လမ်းမပေါ်က ကလေးတွေ

iris21August 30, 20111min17613

ခုတလောတွေ.တွေ.နေရတဲ.အကြောင်းလေးပါ…singleတွေကိုယ်ဝန်ဆောင်တယ်..ပြီးတော.ဖျက်ချတယ်…အပြင်မှာသူ.ဘာသာအဆင်ပြေသွားရင်

်လူမသိပါဘူး..ဒါပေမဲ.နောက်ဆက်တွဲproblemတွေတက်လာရင်တော.ဆေးရုံရောက်လာပါတယ်..ဟုတ်ကဲ…အဲဒီအချိန်ကျရင်လနုရင်(infection)

ပိုးမဝင်သေးရင်သားအိမ်ခြစ်လိုက်ရင် ကောင်းသွားပြီးဆင်းသွားပါတယ်။ဒါပေမဲ. ဘယ်လိုအကြောင်းကြောင်းကြောင်. ဒီမလိုချင်တဲ.

unwanted pregnancy ရခဲ.သည်ဖြစ်စေဖျက်ချခဲ.ရင်ရာဇဝတ်မှုမြောက်ပါတယ်။ဒါကိုလည်းအဲဒီဖျက်ချခဲ.သူတွေသိပါတယ်။

ငရဲကြီးမယ်ဆိုတာလည်းသိပါရက် လုပ်နိုင်ကြပါတယ်။ဒါပေမဲ. ဒီလို ပြီးသွားတဲ.caseတွေရှိသလို ကလေးကိုမွေးပြီးမှလမ်းပေါ် အမှိုက်ပုံပေါ် ပစ်သွားသူတွေလည်းတွေ.ဖူးမှာပါ။ကလေးကို  တစ်ဦးဦးတွေ.သွားခဲ.ရင်လည်း  အဲဒီကလေးအသက်ရှင်ပါတယ်။ဒါပေမဲ.ဒီကလေးရဲ. နောင်ရေးဟာ

သိပ်မသေချာတော.ပါဘူး။မိဘမဲ.ကလေးကျောင်းရောက်တယ်။စားဖို. ဝတ်ဖို. နေဖို.မပူရပေမဲ. မိဘမဲ.ကလေးတစ်ယောက်ရဲ.ခံစားချက်တွေ သိမ်ငယ်မှု

တွေကိုဘေးလူက စာနာနိုင်ရုံပါ။အောင်မြင်သွားတဲ.ကလေးတွေရှိပေမဲ. နည်းပါတယ်။Broken family မှာတောင်ကလေးတွေ နာကျင်ခဲ.ရရင်

မိဘစွန်.ပစ်မှုခံရတဲ.ကလေးတွေကိုစာနာကြည်.ကြပါ။ကလေးတွေဟာအနာဂါတ်ဖြစ်ခဲ.ရင်သူတို.ဟာသေချာရေလောင်းပျိုးလို.ရလာတဲ.ပန်းပွင်.လေးတွေပဲ

ဖြစ်သင်.ပါတယ်။အနာအဆာတွေနဲ.ပန်းကလေးတွေ လေလွင်.နေတဲ.ပန်းပွင်.တွေ မဖြစ်ဖို.က မိဘ မပီသတဲ. မိဘတွေရဲ.တာဝန်ပါ။

 

13 comments

  • ငရဲသား

    August 30, 2011 at 6:51 pm

    လုပ်ခဲ့တဲ့သူတွေ ကို အပစ်ဒဏ် ကျရောက်မှာပါ ၊
    အမှိုက်ပုံး ထဲ ကိုရောက်လာတဲ့ ကလေး လေးတွေကို စာရေးသူ တွေ့ဖူးပါသလား၊

  • nature

    August 30, 2011 at 9:05 pm

    ၃ရက်လောက်နဲ့လာပြစ်ထားတဲ့ကလေးတွေ့ဖူးတယ်။ အနှီးထဲမှာ မွေးနေ့နဲ့ နာမည်ပါတခါတည်းရေးပေးထားတယ်။

    • ဆူး

      August 30, 2011 at 10:33 pm

      ဒါဆို ကလေးအမေက ကလေးကို အဝေးက စောင့်ကြည့်ချင် ကြည့်နေမယ် ထင်တယ်နော်.. အဲဒီ ကလေး ဘယ်လို ဖြစ်သွားလဲ။

