ဦးစံရှားကို လမ်းပြပေးပါဦး

ဂ်ဲသုAugust 30, 20111min22022

မှော်ဆရာရဲ့ကျေးဇူးနဲ့ ဦးစံရှားကတော့ လူရိုင်းရွာကနေလွတ်လာပါပြီ။ လူရိုင်းရွာ ကနေ ဦးစံရှား ကိုယ့်မြို.ကိုယ် ပြန်ရတော့မှာပါ။ လူရိုင်းရွာက အထွက်မှာ လမ်းဆုံလမ်းခွတစ်ခုကိုရောက်သွားပါတယ်။ လမ်းဆုံလမ်းခွမှာ လမ်းမသိတဲ့သူတွေ ကို ပြောပြနိုင်ဖို.လူနှစ်ယောက်ကို အလှည့်ကျတာဝန်ပေးထားပါတယ်။ အဲဒီလူနှစ်ယောက်ထဲက တစ်ယောက်က စောင့်နေပါတယ်။ မေးသမျှကိုဖြေ ဖို.အတွက်ပေါ့။ ဒါပေမယ့် အဲဒီထဲက တစ်ယောက်

က မေးသမျှကို အမှန်တိုင်းဖြေတတ်တဲ့ အကျင့်ရှိပါတယ်။ နောက်တစ်ယောက်ကတော့ မေးသမျှကို ပြောင်းပြန်တွေချည်းဖြေတတ်ပါတယ်။ခု ဦးစံရှားတွေ.နေရတဲ့သူဟာ အဲဒီနှစ်ယောက်ထဲက ဘယ်သူဆိုတာ မသိရပါဘူး။ ဦးစံရှားအနေနဲ့ လမ်းမှန်ကိုသိဖို. အတွက် မေးခွန်းတစ်ခုပဲမေးခွင့်ရှိပါတယ်။ ခု လမ်းဆုံမှာ စောင့်နေတဲ့သူကို ဦးစံရှားမေးခွန်းတစ်ခုမေးပြီး မြို.ကိုသွားတဲ့လမ်းကို ရှာရမှာပါ။ ဦးစံရှားအနေနဲ့ ဘယ်လိုမေးခွန်းမေးရင် လမ်းမှန်သိနိုင်မလဲလို. ကူပြီး စဉ်းစားပေးကြပါဦး။ တစ်ခုသိတိထားရမှာက မေးရမယ့်သူဟာ ပြောင်းပြန်ပြောတတ်တဲ့သူလား၊ အမှန်တိုင်းပြောတတ်တဲ့သူလားမသိရတာပါပဲ။

22 comments

  • Handy note

    August 30, 2011 at 2:13 pm

    အကို ………နောက်ကြောင်းအေးရဲ့ လား ခင်ဗျ။

  • ဂျဲသု

    August 30, 2011 at 2:18 pm

    ဲကြားဖူးတာတင်တာပဲ သိဘူးဗျာ တင်ပြီးသားဆိုလက် ဆက်လက်တိုက်ပွဲဝင်ရတာပေါ့ 😀

  • ဂျဲသု

    August 30, 2011 at 2:19 pm

    ပြောပြီးပါပကောဗျာ ကြားဖူးတာတွေတင်တာပါဆို။ တင်ပြီးသားဆိုလည်း တတ်နိုင်ဘူး ဆက်လက်တိုက်ပွဲဝင်ရမှာပေါ့ 😀

  • TTCG

    August 30, 2011 at 2:56 pm

    The answer is …

    Which road does not lead to the city?

    The right man will answer the right answer and U San Shar can go to the right way.

    The other man will answer the wrong answer and U San Shar can still go to the opposite way which is the actual correct way.

