သံယောဇဉ်သာ ဆိပ်တက် ရင်…

koyinAugust 31, 20114min16513

သံယောဇဉ်သာ ဆိပ်တက် ရင်

နွေသက်သတဲ့လား

ဆောင်းငှက်က ပင်အိုထက်

ရင်ထက်မှာ မြား…။

 

တစ်မျှင်ပတ်ပေမယ့်

ပင်ယှက်တဲ့ တစ်ခက်နွယ်

နှောင်တွယ်ကာ ထား…။


နှင်းစက်က ခိုတွယ်

မျက်ဝန်းက အငိုလွယ်သတဲ့

ဒဏ်ခတ်တဲ့ နွေ…။


အပျံခက်သတဲ့

ရက်စက်တဲ့ လေနီရိုင်းက 

မုန်တိုင်းကို စေ…။


ခြွေချင် ခြွေ… ကြွေနေမှာပဲ

သွေးစက်တွေ ခဲကာမှ

အစိမ်းရောင် ခြယ်ကာ

သတ်မှတ်လိုက်မတဲ့

တားမြစ်ဖို့ ခက်တဲ့ နယ်မြေ…။


လာစေချင် ဝင်လာမလား

မသွားပါနဲ့ ထားခဲ့မှာလား

ပိုင်းခြားထားတဲ့ ရင်ပြင်ထက်

တောင်တန်းတွေကို လက်နဲ့သယ်

ကာရံလို့ ကွယ်မလား…။


မကွယ်မကာ တတွယ်မက်မက်

မရှောင်ရက်လို့ အနှုတ်ခက်လည်း

စိုက်ဝင်လျှက်သား…..

နှလုံးသားမှာ…။


သံယောဇဉ်သာ ဆိပ်တက် ရင်။ ။

တောက ကိုရင်



13 comments

  • ရွှေအိမ်စည်

    August 31, 2011 at 4:50 pm

    ဒီတပုဒ်ငါစိမ်းနေသလိုဘဲ……
    ပြောရင်လည်းငါကိုပြောကြမယ်
    ..နင့်ကဗျာကလည်းများတာကိုး…
    နင်ရေးတာကောင်းတယ်…

    .စဉ်းစားစရာဘဲ..နင်မသင်ခိုင်းဘဲဘာလို ့ငါဘဲလာသင်ခိုင်းကြလည်းမသိ..
    အဟား…..ငါ့က.. …..

    မီးအိမ်ရှင်ကောနံပါတ်ဘယ်လောက်ရောက်ပြီလည်းနင်ရေးနေတာ..
    ငါမဖတ်နိုင်ဘူး..တယောက်ထဲ ရှုတ်နေရာ…..
    facebookက ငါ့ အဖွဲ ့ထဲ မှာ…နင်ရေးသမျှတော့အားရင်တင်ပေးပါ…

    သူငယ်ချင်း..ကိုရင်တစ်ယောက်..အဆိပ်မတက်ပါစေနဲ ့..လို ့

    • koyin

      August 31, 2011 at 5:12 pm

      စိမ်းမှာပေ့ါ
      င့ါကဗျာတွေမှ လာမဖတ်တာကြီးကို
      မီးအိမ်ရှင်လား…
      အားနာလို့ ရပ်ထားတာ
      လာမယ်လေ…
      ဟိုမှာလည်း တင်ပေးပါ့မယ်
      အဆိပ်ကတော့ မတတ်အောင် ကြိုးစားနေရတုန်းပဲ
      ထိပ်ထားလေး ပျော်ရွှင်ပါစေ…

  • Shwe Ei

    August 31, 2011 at 5:52 pm

    တောက ကိုရင်က ကဗျာဆရာလား။ ကဗျာတွေ ခံစားလို့ကောင်းတယ်။

    • koyin

      August 31, 2011 at 8:20 pm

      ကဗျာဆရာ မဟုတ်ပါဘူးဗျာ
      ကဗျာကို နှစ်သက်လို့
      ခုမှ လက်တည့်စမ်းပြီး ရေးနေတာပါ…
      ခံစားလို့ ရတယ် ပြောလို့ ကျေးဇူးပါ
      ထပ်ပြီးကြိုးစားပေးပါ့မယ်
      ရွှေအိ ပျော်ရွှင်ပါစေ..

