ကာတွန်းများနှင့် ကျွန်တော့်အတွေးများ (၂)

KingAugust 30, 20112min1548

ဒီတစ်ပတ် ကာတွန်းများနှင့် ကျွန်တော့်အတွေးများကိုတော့ ဒဂုံတက္ကသိုလ်ရဲ့ သင်ပုန်းကြီး ဖတ်စာ ကာတွန်လေးများနဲ့ စတင်ထားပါတယ် .. သိမြင် ကြားသိ မှတ်ရှု လေ့လာ ခဲ့ပြီးသားတွေ၊ အတွေများ ပွားခဲ့ဖူးတယ်ဆိုရင်လည်း …………………………………………………………….

 

ကာတွန်း(၁)က ကျောင်းသားကြီးကတော့ ဘယ်လိုအကြောင်းကြောင့် ဘွဲ့မရတာလည်းတော့မသိဘူး … အခုကျွန်တော်ဘွဲ့ရခဲ့တဲ့ အဝေးသင်တက္ကသိုလ်မှာ ကျွန်တော်ကတော့ စာမကျက်ချင်တဲ့အတွက် ကျခဲ့သလို … ဆရာမဆီမှာ ကျူရှင်ယူသော နှစ်တွေမှာ အောင်မြင်ခဲ့တော့ ………………. 😛 …. နောက်တစ်ဖန် ကျွန်တော်တက်ခဲ့သောကျောင်း … အဲသည်ကျောင်းကတော့ ရန်ကုန်မြို့ထဲမှာပဲ ရှိတယ်ဗျ အမှတ်ကတော့ ဆေးပြီးရင် ဒုတိယ မလိုက်တောင် အမှတ်တော်တော်များမှ တက်လို့ရတဲ့ ကောလိပ်ဗျ … အဲသည် ကျောင်းမှ တက်နေတဲ့ ကျောင်းသားတွေက အိမ်သာခန်းမှာ ဖဲရိုက်ကြပါတယ် .. သူတို့တွေလည်း ဘယ်လိုဘွဲ့တွေကို ယူကြလဲဆိုတာတော့ ………. (ကျွန်တော်တို့ မေဂျာတော့ မပါဘူးပေါ့ဗျာ ဤသည်ကားစကားချပ် .. မြို့ထဲမှာ ရှိသလို ကျွန်တော်တို့ ကောလိပ်က တော်တော်သန့်တယ်ဗျ အိမ်သာထဲမှာ ဖဲရိုက်လို့ရအောင် အနံ့အသက်လည်းကင်းတယ်ဗျ …ကြုံတုန်းကြွားရတာ သိပ်တော့ မလွယ်ဘူး … 😀 )

 

ဒီကာတွန်းလေးက ကိုရီးယားဆိုတာတော ့တော်တော်မှန်တယ်ဗျ မေမေလေ ကိုရီးယားကားပြသတဲ့ အချိန်ဆိုရင် ဘာပဲပြောပြော ဂရုမစိုက်အားဘူး … ကျန်တဲ့အချိန်မှာ သွားပြောရင် အရိုက်ခံရမယ့် ကိစ္စတွေ အဲဒီအချိန်မှာပြော အေးဆေးပဲ … ကျွန်တော့်အတွက် ဂွင်ကောင်းပဲဗျ … 😛

နည်းနည်းတော့ ကြာခဲ့ပါပြီ ဂျာနယ်တစ်စောင်မှာ ရွာထဲက ပို့စ်တစ်ခုကို ခွင့်မတောင်းဘဲ ကူးယူ ဖော်ပြထားခဲ့တယ်ဗျ .. ရေးသားသူကတော့ ကျွန်တော် မမှတ်မိဘူးဗျ .. ဒါပေမယ့်လည်း ရွာထဲက ချစ်စရာကောင်းတဲ့ လေးပေါက် ကူညီဖြေရှင်းပေးခဲ့တာကို အမှတ်ရနေမိတယ်ဗျ … ရွာသူ/သား တွေလည်း ကိုယ်ရေးထားတာလေးတွေ ဘယ်နေရာမှ ပုံနှိပ်ဖော်ပြထားမလဲ ကြည့်လိုက်ကြအုန်းနော် ……….. 😛

ကျွန်တော်တို့ နိုင်ငံမှာ လွှတ်တော် အစည်းအဝေးကြီးကို ကျင်းပနေပြီး အမတ်တွေရဲ့ ဆွေးနွေးတင်ပြကာ အဆိုတင်သွင်းမှုတွေ သက်ဆိုင်တဲ့သူများကနေ ပြန်လည် ဖြေရှင်းပေးနေကြတာကို တွေ့မြင်နေရတဲ့အပြင် … …………………. ………… ……….. ဆက်မပြောတော့ပါဘူးဗျာ …………………. 😀 (စာကြွင်း. အမှန်မှာ ကိုယ်မသိသောကြောင့်) 😛

