ဒီတစ်ပတ် ကာတွန်းများနှင့် ကျွန်တော့်အတွေးများကိုတော့ ဒဂုံတက္ကသိုလ်ရဲ့ သင်ပုန်းကြီး ဖတ်စာ ကာတွန်လေးများနဲ့ စတင်ထားပါတယ် .. သိမြင် ကြားသိ မှတ်ရှု လေ့လာ ခဲ့ပြီးသားတွေ၊ အတွေများ ပွားခဲ့ဖူးတယ်ဆိုရင်လည်း …………………………………………………………….

 

ကာတွန်း(၁)က ကျောင်းသားကြီးကတော့ ဘယ်လိုအကြောင်းကြောင့် ဘွဲ့မရတာလည်းတော့မသိဘူး … အခုကျွန်တော်ဘွဲ့ရခဲ့တဲ့ အဝေးသင်တက္ကသိုလ်မှာ ကျွန်တော်ကတော့ စာမကျက်ချင်တဲ့အတွက် ကျခဲ့သလို … ဆရာမဆီမှာ ကျူရှင်ယူသော နှစ်တွေမှာ အောင်မြင်ခဲ့တော့ ………………. :P …. နောက်တစ်ဖန် ကျွန်တော်တက်ခဲ့သောကျောင်း … အဲသည်ကျောင်းကတော့ ရန်ကုန်မြို့ထဲမှာပဲ ရှိတယ်ဗျ အမှတ်ကတော့ ဆေးပြီးရင် ဒုတိယ မလိုက်တောင် အမှတ်တော်တော်များမှ တက်လို့ရတဲ့ ကောလိပ်ဗျ … အဲသည် ကျောင်းမှ တက်နေတဲ့ ကျောင်းသားတွေက အိမ်သာခန်းမှာ ဖဲရိုက်ကြပါတယ် .. သူတို့တွေလည်း ဘယ်လိုဘွဲ့တွေကို ယူကြလဲဆိုတာတော့ ………. (ကျွန်တော်တို့ မေဂျာတော့ မပါဘူးပေါ့ဗျာ ဤသည်ကားစကားချပ် .. မြို့ထဲမှာ ရှိသလို ကျွန်တော်တို့ ကောလိပ်က တော်တော်သန့်တယ်ဗျ အိမ်သာထဲမှာ ဖဲရိုက်လို့ရအောင် အနံ့အသက်လည်းကင်းတယ်ဗျ …ကြုံတုန်းကြွားရတာ သိပ်တော့ မလွယ်ဘူး … :D )

 

ဒီကာတွန်းလေးက ကိုရီးယားဆိုတာတော့ တော်တော်မှန်တယ်ဗျ မေမေလေ ကိုရီးယားကားပြသတဲ့ အချိန်ဆိုရင် ဘာပဲပြောပြော ဂရုမစိုက်အားဘူး … ကျန်တဲ့အချိန်မှာ သွားပြောရင် အရိုက်ခံရမယ့် ကိစ္စတွေ အဲဒီအချိန်မှာပြော အေးဆေးပဲ … ကျွန်တော့်အတွက် ဂွင်ကောင်းပဲဗျ … :P

နည်းနည်းတော့ ကြာခဲ့ပါပြီ ဂျာနယ်တစ်စောင်မှာ ရွာထဲက ပို့စ်တစ်ခုကို ခွင့်မတောင်းဘဲ ကူးယူ ဖော်ပြထားခဲ့တယ်ဗျ .. ရေးသားသူကတော့ ကျွန်တော် မမှတ်မိဘူးဗျ .. ဒါပေမယ့်လည်း ရွာထဲက ချစ်စရာကောင်းတဲ့ လေးပေါက် ကူညီဖြေရှင်းပေးခဲ့တာကို အမှတ်ရနေမိတယ်ဗျ … ရွာသူ/သား တွေလည်း ကိုယ်ရေးထားတာလေးတွေ ဘယ်နေရာမှ ပုံနှိပ်ဖော်ပြထားမလဲ ကြည့်လိုက်ကြအုန်းနော် ……….. :P

ကျွန်တော်တို့ နိုင်ငံမှာ လွှတ်တော် အစည်းအဝေးကြီးကို ကျင်းပနေပြီး အမတ်တွေရဲ့ ဆွေးနွေးတင်ပြကာ အဆိုတင်သွင်းမှုတွေ သက်ဆိုင်တဲ့သူများကနေ ပြန်လည် ဖြေရှင်းပေးနေကြတာကို တွေ့မြင်နေရတဲ့အပြင် … …………………. ………… ……….. ဆက်မပြောတော့ပါဘူးဗျာ …………………. :D (စာကြွင်း. အမှန်မှာ ကိုယ်မသိသောကြောင့်) :P

ငယ်ငယ်တုန်းကနေ အခုအချိန်ထိ ပြိုင်ပွဲတွေကို အပျော်သဘောရော ဘ၀အတွက် တိုက်ပွဲ တစ်ခုလိုပါ ဖြတ်သန်းခဲ့ဖူးတယ်ဗျ .. တစ်ခါတစ်လေ ပြိုင်ပွဲတွေမှာ ကလေးကွက်တွေသုံးပြီး နိုင်သွားတယ်လို့ ပြောခံရဖူးသလို… ကလေးကွက်ကြောင့်လည်း ခံသွားရတယ်လို့ အပြောခံရတယ် .. ဒီကာတွန်းလေးကို ကြည့်မှပဲ ကလေးကွက်ဆိုတာဘာလဲ ? ကလေးကွက်ဆိုတာ တရားမျှတမှု မရှိတဲ့ အရာလား ? ဒါမှမဟုတ် ကိုယ်မထင်တဲ့ တိုက်ကွက်ကနေ ရိုးစင်းစွာနဲ့ အနိုင်ယူသွားလို့ မချင့်မရဲနဲ့ ပြောခြင်းလား ? စတဲ့ စတဲ့ အတွေးများနဲ့ ……………… ရွာသူ/သားတွေရဲ့ ထင်မြင်ချက်တွေကရော ? ….

ရေအားလျှပ်စစ်တွေအကြောင်း … ဧရာဝတီရဲ့ အကြောင်း ပညာရှင်တွေရဲ့ ပြောဆိုသံတွေဟာ အခုတစ်လော ဘ၀င်ညံလိုက်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ် … ဒီကာတွန်းလေးကို ကြည့်မိတဲ့ နေ့ကစပြီး အိမ်က ရေအိုးစင်မှာရှိသော ရေကို သောက်မယ် ကြံတိုင်း ရေအိုးကို သတိထားကြည့်မိနေတုန်းဗျ ….. :P

အားလုံးကို လေးစားလျှက်

KING

About King

has written 59 post in this Website..

ရှူးးးးးးးးးးးးးးးးးးး ...................