လိုက်သင့်ရဲ့လားချစ်သူ(သရော်စာ)

koyinSeptember 1, 20111min19514

(လိုက်သင့်ရဲ့လား ချစ်သူ..)

 


မြေပဲ စိမ့်လို့လား

လမ်းက ကြောင်ပဲ စားခဲ့သလား  

ငါ့မှာတော့ ဓါးချက်တွေ

ဗရပွနဲ့ အရေခွံ နွာခဲ့ရဖူးတယ် 

သိပ်တော့ မလျှောက်ခဲ့ပါဘူး

အဝတ်မပါဘဲ ဘေးထိုးအိပ်နေတာ

ဖိနပ်ပါသွားတာ အမြတ်ပေါ့

ခြေမနဲ့ လက်မောင်း

ထောင်းတော့လည်း ခံ ညောင်းတော့လည်း စံပေ့ါ

အဲလိုမျိုးနဲ့

ငါ့ ကျောက်မောင်းကို ထုဆစ်ပုံဖော်နေခဲ့တယ်

အပိုင်းအစတချို

သစ်ရွက်ကြွေ တချို့

ဖုန်မှုန့်တချို့

မိုးရေတစ်ချို့

….

………

အမျိုးတွေ အမျိုးတွေ တွေ့ခဲ့ပေ့ါ

ဟိုလိုနဲ့ ထင်မှတ်ခဲ့လည်း

ရင်ဘတ်ကို ခဲတွေ လာစင်တယ်

မမျှော်လင့်ဘဲ

မောင်းဆုံကွဲအက် ကြက်ချေးတွေနဲ့ ရောဖူးတယ်

မလိုချင်ဘဲ

သဲတွေသာ ရခဲ့တယ်

အဲဒီ အရှေ့မှာမှ

ခဲစတွေ ပိုကြေညက်လာတယ်

သဲမှုန်တွေ ပိုရောနှောလာတယ်

ကျောက်မောင်းရဲ့ အင်အားနဲ့

ဆုံထဲက ခဲတစ်ဝက်

ကြေညက်ခဲ့မယ်ဆို

အရာရာကို ရောလို့သမ

မနူးမနပ်ချက်ကာထားပြီး

(သူမ) ကို အိမ်အလည်ဖိတ်မယ်

အိုဘယ့် ချစ်သူရယ်

ထမင်းစားလိုက်သင့်ရဲ့လား…

 

တောက ကိုရင် 

 

(ဒါလေးက လိုက်ဝံ့ရဲ့လား ချစ်သူ ဆိုတဲ့ကဗျာလေးကို

မန့်ထားတဲ့ သရော်စာလေးပါ…

သရော်စာဆိုတာ မထေမဲ့မြင် ပြုတာ မဟုတ်ပါဘူး..

ပြန်ပြီး တုပ ရေးသားထားတာပါ..

ဟိုတုန်းက ဖိုးသူတော် ဦးမင်းတို့

ဗန်းမော်ဆရာတော်တို့ကို အားကျလို့…

သည်းခံပြီး ဖတ်ပေးပါ…)

 

14 comments

  • ရွှေဘိုသား

    September 1, 2011 at 6:28 pm

    မလိုက်ရဲပါဘူး ကိုရင်ရယ် ကိုရင်က ထမင်းစားကျွေးပြီးရင် မတွေးရဲပါဘူး
    တစ်မျိုးထင်ပါနဲ. ကိုရင် ကျနော်ပြောတာ ထမင်းကျွေးပြီး ရေမတိုက်မှာစိုးလို.ပါ

    ကျနော်လည်း ကိုရင် ကို.အားကျပြီး ရွှေဘိုသား ရေတွင်းပျက် လေးတစ်ပုဒ်နွှဲထားတယ်ဗျာ အားပေးအုံး
    ဝေဖန်အုံး

    • koyin

      September 2, 2011 at 4:13 pm

      ရော်..
      မလိုက်ရဲ နေခဲ့ပေ့ါ
      ကိုရင်ခေါ်ရာ လိုက်မယ့်သူတွေ ရှိပါတယ်
      စာဥတို့ ထွေးမြတို့လေ…ဟီး
      ဘယ်မှာတုန်းဗျ ရေတွင်းပျက်….
      ရွှေဘိုသားလည်း ရွှေဘိုသနပ်ခါးများများရောင်းရပါစေ…

  • ရွှေအိမ်စည်

    September 1, 2011 at 8:44 pm

    ငါ့ကဗျာ ကို…..

    ငါ့ကဗျာကို…

    ကို))))))))))))ရင်))))))))))))))

    ဒါဘာလဲ..စိန်ခေါ်တယ်ပေါ့….
    အေးဘာ))))))))))

    အေးဘာ))))))))))))

    ခဏမအားသေးလို ့..

    ရေးသာရေး..စိတ်ချမ်းသာသလို ရေး………….

    ………………………………………………..