ငယ်ငယ်တုန်းကနေ အခုအချိန်ထိ ပြိုင်ပွဲတွေကို အပျော်သဘောရော ဘဝအတွက် တိုက်ပွဲ တစ်ခုလိုပါ ဖြတ်သန်းခဲ့ဖူးတယ်ဗျ .. တစ်ခါတစ်လေ ပြိုင်ပွဲတွေမှာ ကလေးကွက်တွေသုံးပြီး နိုင်သွားတယ်လို့ ပြောခံရဖူးသလို… ကလေးကွက်ကြောင့်လည်း ခံသွားရတယ်လို့ အပြောခံရတယ် .. ဒီကာတွန်းလေးကို ကြည့်မှပဲ ကလေးကွက်ဆိုတာဘာလဲ ? ကလေးကွက်ဆိုတာ တရားမျှတမှု မရှိတဲ့ အရာလား ? ဒါမှမဟုတ် ကိုယ်မထင်တဲ့ တိုက်ကွက်ကနေ ရိုးစင်းစွာနဲ့ အနိုင်ယူသွားလို့ မချင့်မရဲနဲ့ ပြောခြင်းလား ? စတဲ့ စတဲ့ အတွေးများနဲ့ ……………… ရွာသူ/သားတွေရဲ့ ထင်မြင်ချက်တွေကရော ? ….

ရေအားလျှပ်စစ်တွေအကြောင်း … ဧရာဝတီရဲ့ အကြောင်း ပညာရှင်တွေရဲ့ ပြောဆိုသံတွေဟာ အခုတစ်လော ဘဝင်ညံလိုက်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ် … ဒီကာတွန်းလေးကို ကြည့်မိတဲ့ နေ့ကစပြီး အိမ်က ရေအိုးစင်မှာရှိသော ရေကို သောက်မယ် ကြံတိုင်း ရေအိုးကို သတိထားကြည့်မိနေတုန်းဗျ ….. 😛

အားလုံးကို လေးစားလျှက်

KING

8 comments

  • koyinmaung

    August 30, 2011 at 9:39 pm

    အားပေးသွားပါတယ်….
    ကောင်းပါတယ်…

  • pan pan

    August 31, 2011 at 9:21 am

    ဖေဖေ ပရီးမီယားဆိုတော့ ကော်ဖီမှတ်နေတာ နောက်မှဘောလုံးမှန်းသိတော့တယ်
    တီဗွီကကြော်ငြာမှာက ဘိုးလိုးက တီးမာစတာ သမီးကတော့ ပရီမီးယားပဲ ဆိုလို့ 😀

  • iris21

    August 31, 2011 at 12:16 pm

    အင်း…တကယ်ရေအိုးကြည်.သောက်မိနေပြီ။

  • yetazar

    August 31, 2011 at 1:18 pm

    ခ် ရေအိုးထဲကရေကို ရေအားလျှပ်စစ်ထုတ်မယ်ဆိုတာလေးကတော့ သဘောကျစရာကောင်းသလို တစ်ကယ့်အဖြစ်မှန်လေးပါ ။ ရာဇဝင်ညရဲ့သတို့သမီး နှလုံးသွေးတွေကို ရေအားလျှပ်စစ်တွက် သုံးနေမှတော့သောက်ရေအိုးထဲ ရေကိုရေအားလျှပ်စစ်ထုတ်မယ်ဆိုတာ မဆန်းတော့ဘူးပေါ့နော် ။ လုပ်ရက်ပါပေ့ ကိုကိုတို့ရယ် ။

  • မီးမီး သော်

    August 31, 2011 at 1:30 pm

    ကလေးကွက်တော့ ကလေးလေးအကွက်ပါဘဲ။ဒါပေမယ့် နောက်ကျောက သေနတ်နဲ ့ထောက်ရှုံးအောင် ရွှေ ့ပေးလိုက်ရတယ်။

  • Shwe Ei

    August 31, 2011 at 3:06 pm

    ကျွန်တော့်အတွေးတွေက တယ်စုံဘာလား။ ဘယ်လောက်ကြာကြာထိုင်တွေးလိုက်ရပါလိမ့်။

  • king

    August 31, 2011 at 4:19 pm

    အားပေးကြတဲ့အတွက် ကျေးဇူးပါ … 😀
    ကျွန်တော့်အတွေးတွေက တယ်စုံဘာလား။ ဘယ်လောက်ကြာကြာထိုင်တွေးလိုက်ရပါလိမ့်။
    ဘယ်လောက်ကြာကြာလဲဆိုတော့ ကလေးလိုတွေးကြည့်မိတာ အချိန်တွေနေ့ရက်တွေတောင် မှတ်မထားမိဘူးဗျ ………. 😀

Leave a Reply