  • ရွှေဘိုသား

    August 31, 2011 at 7:07 pm

    ကဗျာဆရာလားတော.မသိဘူးကွယ်
    ကျနော်.သူငယ်ချင်း ကိုရင်ကတော. ဘိန်းတော ဆရာဗျ
    ရွာထဲက ကို်ရင် ဘာလည်းဆိုတာကို ထုတ်ပြလိုက်ပါလား
    မဟုတ်တာမထုတ်နဲ.နော် ကျနော်ပြောတာ ဓာတ်ပုံတိုု. မှတ်ပုံတင် တို.ပြောတာ

    • koyin

      August 31, 2011 at 8:45 pm

      အယ်
      ဟုတ်လား ရွှေဘိုသား
      ရွှေဘိုသနပ်ခါးရော ရောင်းရရဲ့လား
      အဲ
      သူငယ်ချင်းဗိန္နောဆရာလည်း ရှိတယ်လား
      ဟီး
      ရွာထဲမှာလား
      ရွာသူတွေ ကြောက်လို့ ကိုရင်ဓါတ်ပုံ မပြရဲဘူးလေ
      ရွှေဘိုသနပ်ခါး ရောင်းကောင်းပါစေ
      ရွှေဘိုသားလေး ပျော်ရွှင်ပါစေ..

  • မီးမီး သော်

    August 31, 2011 at 10:58 pm

    ကိုရင် ရေ ရွှေဘိုသနပ်ခါးနဲ ့ရိုးရိုးယဉ် တောကပန်းလေးတပွင့်အကြောင်း ကဗျာစပ်ကြည့်ပါဦးလား။ဆရာလုပ်တာမဟုတ်ရပါနော်။

    • koyin

      September 1, 2011 at 3:57 pm

      ဟုတ်
      မီးမီးအတွက် ကြိုးစားပေးပါ့မယ်
      ခုလို အကြံပေးတဲ့အတွက် ကျေးဇူးပါနော်…
      တကယ်လို့ သရုပ်မပေါ်လွင်
      ကဗျာဟန် မပီပြင်ခဲ့ရင်တော့
      ကိုရင်ရဲ့ ညံ့ဖျင်းမှုအတွက်
      ကြိုတင် တောင်းပန်ပါတယ်..
      မီးမီး ပျော်ရွှင်ပါစေ…

  • ရွှေဘိုသား

    September 1, 2011 at 10:56 am

    ဒါဆိုရင်တော. စာမူအကြမ်း ကျနော်ငယ်ကျွမ်းဆွေ စာဥအကြောင်း ရောင်းမယ်ဗျာ စာဥတော.မသိစေနဲ.ဗျ
    ကိုရင် ကတိပေးမယ်ဆိုရင် ကောက်ရိုးပုံ ပေါ်မှာ ပျော်ခဲ.တဲ.ညတွေရော အတွင်းကျကျပြောပြမယ် ဘယ်လိုလည်း ကြေးနည်းရင်တော. ရင်မခုန်တတ်ဘူးနော်
    စာဥသနပ်းခါးလိမ်းထားလို.ကတော. ဝတ်မှုံလေး ရွှေပြည်နန်း ကြော်ညာတာထက် ဆယ်ဆ သာချောသဗျ

