၂၀၀၉ပြီးတော့ ၂၀၁၀

DaveJanuary 2, 20102min880

တရွေ့ရွေ့ ခရီးနှင်နေသော အချိန်သည် တစ် နှစ်မှတစ်နှစ်သို့ ပြောင်းလဲကာ နှစ်ဟောင်းတို့ကို နှစ်သစ်သို့ ပြောင်းစေခဲ့ပြီဖြစ်သည်။ ယခုအခါ ၂၀၀၉ခုနှစ် ကုန်ဆုံးပြီး ၂၀၁ဝနှစ်သစ်သို့ ရောက် ရှိလာခဲ့ပြီ။ တစ်နှစ်အတွင်း ကမ္ဘာပေါ်ရှိ နိုင်ငံအသီး သီးတွင် သာမန်ဖြစ်ရိုးဖြစ်စဉ်များ၊ ထူးခြားဖြစ်စဉ် များ ကြုံတွေ့ရတတ်စမြဲဖြစ်ရာ ၂၀၀၉ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် ကမ္ဘာ့ဖြစ်ရပ်များကို လက်လှမ်းမီသ မျှ ပြန်လည်စုစည်း ဖော်ပြလိုပါသည်။

ဘာလူစကိုနီအတွက် အိပ်မက်ဆိုးနှစ်
အီတလီနိုင်ငံတွင် ၂၀၀၉ခုနှစ် မကုန်ဆုံးမီ ဝန် ကြီးချုပ်ဖြစ်သူ ဘာလူစကိုနီသည် လူအများအကြား တွင် ကိုယ်ထိလက်ရောက် ထိုးကြိတ်တိုက်ခိုက်ခြင်း ခံခဲ့ရသည်။ ၎င်းင်းသည် အီတလီနိုင်ငံရေး ဇာတ်ခုံပေါ် တွင် ဇာတ်လိုက်ကျော်တစ်ဦးအဖြစ် နှစ်ပေါင်းများ စွာ ရပ်တည်ခဲ့သော်လည်း ထိုဖြစ်ရပ်ကြုံတွေ့ပြီး နောက် အမျိုးမျိုးပြောဆိုဝေဖန်စရာ ဖြစ်ခဲ့ရသည်။ ထိုနှစ်သည် ဘာလူစကိုနီအတွက် အိပ်မက်ဆိုးနှစ် တစ်နှစ်ဟု ဥရောပသားများက ဆိုစမှတ်ပြုခဲ့ကြ သည်။ လူပုံအလယ်တွင် ထိုကဲ့သို့ထိုးကြိတ်ခံရခြင်း သည် ၎င်းင်း၏နိုင်ငံရေးဘဝအတွက် မျက်နှာမဖော်ဝံ့ စရာ ဖြစ်ရပ်တစ်ခုဟု ဆိုရပေမည်။

မပြီးဆုံးနိုင်သောအရှေ့အလယ်ပိုင်းအရေး
အရှေ့အလယ်ပိုင်းပြဿနာသည် အစ္စရေးနှင့် ပါလက်စတိုင်းတို့အကြားတွင် မပြီးဆုံးနိုင်ဘဲ ဆက် လက်ဖြစ်ပွားနေခဲ့ရာ ၂၀၀၉ခုနှစ်အတွင်းတွင်လည်း ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးတို့ဘက်မှ မညှာမတာ ပစ်ခတ်တိုက်ခိုက်မှုများ ပါလက်စတိုင်း တို့ဘက်မှ အကြမ်းဖက်တုံ့ပြန်မှုများ ဖြစ်ပွားခဲ့ သည်။ ကုလသမဂ္ဂအနေဖြင့် ထိုပြဿနာကို ဖြေရှင်း နိုင်ရန် နိုင်ငံတကာနှင့် ပူးပေါင်း၍ အကြိမ်ကြိမ်ကြိုး ပမ်းခဲ့သည်။ သို့ရာတွင် နှစ်ဖက်စလုံးက အလျော့ မပေးဘဲ စေ့စပ်ဆွေးနွေးရေး လုပ်ငန်းစဉ်ကို အစဉ် တစိုက်လုပ်ဆောင်ခြင်းမရှိခဲ့သဖြင့် ပြီးဆုံးပြေလည် ရန် နီးစပ်ခြင်းမရှိရုံမျှမက ငြိမ်းချမ်းရေးနှင့် ဝေး သည်ထက် ဝေး၍ လာခဲ့သည်ကို ၂၀၀၉ခုနှစ်က သက်သေခံခဲ့ပေသည်။

