သင့်လက်တွင်းမှ ကျန်းမာရေး နှင့် ဆန်းကြယ်သောမုဒြာများ

မုဒြာများ ဧ။်အစွမ်းသည် သာမန်လူများအတွက် အလွန်ဆန်းကြယ်လှပေသည်။ပုံမှန်လေ့ကျင့်ခြင်းဖြင့်
သင့်ကျန်းမာရေးကိုများစွာအထောက်အကူပြုကြောင်းတွေ ့ရပေမည်။လွယ်ကူစွာလေ့ကျင့်နိုင်သော
အောက်ပါ မုဒြာများကိုုလေ့လာ၍စမ်းသပ်ကြည့်ပါ။သင်အံ့ဩရလိမ့်မည်။

၁။ဉာဏ်မုဒြာ

နည်းလမ်း –
လက်မထိပ်နှင့်လက်ညှိုးထိပ်ကို ထိကပ်ပေးပြီးကျန်သောလက်ချောင်းများကိုဆန် ့ထုတ်ထားပါ။
ထူးခြားမှု –
ဤမုဒြာသည် ဉာဏ်ပညာကိုထက်မြက်လာစေသည်။လက်မထိပ်တွင် ပီကျူထရီ နှင့် အင်ဒိုရင်းဂလင်းတို ့၏ဗဟုချက်များရှိရာ ၎င်းတို ့ကိုလက်ညှိုးထိပ်ဖြင့်ထိကပ်ပေးသောအခါ ဂလင်းနှစ်ခုလုံးနိုးကြားပြီး လုပ်ငန်းစတင်သည်။
လေ့ကျင့်ချိန် –
ဤမုဒြာအတွက်သီးခြားအချိန်မည်မျှယူရမည်ဟုသတ်မှတ်မထားပေ။မည်သည့်နေရာမည်သည့်အချိန်မဆိုလေ့ကျင့်နိုင်သည်။
အကျိုးကျေးဇူး –
o မှတ်ဉာဏ်ကောင်း၍ ဦးနှောက် ထက်မြက်လာမည်။
o အာရုံစူးစိုက်မှုအားကောင်းလာပြီးအိပ်မပျော်သောရောဂါကိုကာကွယ်နိုင်သည်။
o ပုံမှန်လေ့ကျင့်သွားလျင်စိတ်ကစဉ့်ကလျားဖြစ်ခြင်း၊ဒေါသမထိန်းနိုင်ခြင်း၊စိတ်ကျရောဂါဖြစ်ခြင်းစသော စိတ်ရောဂါများကို ကုသပေးနိုင်သည်။

၂။ပထဝီ မုဒြာ

နည်း –
လက်သူကြွယ်နှင့်လက်မထိပ်ကိုထိ၍ ကျန်လက်ချောင်းများကို ဆန် ့ထားပါ။
ထူးခြားမှု
ရုပ်ပိုင်းဆိုင်ရာအားနည်းမှုများကိုလျော့နည်းစေသည်။
လေ့ကျင့်ချိန် –
ဤမုဒြာအတွက်သီးခြားအချိန်မည်မျှယူရမည်ဟုသတ်မှတ်မထားပေ။မည်သည့်နေရာမည်သည့်အချိန်မဆို လေ့ကျင့်နိုင်သည်။
အကျိုးကျေးဇူး –
o ပိန်သူများကိယ်အလေးချိန်တိုးစေသည်။
o အသားအရည်စိုပြည်တောက်ပစေသည်။
o ဖျတ်က်တက်ကြွ၍ကျန်းမာစေသည်။

