယ် …. ဝထ္တုစာအုပ်ရေးပါလား ….. ဗီဒီယို ရိုက်ရင်တော့ အကယ်ဒမီ တွေအများကြီးရမှာ ….. အခုလိုပို့တွေကို မြန်မာမိန်းကလေးတွေများများ ဖတ်သင့်ပါတယ် …. ထိန်းထိန်းသိမ်းသိမ်းနေကြဖို့ပါ ….. ယောက်ကျားလေးများကလည်း ပြုပြင်ပြောင်းလဲ ထိန်းသိမ်းဖို့လိုပါတယ် …. ကိုယ့်ရဲ့ဆန်န အတွက်နဲ့ သူတစ်ပါး ဒုက္ခဆင်းရဲကျရောက်မှာကို ဘယ်သောအခါမှမလုပ်ကြပါနဲ့ …. အခုခေတ်ကမြန်မာမိန်းကလေးတွေက အရမ်းကိုလွယ်နေကြပါတယ် …..ငယ်ငယ်ရွယ်ရွယ်နဲ့ယောက်ကျားယူတယ် …… မြန်မာအမျိုးသမီးလေးတွေ ရှေးရှေးကမြန်မာတွေရဲ့ဂုဏ်သိက္ခာတွေကို ဖျက်ဆီးနေကြတာလား ….ဗိုလ်ချူပ်ပြောသလို ဖာနိုင်ငံကြီးဖြစ်သွားလိမ့်မယ် ………… အမျိူးသား၊အမျိူးသမီး အားလုံးထိန်းသိမ်းသင့်တယ် ….

Leave a Reply