    • ကြောင်ကြီး

      September 2, 2011 at 8:52 am

      ငါငါ တငါငါ
      မငါနဲ့
      အလာမှာ
      ဘာမှမပါ
      တရာမက
      ပြောခဲ့ပြီ
      ဒါလည်းအမှတ်မရှိ..
      ပြောမှသိ
      ထိမှနာ
      သေမှမနာနဲ့
      မရှိတာကို
      မရှိဘူးလို့
      မမှတ်တတ်ရင်
      မမောနိုင်
      မပန်းနိုင်
      မရွှေအိမ်စည်ရေ
      မပြီးဆုံးတဲ့သံသရာမှ
      မလွတ်မြောက်နိုင်ဘူး..။

    • Dakara

      September 2, 2011 at 11:58 am

      ငါ့မေတ္တာ
      ငါ့အကြင်နာ
      ငါ့စေတနာ
      လှသလိုရှိ
      သေခြာကြည့်မှ
      ငါငါ ခြင်းထပ်
      မပြတ်တော့ဘူး
      ရွာကလူတွေ
      အားနာအုံး

    • koyin

      September 2, 2011 at 4:15 pm

      အလိုလေး ထိပ်ထား
      ကြိမ်းလှ မောင်းလှချည်ကလား
      ဟုတ်… ဆက်ပြီး ရေးမှာပါဗျား…
      အားပေးတဲ့သူ ကျေနပ်အောင် ဟီး
      ထိပ်ထားရေ နှာမတိုကြေးနော
      ပျော်ရွှင်ပါစေ…

  • နီလေး

    September 2, 2011 at 9:47 am

    ကိုရင်နဲ့မရွှေအိမ်စည်က ဇတ်လမ်းလေးတွေရှိဖူးတယ်ထင်တယ်နော် ဥပမာ အမြင်မကြည်လင်ခြင်း စောင်းမြောင်းစာဖြင့်ပြန်လည်တိုက်ခိုက်ချေပခြင်းမျိုးကိုသာ ဆိုလိုသည်။ တခြားဇာတ်လမ်းတော့သိဘူး

    • ရွှေအိမ်စည်

      September 2, 2011 at 10:19 am

      သူလာမဖြေခင်အရင်ဖြေမှာ…..
      အခြားဇာတ်လမ်းလည်းမရှိပါဘူး…

      ကိုရင်ကိုလည်းကျေးဇူးတင်ပါတယ်..
      ဘာလို ့လည်းဆိုတော့..သူကြောင့်ပိုရေးဖြစ်တာပါ…

      အဲ ့သို လေ…အရင်ကတော ့..တော်တော်ပျော်စရာကောင်းပါတယ်

      ဥပမာ..ကျမကကဗျာပြီးတဲ ့အပိုဒ်ကို….နောက်တစ်ယောက်ကဆက်ရေး
      ကဗျာဆက်ထုံးပေါ့……

      အားပေးတြ ့သူတွေ ကလည်း..ကိုရင်ဘက်ကျမဘက်ပေါ့နော်….

      အရင်ကတော့..နိုင်ဆိုဒ်တွေ မှာ…

      ဘယ်သူမှမနိုင်ပါဘူး……….ကဗျာမိတ်ဆွေတွေ…ပြောရင်..

      သူဘာဆက်လုပ်မလဲကျမသိတယ်…

      ဟုတ်တယ်ဟုတ်..ကိုရင်……တင်တော့မယ်သူ..ခေတ်သစ်….ဘာကဗျာဆိုလား…

      လိမ်မာတယ်..မတင်နဲ ့နော်ကိုရင်…ငါ့စိတ်မဆိုးတတ်ပါဘူး..

      ငါ့ကဗျာတွေ ဘဲသရော်စာရေး..။
      သူများကဗျာမရေးမိစေနဲ ့နော်……..

      ခင်မင်လေးစားလျက်ပါ

      (စိတ်ပုတ်ဒါမျိုးကြတော့ပြန်မပြောဘူး)

      • koyin

        September 2, 2011 at 4:24 pm

        ဟဲ.. ဟဲ.. ဟဲ..
        ထိပ်ထားအဖြေ ပြည့်စုံပါတယ်..
        ကိုရင် ထပ်မဖြေတော့ဘူးနော နီနီလေး
        အဲလိုကြီးလည်း မေးနဲ့ကွယ်
        ထိပ်ထားလေးက တိုနေမယ် (စိတ်)
        တကယ်ကို ရင်းတဲ့ ကဗျာမိတ်တွေပါ…
        ထိပ်ထားကြောင့် ကိုရင့်ကဗျာတွေ သစ်လာတယ်ဆိုရင်လည်း
        ဝန်ခံရဲပါတယ်….
        အစစ အရာရာ မီးမောင်းထိုးပြတဲ့သူ
        (အဲတုန်းက မှောင်းနေတယ်လေ.. လမ်းမမြင်ရလို့…)
        သူကြောက်တာ ကိုရင်ပဲ ရှိတယ်လေ..
        ဟေ… ဟေ…
        လာမယ်လေ ခေတ်သစ်…(၂၁ရာစုကဗျာလေးပါ)
        ထိပ်ထားကို ငဲ့ညှာသော အားဖြင့်
        ကိုရင် မတင်ဝံ့တော့ပါကြောင်း
        သူမက ကြိုတင်ပြီး တောင်းပန်ထားသကိုးဗျ
        ကိုရင်က လိမ္မာပြရမယ်လေ…
        (ဖတ်လိုသူများ တိုးတိုးတိတ်တိတ်
        ထိပ်ထားမသိအောင် လက်သိပ်ထိုးပြီး
        ကိုရင်ဆီ ဖိတ်စာနဲ့ တောင်းဆိုနိုင်ပါကြောင်း… အဟိ
        ထိပ်ထားလေး မသိစေနဲ့နော်…)