၃။ဝရုဏမုဒြာ

နည်း –
လက်သန်းနှင့်လက်မထိပ်တို ့ကိုထိကပ်ပါ။ကျန်လက်များကိုဆန် ့ထားပါ။
ထူးခြားမှု –
ရေဓာတ်ကိုမျှတစေပြီး ရေဓာတ်ခန်းခြောက်သောရောဂါများကိုကာကွယ်ပေးသည်။
လေ့ကျင့်ချိန် –
ဤမုဒြာအတွက်သီးခြားအချိန်မည်မျှယူရမည်ဟုသတ်မှတ်မထားပေ။မည်သည့်နေရာမည်သည့်အချိန်မဆို လေ့ကျင့်နိုင်သည်။
အကျုးိကျေးဇူး
o ရေဓာတ်မျှတ၍ သွေးသားသန် ့စင်စေသည်။
o အစာအိမ်ရောင်ရမ်းခြင်း ၊ကြွက်သားများ ရှုံ့တွခြင်းတို ့ကိုကာကွယ်ပေးသည်။

၄။ဝါယုမုဒြ

နည်း –
လက်ညှိုးကိုလက်မဖြင့်ဖိထား၍ကျန်လက်ချောင်းများကိုဆန် ့ထားပါ။
ထူးခြားမှု-
လေရောဂါများကိုပျောက်ကင်းစေသည်။
လေ့ကျင့်ချိန်-
၄၅မိနစ်ကြာမျှလေ့ကျင့်လျင်ရောဂါပြင်းထန်မှုအလိုက်၁၂နာရီမှ၂၄နာရီအတွင်း သက်သာလာမည်။ပို၍သက်သာစေရန်၂လခန် ့လေ့ကျင့်ပေးရမည်။
အကျိုးကျေးဇူး –
o ဒူလာ၊အဆစ်အမြစ်ရောင်၊ဂေါက်ရောဂါ၊ခြေတုန်လက်တုန်ဖြစ်ခြင်း၊သွက်ချာပါဒလိုက်ခြင်းစ သည့်ရောဂါများကိုပျောက်ကင်းစေသည်။
o သားအိမ်ရောင်ခြင်းနှင့်အကြောတက်ခြင်းများကိုလည်းသက်သာစေသည်။
o အစာအိမ်အချဉ်ဖောက်ခြင်းကို သက်သာစေသည်။

၅။သုညမုဒြာ

နည်း –
လက်ခလည်ကိုလက်မဖြင့်သောကြာဂြိုဟ်ခုံပေါ်တွင်ဖိကပ်ထားပါ။
ထူးခြားမှု –
ခန္ဓာကိုယ်လေးလံထိုင်းမှိုင်းမှုများကိုလျော့နည်းစေသည်။
လေ့ကျင့်ချိန် –
တစ်နေ ့လျှင်မိနစ်လေးဆယ်မှတစ်နာရီထိ နေ ့စဉ်ရောဂါပျောက်ကင်းသည်အထိလေ့ကျင့်နိုင်သည်။
အကျိုးကျေးဇူး –
o လေး ငါးမိနစ်အတွင်းနားကိုက်ခြင်းကိုသက်သာစေသည်။
o နားပင်းခြင်းကိုကုသနိုင်သည်။မွေးရာပါနားပင်းသူကိုမူမကုနိုင်ပါ။
o စိတ်ပိုင်းဆိုင်ရာစိန်ခေါ်မှုများအတွက်အသုံးပြုနိုင်သည်။

၆။သူရိယမုဒြာ

နည်း –
လက်သူကြွယ်ကိုကွေးထား၍လက်မဖြင့်ဖိထားပါ။
ထူးခြားမှု –
သိုင်းရွိုက်ဂလင်း၏ဗဟိုချက်ကို ထက်မြက်နိုးကြားစေသည်။
လေ့ကျင့်ချိန် –
နေ ့စဉ် ၅မိနစ်မှ၁၅မိနစ်ထိ ၂ကြိမ်ခန် ့လေ့ကျင့်ပါ။
အကျိုးကျေးဇူး –
o ကိုလက်စထရောကျစေပြီး ကိုယ်ရည်စစ်သွားစေသည်။
o ပူပင်သောကများကိုလျော့ကျစေသည်။
o အစာမကြေခြင်းကိုပျောက်ကင်းစေသည်။