    • မှော်ဆရာ

      August 30, 2011 at 3:47 pm

      ဟုတ်တော့ ဟုတ်သလိုပဲ ၊ ဒါပေမယ့် ညာတဲ့အဖြေလား ၊ အမှန်အဖြေလား ဘယ်လိုစမ်းစစ်မလဲ

  • မှော်ဆရာ

    August 30, 2011 at 3:28 pm

    ဦးစံရှားရေ ခဏစောင့်ဗျာ မှော်ဆရာ ကျိ်န်လုံးပျောက်နေလို့
    တွေ့တွေ့တတ်လွန်းဗျာ…
    ဂျဲသုရေ နောက်တစ်ခါ ဦးစံရှားကို ဘယ်မှ မထွက်ခိုင်းနဲ့တော့

  • Foreign Resident

    August 30, 2011 at 4:23 pm

    Ask to person A
    ” If I ask to another person B ( about the right way )
    What will he answer ?”

    Then, follow the opposite way. 😛

  • cobra

    August 30, 2011 at 4:57 pm

    ဦးစံရှားရယ်နောက်တခေါက်ဝေးဝေးလံလံ
    တွေမသွားပါနဲ့
    ဦးစံရှားကအပြင်ထွက်လိုက်တာနဲ ့
    ရွာထဲကလူတွေလည်း စိတ်ပူနေရပီ။
    ဘာများဖြစ်နေမလဲပေါ့။

  • ဂျဲသု

    August 30, 2011 at 5:08 pm

    မှန်တာပြောရ ရင် ကျွန်တော်ဒီမေးခွန်းကို ရတော့ မဖြေနိုင်ခဲ့ဘူးဗျ ကျွန်တော့် ညီပြောမှ ပဲ အဖြေ ကိုသိရတာ။ နည်းနည်းတော့ခက်တယ်ဗျ။ ကြိုးစားကြပါဦးဗျာ။ ဦးစံရှားကြီး ကိုယ်.မြို.ကို ပြန်ရောက်အောင်။

    • TTCG

      August 30, 2011 at 5:25 pm

      So do I. I could only know the answer when I search on the Internet. 😀

    • Foreign Resident

      August 30, 2011 at 5:58 pm

      I think, I already said the answer.
      Don’t you see it ?

      • TTCG

        August 30, 2011 at 6:41 pm

        Yeah, I saw it and it’s the right answer.

        I just meant that I searched on the Internet before I saw your answer.

  • ဆူး

    August 30, 2011 at 10:46 pm

    ဦးစံရှားက တခုပဲ မေးတယ် မြို့ထွက်လမ်းက ဘယ်ဟာလဲ မေးမယ်။
    အမှန်ပြောတဲ့ လူဆိုရင် ဒီ မေးခွန်း မဖြေရဘူး မှန်းသိလို့ မဖြေပဲ နေမယ်။
    ညာပြောတဲ့လူက တလွဲဖြေလိမ့်မယ်။
    ဖြေတဲ့ဘက်နဲ့ ဆန့်ကျင်ဘက်ကို သူသွားရင် လွတ်သွားပါလိမ့်မယ်။

    ဟုတ်မဟုတ်တော့ မသိဘူး ရမ်းတုတ်လိုက်ပြီ။

  • မီးမီး သော်

    August 30, 2011 at 11:10 pm

    ဘယ်မှမသွားဘဲ သူတို ့အိမ်ပြန်ရင်လိုက်သွားမယ်။မစောင့်နိုင်တော့ဝူး ဗိုက်ဆာတယ်။ဟိ

  • mgmglusoe

    August 30, 2011 at 11:47 pm

    တစ်ကယ်လိုက်မှာလား… ဘာကျွေးမတဲ့တုန်း…. အဆင်းမှာ လိမ့်ချလိုက်မလို့.. 😀 😀

  • Nan Shin

    August 31, 2011 at 2:31 am

    ဒီပြဿနာကတော့ မှော်ဆရကြီးလုပ်လို့ ထက်တက်လာတာဗျ…….။
    အဲ့ဒိတော့ မှော်ဆရာကြီးမှာ တာဝန်ရှိတယ်။ ဦးစံ
    ရှားလမ်းမှန်သွားရင် နောက်ပြဿနာတစ်ခုထက်တက်လာမှာ စိုးလို့ကျနော်ကတော့ ဖြေဘူး။ဟီး။