  • sanaythalay

    August 30, 2011 at 10:09 pm

    ရက်စက်ပဗျာ ရတာမလို လိုတာမရ

  • minthar

    August 30, 2011 at 10:52 pm

    လူကိုမပြောနဲ့ဗျာ. animals ကိုတောင် ဒီလိုရက်ရက်စက်စက် မလုပ်သင့်ဘူးလို့ယူဆမိပါတယ်.
    သက်ရှိသတ္တဝါ အားလုံး ရောဂါဘယ ကင်းဝေးပီး စွန့်ပစ်ခံရတဲ့ဘဝမျိုး မှ ကင်းလွတ်ပါစေလို့….။

  • mgmglusoe

    August 30, 2011 at 11:54 pm

    လူလူချင်းကောက်ကျစ်ခြင်းကင်းဝေးကြပါစေ….
    မိခင် ဖခင် စိတ်များ မွေးမြူ နိုင်ကြပါစေ…
    ဘဝဆက်တိုင်းဆက်တိုင်း အမိမဲ့သား အဖမဲ့သား မဖြစ်ပါရစေနဲ့..
    ကလေးငယ်များ မိစုံဖစုံ နဲ့ကြီးပြင်း ရင်း လောကကြီး အတွက် အကျိုးပြုနိုင်သော နိုင်ငံ့သားကောင်း
    လေးများ ဖြစ်နိုင်ကြပါစေ….။

  • Foreign Resident

    August 31, 2011 at 6:39 am

    Government shall legally allow abortion.

  • zawmaung

    August 31, 2011 at 10:29 am

    Government shall legally allow abortion.
    I’m supporting too.

  • myanpyithar

    August 31, 2011 at 10:48 am

    ဆေးရုံတက်မွေးပြီးထားသွားတာလဲရှိတယ်
    ကျွန်တော့သူငယ်ချင်းတစ်ယောက်ပေါ့…သူ့အဖေအမေကိုဘယ်သူမှန်းမသိဘူး
    အဲဒီဆေးရုံကနတ်စ်မရဲ့အမကမွေးစားခဲ့တာ
    ဘာကြောင့်လို့တော့အတတ်မပြောလိုပါဘူး..တော်တော်တော့ပေတယ်ဗျာ
    ကျောင်းထားပေးတယ်..၈တန်းကျတော့.ပျင်းလို့တဲ့ဆက်မတက်တော့ဘူး..မွေးစားမိဘလဲဆုံးမမရဘူး..
    ဒီ့အပြင်..မကြာပါဘူးမိန်းမကောက်ယူလိုက်တယ်.မွေးစားမိဘကလဲအလိုလိုက်ရှာပါတယ်..
    အိမ်တလုံးသပ်သပ်ဝယ်ပေးတယ်..အမွေခွဲပေးတယ်..မွေးစားမိဘမှာက. သမီးနှစ်ယောက်ရှိသေးတယ်လေ.
    သူတို့ကတက်ကသိုလ်တက်ကြတုံး..အဲဒါပေးတဲ့အမွေကိုထိုင်စားတယ်..ဘာမှမယ်မယ်ရရမလုပ်ဘူး
    ခုတော့သေရှာပြီ..အရက်သောက်ပြီး..အိုက်လို့တဲ့..ဝရန်တာမှာတက်ထိုင်နေတုံးအောက်ပြုတ်ကျတာဆေးရုံတောင်မရောက်လိုက်ဘူး…မိန်းမနဲ့ကလေးနှစ်ယောက်ကျန်ခဲ့တယ်…ပြောချင်တာကဗျာ..မိဘရင်းကိုမသိရလို့
    များအရွဲ့တိုက်တာလားမသိ..သူငယ်ချင်းတွေနဲ့ဆိုရင်တော့ သိပ်ကောင်းတာ..တစ်ယောက်ယောကကိုထိလို့ကတော့သူကဆော်ပြီးသားဘဲ
    အင်း..ဘာဆက်ပြောရမှန်းမသိတော့ဘူးဗျာ….်