၇။ပရာဏမုဒြာ

နည်း-
လက်သူကြွယ်နှင့်လက်သန်းတို ့၏ထိပ်များနှင့်လက်မထိပ်ကိုထိပါ။ကျန်လက်ချောင်းများကိုဆန် ့ထားပါ။
ထူးခြားမှု –
ဇီဝစွမ်းအင်ကိုတိုးတက်လာစေသည်။သွေးလှည့်ပတ်မှုပိုမိုကောင်းမွန်လာသည်။အားနည်းသူများလေ့ကျင့်
လျင်သန်မာလာစေသည်။နေ့စဉ်လေ့ကျင်ပါက အလွန်ဖျတ်လတ်တက်ကြွလာမည်။
လေ့ကျင့်ချိန် –
ဤမုဒြာအတွက်သီးခြားအချိန်မည်မျှယူရမည်ဟုသတ်မှတ်မထားပေ။မည်သည့်နေရာမည်သည့်အချိန်မဆို လေ့ကျင့်နိုင်သည်။
အကျိုးကျေးဇူး –
o ခုခံအားစနစ် ပိုမိုကောင်းမွန်လာသည်။
o မျက်စိအားကောင်းလာပြီးမျက်စိနှင့်ဆိုင်သောရောဂါများသက်သာစေသည်။
o ဗိုက်တာမင်ချို ့တဲ့မှု နှင့်မောပန်းနွမ်းနယ်မှုများကိုပြေပျောက်စေသည်။

၈။အပ္ပန မုဒြာ

နည်း –
လက်ခလယ်နှင့်လက်သူကြွယ်တို့၏ထိပ်များကိုလက်မထိပ်နှင့်ထိပါ။ကျန်လက်ချောင်းများကိုဆန့်ထုတ်ထားပါ။
ထူးခြားမှု –
အညစ်အကြေးစွန့်သောစနစ်ကိုမှန်ကန်ညီညွတ်စေသည်။ဆီး၊ဝမ်း၊သွေး၊လေ စသည်။
လေ့ကျင့်ချိန် –
နေ့စဉ်၄၅မိနစ်မျှလေ့ကျင့်နိုင်သည်။ကြာကြာကျင့်နိုင်လျှင်ပိုကောင်းသည်။
အကျိုးကျေးဇူး –
o ဆီးချိုရောဂါကို ထိန်းပေးနိုင်သည်။
o ဝမ်းချုပ်ခြင်းနှင့် လိပ်ခေါင်းရောဂါတို့ကိုကုသနိုင်သည်။
o ဆီးဝမ်းသွေးလေ မျှတစေသည်။

၉။အပ္ပန ဝါယုမုဒြာ

နည်း –
လက်ခလယ်နှင့်လက်သူကြွယ်တို့၏ထိပ်များနှင့်လက်မထိပ်ကိုထိ၍လက်ညှိုးကိုလက်မအခြေထိအောင် ကွေးညွတ်ထားပါ။ လက်သန်းကိုဆန် ့ထားပါ။
ထူးခြားမှု –
နှလုံးအတွက် အကျိုးများစေသည်။နှလုံးရောဂါသက်သာစေရန် ဆေးထိုးသကဲ့သို့အာနိသင်ရှိသည်။ ၎င်းမုဒြာသည် Sorbitrate ဆေးပြား(နှလုံးတွင်အောက်ဆီဂျင်ပြတ်လပ်၍ရင်ဘတ်ပြင်းစွာအောင့်သော အချိန်တွင်အရေးပေါ်သုံးသောဆေး)ကဲ့သို့အစွမ်းထက်သည်။
လေ့ကျင့်ချိန် –
နှစ်သက်သလိုလေ့ကျင့်နိုင်သည်။နှလုံးနှင့်သွေးတိုးရောဂါသည်များ တစ်နေ့လျှင်၂ကြိမ် ၁၅မိနစ်စီလေ့ကျင့်နိုင်ပါကပိုကောင်းသည်။
အကျိုးကျေးဇူး –
o နှလုံးသန်မာစေ၍နှလုံးခုန်နှုန်းကို ပုံမှန်ဖြစ်စေသည်။
o ဆီးဝမ်းသွေးလေ ညီညွတ်စေသည်။
o အစာအိမ်ရောင်ရမ်းသောပြဿနာများကို သက်သာစေသည်။