  • မီးမီး သော်

    September 2, 2011 at 11:56 am

    ရေးလဲ ရေးတတ်တဲ့ ကိုရင်ပါလားနော်။အတွေးရောအရေးပါ အရမ်းကောင်းပါတယ်။

    • koyin

      September 2, 2011 at 4:28 pm

      အဲ မော်မော်သီးရေ
      သူများကို ခေါ်လို့ ခေါ်ကြည့်တာ
      မီးမီးလေးရော ကုန်ကြမ်းမပေးချင်ဘူးလား
      ကိုရင့်ကဗျာတွေထဲပါသွားရင် နာမည်ကြီးသွားမှာနော
      စာလုံးကြီးကြီးနဲ့ ရေးပေးမယ်လေ
      ကိုရင်က အတွေးလည်းကောင်း အရေးလည်းကောင်း
      အလွမ်းလည်းကောင်း အဆွေးလည်းကောင်းပြီး
      အငိုလည်း လွယ်ပါတယ် အရှိုက်ခက်တာကဆိုး
      အိုဘယ့် မီးမီးရယ်
      လူလည်း ညှင်းသိုးသိုးဖြစ်နေပြီလေ…
      ရေမချိုးတာ ခုနှစ်ရက်
      အဲ…ဘွာတေး
      မီးမီးလေး ပျော်ရွှင်ပါစေ…

  • ရွှေအိမ်စည်

    September 2, 2011 at 1:45 pm

    အိုးဘယ့်ရွှေအိမ်စည်ထပ်လုပ်လာကြည့်နင်တော့သေပြီသာမှတ်ဘဲ…

    • koyin

      September 2, 2011 at 4:44 pm

      အဲ…ကြိမ်း…ကြိမ်းလှချည်လား ထိပ်ထားရယ်
      တကယ်ကွယ် ကိုရင်သေရချည့်
      အပေါ်မှာ အိုဘယ့် မီးမီးကို ကြည့်လှည့်ပါအုံး….
      များပါသာ ရိုးရိုးသားသား
      သရော်စာလေး တစ်ပုဒ်တလေ ပွားမိပါတယ်
      လာလာပြီး တရားခံစစ် အစ်တဲ့သူက အစ်
      ထိပ်ထားလေးကလည်း ရွှေဓါးကို ဆွဲလို့
      ကြိမ်းပြီးရင်း ကြိမ်း
      ကိုရင်လေ ဒိန်းတလိန်းနတ်ဖမ်းစားသလို
      ငိုချင်ပြီလေ ဧရာဝတီကို သနားလို့သာပ
      အိုဘယ့် ထိပ်ထားရယ်.. အဲလေ
      အိုဘယ် မြန်ပြည်သူ ပြည်သားတွေရယ်လေ…
      ထိပ်ထားကို ဆွဲကြပါဟ….
      ကိုရင် နောက်တစ်ခါ စာမတင်ရဘဲ နေအုံးမယ်…
      ထိပ်ထားနှင့်တကွ ဖတ်သူ မန့်သူ မေးသူ အစ်သူအပေါင်း
      ပျော်ရွှင်ကြပါစေ…

  • ရွှေအိမ်စည်

    September 2, 2011 at 5:14 pm

    ငါမန် ့ပေးထားတယ်….ရွှေဘိုသား….ရွှေတွင်းပျက်….

    တို ့တွေ အရင်က..ကဗျာဆက်ထုံးလေးတွေ ရေးတာပါပြောပြထားတယ်…

    ..သွားပြီးအားပေးအုံး..ငါပေးထားတာ…ဘယ်နှစ်ခေါက်မှန်းတောင်မသိဘူး..သူ ့ကိုလည်းဧဒင်ကကဗျာချစ်သူထဲ ဖိတ်ခဲ ့လိူုက်လေ..
    တို ့ဆီ က……အကုန်ကူညီတတ်တယ်ဟုတ်…

    ……….
    သိပ်ပျော်နေတယ်ပေါ့…
    Forum ကငါဘာတွေ လုပ်ထားတာလည်းလဲ မကြည့်ဘူး..တကယ်အားမကိုးရတဲ ့သူငယ်ချင်း

Leave a Reply