  • iris21

    August 31, 2011 at 11:59 am

    အမှိုက်ပုံးထဲမှာ ပစ်သွားတာ မတွေ.ဖူးပေမဲ.ကြားဖူးပါတယ်။
    ဆေးရုံမှာမွေးပြီးထားသွားတာတော.ခဏတိုင်းတွေ.ရတတ်ပါတယ်။
    လွန်ခဲ.တဲ.တစ်ပါတ်က အဒေါ်ကြီးတစ်ယောက်လာဆွေးနွေးပါတယ်။သူ.သမီးကအမျိုးသားနဲ.ကွဲပြီး
    ခုကိုယ်ဝန်နဲ.ကျန်ခဲ.တာပါ။ကိုယ်ဝန်က(၈)လပါ။အရင်တစ်ယောက်မွေးပြီးသားကိုခွဲမွေးထားတာပါ။
    အရင်ခွဲရာ(previous scar)ရှိတဲ.အပြင်ရေတွေများနေပါတယ်။
    အဲဒါကြောင်. သူကဆေးရုံတက်ပြီးခွဲမွေးချင်ကြောင်းပြောပါတယ်။အဓိက ကတော.ဒီကလေးကိုသူမလိုချင်ဘူးဆိုတာပြောပါတယ်။
    ကလေးအသက်မရချင်နေပါစေ။အမေကိုကောင်းရင်ပြီးတာပဲလို.ပြောပါတယ်။ကလေးကအသက်ရှင်မှာ
    ကတော.သေချာတဲ.အကြောင်းလိုအပ်ရင်မွေးကင်းစပို.ရမဲ.အကြောင်းOGကရှင်းပြပါတယ်။သူလက်ခံလို.
    ခွဲပြီးကလေးကို မွေးကင်းစပို.ရပါတယ်။ပို.တဲ.တစ်ရက်ပဲလာပြီး နောက်နေ.တွေပေါ်မလာတဲ.အကြောင်းပါ။
    ဒါပေမဲ. (၂)ပါတ်လောက်ကြာတော.လာခေါ်သွားပါတယ်။သူ.မြေးလေးကို မမြင်ခင်က ရက်စက်ဖို.စဉ်းစား
    မိပေမဲ. သူညတိုင်းအိပ်မပျော်တဲ.အကြောင်း ဒါကြောင်.သူတို.ဘယ်လိုပဲပိုက်ဆံမရှိပါစေ။
    ဖြစ်အောင်မွေးမဲ.အကြောင်းကိုမျက်ရည်အဝဲသားနဲ.ပြောပြပြီး သူ.မြေးပေါက်စနကို ပြန်ခေါ်သွားပါတယ်

  • မီးမီး သော်

    August 31, 2011 at 12:17 pm

    အော်. လူသားပေမယ့် တခါတရံ မိုက်ကြတာ ကမ်းကုန်တယ်နော်။လူသားဘဝ ကိုတန်ဖိုးထားနားလည်သော အသိသညာကြွယ်ဝသော လူ ့ဝန်းကျင်တရပ်ထွန်းကားပါစေလို ့ဆုမွန်တောင်းလျှက်ပါ။

  • sai nyi nyi

    August 31, 2011 at 5:46 pm

    ကျွန်တော် နားလည်ထားတာတစ်ခုကတော့ လူကြီးတွေဟာ ကလေးတွေရဲ့ အနာဂါတ်မဟုတ်ပါဘူး။ ကလေးတွေကတာ လူကြီးတွေရဲ့ အနာဂါတ်ပါ။ နိုင်ငံချီပြီး မပြောရင်တောင်မှ ကိုယ့်မိသားစုလေး အတွင်းမှာ ကလေးကို လူကြီးမိဘကို ရိုသေ၊ပြုစုဖို့ လက်တွေ့ လမ်းမပြပေးနိုင်ခဲ့ရင် ကိုယ်က အသက်ကြီးလာတဲ့ အချိန်မှာ ဘယ်လိုလုပ်ကြမလဲ….မိဘမဲ့ ကလေးကျောင်းတို့၊ ဘိုးဘွားရိပ်သာတို့ ဆိုတာ မြို့တိုင်းမှာရှိနေတယ်ဆိုရင် ဂုဏ်ယူစရာလား၊ ဝမ်းနည်းစရာလား ကျွန်တော်တော့ တွေးနေမိတယ်ဗျာ…

  • snow white

    July 5, 2012 at 4:35 pm

    လုပ်ရက်တဲ့မိဘတွေ ရှိတယ် ပြောရရင်တော့မကောင်းဘူး သူတို့ ကြည်ဖြူနေတုန်းကချစ်ခင်စွာ ကိုယ်တို့ ဘဝလေး မှာသံယောဇဉ်လေးတစ်ခုထက်တိုးရင်ကောင်းမယ်ဆိုပြီး ကလေး လိုချင်တယ်ဖြစ်ကျရော ပြီးမှ ပူလာတော့မှ မလိုချင်ဘူးနောက်တစ်ယောက်နဲ့တွဲချင်တော့ ကဲလက်မထက်ဘဲ ကလေးကထွက်လို့ကလည်းမဖြစ်ဆိုတော့ ဖျက်ချတော့လည်းလကရင့်နေတော့ မွေး ပြီးတော့ပြစ် ကျရော ကလေးတွေဘဝလည်းတကယ့်သနားစရာအဖြစ်တွေပါဘဲ အော် လူဘဝလူဘဝ…

Leave a Reply