၁၀။လိင်္ဂမုဒြာ

နည်း –
လက်ချောင်းများကိုယှက်၍(လက်ဝဲလက်သန်းမှာအောက်ဆုံးက)ဘယ်လက်မကိုမတ်မတ်ထောင်ပြီး……လျင်ညာလက်မနှင့်လက်ညှိုးကဘယ်လက်မကိုဝိုင်းပတ်ထားပါ။
ထူးခြားမှု –
ခန္ဓာကိုယ်အပူချိန်ကိုမြင့်တက်လာစေသည်။နို ့၊ထောပတ်၊ရေ နှင့်သစ်သီးဖျော်ရည်များသုံးဆောင်ပြီးမှ လေ့ကျင့်ပါကပိုမိုကောင်းမွန်သည်။
လေ့ကျင့်ချိန် –
မည်သည့်နေရာမည်သည့်အချိန်မဆိုလေ့ကျင့်နိုင်သည်။သို့သော်ကြာမြင့်စွာမကျင့်သင့်ပါ။ဆောင်းရာသီမှာပင်ကြာရှည်စွာလေ့ကျင့်ကချွေးများထွက်လာမည်ဖြစ်သည်။
အကျိုးကျေးဇူး –
o ချွဲ သလိပ်ပျော်စေပြီး အဆုတ်အားကောင်းစေသည်။
o ပြင်းထန်သောအအေးမိခြင်း လေပြွန်ရောင်ရမ်းခြင်းစေသည်တို့ကိုကုသနိုင်သည်။
o ခန္ဓာကိုယ်စွမ်းအင်ပြည့်ဝစေသည်။

Mudras
Mudras

10 comments

  • windtalker

    August 30, 2011 at 1:08 pm

    အကျိုးများစေ တဲ့ ပို ့စ်ပါပဲ ကိုဘလှိုင်ရေ
    တစ်ခု သိချင်တာက
    ဒီလို လက်ချောင်းလေး တွေ ကို လုပ်ထားတဲ့ ပုံစံမှာ
    ကိုယ်ခန္ဓာ က ကော
    ဘယ်လို ပုံစံ မျိုး နဲ ့နေရသလဲ ဆိုတာလေး
    ဖြေပေးပါဦး ။
    နံပါတ် ၁ဝ လိင်္ဂမုဒြာ ကိုတော့
    ရိန်းရဲ ့နင်ဂျာ အဆက်ဆင် ကားထဲ မှာ တွေ ့ဖူးသလို ပဲ

  • မီးမီး သော်

    August 30, 2011 at 1:17 pm

    တော်တော်နှံစပ်တဲ့ ကိုလေပွကြီး ပါလား။ကျေးဇူးနော် ကိုဘလှိုင်ရေ။လေ့ကျင့်ကြည့်ပါမယ်။

  • etone

    August 30, 2011 at 2:07 pm

    အဲ စိတ်ဝင်စားစရာပဲ .. 🙄
    ဗဟုသုတအနေနဲ့ မှတ်သားရပါတယ် …. ကျေးဇူးတင်ပါတယ်နော် … ။

  • Shwe Ei

    August 30, 2011 at 4:25 pm

    ဟုတ်ကဲ့ ကိုတော်ကာပြောတဲ့ အတိုင်းပါဘဲ။ 😀

  • yetazar

    August 31, 2011 at 1:52 pm

    လက်ချောင်းလေးတွေကစားတာနဲ့ ကျန်းမာရေးတွက် အထောက်ကူပြုတယ်ဆိုတာ အံ့ဩစရာပဲဗျို့ ။ အလုပ်များနေတဲ့အချိန်တွေမှာ ဘယ်ကိုမှသွားနေစရာ ၊ နေရာရှာနေစရာ မလိုပဲ လေ့ကျင့်ခန်းလုပ်နိုင်တာ ကျေးဇူးတင်တယ်ဗျာ ။ လေ့ကျင့်ခန်းလုပ်မယ် ။ ကျေးကျေး