အမေရိကန်တရုတ်ဆက်ဆံရေး
အမေရိကန်ပြည်ထောင်စုတွင် သမ္မတအိုဘား မားအာဏာရလာပြီးနောက် နိုင်ငံခြားရေးမူဝါဒ ပြု ပြင်ပြောင်းလဲမှု အနည်းငယ်သာ ပြုလုပ်ခဲ့သော် လည်း တရုတ်နိုင်ငံအပေါ် ထားရှိသည့် အမေရိကန် အစိုးရ၏ သဘောထားတချို့ကို ပြောင်းလဲခဲ့သည် မှာ ထူးခြားချက်တစ်ရပ်ဖြစ်သည်ဟု နိုင်ငံတကာ ဆက်ဆံရေးလေ့လာသူများက သုံးသပ်သည်။
အိုဘားမားသည် တရုတ်နိုင်ငံသို့ အလည် အပတ်သွားရောက်ကာ တရုတ်သမ္မတအပါအဝင် ထိပ်တန်းခေါင်းဆောင်များနှင့် တွေ့ဆုံပြီးအမေရိကန်-တရုတ်ချစ်ကြည်ရေး အပြန်အလှန်နားလည် ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းပြီး စီးပွား ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မည့် အလားအလာ များနှင့်ပတ်သက်၍လည်း သဘောတူညီမှု ထူ ထောင်နိုင်ခဲ့သည်။ အဆိုပါနှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်ကောင်းမွန်လာသည်နှင့်အမျှ ပြန်လှန်ဦး မော့လာသော ကမ္ဘာ့စီးပွားရေးအခြေအနေကို အရှိန်အဟုန်မြင့်မားလာစေပြီး ဖြစ်သည်ဟု ကမ္ဘာ့ စီးပွားရေးလေ့လာသူများက သုံးသပ်ကြသည်။
အမေရိကန်နှင့် တရုတ်နှစ်နိုင်ငံအကြားတွင် ကုန်သွယ်ရေး၊ စီးပွားရေးညှိနှိုင်းပြီးပါက ကမ္ဘာ့နိုင်ငံ ရေးအားပြိုင်မှုကို ဆက်လက်ထိန်းညှိသွားသင့်သည် ဟု နိုင်ငံရေးသဘောတရား ကျွမ်းကျင်သူများက နှစ်ဖက်တာဝန်ရှိသူများကို အကြံပြုခဲ့ကြသည်။ အထူးသဖြင့် တရုတ်နိုင်ငံသည် နျူးကလီးယား အင် အားကြီးနိုင်ငံ ဖြစ်လာစေရန်အတွက် နည်းအမျိုးမျိုး ဖြင့် ကြိုးပမ်းအားထုတ်နေသော မြောက်ကိုရီးယား နိုင်ငံကို အကာအကွယ်ပေးနေဆဲ ဖြစ်သဖြင့် တောင် ကိုရီးယားကျွန်းဆွယ်အရေးကို အလေးထားကိုင် တွယ်သင့်သည်ဟု ၎င်းင်းတို့က ဆက်လက်ထောက်ပြ ဆွေးနွေးခဲ့သည်။ အလားတူပင် တရုတ်နိုင်ငံသည် တရုတ်တိုင်ပေအရေးနှင့် ပတ်သက်၍လည်း ညင် သာစွာလုပ်ဆောင်သင့်သည်ဟု ၎င်းတို့က သုံးသပ် ပြောဆိုခဲ့ကြသည်။

ပေါ့ပ်ဂီတကြယ်တစ်ပွင့် ကြွေလွင့်ခြင်း
၂၀၀၉ခုနှစ်အတွင်း ကမ္ဘာ့နယ်ပယ်အသီးသီးရှိ ကောင်းကင်ယံတွင် ကြယ်ပွင့်များ ကြွေလွင့်ခဲ့ကြရာ အမေရိကန်ဂီတကောင်းကင်တွင် တောက်ပခဲ့သည့် ကြယ်တစ်ပွင့်ဖြစ်သော မိုက်ကယ်ဂျက်ဆင် ရုတ်တရက်ကွယ်လွန်ခဲ့ခြင်းသည် တစ်ကမ္ဘာလုံးအတွက် ကြီး မားသော ဆုံးရှုံးမှုတစ်ရပ်ဖြစ်ခဲ့သည်ဟု နိုင်ငံတကာ အနုပညာနယ်ပယ်မှ နာမည်ကျော်ကြားသူများက ပြောကြားခဲ့ကြသည်။ မိုက်ကယ်ဂျက်ဆင်သည် ၁၉၈ဝပြည့်လွန်နှစ်များတွင် နာမည်ကျော်ကြားမှု အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပြီး ၎င်းင်း၏အနုပညာ အဆိုအက တင်ဆက်မှုများကို တန်ဖိုးလျော့ကျခြင်း မရှိစေရန် ဆယ်စုနှစ်များစွာ ထိန်းထားနိုင်ခဲ့သည်။ နောက်ပိုင်းတွင် ၎င်းင်း၏လူမှုရေး၊ အိမ်ထောင်ရေး၊ စီးပွားရေး အခက်အခဲများအကြား နစ်မြှုပ်နေခဲ့ရ ပြီး အထွေထွေစိတ်ဓာတ်ကျဆင်းမှုနှင့် ရင်ဆိုင်ခဲ့ရ သည်။ နောက်ဆုံးတွင် ၎င်းင်း၏နေအိမ်၌ ရုတ်တရက် ကွယ်လွန်ခဲ့ရာ သမားရိုးကျသေဆုံးမှု မဖြစ်နိုင်ဟု ၎င်းင်း၏မိဘဆွေမျိုးများက ထောက်ပြခဲ့သည်။ အမေ ရိကန်စုံထောက်များက မိုက်ကယ်ဂျက်ဆင်သေဆုံး မှုကို အထူးအမှုတွဲအဖြစ် ဖွင့်လှစ်ကာ အသေးစိတ် စုံစမ်းထောက်လှမ်းခဲ့ရသည်။ ၎င်းင်း၏ဈာပနကို တစ် ခမ်းတစ်နား စီစဉ်ပြုလုပ်ခဲ့ရာ အမေရိကန်ဂီတပရိ သတ်ပေါင်း သိန်းနှင့်ချီ၍ တက်ရောက်ခဲ့ကြသည်။ တစ်ကမ္ဘာလုံးမှ မိုက်ကယ်ဂျက်ဆင်၏ တေးဂီတနှင့် အက ပရိသတ်များကလည်း ဈာပနအစီအစဉ် ထုတ်လွှင့်မှုကို စောင့်မျှော်ကြည့်ရှုခဲ့သည်။