  • မှော်ဆရာ

    August 31, 2011 at 7:59 am

    foreign Residient ပြောတယ် မှန်နေလိမ့်မယ်ခင်ဗျ
    ဦးစံရှားက စောင့်နေတဲ့သူကို မင်းမဟုတ်ဘဲ နောက်တစ်ယောက်ဆိုရင် မြို့ပြန်တဲ့လမ်းက ဘယ်လမ်းလို့ ပြောမလဲလို့ မေးမယ်တဲ့
    မှန်တာဖြေတဲ့သူဆိုရင်လဲ တခြားသူက အမှားကိုဖြေမှာဆိုတော့ အမှားကို ပဲ ပြောလိမ့်မယ်
    မှားတာဖြေတဲ့သူကလဲ တခြားသူက အမှန်ကို ဖြေမှာဆိုတော့ သူနဲ့ပြောင်းပြန် အမှားကိုပဲ ပြောမှာပဲ
    သူတို့ဖြေတာနဲ့ ဆန့်ကျင်ဖက်ကို ပြန်ရင် မြို့ပြန်ရောက်မှာပါ….
    အားလုံး အားလုံး စိတ်မပူပါနဲ့…..
    မြို့ကို ဦးစံရှား FOREIGN RESIDIENT ကောင်းမှုနဲ့ ပြန်ရောက်မှာပါ။
    ူသူက အဲလိုပဲ ဟိုလူမေး ဒီလူမေးနဲ့ အိမ်ရောက်အောင် ပြန်တာ ပိုကြွမ်းပါတယ်..
    သူနေတာက အော်ဇီမှာကိုး….
    ဟိုမှာလမ်းမသိရင် ဒီလိုပဲ သူမေးပြီး ပြန်နေကျပါ…

  • ဂျဲသု

    August 31, 2011 at 9:55 am

    အဖြေက တင်ပြီး မကြာဘူးရတာပဲဗျို. နောက်ဖတ်တဲ့သူတွေ စဉ်းစားချင်ရင်စဉ်းစားလို.ရအောင်ဒီမှာတော့ အဖြေ မပြောသေးဘူးဗျာ ။နောက်ပိုစ်မှာ အဖြေ ပြောပါ့မယ်။

  • ဆူး

    August 31, 2011 at 10:05 am

    ဒီပိုစ်မှာ အမှန်ဖြေပြီးတော့ အစိမ်းနိပ်ထားလိုက်လေ.. ဖတ်တဲ့လူ သိတာပေါ့လို့.. နောက်ပိုစ် အထိ မစောင့်နိုင်ဘူး။ ဒါပဲ.. 😀

  • ဂျဲသု

    August 31, 2011 at 10:23 am

    တယ်လောသကိုး ဆူးရယ် နောက်ပို.စ်က တင်ပြီးပါပြီဗျ။

  • myanpyithar

    August 31, 2011 at 2:22 pm

    ကျွှန်တော်တော့မေးရမဲ့မေးခွန်း ၂ ခွန်းလို့ထင်တယ်
    ဖြေရမဲ့လူကလဲ ခေါင်းငြိမ့် ခေါင်းခါ ဘဲဖြေရမှာ
    ပထမမေးခွန်းက..အခုနေပူနေလား(သို့)မိုးရွာနေလား…မေးလိုက်…လူအမျိုးအစားပေါ်ဘီ
    ဒုတိယမေးခွန်းက……….လမ်းတလမ်းကိုလက်ညိုးထိုးပြပီး ဒီလမ်းမြို့ရောက်လားလို့မေးလိုက်
    လူလိမ်ဆို…ဆန့်ကျင်လမ်းရွေး
    လူမှန်ဆို…ပြောတဲ့လမ်းရွေး..ဒါဘဲပေါ့

Leave a Reply