ဟိုတစ်လောက မှော်ဆရာဆီ မိန်းကလေးတစ်ယောက် တစ်ယောက် ရောက်လာပါတယ်…မှော်ဆရာကလဲ ကဝေပျိုနဲ့ ဂစ်တာကိစ္စ လောလောလတ်လတ် ရှိသေးတော့ ချက်ချင်းထွက်မတွေ့ရဲသေးပါဘူး…နောက် သရဲမဟုတ်တာ သေချာတော့မှ ထွက်တွေ့တော့ ကျွန်မ မှော်ဆ၇ာ့ဆီ အကူအညီ တစ်ခုလာတောင်းတာပါတဲ့.။ကျွန်မအိမ်မှာ ကြွက်မဲတွေ သောင်းကျန်းနေတယ်ဆရာ..ရွာထဲကသူတွေက မြွေမွေးဆိုတာတော့ မမွေးရဲဘူးတဲ့ အိပ်နေတုန်း ဟိုကြား ဒိကြားဝင် ဘယ့်နှယ့်လုပ်မလဲဆရာတဲ့ ။(သေတ္တာကြား ၊ စောင် ခြင်ထောင်ကြား ပြောတာထင်ပါတယ်နော်….)ကြောင်မွေးဖို့ဆိုတာလဲ ကြောင်ကြီးတစ်ကောင်နဲ့တင် တော်တော် စိတ်ညစ်ရပါတယ်တဲ့…အရင်တုန်းကတော့ ကြောင်ကြီးနဲ့ တူတူ အိပ်ပါသေးတယ်တဲ့၊ ဒါပေမယ့် ကြောင်ကြီးဆိုတာ ဒီလိုပဲ ပွတ်သီးပွတ်သတ် လာလာလုပ်ပြီး ထွက်ပြေးသလားတဲ့ အဲဒီတော့ ကြောင်ကြီးဆိုရင် မချစ်ချင်တော့ပါဘူးတဲ့ .အဲဒီတော့ ကြွက်ပြေးအောင် ဆရာတစ်ခုခုလုပ်ပါဦးလို့ ကြောင်ကြောက်သူ အဲဒိ့မဒီက ဆိုပါတယ်…
ဒါကြောင့် သူ့အခက်အခဲကို ဖြေရှင်းပေးဖို့ ဆော်လမွန် ဘုရင်ကြီးရဲ့ လျှို့ဝှက်ကျမ်းစာကို ထုတ်နှုတ် လေ့လာကြည့်တော့ သူနဲ့ ကိုက်မှာ တစ်ခု သွားတွေ့ပါတယ်..
ကြွက်မဲတွေပြေးစေချင်ရင် ကြွက်ဖြူမွေးပါ (အာမခံနည်း)တဲ့
ဒီအတိုင်း သူ့ကိုပြောလိုက်တော့ သူလဲ ကြောင်ကြိးထက်စာရင် ကြွက်ဖြူပဲ ချစ်တော့မယ်ဆိုပြီး ကြွက်ဖြူလေးနှစ်ကောင် ရှာဖွေပြီး ၀မ်းသာအားရ ပြန်သွားပါတယ်….
နောက်နှစ်လလောက်ကြာတော့ သူပြန်လာပါတယ်.ဆရာ ကျွန်မအိမ်မှာ ကြွက်မဲမရှိတော့ဘူးဆိုတော့ လိုက်ကြည့်ပါဆိုလို့ ကျွန်တော်လဲ ငါ့နည်းလမ်းအလုပ်ဖြစ်ပြိ ဆိုပြီး ၀မ်းသာအားရ လိုက်ကြည့်တော့ တကယ်ပါပဲ ကြွက်မဲတွေ တစ်ကောင်မှ မရှိတော့ပါ…
ဒါပေမယ့် ကြွက်မဲနဲ့ ကြွက်ဖြူတွေရဲ့ ချစ်ခင်ခြင်းအမှတ်သင်္ကေတ ကြွက်ပျောက်ကြားလေးတွေကတော့ နေရာအနှံ့ပါ။ အဲဒီ့ကြွက်ကလေးတွေက ကြွက်မဲတွေထက်တောင် ပိုကြီးနေပါသေးတယ်.၊ ကြွက်ဖြူလေးတွေက လူကို မကြောက်တတ်တော့ ကြွက်ပြောက်ကြားလေးတွေကလဲ လူကို ရှိတယ်လို့တောင် မမှတ်တော့ပါ.။ကြွက်မဲတွေကတော့ သူတို့ထက်အကောင်ကြီးတဲ့ ကြွက်ပြောက်ကြားတွေကို ကြောက်ကြတော့ ပြောင်းပြေးကြကုန်ပါပြီ။
စာအုပ်စင်မှာလဲ ကြွက်ပြောက်ကြားတွေ ၊ အိပ်ယာမှာလဲ ကြွက်ပြောက်ကြားတွေ ၊ မီးဖိုချောင်မှာလဲ ကြွက်ပြောက်ကြားတွေ ၊ နေရာတကာ ကြွက်ပြောက်ကြားတွေပဲ မင်းမူနေပါတော့တယ်…
ဒါကြောင့် ကြွက်မဲတွေ ပြေးစေချင်ရင် ကြွက်ဖြူမွေးပါ…ကြွက်မဲတွေ တစ်ကောင်မှ မရှိစေရပါဘူး အာမခံပါတယ် .
ဒါပေမယ့် ကြွက်ပြောက်ကြားတွေကိစ္စတော့ ကိုယ့်ကိစ္စ ကိုယ်ရှင်းကြပါ…
မှော်ဆရာ နှာစေးနေပါတယ်ခင်ဗျာ ….

ခင်မင်စွာဖြင့် မှော်ဆရာ

About မှော်ဆရာ

has written 58 post in this Website..

အပြုသဘောဆောင်တဲ့ ရေးသားချက်များကိုသာ ရေးသားနှိုင်အောင် ကြိုးစားနေပါတယ်. နိုင်ငံတကာ ဆက်ဆံရေးပညာနဲ့ ကျောင်းပြီးပါတယ်။ ပွင့်လင်းမှုနဲ့ ယဉ်ကျေးမှုကို မြတ်နိုးပါတယ်။ သဘောကောင်းပါတယ်။ လက်သီးထိုး ပြင်းပါတယ်။ ဓါးထိုးပက်စက်ပါတယ်။ CJ # 9222010