တိုက်ဂါးဝုဒ်ကားမှောက်ခြင်း
ကမ္ဘာကျော်ဂေါက်သီးအားကစားသမားတစ်ဦး ဖြစ်သည့် တိုက်ဂါးဝုဒ်သည် ၎င်းင်း၏ဇနီးဖြစ်သူနှင့် အတူ ကိုယ်ပိုင်ကားပေါ် စီးနင်းလိုက်ပါသွားရင်း ကားမှောက်သည့်ဖြစ်ရပ်နှင့် ကြုံတွေ့ခဲ့ရသည်။ ၎င်းင်း ၏ဂေါက်သီးအားကစား ပရိသတ်များက ကိုယ်ခန္ဓာ ထိခိုက်ဒဏ်ရာရမှု ရှိမည်ကို စိုးရိမ်ခဲ့ရသည်။ တစ် ခေတ်လျှင် တစ်ဦးအဖြစ် ပေါ်ထွန်းခဲ့သော ဂေါက် သီးအကျော်အမော်တစ်ဦးအဖြစ် တိုက်ဂါးဝုဒ်ကို အားကစားပရိသတ်က အသိအမှတ်ပြုခဲ့ကြသည်။ ထိုကားမှောက်မှုတွင် ၎င်းင်းသည် ခြေလက်တို့တွင် ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့သည်။

စိတ်လှုပ်ရှားဖွယ် တင်းနစ်လောက
တင်းနစ်အားကစားသည် ယခင်က အမေရိ ကန်နှင့်ဥရောပနိုင်ငံတချို့တွင်သာ ပရိသတ်အကြား ရေပန်းစားခဲ့သော်လည်း ယခုနောက်ပိုင်းတွင် တစ် ကမ္ဘာလုံးက စောင့်ကြည့်ရသော အားကစားနည်း တစ်နည်း ဖြစ်လာခဲ့သည်။ အမျိုးသားနှင့် အမျိုးသမီး တစ်ဦးချင်းသော်လည်းကောင်း၊ စုံတွဲသော်လည်း ကောင်း ယှဉ်ပြိုင်ကစားရသည့် တင်းနစ်အားကစား သည် တင်းနစ်ကွင်းထဲတွင်သာမက စာမျက်နှာများ ပေါ်တွင်လည်း စိတ်လှုပ်ရှားစရာ ဖြစ်လျက်ရှိသည်။
ထိုအားကစားနည်းသည် ကိုယ်ရောစိတ်ပါ အသွက်လက်ဆုံး ယှဉ်ပြိုင်ကစားရသော နည်းတစ် နည်းဖြစ်သဖြင့် တင်းနစ်ချန်ပီယံဟု ခေါ်ဆိုခံရသော အားကစားသမားများသည် ၎င်းင်းတို့၏ဆုဖလားကို တစ်နှစ်မှတစ်နှစ်သို့ အကူးအပြောင်း တစ်ရာသီမှ တစ်ရာသီသို့ အကူးအပြောင်းတွင် ဆက်လက်ပိုင် ဆိုင်နိုင်အောင် အင်တိုက်အားတိုက် ကြိုးစားကြရ သည်။ ယခင်က နာမည်ကျော်ကြားခဲ့သော အမေ ရိကန်တင်းနစ်မယ် ဝီလျံညီအစ်မ တဖြည်းဖြည်း ကွယ်ပျောက်သွားခဲ့ပြီး ရိုက်ကစားအားကောင်းသော တင်းနစ်မယ်များ ပေါ်ထွက်လာခဲ့သည်။ ယခင်က လက်စွမ်းပြနိုင်ခဲ့သော အဂါဆီတိမ်မြှုပ် သွားပြီး ၎င်းင်းထက်ပို၍စွမ်းသော တင်းနစ်ချန်ပီယံ များ ပေါ်ထွက်လာသည်ကို တွေ့ကြရမည်ဖြစ်သည်။