    သနပ်ခါးကတော. ရောင်းကောင်းသပဗျာ
    ရောင်းကောင်းဆိုလည်း ကျနော်ပါးပေါ် ပါးကွက် အရင်ကွက်တယ်လေ
    ဝယ်ချင်ရင် အရင်နမ်းကြည်. ကြိုက်မှဝယ်ဆို ပေါ်တင်ရောင်းတာ လုနမ်းကြလို. ရန်ဖြစ်တာလည်း ခဏခဏ
    ပါပဲ ကိုရင့်ကို ခေါ်ပြီး လိမ်းပေးထားရင်ကောင်းမလား စဉ်းစားနေတာ ကျနော်လည်း ပါးတွေနာလှပြီလေ
    အမွေဆက်ခံမဲ.သူပေါ.ဗျာ ဘယ်လိုလည်း

    • koyin

      September 1, 2011 at 4:09 pm

      အို.. ကိုရွှေဘိုသား
      ကျေးဇူးပါဗျား…
      မီးမီးက ပူဆာ
      ကိုရင်ခမျာ ရေးမတတ်
      ဘယ်ကုန်ကြမ်းနဲ့ ဘယ်လိုစပ်မလဲ
      အဲ… ပေါ်လာပြီ ရွှေဘိုသား
      ကောက်ရိုးပုံနားမှာ စာဥကို အာဘွားပေးဆို…
      ငိုမလို ရီမလိုနဲ့ သူ့ခမျာ
      ဘာလုပ်လို့ ဘာကိုင်ရမယ်မသိ
      စာဥကို ချော့ကြည့်မယ်လို့ဟန်ပြင်
      အိုဘယ့် တရာခံ နင်သတိထား
      ရွှေဘိုသနပ်ခါးရယ်လေ
      မွှေး… မွှေးလွန်းပါလား…..
      အဲဒါနဲ့ပဲ စာဥလေး စိတ်ပြေသွားပါတယ်ခင်ဗျား…
      ကိုရွှေဘိုသားရယ်လေ…နောက်တစ်ခါ ဆင်ခြင်ထား…။ ။
      ရွှေဘိုသားရေ..ပျော်ရွှင်ပါစေ…

  • ရွှေဘိုသား

    September 1, 2011 at 7:35 pm

    မပျော်ရွှင်ပေါင် ကိုရင်
    စာဥကိုလွမ်း အစားပျက်အအိပ်ပျက်
    နေ.စဉ်ရက်ဆက် သူ.ဆီစိတ်ရောက်
    ကျောင်းတက်ရင် သူဖုန်းဆက်မယ်ဆိုတဲ.
    11 လပိုင်းအမြန်ရောက်ချင်
    ဖြစ်နိုင်ရင် ပြက္ခဒိန် ကိုလှည်.လိုက်ချင်ပါ.
    အခုတော. 2 လကြီးများတောင် ကျန်သေးတော.
    လွမ်းရင်ပဲ နေရတာပေါ.

    • ကြောင်ကြီး

      September 2, 2011 at 8:58 am

      လေခိုကြွားတဲ့
      ရွှေဘိုသားရေ
      စာဥကိုတွေ့မှ
      စုအာလိုက်..
      ယခုအခါမှာ
      ထုကာသာ
      နေပေတော့
      ပေးစမ်းဟဲ့
      ဗံဒါသီး…။

      • koyin

        September 2, 2011 at 4:36 pm

        အဲကွယ် ကြောင်ကြီး
        ကုတ်ချက်တွေက ပြင်းရန်ကော
        အသည်းမှာပါ အစင်းရာတွေ ထင်လို့
        ရွှေဘိုသားခဗျာ ဗန်ဒါသီးတွေ ထုကာခွဲ
        နိုဝင်ဘာမှာ နွဲမယ်လို့ ဟန်ပြင်
        အိုဘယ့် စာဥလေ….အဲ
        ကိုရင်(ရွှေဘိုသားကို ဆိုလိုသည်)ကို မြင်ချင်လွန်းလှ
        ရွာထိပ်က ပညောင်ပင်ကြီးအောက်မှာ
        စောင့်ကာလေ ညနေတိုင်း
        ရွာသူတွေနဲ့ ဖန်ခုန်တိုင်း ဆော့နေရင်း….။ ။

Leave a Reply