  • ရဲအောင်

    August 31, 2011 at 2:17 pm

    ဟေ့လူ….. လေ့ကျင့်ခန်းလုပ်မယ်လဲပြောသေး……. ဘယ်ကိုကျေး မှာလဲ……..
    အတွင်းအား တွေလဲ ရချင်ရလာမယ်နဲ့တူတယ်…….. ကျုပ်လဲ ကျင့်ပါမှ…….
    တော်ကြာ နောက်ကျ ကျန်ခဲ့ရင်ဖြင့်…ခက်တော့မှာပ… 🙄

  • mnoe

    September 2, 2011 at 10:59 am

    ဒီပို့စ်လေးကို တင်ပေးတာ ကျေးဇူးတင်ပါတယ် ကိုဘလှိုင် (ကိုဘလှိုင်လား ဦးဘလှိုင်လားတော့မသိ) ။ လက်ချောင်းလေးတွေကို လေ့ကျင့်ရုံနဲ့ ကျန်းမာရေးအတွက် အထောက်အကူဖြစ်တယ်ဆိုတော့ အားတက်ပြီး ကော်ပီလုပ်ထားပါတယ်။ ကိုယ်တွေလေးနေလို့ နံပါတ် ၅) သုညမုဒြာကို စမ်းကြည့်တာ ငါးမိနစ်လောက်ပဲရတယ် ဆက်မလုပ်နိုင်တော့ဘူး။ အတော်ထိသားပဲနော်၊ လွယ်လွယ်လေးထင်ရပြီး။
    ဒီပို့စ်လေးကို တခြားမိတ်ဆွေတွေကို FW လုပ်ပေးချင်လို့ ခွင့်တောင်းတာပါ။ ကိုဘလှိုင်နာမည်ကော ဒီလင့်လေးကိုပါ ဖော်ပြပေးပါမယ်။ ကျေးဇူးတင်ပါတယ်။

    • မောင်ဘလိူင်

      September 2, 2011 at 11:23 am

      ဟုတ်ကဲ့ ..ကျေးဇူးတင်ပါတယ်။ ကျွန်တော် မောင်ဘလှိုင်ပါ..ဦးဘလှိုင်ကတော့ ရှိရင်
      အသက် ၁၁၈ နှစ်ပေါ့။ဒီအထဲက တစ်ချို့ မုဒြာတွေ ကျွန်တော်စမ်းကြည့်ဖူးတယ်။
      မဆိုးဘူးဗျ။ထိရောက်မှု ရှိတယ်။ ပထမတော့ စိတ်ထင်တာလား လို့တွေးမိသေးတယ်။
      ပလာစီဘို အကျိုး(Placebo effect) လားပေါ့လေ။မေမြို့ ရတနာပုံ တယ်လီပို့သွားနေ
      တုန်းက အဲဒီမှာ အရမ်းအေးတဲ့ ဒဏ်ကို မခံနိုင်တာနဲ့ နံပါတ် ၁ဝ လိင်္ဂ မုဒြာ ကိုထိုင်ပြီး
      လေ့ကျင့်တော့ လူကတဖြေးဖြေးနွေးလာတာ သတိပြုမိတယ်။နောက်တော့ အေးလွန်းလို့ အိပ်မပျော်နိုင်ရင် အဲဒီလေ့ကျင့်ခန်း လုပ်ပြီးမှ အိပ်ပျော်တော့တာပဲ။ မူရင်းလင့်လေးပါ
      တွေ့လို့ ပြန်တင်ပေးလိုက်ပါတယ်။
      http://healthmad.com/mental-health/health-in-your-hand-seven-mudras-for-amazing-health-benefits/

      • mnoe

        September 2, 2011 at 12:16 pm

        ကျေးဇူးတင်ပါတယ်။ ခွင့်ြ့ပုရင် ရှယ်သွားပြီနော်။ လင့်လေးပါ ယူသွားပါတယ်။ နောက်လဲ ဒီလိုထူးဆန်းပြီး အကျူးိရှိမဲ့ ပို့စ်လေးတွေ တင်ပေးပါနော်။

Leave a Reply